ဒီမနက္ ထြက္ေပၚလာတဲ့ သတင္းေတြ အရ လီဗာပူးဟာ သူတို႔ အသင္းရဲ႕ အဓိက ခံစစ္မႈးၾကီး ျဖစ္တဲ့ ဗန္ဒိုက္ ကို 6 ႏွစ္ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ သေဘာတူညီမႈ ရယူႏိုင္ခဲ့ျပီ ျဖစ္တယ္လို႔ သိရပါတယ္။

ကစားသမားရဲ႕ လက္ရွိ စာခ်ဳပ္သက္တမ္းဟာ 4 ႏွစ္ အထိ က်န္ရွိေနေသးသည့္တိုင္ေအာင္ ၊ သူ႔ရဲ႕ တိုးတက္လာတဲ့ စြမ္းေဆာင္ရည္ေတြေၾကာင့္ အခုလုိ စာခ်ဳပ္သက္တိုး ခ်ဳပ္ဆိုဖို႔ လုပ္ေဆာင္ခဲ့တာ ျဖစ္တယ္လို႔ သိရျပီး ၊ အန္ဖီးမွာ 2025 ခုႏွစ္ အထိ ဆက္ရွိသြားေတာ့မွာ ျဖစ္ပါတယ္။

အျခား သတင္းေတြမွာေတာ့ ယူႏိုက္တက္ဟာ မၾကာခင္ကမွ ကမၻာ့စံခ်ိန္တင္ ေျပာင္းေရႊ႕ နဲ႔ ေခၚယူထားခဲ့တဲ့ ေနာက္တန္း ကစားသမား မက္ဂြိဳင္းယားကို တစ္ပတ္ လုပ္ခ ေပါင္ 190000 အထိ ေပးထားခဲ့တာေၾကာင့္ ၊ လီဗာပူး ကလဲ သူတို႔ ကစား ကို တစ္ပတ္လုပ္ခ ေပါင္ 200000 အထိ တိုးျမွင့္ေပးဖို႔ လုပ္ေဆာင္လာခဲ့တာ ျဖစ္တယ္လို႔ ဆုိပါတယ္။

ဗန္ဒိုက္ ဟာ စာခ်ဳပ္သစ္ အရ တစ္ပတ္ အတြက္ အေျခခံ လုပ္ခ လစာ က ေပါင္ 200000 ရရွိမွာ ျဖစ္တဲ့အျပင္ ၊ သြင္းဂိုး ေဘာနပ္ ၊ Clean Sheet ေဘာနပ္ နဲ႔ ပြဲထြက္ခြင့္ အေရအတြက္ ဆိုင္ရာ ေဘာနပ္ေၾကးေတြ အျပင္ ၊ တစ္ဦးခ်င္း ထူးခႊ်န္ ဆုတံဆိပ္ ေဘာနပ္ေၾကးေတြပါ ပါ၀င္လာဖြယ္ ရွိေနတယ္လို႔ ခန္႔မွန္းရပါတယ္။

သူဟာ 2018 ခုနွစ္ ဇန္န၀ါရီ လ က မွ အသင္းကို ေပါင္ 75 သန္း နဲ႔ ေရာက္ရွိ လာခဲ့သူ ျဖစ္ျပီး ၊ အခ်ိန္တို အတြင္းမွာပဲ လီဗာပူး ပရိသတ္ေတြ ရဲ႕ အခ်စ္ေတာ္ ကစားသမား ျဖစ္လာခဲ့သူပါ။ လီဗာပူး အတြက္ ပထမဆံုး ပါ၀င္ ကစားခဲ့တဲ့ ပြဲစဥ္မွာ ျမိဳ႕ခံျပိဳင္ဘက္ အဲဗာတန္ တန္ အသင္းဘက္ကို ေခါင္းတုိက္ဂိုး သြင္းယူ ျပခဲ့သလို ၊ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲ ေရာက္ေအာင္လဲ စြမ္းေဆာင္ ေပးႏုိင္ခဲ့ပါတယ္။

