• ၀က္ဖို႔ဒ္ဟာ ျပီးခဲ့တဲ့ ေဘာလံုးရာသီက အသင္းကို ပရီးမီးယားလိဂ္ အဆင့္ 11 နဲ႔ အက္ဖ္ေအ ဖလား ဗိုလ္လုပြဲေရာက္ေအာင္ စြမ္းေဆာင္ျပခဲ့တဲ့ နည္းျပ ဂါစီယာ ကို ထုတ္ပယ္လုိက္ျပီ ျဖစ္ျပီး ၊ နည္းျပေဟာင္း ဆန္းခ်က္ ဖေလာရက္ နဲ႔ အစားထိုးလိုက္ပါတယ္။ ဒီရာသီမွာေတာ့ ၀က္ဖို႔ဒ္ဟာ ရမွတ္ တစ္မွတ္သာ ရရွိထားသလုိ ၊ အမွတ္ေပးဇယား ေအာက္ဆံုးမွာ ရပ္တည္ေနတာ ျဖစ္ပါတယ္။

• ျပင္သစ္ နဲ႔ အယ္ေဘးနီးယား တို႔ ကစားခဲ့တဲ့ ယူရုိ 2020 ေျခစစ္ပြဲမွာေတာ့ အယ္လ္ေဘးနီးယား ႏိုင္ငံေတာ္ သီခ်င္းကို အန္ဒိုရာ ႏိုင္ငံေတာ္ သီးခ်င္းနဲ႔ မွားျပီး ဖြင့္မိခဲ့ပါတယ္။ အဲဒီအတြက္ ျပင္သစ္ ေဘာလံုး အဖြဲ႔ခ်ဳပ္ လီဂရက္ဟာ အယ္လ္ေဘးနီးယား ေဘာလံုး အဖြဲ႔ခ်ဳပ္ထံ တရား၀င္ ေတာင္းပန္လိုက္ရပါတယ္။

• ဇန္န၀ါရီ အေျပာင္းအေရႊ႕ ကာလ မတိုင္ခင္ အထိ ဒီဂီယာ ဟာ ယူႏိုက္တက္ နဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုျဖစ္ခဲ့ျခင္း မရွိဘူး ဆိုပါက ၊ ဂ်ဴဗီ ဟာ ကစားသမားကို ေခၚယူဖို႔ တရား၀င္ ၾကိဳးစားလာဖြယ္ ရွိေနပါတယ္။ သတင္းေတြ အရ ဒီဂီယာ ဟာ ယူနိုက္တက္ က ကမ္းလွမ္းတဲ့ တစ္ပတ္ လုပ္ခ ယူရုိ 350000 ကို ပယ္ခ်ထားတာေၾကာင့္ ၊ ကလပ္ အသင္းဘက္ကလဲ သူ႔ရဲ႕ ေနရာကို စားထိုးႏိုင္ဖို႔ အတြက္ ပစ္မွတ္ေတြ သတ္မွတ္ျပီး ေစာင့္ၾကည့္ေနျပီ ျဖစ္တယ္လို႔ သိရပါတယ္။

• ယူႏိုက္တက္ ပရိသတ္ေတြ အတြက္ သတင္းေကာင္း ကေတာ့ အက္၀ုဒ္၀ပ္ ဟာ ေအဂ်က္ အမႈေဆာင္ခ်ဳပ္ ဗန္ဒါဆားကို အသင္းရဲ႕ အားကစား ဒါရုိတ္တာ အျဖစ္ ခန္႔အပ္ဖို႔ စည္းရံုးေရး ဆင္းေနတာ ေအာင္ျမင္ေတာ့မယ္လို႔ သတင္းေတြ ထြက္ေပၚလာေနပါတယ္။ ေအဂ်က္ဟာ ဗန္ဒါဆား ရဲ႕ ဦးေဆာင္မႈ ေအာက္ကို ေရာက္ရွိသြားျပီး ေနာက္ပိုင္း ၊ ဥေရာပ ရဲ႕ တစ္ခ်ိန္က အေငြ႔အသက္ေတြကို ျပန္လည္ အသက္သြင္းလာႏုိင္ခဲ့တဲ့ အျပင္ ၊ ကစားသမား အေျပာင္းအေရႊ႕ ေတြကေနလဲ အက်ိဳးအျမတ္မ်ားစြာ ရရွိထားတာ ျဖစ္ပါတ္။

