လီဗာပူး နဲ့ ယူနိုက်တက် အသင်း တို့ရဲ့ တိုက်စစ်မှူး ဟောင်း ဖြစ်သူ မိုက်ကယ် အိုဝင် က လက်ရှိ ယူနိုက်တက် အသင်း ရဲ့ တိုက်စစ် မှူး မားကပ်စ် ရပ်ရှ်ဖို့ က ပွဲစဉ် တစ်ခု ကို အဆုံးသတ် နိုင်တဲ့ ဂိုးသွင်း စွမ်းရည် မပိုင်ဆိုင် ထားကြောင်း မနေ့ ညက ပြောခဲ့ ပါ သေးတယ် ။

အခုတော့ သူ့ရဲ့ ဂိုးသွင်း စွမ်းရည် ကို ဝေဖန် ခဲ့တဲ့ မိုက်ကယ် အိုဝင် ရဲ့ စကား ကို ယူနိုက်တက် တိုက်စစ် မှူးလေး က ပြန်လည် တုန့်ပြန် သွားခဲ့ လိုက် ပါတယ် ။ အိုဝင် က ရပ်ရှ်ဖို့ ဟာ လက်ရှိ ပရီးမီးယား လိဂ် တိုက်စစ် မှူးတွေ ဖြစ်ကြ တဲ့ အဂူရို ၊ ဟယ်ရီ ကိန်း တို့လို့ ဂိုးသွင်း ကောင်းသူ မဟုတ် ကြောင်း ဝေဖန် ခဲ့တာ ပဲ ဖြစ်ပါတယ် ။

ဒီ ရာသီ ယူနိုက်တက် အသင်း မှ တိုက်စစ် ကစားသမား တွေ ဖြစ်ကြ တဲ့ လူကာကူ နဲ့ အလက်ဆစ် ဆန်းချက် တို့ဟာ အသင်း မှ ထွက်ခွာ သွားခဲ့ ကြတဲ့ အတွက် ယူနိုက်တက် အတွက် ဂိုးသွင်း ရတဲ့ တာဝန် ဟာ ရပ်ရှ်ဖို့ အပေါ် အထူး ကျရောက် ခဲ့ရ ပါတယ် ။

Manchester United’s English striker Marcus Rashford (C) shoots to score from the penalty spot for the opening goal during the English Premier League football match between Manchester United and Chelsea at Old Trafford in Manchester, north west England, on August 11, 2019. (Photo by Oli SCARFF / AFP) / RESTRICTED TO EDITORIAL USE. No use with unauthorized audio, video, data, fixture lists, club/league logos or ‘live’ services. Online in-match use limited to 120 images. An additional 40 images may be used in extra time. No video emulation. Social media in-match use limited to 120 images. An additional 40 images may be used in extra time. No use in betting publications, games or single club/league/player publications. /

ဒါပေမယ့် သူဟာ ဒီ ရာသီ ပွဲစဉ် လေးပွဲ ကစား ခဲ့တဲ့ အချိန် အသင်း ရဲ့ အဖွင့် ပွဲစဉ် မှာသာ 2 ဂိုး သွင်းယူ ထားနိုင် ခဲ့ပြီး နောက်ဆုံး ကစား ခဲ့တဲ့ ပွဲစဉ် 3 ပွဲမှာ တစ်ဂိုး မှ သွင်းယူ ထားနိုင် ခဲ့ခြင်း မရှိ ခဲ့ ပါဘူး ။ အခုတော့ ရပ်ရှ်ဖို့ က အိုဝင် ရဲ့ မှတ်ချက် ပေးမှု နဲ့ ပတ်သက် လို့ …

” သူ ( အိုဝင် ) က သူ မြင်တွေ့ တဲ့ အရာ ကိုပဲ ပြောဆို နေခဲ့ ပါတယ် ။ ဒါပေမယ့် ကျွန်တော့် အနား မှာ ရှိ နေတဲ့ သူတွေ က ဘာဖြစ် နေလဲ ဆိုတာ ကို ကောင်းကောင်း သိရှိ ကြ ပါတယ် ”

” ကျွန်တော် ငယ်ရွယ် သေးစဉ် တုန်းက ဆို ကျွန်တော် နှစ်သက် တဲ့ အရာတွေ ရှိနေ ခဲ့လို့ ကျွန်တော် ဘောလုံး စတင် ကစား ခဲ့ ပါတယ် ။ ကျွန်တော့် အတွက် ကတော့ လူတွေ က ဘာတွေ စိတ် လှုပ်ရှား စရာ လုပ်ဆောင် နေကြ သလဲ ၊ ဂိုးတွေ ဘယ်လို သွင်းယူ ကြ သလဲ ဆိုတာ အရေး ပါတဲ့ အရာ ဖြစ်ခဲ့ ရ ပါတယ် ”

