ဂျုဗင်တပ် ရဲ့ ပြန်လည် နိုးထ မှု ဟာ ဘောလုံး ပရိသတ် တွေ ကို အံ့အား သင့်စေ ခဲ့ ပါတယ် ။ အသက် လက်တီကို မက်ဒရစ် လို အသင်း မျိုး ကို ၂ – ၀ နဲ့ ရှုံးနိမ့် ထား တာ ဟာ ဘယ်လောက် အထိ ခက်ခဲ စေလဲ ဆိုတာ အားလုံး နားလည် ထားခဲ့ကြ ပါတယ် ။ အေတီကို ဘက်ကို ရိုနယ်ဒို က ဟက်ထရစ် သွင်းပြီး ချေမှုန်း ခဲ့တာ က ဒီ သတင်း ကို ပိုပြီး ခမ်းနားစေခဲ့ ပါတယ် ။

ယနေ့ နံနက် ခင်း ထုတ်ဝေ တဲ့ ဥရောပ ရဲ့ နာမည်ကျော် အားကစား သတင်း စာ တွေ ရဲ့ မျက်နှာဖုံး မှာ တော့ ရိုနယ်ဒို ရဲ့ ဓါတ်ပုံ တွေ ပလူပျံ လို့ နေခဲ့ ပါတယ် ။ အီတလီ အခြေ စိုက် သတင်း စာတွေ သာ မက ဘဲ မာကာ ၊ L’Equipe တို့လို ဥရောပ ရဲ့ ကျော်ကြား တဲ့ အားကစား သတင်းစာ ရဲ့ မျက်နှာဖုံး ကို ရိုနယ်ဒို စိုးမိုး ခဲ့ တာပါ ။

စပိန် နိုင်ငံ မက်ဒရစ် မြို့တော် အခြေစိုက် မာကာ သတင်းစာ ကတော့ “ရိုနယ်ဒို ဟာ သူ့ရဲ့ သြဇာ အာဏာ ကို ထင်ရှား စွာပြသခဲ့ပြီ” ဆိုတဲ့ ခေါင်းစဉ် နဲ့ အတူ ရှေ့ ဆုံး မျက်နှာဖုံး မှာ ဟက်ထရစ် ရှင် ကြီး ကို ဂုဏ်ပြု သွားခဲ့ ပါတယ် ။ ဒါ့အပြင် “ဂျုဗင်တပ် က ၃ ဂိုး လိုတယ် ၊ ရိုနယ်ဒို က ဟက်ထရစ် သွင်းပေးတယ်” လို့ ဆက်လက် ရေးသား ခဲ့သလို မက်ဒရစ် မြို့ခံ အေတီကို မက်ဒရစ် ရဲ့ ခြေစွမ်း ကိုတော့ ဝေဖန် သွားခဲ့ ပါတယ် ။

အခြား စပိန် ရဲ့ နာမည် ကျော် သတင်းစာ AS ကလည်း “ခရစ္စတီယာနို ။ ချန်ပီယံ လိဂ် ရဲ့ အရှင်သခင်ကြီး” လို့ ခေါင်းစဉ် တပ် ခဲ့ပြီး ရိုနယ်ဒို ရဲ့ ချန်ပီယံ လိဂ် သွင်းဂိုး ၁၂၄ ဂိုး အထိ ရောက်ရှိ သွားမှု ၊ ဟက်ထရစ် အများဆုံး ကစား သမား ဖြစ်လာမှု ( မက်ဆီ နှင့် တန်းတူ ) တွေ ကို အသားပေး ဖော်ပြ သွားခဲ့ ပါတယ် ။

တစ်ချိန် က ရိုနယ်ဒို ကစား ခဲ့တဲ့ ရီးရဲ မက်ဒရစ် အသင်း ရဲ့ မဟာ ပြိုင်ဘက် ဘာစီလိုနာ အခြေစိုက် ရာ ကတ်တလန် ဒေသ ထုတ် သတင်းစာ တွေ တောင်မှ ရိုနယ်ဒို ကို ချီးကျုး ခဲ့ကြ ပါတယ် ။ ကတ်တလန် ဒေသ ရဲ့ အင်အားကြီး မွန်ဒို သတင်းစာ ဟာ ယနေ့ ည ကစားမယ့် ဘာစီလိုနာ ရဲ့ ပွဲ အကြောင်း ကို မျက်နှာဖုံးမှာ အဓိက ဖော်ပြ ခဲ့ ပေမယ့် ရိုနယ်ဒို အတွက်လည်း နေရာ တစ်နေရာ စာ ပေးခဲ့ ကာ ဂုဏ်ပြု ခဲ့ ပါတယ် ။