• လာမယ့္ ဇန္န၀ါရီ အေျပာင္းအေရႊ႕ ကာလမွာ ခံစစ္မႈး တစ္ေယာက္ ေခၚယူဖို႔ စီစဥ္ေနတဲ့ မန္စီးတီး ဟာ အင္တာမီလန္ က အသက္ 24 ႏွစ္ အရြယ္ စလိုဗက္ကီးယား ေနာက္တန္း ကစားသမား ရွရြန္နီးယား ကို ေစာင့္ၾကည့္မႈေတြ ျပဳလုပ္လွ်က္ ရွိေနပါတယ္။ ပက္ဟာ ဒီႏွစ္ အေျပာင္းအေရႊ႕မွာ အသင္းေခါင္းေဆာင္ ကြန္ပနီ ကို ဆံုးရႈံးထားရတဲ့ အျပင္ ၊ အားထားရတဲ့ ေနာက္တန္း ကစားသမား လာေပၚေတး ကလဲ ဒဏ္ရာ ျပသနာေၾကာင့္ ကာလရွည္ အနားယူရမွာ ျဖစ္တာေၾကာင့္ ၊ ခံစစ္ကို အားျဖည့္ဖို႔ စီစဥ္လာခဲ့တာ ျဖစ္ပါတယ္။

• ကိုလံဘီယာ ေတာင္ပံ ကစားသမား ကြာဒရာဒို ဟာ မၾကာခင္မွာပဲ ဂ်ဴဗီ နဲ႔ စာခ်ဳပ္သစ္ ကိစၥ ေဆြးေႏြးေတာ့မွာ ျဖစ္ပါတယ္။ သူဟာ နည္းျပသစ္ ဆာရီ ရဲ႕ လက္ထက္မွာေတာ့ ညာေနာက္ခံလူ အျဖစ္ ေျပာင္းလဲ ကစားေပးရဖြယ္ ရွိေနသည့္တိုင္ေအာင္ သူ႔အတြက္ ျပသနာ မရွိဘူးလို႔ မွတ္ခ်က္ေပးထားျပီး ၊ ႏိုင္ငံတကာ ပြဲစဥ္ေတြ အျပီး ၊ ကလပ္ကို ျပန္လည္ ေရာက္ရွိလာခ်ိန္မွာ စာခ်ဳပ္သစ္ ကိစၥကို အေလးထား ေဆာင္ရြက္လာဖြယ္ ရွိေနပါတယ္။

• ဆီဗီလာ အသင္းရဲ႕ နည္းျပ လုိပက္တီဂူ က ရီးရဲ မက္ဒရစ္မွာ ပြဲထြက္ ကစားသမား အျဖစ္ သတ္မွတ္ျခင္း ခံမထားရတဲ့ ေနာက္တန္း ကစားသမား နာခ်ိဳ ကို ေခၚယူဖို႔ ဆႏၵရွိေနပါတယ္ ။ အသက္ 29 ႏွစ္ အရြယ္ စပိန္ ခံစစ္မႈးဟာ ရီးရဲ႕ နဲ႔ 2022 ခုႏွစ္ အထိ စာခ်ဳပ္သက္တမ္း ရွိေနသူ ျဖစ္ျပီး ၊ ေႏြရာသီကလဲ အင္တာမီလန္ အသင္းထံ ေျပာင္းေရႊ႕ဖို႔ ျငင္းဆန္ထားခဲ့သူ ျဖစ္ပါတယ္။

• နာပုိလီ ဟာ ေျခစြမ္းတက္လာတဲ့ သူတို႔ရဲ႕ စပိန္ ကြင္းလယ္ ကစားသမား ေဖဘီယန္ ကို လစာတိုးေပးျပီး စာခ်ဳပ္ သက္တမ္းတုိးဖို႔ ျပင္ဆင္ေနပါတယ္။ ကစားသမား ရဲ႕ လက္ရွိ စာခ်ဳပ္ဟာ 2023 ခုႏွစ္မွ ကုန္ဆံုးမွာ ျဖစ္ေပမယ့္ ၊ ရီးရဲ အပါအ၀င္ ဥေရာပ ထိပ္သီး ကလပ္ေတြက ကစားသမားကို ေစာင့္ၾကည့္ေနတာေၾကာင့္ ၊ အခုလို စာခ်ဳပ္ သက္တမ္းဖို႔ လုပ္ေဆာင္လာခဲ့တာ ျဖစ္ပါတယ္။

• ဘာစီလိုနာ နဲ႔ စပိန္ ကြင္းလယ္ ကစားသမား ဘက္စ္ကြက္ ကေတာ့ သူ႔ရဲ႕ ကစားေဖာ္ ဒီေဂ်ာင္ နဲ႔ လက္ေရြးစင္ ကစားေဖာ္ ေဖဘီယန္ တို႔ဟာ တစ္ခ်ိန္ခ်ိန္မွာ ကမၻာ့အေကာင္းဆံုး ကြင္းလယ္ ကစားသမားေတြ ျဖစ္လာလိမ့္မယ္လို႔ ေဟာကိန္း ထုတ္သြားခဲ့ပါတယ္။

