လက်စတာ စီးတီး အသင်း ရဲ့ ဂန္ဓဝင် ကစားသမား ဟောင်း တစ်ဦး ဖြစ်တဲ့ စတိဗ် ဝဲလ်ခ်ျ က လက်ရှိ အသင်း ဟောင်းရဲ့ ကွင်းလယ် ဖန်တီးရှင် နဲ့ ပတ်သက် လို့ ကောလဟာလ သတင်း တွေ များစွာ ထွက်ပေါ် နေ ပေမယ့် သူ ကတော့ ခြားနား တဲ့ အရာ တွေကို မျှော်လင့် ထားကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

လက်စတာ စီးတီး အသင်း ရဲ့ ကွင်းလယ် ဖန်တီးရှင် ကစား သမား ဖြစ်တဲ့ မက်ဒီဆင် ကို ပြီးခဲ့တဲ့ နွေ အပြောင်း အရွှေ့ တုန်းက ပရီးမီးယား လိဂ် ထိပ်သီး ကလပ် တွေ ဖြစ်ကြ တဲ့ ယူနိုက်တက် နဲ့ လီဗာပူး အသင်း တွေက ခေါ်ယူ လိုခဲ့ ကြ ပေမယ့် ထူးခြား မှု မရှိခဲ့ ပါဘူး ။

ဒါပေမယ့် လက်စတာ စီးတီး အသင်း ရဲ့ ဂန္ဓဝင် ကစားသမား ဟောင်း ဖြစ်တဲ့ စတိဗ် ဝဲလ်ခ်ျ က ကစားသမား ဖြစ်သူ ဟာ လက်စတာ မှာ ပျော်ရွှင် နေတယ် လို့ ယုံကြည် ကြောင်း ၊ သူ ရှိတဲ့ နေရာ မှာပဲ ဆက်လက် ရှိနေ လိမ့်မယ် လို့ မျှော်လင့် ထားကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” လက်စတာ ဟာ သူ့ကို ( မက်ဒီဆင် ) ပရီးမီးယား လိဂ် ပြိုင်ပွဲ မှာ အခွင့် အရေး ပေးခဲ့တဲ့ အတွက် သူဟာ ကံကောင်း ခဲ့တယ် လို့ ကျွန်တော် ထင် ပါတယ် ။ သူဟာ နောဝှစ်ခ်ျ အသင်း မှာ ကစား ရင်း OK နေခဲ့ တယ်လေ ။ သူ အဲ့ဒီ မှာ ကောင်းမွန်စွာ အလုပ် လုပ်နိုင် ခဲ့ သလို ကောင်းမွန် တဲ့ ခြေလှမ်း တစ်ခု ကို စတင် နိုင်ခဲ့ ပါတယ် ”

” ကျွန်တော် တို့ တွေဟာ သူနဲ့ ပတ်သက် လို့ ငွေတွေ ကို အကျိုး ရှိအောင် သုံးစွဲ နိုင်ခဲ့ ကြ ပါတယ် ။ အခုတော့ ကျွန်တော် တို့ဟာ သူ့ကို ထိပ်တန်း ကစားသမား တစ်ယောက် ဖြစ်လာ အောင် ပျိုးထောင် ပေးနိုင် ခဲ့ကြ ပါပြီ ”

” သူ ရှိနေ တဲ့ အခြား တစ်ဖက် မှာ မြက်ခင်း တွေဟာ အမြဲ စိမ်းလန်း နိုင်မှာ မဟုတ်ဘူး ဆိုတာ သူ သိနေ ခဲ့ ပါတယ် ။ သူဟာ သစ္စာ ရှိ တက်တဲ့ ကစားသမား ကောင်း တစ်ဦး လို့ ကျွန်တော် ထင် ပါတယ် ။ သူ့ ပုံစံ က အဲ့လို ဖြစ်တယ် လို့ ထင်ရ ပါတယ် ။ ဒါ့ကြောင့် လက်ရှိ အသင်း မှာပဲ သူဟာ ပျော်ရွှင်စွာ နေထိုင် သွား လိမ့်မယ် လို့ မျှော်လင့် ပါတယ် ”

” သူဟာ ခမ်းနား တဲ့ ကောင်လေး တစ်ယောက် ပါ ။ သူ အခု လုပ်ဆောင် နေတဲ့ အတိုင်း ဆက်လက် ပြီး လုပ်ဆောင် နေမယ် ဆိုရင် ကမ္ဘာ့ အကောင်းဆုံး ကစားသမား တွေ ထဲက တစ်ဦး ဖြစ်လာ နိုင်မယ့် သူ တစ်ယောက် ပါ ။ အဲ့ဒီလို ဖြစ်လာ နိုင်မယ့် အရည်အသွေး ကောင်း တွေကို သူဟာ ပိုင်ဆိုင် ထားတယ်လေ ” လို့ ဝဲလ်ခ်ျ က ထုတ်ဖော် ပြောကြား သွားခဲ့ ပါတယ် ။

အဲ့ဒီနောက် မက်ဒီဆင် ရဲ့ အရည်အသွေး တွေ အကြောင်း ၊ လက်ရွေးစင် အသင်း မှာ ကစား ပေး နိုင်ဖို့ ထိုက်တန် မှု ရှိ သလား ဆိုတဲ့ အကြောင်း အမေး ခံလိုက် ရတဲ့ အချိန် …

” ကျွန်တော့် ဂျိမ်းစ် ကို စတင် တွေ့ရှိ လိုက်တဲ့ ပထမ နေ့ ကတည်းက သိရှိ လိုက်တာ တစ်ခုက သူဟာ ယုံကြည် မှု အားကောင်း လှတဲ့ ကစားသမား တစ်ဦး ဖြစ်တယ် ဆိုတဲ့ အကြောင်း ပါပဲ ။ ဒီ ကောင်လေး က ကွင်းလယ် တိုက်စစ် ပိုင်းမှာ နေရာစုံ ကစားပေး နိုင်တဲ့ ကစားသမားလေး တစ်ဦး ပါပဲ ။ သူ့ရဲ့ ခြေစွမ်း တွေက ဘယ်လို စနစ် တစ်ခု မှာ နေရာ ပေး ကစား စေမလဲ ဆိုတာ က အနည်း နဲ့ အများ မူတည် နေ ပါတယ် ”

” ကလပ် အသင်း အဆင့် မှာတော့ သူဟာ လွတ်လွတ်လပ်လပ် စိတ်ကြိုက် ကစား ရတဲ့ နေရာ ( free role ) မှာ ကစား ရတာ နှစ်သက် လှတဲ့ ကစား သမား တစ်ဦး ပါပဲ ။ သူဟာ ဘောလုံး ခုတ်တင် ပေးမှု တွေ ၊ ဗာဒီ ဆီကို သေသပ် လှတဲ့ ဘောလုံး ပေးပို့ မှုတွေ ပြုလုပ် နိုင်တဲ့ ကစားသမား တစ်ဦး ပါပဲ ”

” သူဟာ ထူးကဲ ကောင်းမွန် လွန်းတဲ့ ကစားသမား တစ်ဦး ဖြစ်တာ ကြောင့် အင်္ဂလန် လက်ရွေးစင် အသင်း မှာ ရွေးချယ် ခံထိုက် တဲ့ ကစားသမား တစ်ဦး ပဲ ဖြစ်ပါတယ် ” လို့ စတိဗ် ဝဲလ်ခ်ျ က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar