အာဆင်နယ်နည်းပြဟောင်း အာဆင်ဝင်းဂါးက ရော်ဘတ်တိုဖာမီနို လို တိုက်စစ်မှုးမျိုး ရှာတွေ့ဖို့ ဘယ်လောက် ခက်ခဲသလဲ ဆိုတာ ရှင်းပြသွားခဲ့ပြီး လီဗာပူးရဲ့ နံပါတ် ၉ ဟာ အသင်းအောင်မြင်မှု ရဖို့ အတွက် သူ့ကိုယ်သူ ပေးဆပ် အနစ်နာခံတဲ့သူလို့ ချီးကျူး သွားခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်က ဟော့ဖန်ဟိုင်း အသင်းကနေ ပြောင်းလာခဲ့တဲ့ ဖာမီနိုရဲ့ လီဗာပူး ကစားသမားဘ၀ဟာ ၄နှစ်ထဲကို ရောက်ရှိလာခဲ့ပေမယ့်လည်း ဘရာဇီး တိုက်စစ်မှုးဟာ အမေ့ခံ ကစားသမား တစ်ဦးအဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။ ဖာမီနိုဟာ ကလပ် နဲ့ နိုင်ငံအတွက် ထိပ်တန်း စွမ်းဆောင်ရည်တွေ နဲ့ အတူ တောက်လျှောက် ခြေစွမ်း ပြနေပေမယ့်လည်း တစ်ဦးချင်း အကောင်းဆုံး ဆုတွေ အတွက်လည်း ရေပန်းစားတဲ့သူ မဟုတ်ပါဘူး။

ဒါဟာ ဖာမီနိုရဲ့ အသင်း အတွက်သာ ပထမ ဆိုတဲ့ ကစားပုံကြောင့် ဖြစ်ပြီး သေချာတာကတော့ ဒါဟာ လီဗာပူး အတွက် အကျိုးများစေတဲ့ အပြင် ယာဂန်ကလော့ အတွက်လည်း အဖိုးမဖြတ်နိုင်တဲ့ ကစားသမား ဖြစ်စေပါတယ်။

ဖာမီနိုဟာ ပြီးခဲ့တဲ့ တစ်ပတ်က ဘန်လေကို တပ်မိုးမှာ နိုင်ခဲ့တဲ့ ပွဲမှာ အသင်း အတွက် သွင်းဂိုး ၁ ဂိုး ရယူ နိုင်ခဲ့ပြီးနောက် လီဗာပူး အတွက် ၁၉၈ ပွဲမှာ သွင်းဂိုး ၆၈ ဂိုး ရရှိ ထားခဲ့ပြီ ဖြစ်ပြီး ပရီးမီးယားလိဂ် မှာတော့ ဂိုး ၅၀ ပြည့်သွား ခဲ့ပြီ ဖြစ်ကာ အင်္ဂလန်ထိပ်တန်းလိဂ်မှာ သွင်းဂိုး အများဆုံး ဘရာဇီး ကစားသမားအဖြစ် မှတ်တမ်း ၀င်ခဲ့ပါတယ်။

အာဆင်နယ် မန်နေဂျာဟောင်း အာဆင်ဝင်းဂါး က လီဗာပူး ရဲ့ တိုက်စစ်မှာ ဖာမီနို ရဲ့ အခန်းကဏ္ဍကို သုံးသပ် ပြောဆို သွားခဲ့ပြီး ၎င်းဟာ ဆာလား နဲ့ မာနေး တို့ လက်ခုပ်သံတွေ ရဖို့ အတွက် သူ့ကိုယ်သူ အမေ့ခံ ကစားသမား အဖြစ်ခံခဲ့တဲ့ သူလို့ ဆိုသွားပါတယ်။

အာဆင်ဝင်းဂါး က “ကျွန်တော် ဆာလားရဲ့ ကစားပုံကို အရမ်း ကြိုက်ပါတယ်။ သူဟာ ကြီးမားတဲ့ အလားအလာ ရှိနေသူပါ။ ပြီးတော့ မာနေး ကလည်း ဒီလို ပါပဲ။ ဒါပေမယ့် ခင်ဗျားတို့ သူ့ကိုယ်သူ ပေးဆပ်ထားတဲ့ လူတစ်ဦးကို အနည်းငယ် မေ့နေမှာပါ။ သူကတော့ ဖာမီနို ပါပဲ။