ယူရုိ 2020 ေျခစစ္ပြဲ ရလာဒ္မ်ား –

ကိုဆုိဗို 2-1 ခ်က္
အဂၤလန္ 4-0 ဘူေဂးရီးယား
လစ္သူေယနီးယား 0-3 ယူကရိန္း
ဆားဘီးယား 2-4 ေပၚတူဂီ
အိုက္စ္လန္ 3-0 ေမာ္လ္ဒိုဗာ
တူရကီ 1-0 အန္ဒိုရာ
ျပင္သစ္ 4-1 အယ္ေဘးနီးယား

SPORTS MYANMAR

Unicode

အင်တာမီလန် နောက်ခံလူကို စောင့်ကြည့်နေတဲ့ မန်စီးတီး နဲ့ နံနက်ခင်း သတင်းများ
*************************************

• ၀က်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက အသင်းကို ပရီးမီးယားလိဂ် အဆင့် 11 နဲ့ အက်ဖ်အေ ဖလား ဗိုလ်လုပွဲရောက်အောင် စွမ်းဆောင်ပြခဲ့တဲ့ နည်းပြ ဂါစီယာ ကို ထုတ်ပယ်လိုက်ပြီ ဖြစ်ပြီး ၊ နည်းပြဟောင်း ဆန်းချက် ဖလောရက် နဲ့ အစားထိုးလိုက်ပါတယ်။ ဒီရာသီမှာတော့ ၀က်ဖို့ဒ်ဟာ ရမှတ် တစ်မှတ်သာ ရရှိထားသလို ၊ အမှတ်ပေးဇယား အောက်ဆုံးမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

• ပြင်သစ် နဲ့ အယ်ဘေးနီးယား တို့ ကစားခဲ့တဲ့ ယူရို 2020 ခြေစစ်ပွဲမှာတော့ အယ်လ်ဘေးနီးယား နိုင်ငံတော် သီချင်းကို အန်ဒိုရာ နိုင်ငံတော် သီးချင်းနဲ့ မှားပြီး ဖွင့်မိခဲ့ပါတယ်။ အဲဒီအတွက် ပြင်သစ် ဘောလုံး အဖွဲ့ချုပ် လီဂရက်ဟာ အယ်လ်ဘေးနီးယား ဘောလုံး အဖွဲ့ချုပ်ထံ တရားဝင် တောင်းပန်လိုက်ရပါတယ်။

• ဇန်နဝါရီ အပြောင်းအရွှေ့ ကာလ မတိုင်ခင် အထိ ဒီဂီယာ ဟာ ယူနိုက်တက် နဲ့ စာချုပ်သစ် ချုပ်ဆိုဖြစ်ခဲ့ခြင်း မရှိဘူး ဆိုပါက ၊ ဂျူဗီ ဟာ ကစားသမားကို ခေါ်ယူဖို့ တရားဝင် ကြိုးစားလာဖွယ် ရှိနေပါတယ်။ သတင်းတွေ အရ ဒီဂီယာ ဟာ ယူနိုက်တက် က ကမ်းလှမ်းတဲ့ တစ်ပတ် လုပ်ခ ယူရို 350000 ကို ပယ်ချထားတာကြောင့် ၊ ကလပ် အသင်းဘက်ကလဲ သူ့ရဲ့ နေရာကို စားထိုးနိုင်ဖို့ အတွက် ပစ်မှတ်တွေ သတ်မှတ်ပြီး စောင့်ကြည့်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။

• ယူနိုက်တက် ပရိသတ်တွေ အတွက် သတင်းကောင်း ကတော့ အက်ဝုဒ်ဝပ် ဟာ အေဂျက် အမှုဆောင်ချုပ် ဗန်ဒါဆားကို အသင်းရဲ့ အားကစား ဒါရိုတ်တာ အဖြစ် ခန့်အပ်ဖို့ စည်းရုံးရေး ဆင်းနေတာ အောင်မြင်တော့မယ်လို့ သတင်းတွေ ထွက်ပေါ်လာနေပါတယ်။ အေဂျက်ဟာ ဗန်ဒါဆား ရဲ့ ဦးဆောင်မှု အောက်ကို ရောက်ရှိသွားပြီး နောက်ပိုင်း ၊ ဥရောပ ရဲ့ တစ်ချိန်က အငွေ့အသက်တွေကို ပြန်လည် အသက်သွင်းလာနိုင်ခဲ့တဲ့ အပြင် ၊ ကစားသမား အပြောင်းအရွှေ့ တွေကနေလဲ အကျိုးအမြတ်များစွာ ရရှိထားတာ ဖြစ်ပါတ်။

• လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ ခံစစ်မှုး တစ်ယောက် ခေါ်ယူဖို့ စီစဉ်နေတဲ့ မန်စီးတီး ဟာ အင်တာမီလန် က အသက် 24 နှစ် အရွယ် စလိုဗက်ကီးယား နောက်တန်း ကစားသမား ရှရွန်နီးယား ကို စောင့်ကြည့်မှုတွေ ပြုလုပ်လျှက် ရှိနေပါတယ်။ ပက်ဟာ ဒီနှစ် အပြောင်းအရွှေ့မှာ အသင်းခေါင်းဆောင် ကွန်ပနီ ကို ဆုံးရှုံးထားရတဲ့ အပြင် ၊ အားထားရတဲ့ နောက်တန်း ကစားသမား လာပေါ်တေး ကလဲ ဒဏ်ရာ ပြသနာကြောင့် ကာလရှည် အနားယူရမှာ ဖြစ်တာကြောင့် ၊ ခံစစ်ကို အားဖြည့်ဖို့ စီစဉ်လာခဲ့တာ ဖြစ်ပါတယ်။

• ကိုလံဘီယာ တောင်ပံ ကစားသမား ကွာဒရာဒို ဟာ မကြာခင်မှာပဲ ဂျူဗီ နဲ့ စာချုပ်သစ် ကိစ္စ ဆွေးနွေးတော့မှာ ဖြစ်ပါတယ်။ သူဟာ နည်းပြသစ် ဆာရီ ရဲ့ လက်ထက်မှာတော့ ညာနောက်ခံလူ အဖြစ် ပြောင်းလဲ ကစားပေးရဖွယ် ရှိနေသည့်တိုင်အောင် သူ့အတွက် ပြသနာ မရှိဘူးလို့ မှတ်ချက်ပေးထားပြီး ၊ နိုင်ငံတကာ ပွဲစဉ်တွေ အပြီး ၊ ကလပ်ကို ပြန်လည် ရောက်ရှိလာချိန်မှာ စာချုပ်သစ် ကိစ္စကို အလေးထား ဆောင်ရွက်လာဖွယ် ရှိနေပါတယ်။

• ဆီဗီလာ အသင်းရဲ့ နည်းပြ လိုပက်တီဂူ က ရီးရဲ မက်ဒရစ်မှာ ပွဲထွက် ကစားသမား အဖြစ် သတ်မှတ်ခြင်း ခံမထားရတဲ့ နောက်တန်း ကစားသမား နာချို ကို ခေါ်ယူဖို့ ဆန္ဒရှိနေပါတယ် ။ အသက် 29 နှစ် အရွယ် စပိန် ခံစစ်မှုးဟာ ရီးရဲ့ နဲ့ 2022 ခုနှစ် အထိ စာချုပ်သက်တမ်း ရှိနေသူ ဖြစ်ပြီး ၊ နွေရာသီကလဲ အင်တာမီလန် အသင်းထံ ပြောင်းရွှေ့ဖို့ ငြင်းဆန်ထားခဲ့သူ ဖြစ်ပါတယ်။

• နာပိုလီ ဟာ ခြေစွမ်းတက်လာတဲ့ သူတို့ရဲ့ စပိန် ကွင်းလယ် ကစားသမား ဖေဘီယန် ကို လစာတိုးပေးပြီး စာချုပ် သက်တမ်းတိုးဖို့ ပြင်ဆင်နေပါတယ်။ ကစားသမား ရဲ့ လက်ရှိ စာချုပ်ဟာ 2023 ခုနှစ်မှ ကုန်ဆုံးမှာ ဖြစ်ပေမယ့် ၊ ရီးရဲ အပါအဝင် ဥရောပ ထိပ်သီး ကလပ်တွေက ကစားသမားကို စောင့်ကြည့်နေတာကြောင့် ၊ အခုလို စာချုပ် သက်တမ်းဖို့ လုပ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။

• ဘာစီလိုနာ နဲ့ စပိန် ကွင်းလယ် ကစားသမား ဘက်စ်ကွက် ကတော့ သူ့ရဲ့ ကစားဖော် ဒီဂျောင် နဲ့ လက်ရွေးစင် ကစားဖော် ဖေဘီယန် တို့ဟာ တစ်ချိန်ချိန်မှာ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ် ကစားသမားတွေ ဖြစ်လာလိမ့်မယ်လို့ ဟောကိန်း ထုတ်သွားခဲ့ပါတယ်။

ယူရို 2020 ခြေစစ်ပွဲ ရလာဒ်များ –

ကိုဆိုဗို 2-1 ချက်
အင်္ဂလန် 4-0 ဘူဂေးရီးယား
လစ်သူယေနီးယား 0-3 ယူကရိန်း
ဆားဘီးယား 2-4 ပေါ်တူဂီ
အိုက်စ်လန် 3-0 မော်လ်ဒိုဗာ
တူရကီ 1-0 အန်ဒိုရာ
ပြင်သစ် 4-1 အယ်ဘေးနီးယား

SPORTS MYANMAR