ဝင္ဘာေလ မွာ ကစားသြားခဲ႔တဲ႔ ယူရို ၂၀၂၀ ေျခစစ္ပြဲစဥ္ မွာ အဂၤလန္ အသင္းက ဘူလ္ေဂးရီးယား အသင္းကို ၄-၀ ဂိုးနဲ႔ အႏိုင္ယူျပီး အမွတ္ေပးဇယားကို ဆက္လက္ ဦးေဆာင္သြားႏိုင္ခဲ႔ပါတယ္။ဒီပြဲမွာ အထူးေျခစြမ္းျပခဲ႔တာကေတာ့ တိုက္စစ္မွဴး ဟယ္ရီကိန္းျဖစ္ျပီး ကုိယ္တိုင္ ဟတ္ထရစ္သြင္းယူႏိုင္ခဲ႔သလို စတာလင္ရဲ႕ဂိုးကိုလည္းဖန္တီးေပးႏိုင္ခဲ႔ပါတယ္။

အဂၤလန္ အသင္းဟာ အုပ္စုတြင္း ပြဲစဥ္ ၃ပြဲအျပီးမွာ ရာႏွဳန္းျပည့္ အႏိုင္ရရွိထားခဲ႔လို႕ လည္း ေျခစစ္ပြဲေအာင္ျမင္ဖို႔ အေတာ္ေလးကို အေျခအေနေကာင္းေနျပီျဖစ္ပါတယ္။ဟယ္ရီကိန္းဟာ အခုပြဲစဥ္မွာ သြင္းယူႏိုင္ခဲ႔တဲ႔ဂိုးေတြေျကာင့္ ႏိုင္ငံအသင္းအတြက္ သြင္းဂိုး၂၅ဂိုးအထိရွိလာခဲ႔ျပီလည္းျဖစ္ပါတယ္။
အခုပြဲကသူ႕ရဲ႕ သြင္းဂိုးေတြပင္နယ္တီသြင္းဂိုး ၂ဂိုးအထိပါဝင္ခဲ႔တာျဖစ္ျပီး ကိန္းအတြက္ ေတာ့ အဂၤလန္အတြက္ ေနာက္ဆံုး ပင္နယ္တီ ၈ျကိမ္လံုးကို အဖိတ္အစင္ မရွိေအာင္အသံုးခ်ထားႏိုင္ခဲ႔တာလည္းျဖစ္ပါတယ္။အဂၤလန္ကစားသမားေတြဟာ အတိတ္ကာလေတြအတြင္း ပင္နယ္တီ အဆံုးအျဖတ္ေတြ မွာ လုိအပ္ခ်က္ေတြရွိတယ္လို႔ ေက်ာ္ျကားတာျဖစ္ေပမယ့္ ကိန္းကေတာ့ အဆိုပါ မွတ္တမ္းကို ေခ်ျဖတ္ျပဖို႔ရွိေနတာျဖစ္ပါတယ္။

ေအာင္ျမင္တဲ႔ ပင္နယ္တီကန္ခ်က္ေတြ နဲ႔ ပတ္သက္ျပီး ITV နဲ႔ အင္တာဗ်ဴး မွာကိန္းက – ” ပင္နယ္တီ ေတြ ေကာင္းေကာင္း ကန္သြင္းႏိုင္ဖို႔ ဆိုရင္ အလုပ္ျကိုးစားဖို႕ နဲ႔ ေလ့က်င့္မွဳေတြမ်ားမ်ားလုပ္ဖို႔ ပဲလိုပါတယ္။က်ြန္ေတာ္တို႔ဟာဒီလို ေလ့က်င့္မွဳေတြကို အခုတပတ္လံုးနဲ႔ ပြဲမတိုင္မီ ေန႔ ေတြအထိ ျပဳလုပ္ေနခဲ႔ျကတာျဖစ္ပါတယ္။
ေလ့က်င့္မွဳေတြမွာ ပင္နယ္တီ ဘယ္ႏွလံုးဝင္ေအာင္ကန္မယ္ဆိုတာ ခံစားခ်က္အေပၚမူတည္ပါတယ္။၁၀ လံုးျဖစ္ႏိုင္သလို အလံုး ၅၀ လည္းျဖစ္ႏိုင္ပါတယ္။က်ြန္ေတာ္တို႔အသင္းမွာ နည္းစနစ္က်ြမ္းက်င္ျပီး ျမန္ႏွဳန္းျမင့္တဲ႔ ကစားသမားေတြအမ်ားျကီးရွိလို႔ ပင္နယ္တီေတြကေတာ့ရေနဦးမွာျဖစ္ပါတယ္” လို႔ေျပာသြားခဲ႔တာျဖစ္ပါတယ္။