ပထမ အကျော့ တုန်းက ရိုနယ်ဒို ရဲ့ သွင်းဂိုး တွေ မထွက် ပေါ် လာ မှု အပေါ် ပြင်းပြင်း ထန်ထန် ဝေဖန် ခဲ့ ကြတဲ့ အီတလီ သတင်း စာတွေ ကတော့ ဒီ တစ်ကြိမ် မှာ ရိုနယ်ဒို ကို သူရဲ ကောင်း တစ်ဦး သဖွယ် အမွှမ်းတင် ချီးကျုး ရေးသား ခဲ့ကြ ပါတယ် ။

Gazzetta dello Sport သတင်းစာ က ရိုနယ်ဒို ရဲ့ သွင်းဂိုး တွေကို “နတ်ဘုရား ရဲ့ အမျက်ဒေါသ” လို့ ခေါင်းစဉ် ပေးခဲ့ကာ ဂန္ထ၀င် ည တစ်ည ကို ဖန်တီး ပေးခဲ့တယ် လို့ ရေးသား ဖွဲ့ဆို ခဲ့ ပါတယ် ။ Corriere dello Sport သတင်း စာ ကတော့ ဆီးမြွန်းနီ ရဲ့ အောင်ပွဲခံ ဟန် ကို တုပ လှောင်ပြောင် ခဲ့တဲ့ ရိုနယ်ဒို ရဲ့ ရုပ်ပုံကြီး ကို မျက်နှာဖုံး ပြည့်လု နီးပါး ဖော်ပြ ခဲ့ပြီး “တကယ့် မာစတာ” လို့ ဖွဲ့ဆို ခဲ့ ပါတယ် ။

ဒါ့ အပြင် အဆိုပါ သတင်း စာ ဟာ အေတီကို မက်ဒရစ် ဘက် ကို ဟာကွက် မရှိ အောင် ဖိ ကစားနိုင် ဖို့ ဗျုဟာ ချမှတ် နိုင် ခဲ့တဲ့ ဂျုဗင်တပ် နည်းပြ အယ်လီဂရီ ကို လည်း ချီးကျုး ပြောဆို သွားခဲ့ ပါတယ် ။ အခြား အီတလီ သတင်းစာ တူတို ကတော့ ရိုနယ်ဒို ကို အင်္ဂါဂြိုဟ် သား တစ်ဦး သဖွယ် ချီးကျုး ရေးသား သွားခဲ့ ပါတယ် ။

ရွှေ ဘောလုံး ဆုတွေ ပေးအပ် ချီးမြှင့် တဲ့ ပြင်သစ် ရဲ့ နာမည်ကျော် L’Equipe သတင်းစာကြီး ကလည်း ရိုနယ်ဒို ဟာ စံပြု ထိုက်တဲ့ ကစား သမား ဖြစ်ကြောင်း ဖော်ပြ ရေးသား ခဲ့သလို ရိုနယ်ဒို ရဲ့ မိခင် နိုင်ငံ ပေါ်တူဂီ ကလည်း “ထာဝရ ရိုနယ်ဒို” လို့ေ၇းသား ဂုဏ်ပြု ခဲ့ကြ ပါတယ် ။

ရိုနယ်ဒို အပါ အ၀င် သူ့ရဲ့ မိသားစု ၀င်တွေ ဟာ ပထမ အကျော့ က အရှုံး ရလဒ် ကြောင့် ဖိအားတွေ ကို ရင်ဆိုင် ခဲ့ရ ကြောင်း ပွဲ ကစား နေချိန် အတွင်း အားပေး နေတဲ့ ရိုနယ်ဒို ရဲ့ သားကြီး ဂျူနီယာ ၊ ဇနီးသည် ဂျော်ဂျီနာ တို့ ရဲ့ မျက်နှာတွေ မှာ ပေါ်လွင် နေခဲ့ ပါတယ် ။

ရိုနယ်ဒို ရဲ့ ဂိုးတွေ ရယူ နိုင်ချိန် မှာ ခင်ပွန်းသည် အတွက် ၀မ်းမြောက် မှု နဲ့ မျက်ရည်တွေ စီးကျ ခဲ့တဲ့ ဂျော်ဂျီနာ ရိုဒရီဂွက် ရဲ့ ရုပ်ပုံလွှာ တွေ ကလည်း ရိုနယ်ဒို နဲ့ အပြိုင် ချန်ပီယံ လိဂ် ည မှာ အမှတ် တရ ဖြစ်စေခဲ့ ပါတယ် ။

SPORTS MYANMAR