ဘာနဲ့ တူသလဲ ဆိုတော့ မက်ဆီ နဲ့ နေမာ တို့အတွက် လူးဝစ်ဆွာရက် လုပ်ခဲ့သလိုမျိုးပါ။ သူဟာ အသင်း အတွက် အလုပ်လုပ် သူပါ။ ပြီးတော့ အားလုံး အတွက် အလုပ်လုပ်ပေးပြီး သူတို့ တစ်တွေကို တောက်ပ စေတဲ့သူ ဖြစ်ပါတယ်။ ဒီိလို ရက်ရောတဲ့ တိုက်စစ်မှုးမျိုးဟာ ရှာဖွေရ အရမ်း ခက်ခဲတဲ့ အသင်း တစ်သင်းရဲ့ အစိတ်အပိုင်း တစ်ခု ပါပဲ။” လို့ ဆိုသွားပါတယ်။

ဆက်လက်ပြီး ၀င်းဂါးက ဆာလား ကို မက်ဆီ နဲ့ နှိုင်းယှဉ်မှု ပြုလုပ်ခဲ့ပေမယ့် အီဂျစ်စတားဟာ ဂိုးသွင်းဖို့အတွက် ပိုမို အာသီသ ပြင်းတဲ့သူလို့ သုံးသပ် သွားပါတယ်။ ဒါပေမယ့် အသက်အရွယ် ရလာတာနဲ့ အမျှ ဆာလားဟာ ပိုမို ပြီးပြည့်စုံတဲ့ သူ ဖြစ်လာမယ်လို့ ခန့်မှန်း သွားပါတယ်။

ဝင်းဂါး က “အကယ်၍ သူ့အနေနဲ့ အကောင်းဆုံး ဆိုတဲ့ အဆင့်မှာ အခိုင်အမာ ရပ်တည် ချင်တယ် ဆိုရင် သူဟာ အခြေခံအားဖြင့် မက်ဆီနဲ့ ဂိုး ၂၀ အကွာမှာ ရှိနေပါတယ်။ သူဟာ မက်ဆီနဲ့ ကစားဟန် ဆင်တူပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ မက်ဆီလိုမျိုး တည်ငြိမ်တဲ့ ခြေစွမ်းကို ရှာဖွေ ရပါမယ်။

Liverpool
Liverpool’s Brazilian midfielder Roberto Firmino (L) celebrates with Liverpool’s Brazilian midfielder Fabinho after scoring their third goal during the English Premier League football match between Burnley and Liverpool at Turf Moor in Burnley, north west England on August 31, 2019. (Photo by Paul ELLIS / AFP) / RESTRICTED TO EDITORIAL USE. No use with unauthorized audio, video, data, fixture lists, club/league logos or ‘live’ services. Online in-match use limited to 120 images. An additional 40 images may be used in extra time. No video emulation. Social media in-match use limited to 120 images. An additional 40 images may be used in extra time. No use in betting publications, games or single club/league/player publications. /

သူဟာ ကောင်းမွန်တဲ့ အဆုံးသတ် သမားပါ။ ဒါပေမယ့် မက်ဆီဟာ ပြီးပြည့်စုံတဲ့ သူဖြစ်ပြီး ဖိုင်နယ်ဘောတွေကို ပေးနိုင်တဲ့ သူလည်း ဖြစ်ပါတယ်။ ဆာလား ကတော့ အခုချိန်မှာ ဂိုးသွင်းယူဖို့ အပိုင်းကို ပိုမို အာသီသပြင်းပြ နေပါတယ်။ ဒါဟာ အသက်အရွယ် နဲ့ သက်ဆိုင်ပါတယ်။ သေချာတာကတော့ သူ့အသက်အရွယ် အနည်းငယ် ရလာတဲ့ အခါ အသင်းဖော်ကို ဘောလုံးပေးရမယ့် အချိန် ၊ ကိုယ်တိုင် အဆုံးသတ် ရမယ့် အချိန်ကို သိလာ ပါလိမ့်မယ်။” လို့ ဆိုသွားပါတယ်။

လီဗာပူးတို့ နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ် ဖြစ်တဲ့ ဘန်လေနဲ့ ပွဲမှာ ဆာလားဟာ အသင်းဖော်တွေ ဖြစ်ကြတဲ့ ဖာမီနို နဲ့ ဆာလား တို့အတွက် ဖန်တီးပေးရမယ့် အရာတွေကို လျစ်လျူရှု ခဲ့တာကြောင့် ယာဂန်ကလော့ ရဲ့ စိတ်ဆိုးခြင်းကို ခံခဲ့ ရပါတယ်။

SM