အဂၤလန္ အသင္း ယမန္ေန႔ည ပြဲစဥ္ပထမပိုင္းမွာ အေကာင္းဆံုး ေျခစြမ္းမ်ိဳး မျပသႏိုင္ခဲ့သလို ၁၁ေယာက္လံုး ပိတ္ကစားတဲ႕ ဘူလ္ေဂးရီးယားတို႔ေျကာင့္ အခက္ေတြ႔ခဲ႕ရတာျဖစ္ပါတယ္။ဒါေပမယ့္ ပြဲအျပီးမွာရလဒ္ေကာင္းရဖို႔အတြက္ ျကိုးစားသြားခဲ႔ျကတယ္လို႔ ကိန္းကဆိုပါတယ္။
” ပြဲခ်ိန္ ပထမပိုင္းမွာ က်ြန္ေတာ္တို႔ အသင္း ရဲ႕ တိုက္စစ္ဆင္မွဳေတြ ဟာအျကိမ္အမ်ားျကီး အပ်က္မ်ားခဲ႔ပါတယ္။ဒါေျကာင့္လည္း ပထမပိုင္းအျပီးမွာပိုျကိုးစားဖို႔ အတြက္ အားလံုးက ေျပာဆိုျဖစ္ခဲ႔ျကပါတယ္။ဒုတိယပိုင္းအစမွာပဲဂိုးရသြားခဲ႔လို႕ အခုလို လုပ္ေဆာင္ႏိုင္ခဲ႔တာျဖစ္ပါတယ္။
ေကာင္းမြန္တဲ႔ရလဒ္တခုကို ရရွိခဲ႔တာျဖစ္ျပီး အဂၤါေန႔ ပြဲစဥ္အထိဒါကို သယ္ေဆာင္သြားႏိုင္မယ္ လို႔ လည္း ေမ်ွာ္လင့္မိပါတယ္ ” လို႔ေျပာသြားခဲ႔တာျဖစ္ပါတယ္။
အဂၤလန္ အသင္းဟာ လာမယ့္ ပြဲစဥ္အျဖစ္ေတာ့ အုပ္စုတြင္းရွံုးပြဲမရွိထားေသးသလို ပံုစံေကာင္းျပေနတဲ႔ ကိုဆိုဗို အသင္းနဲ႔ ရင္ဆိုင္ရဖို႔ရွိေနတာျဖစ္ပါတယ္။ဒီပြဲနဲ႔ ပတ္သက္ျပီး ကိန္းက – ” သူတို႔ အသင္းကို ပိုျပီးေကာင္းေကာင္းဖိအားေပးကစားထားႏိုင္ဖို႕လိုပါတယ္။လြယ္ေတာ့လြယ္မွာမဟုတ္ပါဘူး။

ဒါေပမယ့္ က်ြန္ေတာ္တို႔ ဟာ ေကာင္းမြန္တဲ႔စိတ္ခံစားခ်က္ေတြရွိေနပါတယ္။အဲ႔ဒီပြဲမွာ ဒီေန႔ ပြဲလို ဦးေဆာင္ႏိုင္ ျပီးေနာက္ထပ္ ရလဒ္ေကာင္း ရရွိမယ္လို႔ ေမ်ွာ္လင့္ပါတယ္။ကလပ္အသင္းက ေျခစြမ္းေကာင္းကို ႏိုင္ငံ အသင္းအထိသယ္လာႏိုင္တဲ႔ စတာလင္အတြက္ကေတာ့ တကယ္ေကာင္းပါတယ္။
သူဟာ အံ့မခန္းကစားသမားေကာင္းတဦးျဖစ္ပါတယ္။က်ြန္ေတာ္ဟာ သူ႔ရဲ႕ သြင္းဂိုးကို ျပန္ဖန္တီးေပးႏိုင္ခဲ႔ပါတယ္။သူနဲ႔ အတူ တြဲဖက္ကစားရတာကို ေပ်ာ္ရႊင္ႏွစ္သက္ပါတယ္။တသင္းလံုးကလည္း အတူူတူပဲျဖစ္ပါတယ္ ” လို႔ေျပာသြားခဲ႔ပါတယ္။
SPORTS MYANMAR
Unicode
အောင်မြင်တဲ့ပင်နယ်တီကန်သွင်းမှုတွေရဲ့ နောက်ကွယ်ကလျှို့ဝှက်ချက်ကို ပြောပြလိုက်တဲ့ #ဟယ်ရီကိန်း
==================================