ျပီးခဲ့တဲ့ ေဘာလံုးရာသီမွာေတာ့ သူဟာ လီဗာပူး အတြက္ 6 ၾကိမ္ ေျမွာက္ ဥေရာပ ခ်န္ပီယံဖလားၾကီး ကို သိမ္းပိုက္ ႏိုင္ဖို႔ အဓိက ေနရာက စြမ္းေဆာင္ေပးႏုိင္ခဲ့သလို ၊ စပါး အသင္းကို အႏုိင္ရရွိတဲ့ ဗိုလ္လုပြဲမွာလဲ အေကာင္းဆံုး ကစားသမားဆု ရတဲ့ အထိ ေျခစြမ္းျပ ကစားႏိုင္ခဲ့ပါတယ္။ ဒါ့အျပင္ PFA ရဲ႕ တစ္ႏွစ္တာ အေကာင္းဆံုး ကစားသမားဆု ၊ ပရီးမီးယားလိဂ္ ရဲ႕ တစ္ရာသီ အေကာင္းဆံုး ကစားသမားဆုေတြကိုပါ ထပ္မံ သိမ္းပိုက္ခဲ့ျပန္တာပါ။

ဒီရာသီမွာေတာ့ သူဟာ လီဗာပူး အတြက္ ဥေရာပ စူပါ ဖလားကို ရယူေပးထားျပီျပီ ျဖစ္ျပီး ၊ သူကိုယ္တုိင္လဲ ဥေရာပ အေကာင္းဆံုး ကစားသမားဆုၾကီးကို မၾကာေသးခင္ကမွ သိမ္းပိုက္ ထားခဲ့ျပီးျပီ ျဖစ္ပါတယ္။ ဒါအျပင္ ဒီလ 23 ရက္ေန႔မွာ ခ်ီးျမွင့္မယ့္ ဖီဖာ အေကာင္းဆံုး ကစားသမားဆု ဆန္ကာတင္ စာရင္းမွာလဲ မက္ဆီ ၊ ရိုနာဒို တို႔နဲ႔ အတူ ပါ၀င္လွ်က္ ရွိေနသလို ၊ ဖီဖာ အေကာင္းဆံုး 11 ေယာက္ ကစားသမား ဆန္ကာတင္ စာရင္းမွာလဲ ပါ၀င္လွ်က္ ရွိေနပါတယ္။

ဒါေၾကာင့္ ဗန္ဒိုက္ဟာ လီဗာပူး ကို ေျပာင္းေရႊ႕လာခဲ့ျပီး ေနာက္ပိုင္း ၊ ေဘာလံုးသမား တစ္ေယာက္ရဲ႕ အျမင့္ဆံုး ပ်ံသန္းမႈေတြ နဲ႔ ေက်ာ္ျဖတ္လွ်က္ ရွိေနတာမို႔ သူ႔လို ေျခစြမ္းမ်ိဳး နဲ႔ ခံစစ္မႈးတစ္ေယာက္ကို ကာလရွည္ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုႏိုင္မယ့္ သတင္းဟာ လီဗာပူး ပရိသတ္ေတြ အတြက္ ဧရာမ သတင္းေကာင္းၾကီး တစ္ခု ျဖစ္ေနမွာ အေသအခ်ာပဲဗ်ာ…….

SPORTS MYANMAR

Unicode

ဥရောပ အကောင်းဆုံး ကစားသမားကြီးကို 6 နှစ် စာချုပ်သစ် ချုပ်ဆိုတော့မယ့် လီဗာပူး
**********************************************************

ဒီမနက် ထွက်ပေါ်လာတဲ့ သတင်းတွေ အရ လီဗာပူးဟာ သူတို့ အသင်းရဲ့ အဓိက ခံစစ်မှုးကြီး ဖြစ်တဲ့ ဗန်ဒိုက် ကို 6 နှစ် စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှု ရယူနိုင်ခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။

ကစားသမားရဲ့ လက်ရှိ စာချုပ်သက်တမ်းဟာ 4 နှစ် အထိ ကျန်ရှိနေသေးသည့်တိုင်အောင် ၊ သူ့ရဲ့ တိုးတက်လာတဲ့ စွမ်းဆောင်ရည်တွေကြောင့် အခုလို စာချုပ်သက်တိုး ချုပ်ဆိုဖို့ လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပြီး ၊ အန်ဖီးမှာ 2025 ခုနှစ် အထိ ဆက်ရှိသွားတော့မှာ ဖြစ်ပါတယ်။

