မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ကွင်းလယ် ကစား သမား ဖြစ်သူ အန်းဒရိစ် ပါရဲရား က လက်ရှိ နည်းပြ ဆိုးလ်ရှား ရဲ့ ယုံကြည် မှု ရရှိ ခဲ့ခြင်း က အသင်း မှာ နေရာ တစ်ခု ရရှိရေး အတွက် ကြိုးစား ချင်စိတ် တွေ ဖြစ်ပေါ် အောင် တစ်ဖက် တစ်လမ်း မှ အကူအညီ ဖြစ်စေ ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ ပါတယ် ။
ပါရဲရား ဟာ ယခင် နည်းပြ ဟိုဆေး မော်ရင်ဟို လက်ထက် ကတည်းက ယူနိုက်တက် ဆီ ပြန်ရောက် ခဲ့သူ ဖြစ်ပြီး ပွဲထွက် ကစား ခွင့်တွေ ရရှိ နိုင်ဖို့ အတွက် ကြိုးစား အားထုတ် ခဲ့ ပေမယ့် အခွင့် အလမ်း နည်းပါး ခဲ့သူ တစ်ဦး ပဲ ဖြစ်ပါတယ် ။
ဒါပေမယ့် ယူနိုက်တက် တို့ ဒီ ရာသီ အစ အဖွင့် လှ ခဲ့တဲ့ နောက်ပိုင်း ရလဒ် တွေ ဆက်တိုက် ဆိုးရွား သွားခဲ့ရ ပေမယ့် ပါရဲရား ကတော့ နည်းပြ ဆိုးလ်ရှား ဖက်မှ လူငယ် ကစားသမား တွေကို အထူ အလေးထား နေရာ ပေး ခဲ့တဲ့ အပေါ် ကျေနပ် ဝမ်းမြောက် မိကြောင်း ချီးကျူး သွားခဲ့ လိုက် ပါတယ် ။

ယူနိုက်တက် အသင်း ဟာ ယခင် တုန်းက နည်းပြ မော်ရင်ဟို လက်အောက် မှာ ဝါရင့် ကစားသမား တွေကို သာ အထူး အလေးပေး ပွဲ ကစား စေ ခဲ့တဲ့ အတွက် ကြောင့် လူငယ် ကစားသမားတွေ ဟာ ပွဲ ကစား ချိန် နည်းပါး ခဲ့ကြ ပါတယ် ။
အခုတော့ ပါရဲရား ဟာ နည်းပြ ဆိုးလ်ရှား လက်အောက် မှာ ပွဲထွက် ကစား ခွင့် ၊ ပွဲချိန် များစွာ ကစား ခွင့်တွေ ရရှိ ထားခဲ့ ခြင်းနဲ့ အတူ ယုံကြည် မှုတွေ ပိုမို တိုးတက် အားကောင်း လာခဲ့ တဲ့ အကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။
” ကျွန်တော့် အတွက် ကတော့ ဒါဟာ ထူးကဲ လှတဲ့ အရာ တစ်ခု ပါပဲ ။ သူဟာ ကျွန်တော် နဲ့ ပတ်သက် တဲ့ အကြောင်း တွေကို ပြောကြား ခြင်းက အရေး ပါတဲ့ အရာ တစ်ခု ပါပဲ ။ သူ ကျွန်တော့် အပေါ် အခုလို ယုံကြည် မှု ပေးတဲ့ အတွက် ကွင်းထဲ ရောက်တဲ့ အခါမှာ ကျွန်တော် ဟာ စွမ်းနိုင် သမျှ ပေးဆပ် ကစား လိုစိတ် ဖြစ်မိ ပါတယ် ”
” လူငယ် ကစားသမား တွေ အတွက် တော့ အခုလို ယုံကြည် မှု ရရှိ ခြင်း ဆိုတာ တစ်ကယ့် ကို အရေးကြီး လှတဲ့ အရာ တစ်ခု ပါပဲ ။ အကယ်လို့ ခင်ဗျား ဟာ အခုလို အခွင့် အရေး လေးတွေ ပေးခံ နေရ ပြီ ဆိုရင် လက် နှစ်ဖက် စလုံး နဲ့ အရ သိမ်းယူ သွားလို့ ရနိုင် ပြီလေ ” လို့ ပါရဲရား က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။
လက်ရှိ အချိန် မှာတော့ ဆိုးလ်ရှား လက်အောက် မှာ လူငယ် ကစားသမား တွေ များစွာ ပွဲထွက် ကစား ခွင့် ရရှိ ထားခဲ့ ကြ သလို ပါရဲရား ဟာလည်း အိုးလ် ထရပ်ဖို့ဒ် ပွဲ ကစား ချိန်တွေ များစွာ ပိုင်ဆိုင် ထားခဲ့ ရ ပါတယ် ။
ပါရဲရား ဟာ ဒီ ရာသီ ယူနိုက်တက် တို့ ကစား ခဲ့ကြ တဲ့ ပွဲစဉ် 4 ပွဲ အနက် ချဲလ်ဆီး ၊ ဆောက်သမ်တန် တို့ ပွဲစဉ် တွေမှာ ပွဲထွက် ကစားသမား အဖြစ် ပါဝင် ခွင့် ရရှိ ထားခဲ့ သလို ဝုလ်ဗ် အသင်း နဲ့ ပွဲစဉ် မှာလည်း လူစားဝင် ပါဝင် ခွင့် ရရှိ ထားခဲ့ ပါတယ် ။
ဒါ့အပြင် ဒီ ရာသီ ယူနိုက်တက် မှာ လူငယ် ကစားသမား လေးတွေ ဖြစ်ကြ တဲ့ ဒန်နီယယ် ဂျိမ်းစ် ၊ အာရွန် ဝမ် ဘစ်ဆာကာ ၊ မက် တော်မီနေး နဲ့ မာဆွန် ဂရင်းဝုဒ် တို့ဟာ လည်း ဆိုးလ်ရှား လက်အောက် မှာ ပွဲ ကစား ခွင့်တွေ ကိုယ်စီ ရယူ ထားနိုင် ခဲ့ကြ ပါတယ် ။
#Sports_Myanmar