ဝင်ဘာလေ မှာ ကစားသွားခဲ့တဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲစဉ် မှာ အင်္ဂလန် အသင်းက ဘူလ်ဂေးရီးယား အသင်းကို ၄-၀ ဂိုးနဲ့ အနိုင်ယူပြီး အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်သွားနိုင်ခဲ့ပါတယ်။ဒီပွဲမှာ အထူးခြေစွမ်းပြခဲ့တာကတော့ တိုက်စစ်မှူး ဟယ်ရီကိန်းဖြစ်ပြီး ကိုယ်တိုင် ဟတ်ထရစ်သွင်းယူနိုင်ခဲ့သလို စတာလင်ရဲ့ဂိုးကိုလည်းဖန်တီးပေးနိုင်ခဲ့ပါတယ်။
အင်္ဂလန် အသင်းဟာ အုပ်စုတွင်း ပွဲစဉ် ၃ပွဲအပြီးမှာ ရာနှုန်းပြည့် အနိုင်ရရှိထားခဲ့လို့ လည်း ခြေစစ်ပွဲအောင်မြင်ဖို့ အတော်လေးကို အခြေအနေကောင်းနေပြီဖြစ်ပါတယ်။ဟယ်ရီကိန်းဟာ အခုပွဲစဉ်မှာ သွင်းယူနိုင်ခဲ့တဲ့ဂိုးတွေကြောင့် နိုင်ငံအသင်းအတွက် သွင်းဂိုး၂၅ဂိုးအထိရှိလာခဲ့ပြီလည်းဖြစ်ပါတယ်။
အခုပွဲကသူ့ရဲ့ သွင်းဂိုးတွေပင်နယ်တီသွင်းဂိုး ၂ဂိုးအထိပါဝင်ခဲ့တာဖြစ်ပြီး ကိန်းအတွက် တော့ အင်္ဂလန်အတွက် နောက်ဆုံး ပင်နယ်တီ ၈ကြိမ်လုံးကို အဖိတ်အစင် မရှိအောင်အသုံးချထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။အင်္ဂလန်ကစားသမားတွေဟာ အတိတ်ကာလတွေအတွင်း ပင်နယ်တီ အဆုံးအဖြတ်တွေ မှာ လိုအပ်ချက်တွေရှိတယ်လို့ ကျော်ကြားတာဖြစ်ပေမယ့် ကိန်းကတော့
အဆိုပါ မှတ်တမ်းကို ချေဖြတ်ပြဖို့ရှိနေတာဖြစ်ပါတယ်။
အောင်မြင်တဲ့ ပင်နယ်တီကန်ချက်တွေ နဲ့ ပတ်သက်ပြီး ITV နဲ့ အင်တာဗျူး မှာကိန်းက – ” ပင်နယ်တီ တွေ ကောင်းကောင်း ကန်သွင်းနိုင်ဖို့ ဆိုရင် အလုပ်ကြိုးစားဖို့ နဲ့ လေ့ကျင့်မှုတွေများများလုပ်ဖို့ ပဲလိုပါတယ်။ကျွန်တော်တို့ဟာဒီလို လေ့ကျင့်မှုတွေကို အခုတပတ်လုံးနဲ့ ပွဲမတိုင်မီ နေ့ တွေအထိ ပြုလုပ်နေခဲ့ကြတာဖြစ်ပါတယ်။
လေ့ကျင့်မှုတွေမှာ ပင်နယ်တီ ဘယ်နှလုံးဝင်အောင်ကန်မယ်ဆိုတာ ခံစားချက်အပေါ်မူတည်ပါတယ်။၁၀ လုံးဖြစ်နိုင်သလို အလုံး ၅၀ လည်းဖြစ်နိုင်ပါတယ်။ကျွန်တော်တို့အသင်းမှာ နည်းစနစ်ကျွမ်းကျင်ပြီး မြန်နှုန်းမြင့်တဲ့ ကစားသမားတွေအများကြီးရှိလို့ ပင်နယ်တီတွေကတော့ရနေဦးမှာဖြစ်ပါတယ်” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။