အခြား သတင်းတွေမှာတော့ ယူနိုက်တက်ဟာ မကြာခင်ကမှ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ နဲ့ ခေါ်ယူထားခဲ့တဲ့ နောက်တန်း ကစားသမား မက်ဂွိုင်းယားကို တစ်ပတ် လုပ်ခ ပေါင် 190000 အထိ ပေးထားခဲ့တာကြောင့် ၊ လီဗာပူး ကလဲ သူတို့ ကစား ကို တစ်ပတ်လုပ်ခ ပေါင် 200000 အထိ တိုးမြှင့်ပေးဖို့ လုပ်ဆောင်လာခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဗန်ဒိုက် ဟာ စာချုပ်သစ် အရ တစ်ပတ် အတွက် အခြေခံ လုပ်ခ လစာ က ပေါင် 200000 ရရှိမှာ ဖြစ်တဲ့အပြင် ၊ သွင်းဂိုး ဘောနပ် ၊ Clean Sheet ဘောနပ် နဲ့ ပွဲထွက်ခွင့် အရေအတွက် ဆိုင်ရာ ဘောနပ်ကြေးတွေ အပြင် ၊ တစ်ဦးချင်း ထူးချွှန် ဆုတံဆိပ် ဘောနပ်ကြေးတွေပါ ပါ၀င်လာဖွယ် ရှိနေတယ်လို့ ခန့်မှန်းရပါတယ်။

သူဟာ 2018 ခုနှစ် ဇန်နဝါရီ လ က မှ အသင်းကို ပေါင် 75 သန်း နဲ့ ရောက်ရှိ လာခဲ့သူ ဖြစ်ပြီး ၊ အချိန်တို အတွင်းမှာပဲ လီဗာပူး ပရိသတ်တွေ ရဲ့ အချစ်တော် ကစားသမား ဖြစ်လာခဲ့သူပါ။ လီဗာပူး အတွက် ပထမဆုံး ပါ၀င် ကစားခဲ့တဲ့ ပွဲစဉ်မှာ မြို့ခံပြိုင်ဘက် အဲဗာတန် တန် အသင်းဘက်ကို ခေါင်းတိုက်ဂိုး သွင်းယူ ပြခဲ့သလို ၊ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ရောက်အောင်လဲ စွမ်းဆောင် ပေးနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာတော့ သူဟာ လီဗာပူး အတွက် 6 ကြိမ် မြှောက် ဥရောပ ချန်ပီယံဖလားကြီး ကို သိမ်းပိုက် နိုင်ဖို့ အဓိက နေရာက စွမ်းဆောင်ပေးနိုင်ခဲ့သလို ၊ စပါး အသင်းကို အနိုင်ရရှိတဲ့ ဗိုလ်လုပွဲမှာလဲ အကောင်းဆုံး ကစားသမားဆု ရတဲ့ အထိ ခြေစွမ်းပြ ကစားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် PFA ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ၊ ပရီးမီးယားလိဂ် ရဲ့ တစ်ရာသီ အကောင်းဆုံး ကစားသမားဆုတွေကိုပါ ထပ်မံ သိမ်းပိုက်ခဲ့ပြန်တာပါ။

ဒီရာသီမှာတော့ သူဟာ လီဗာပူး အတွက် ဥရောပ စူပါ ဖလားကို ရယူပေးထားပြီပြီ ဖြစ်ပြီး ၊ သူကိုယ်တိုင်လဲ ဥရောပ အကောင်းဆုံး ကစားသမားဆုကြီးကို မကြာသေးခင်ကမှ သိမ်းပိုက် ထားခဲ့ပြီးပြီ ဖြစ်ပါတယ်။ ဒါအပြင် ဒီလ 23 ရက်နေ့မှာ ချီးမြှင့်မယ့် ဖီဖာ အကောင်းဆုံး ကစားသမားဆု ဆန်ကာတင် စာရင်းမှာလဲ မက်ဆီ ၊ ရိုနာဒို တို့နဲ့ အတူ ပါ၀င်လျှက် ရှိနေသလို ၊ ဖီဖာ အကောင်းဆုံး 11 ယောက် ကစားသမား ဆန်ကာတင် စာရင်းမှာလဲ ပါ၀င်လျှက် ရှိနေပါတယ်။

ဒါကြောင့် ဗန်ဒိုက်ဟာ လီဗာပူး ကို ပြောင်းရွှေ့လာခဲ့ပြီး နောက်ပိုင်း ၊ ဘောလုံးသမား တစ်ယောက်ရဲ့ အမြင့်ဆုံး ပျံသန်းမှုတွေ နဲ့ ကျော်ဖြတ်လျှက် ရှိနေတာမို့ သူ့လို ခြေစွမ်းမျိုး နဲ့ ခံစစ်မှုးတစ်ယောက်ကို ကာလရှည် စာချုပ်သစ် ချုပ်ဆိုနိုင်မယ့် သတင်းဟာ လီဗာပူး ပရိသတ်တွေ အတွက် ဧရာမ သတင်းကောင်းကြီး တစ်ခု ဖြစ်နေမှာ အသေအချာပဲဗျာ…….

SPORTS MYANMAR