” ဒါ့ကြောင့် ကျွန်တော့် အတွက် ကျွန်တော် သိတဲ့ အရာ တွေက အရေး ပါတဲ့ အရာ ဖြစ်ခဲ့ ရ ပါတယ် ။ ကျွန်တော် ဘာလုပ် ချင် သလဲ ၊ ကျွန်တော် ဘာဖြစ် ချင်သလဲ ဆိုတာ ကို သိရှိ ခဲ့ရ ပါတယ် ။ ဒါ့အပြင် ကျွန်တော် အဲ့ဒီလို စိတ်ဓါတ် မွေးမြူမယ် ဆိုရင် ဘာဖြစ် လာမလဲ ဆိုတာ လည်း သိရှိ ခဲ့ ပါတယ် ”

Manchester United’s English striker Marcus Rashford (C) is fouled by Chelsea’s French defender Kurt Zouma (R) to win a penalty leading to the opening goal during the English Premier League football match between Manchester United and Chelsea at Old Trafford in Manchester, north west England, on August 11, 2019. (Photo by Oli SCARFF / AFP) / RESTRICTED TO EDITORIAL USE. No use with unauthorized audio, video, data, fixture lists, club/league logos or ‘live’ services. Online in-match use limited to 120 images. An additional 40 images may be used in extra time. No video emulation. Social media in-match use limited to 120 images. An additional 40 images may be used in extra time. No use in betting publications, games or single club/league/player publications. /

” အကယ်လို့ လေ့ကျင့်ရေး တွေကို ခင်ဗျား မြင်မယ် ဆိုရင် အလုပ်တွေ က ဘယ်လို ဖြစ်နေ သလဲ ဆိုတာ ခင်ဗျား တို့ မြင်တွေ့ ကြပါ လိမ့်မယ် ။ ကျွန်တော် ဟယ်ရီ ကိန်းကို ဥပမာ တစ်ခု အနေ နဲ့ မှတ်ယူ ပါတယ် ။ သူဟာ ကျွန်တော် နဲ့ အတူ တွဲဖက် ကစား ဖူးတဲ့ သူတွေ ထဲမှာ ဂိုးသွင်း ကောင်းလွန်း တဲ့ တိုက်စစ် မှူး တစ်ယောက် လေ ။ ဒါ့ကြောင့် ကျွန်တော် တို့ အဆုံးသတ် စွမ်းရည် လေ့ကျင့်တဲ့ အခါတိုင်း ကျွန်တော် တက်နိုင် သလောက် သူ့လို ကောင်းမွန် အောင် ၊ အနီးစပ်ဆုံး တူညီ နိုင်ဖို့ ကြိုးစား ဖြစ် ပါတယ် ”

” ဒါ့ကြောင့် သူ 6 ဂိုး သွင်းယူ တဲ့ အခါ ခင်ဗျား ဟာလည်း 6 ဂိုး သွင်းယူ ချင်မိ ပါတယ် ။ သူ 7 ဂိုးလောက် သွင်းယူ တဲ့ အခါ မှာ ကျွန်တော် က 8 ဂိုးလောက် သွင်းယူ ဖြစ် ပါတယ် ။ အဲ့ဒီလို အသေး အမွှား ကိစ္စ တွေ ကိုတော့ လူတွေ က မတွေ့မြင် ကြ ပါဘူး ” လို့ ရပ်ရှ်ဖို့ က ပြန်လည် တုန့်ပြန် ဖြေကြား သွားခဲ့ လိုက် ပါတယ် ။

မိုက်ကယ် အိုဝင် ကတော့ မနေ့ က ရပ်ရှ်ဖို့ ဟာ အရာရာ တိုင်းမှာ သူ့ထက် ပိုကောင်း တဲ့ ကစားသမား တစ်ဦး ဖြစ်ပေမယ့် ဂိုးသွင်း စွမ်းရည် အပိုင်း မှာတော့ သူ့လောက် ကောင်းမွန်သူ မဟုတ် ကြောင်း ၊ သူရဲ့ စိတ်ထဲ မှာ ဂိုးတွေ သွင်းယူ ရမယ် ဆိုပြီး စိတ်စွဲ နေတဲ့ အရာ တွေ မရှိ ကြောင်း ပြောကြား ခဲ့တာ ပဲ ဖြစ် ပါတယ် ။

#Sports_Myanmar