အင်္ဂလန် အသင်း ယမန်နေ့ည ပွဲစဉ်ပထမပိုင်းမှာ အကောင်းဆုံး ခြေစွမ်းမျိုး မပြသနိုင်ခဲ့သလို ၁၁ယောက်လုံး ပိတ်ကစားတဲ့ ဘူလ်ဂေးရီးယားတို့ကြောင့် အခက်တွေ့ခဲ့ရတာဖြစ်ပါတယ်။ဒါပေမယ့် ပွဲအပြီးမှာရလဒ်ကောင်းရဖို့အတွက် ကြိုးစားသွားခဲ့ကြတယ်လို့ ကိန်းကဆိုပါတယ်။
” ပွဲချိန် ပထမပိုင်းမှာ ကျွန်တော်တို့ အသင်း ရဲ့ တိုက်စစ်ဆင်မှုတွေ ဟာအကြိမ်အများကြီး အပျက်များခဲ့ပါတယ်။ဒါကြောင့်လည်း ပထမပိုင်းအပြီးမှာပိုကြိုးစားဖို့ အတွက် အားလုံးက ပြောဆိုဖြစ်ခဲ့ကြပါတယ်။ဒုတိယပိုင်းအစမှာပဲဂိုးရသွားခဲ့လို့ အခုလို လုပ်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။
ကောင်းမွန်တဲ့ရလဒ်တခုကို ရရှိခဲ့တာဖြစ်ပြီး အင်္ဂါနေ့ ပွဲစဉ်အထိဒါကို သယ်ဆောင်သွားနိုင်မယ် လို့ လည်း မျှော်လင့်မိပါတယ် ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။
အင်္ဂလန် အသင်းဟာ လာမယ့် ပွဲစဉ်အဖြစ်တော့ အုပ်စုတွင်းရှုံးပွဲမရှိထားသေးသလို ပုံစံကောင်းပြနေတဲ့ ကိုဆိုဗို အသင်းနဲ့ ရင်ဆိုင်ရဖို့ရှိနေတာဖြစ်ပါတယ်။ဒီပွဲနဲ့ ပတ်သက်ပြီး ကိန်းက – ” သူတို့ အသင်းကို ပိုပြီးကောင်းကောင်းဖိအားပေးကစားထားနိုင်ဖို့လိုပါတယ်။လွယ်တော့လွယ်မှာမဟုတ်ပါဘူး။
ဒါပေမယ့် ကျွန်တော်တို့ ဟာ ကောင်းမွန်တဲ့စိတ်ခံစားချက်တွေရှိနေပါတယ်။အဲ့ဒီပွဲမှာ ဒီနေ့ ပွဲလို ဦးဆောင်နိုင် ပြီးနောက်ထပ် ရလဒ်ကောင်း ရရှိမယ်လို့ မျှော်လင့်ပါတယ်။ကလပ်အသင်းက ခြေစွမ်းကောင်းကို နိုင်ငံ အသင်းအထိသယ်လာနိုင်တဲ့ စတာလင်အတွက်ကတော့ တကယ်ကောင်းပါတယ်။
သူဟာ အံ့မခန်းကစားသမားကောင်းတဦးဖြစ်ပါတယ်။ကျွန်တော်ဟာ သူ့ရဲ့ သွင်းဂိုးကို ပြန်ဖန်တီးပေးနိုင်ခဲ့ပါတယ်။သူနဲ့ အတူ တွဲဖက်ကစားရတာကို ပျော်ရွှင်နှစ်သက်ပါတယ်။တသင်းလုံးကလည်း အတူူတူပဲဖြစ်ပါတယ် ” လို့ပြောသွားခဲ့ပါတယ်။
SPORTS MYANMAR