ယူႏိုက္တက္ အသင္းရဲ႕ နည္းျပ ေဟာင္းတဦးျဖစ္တဲ႔ မူလန္စတင္းက လူငယ္ျကယ္ပြင့္တိုက္စစ္ ကစားသမားေလး ရတ္ဖို႔ဒ္ အေနနဲ႔ ေပၚတူဂီအိုင္ကြန္ ေရာ္နယ္ဒိုကို စံျပတဦးအျဖစ္အတူယူသင့္တယ္လို႕ ဆိုလိုက္ပါတယ္။အသက္ ၂၁ ႏွစ္အရြယ္သာရွိေသးတဲ႔ ရတ္ဖို႔ဒ္ လက္ရွိအခ်ိန္မွာ အဂၤၤလန္ အသင္းနဲ႔ အတူ ယူရိုေျခစစ္ပြဲေတြ ပါဝင္ကစားေပးေနတာျဖစ္ပါတယ္။

ရတ္ဖို႔ဒ္က ဂ်ဴဗီ တိုက္စစ္မွဴး ေရာ္နယ္ဒို ဟာ သူ႔ရဲ႕ ကေလးဘဝ က သူရဲေကာင္းတဦးျဖစ္တယ္လို႕ မျကာေသးမီက ထုတ္ေျပာထားခဲ႔ဖူးပါတယ္။ေရာ္နယ္ဒို ဟာ ယူႏိုက္တက္ အသင္းမွာလည္းကစားခဲ႔ဖူးတာျဖစ္ေပမယ့္ ထုိအခ်ိန္က ရတ္ဖိုဖို႔ဒ္ဟာကေလး ပရိသတ္တဦးအျဖစ္သာရွိေနခ႔ဲတာျဖစ္ပါတယ္။

မူလန္စတင္းက ယူႏိုက္တက္ အသင္းရဲ႕ တိုက္စစ္ အစြယ္ေတြျဖစ္တဲ႔ ေရာ္နယ္ဒိုနဲ႕ ရတ္ဖို႔ဒ္တို႔ကို ခိုင္းႏွိဳင္းသြားခဲ႔ေပမယ့္ ဘလြန္းဒီေအာဆုရွင္ ေပၚတူဂီသားရဲ႕ ဂိုးသြင္း မွတ္တမ္းေတြကို လိုက္မီႏိုင္ဖို႔သူ႔ကိုပဲ idol တဦးအျဖစ္အတုယူျကိုးစားဖို႕ ရတ္ဖို႔ဒ္ကိုတိုက္တြန္းသြားခဲ႔ပါတယ္။

The Mirror နဲ႔ အင္တာဗ်ဴးမွာ မူလန္စတင္းက – ” ေရာ္နယ္ဒိုဟာ အတုမရွိ ကစားသမားေကာင္း တေယာက္ျဖစ္ပါတယ္။ဘာေျကာင့္လည္းဆိုေတာ့ သူက သူ႔ရဲ႕ စြမ္ရည္ေတြ အေပၚ ျကီးမားတဲ႔ ယံုျကည္မွဳ မ်ိဳးရွိထားလို႕ျဖစ္ပါတယ္။ဒါေပမယ့္ ရတ္ဖို႕ဒ္မွာလည္း သူဟာအေကာင္းဆံုး ကစားသမားျဖစ္လာႏိုင္တယ္ဆိုတဲ႔ စိတ္ပိုင္းျဖတ္မွဳ မ်ိဳးရွိထားပါတယ္။ဒါေျကာင့္မို႔လို႕လည္းရတ္ဖို႔ဒ္အေနနဲ႔ ေရာ္နယ္ဒိုကို စံျပတဦးအျဖစ္ အတုယူသင့္တယ္လို႔ က်ြန္ေတာ္ထင္ပါတယ္။

ရတ္ဖို႔ဒ္ ဟာ ယူႏိုက္တက္ အသင္းရဲ႕ ေနာက္ထပ္ ေရာ္နယ္ဒိုျဖစ္လာမယ္လို႔ က်ြန္ေတာ္ေျပာေနတာေတာ့မဟုတ္ပါဘူး။ဘာေျကာင့္လည္း ဆိုေတာ့ေရာ္နယ္ဒိုဟာ တဦးတေယာက္တည္းပဲ ရွိတဲ႔ ပါရမီရွင္တဦးျဖစ္ပါတယ္။သူဟာပီလီ၊ မာရာဒိုနာ၊မက္ဆီ၊ အူစီဘီယို၊ ဂ်ိဳဟန္ခရိုက္ဖ္ တို႔လိုအျမဲအမွတ္ရေနရေတာ့မယ့္ ကစားသမားေကာင္းေတြထဲက တဦးလည္းျဖစ္ပါတယ္။

ဒါေပမယ့္ ရတ္ဖို႔ဒ္ကလည္း ဆႏၵရွိမယ္ ဆိုရင္ အံ့မခန္းေကာင္းမြန္တဲ႔ ကစား သမား တဦးျဖစ္လာႏိုင္စရာ ဂုဏ္သတင္း ဖန္တီးႏိုင္စြမ္းရွိပါတယ္။ေရာ္နယ္ဒိုရဲ႕ ပင္ကိုယ္စရိုက္က လွပတဲ႔ ဂိုးေတြကိုသြင္းယူႏိုင္ဖို႔ အျမဲျကိုးစားတာျဖစ္ပါတယ္။

ဒီလို အရာကို ရတ္ဖို႕ဒ္ဆီမွာ လည္းက်ြန္ေတာ္ျမင္ေတြ႔ရပါတယ္။ေရာ္နယ္ဒိုဟာ ကိုက္ ၃၀ အကြာေလာက္ကေန ဂိုးေပါက္ ရဲ႕ အေပၚေထာင့္က်က်အေနအထားကို ကန္သြင္းႏိုင္ဖို႔ အျမဲျကိုးစားတတ္ပါတယ္။ျပီးေတာ့ တရာသီအတြင္းအေကာင္းဆံုးသြင္းဂိုးဆုရွင္လည္းျဖစ္ခ်င္သူျဖစ္ပါတယ္။

ဒါေပမယ့္ ျကီးတဲ႔သြင္းဂိုးေတြသြင္းယူသူဆိုတာထက္ ျကီးက်ယ္တ႔ဲ တိုက္စစ္ကစားသမားေကာင္းတဦးျဖစ္ဖို႔လိုတယ္ဆိုတာသူ႔ကို နားလည္ေစခဲပါတယ္။။ေျပာခ်င္တာကေတာ့ လွပတဲ႔ ဂိုးေတြ သြင္းယူတာထက္ ဂိုးေတြပိုသြင္းေနဖို႔ ျဖစ္ပါတယ္။

အဆံုးသတ္သြင္းဂိုးေတြအတြက္ သူ႔ရဲ႕ နည္းစနစ္ အေပၚမွာ အလုပ္လုပ္ေပးသလိုပဲ သူ႔ရဲ႕အေတြးေခၚပိုင္းဆိုင္ရာအတြက္လည္း လုပ္ေဆာင္ေပးပါတယ္။ဒါမွလည္း သူဂိုးေတြ ပိုသြင္းယူႏိုင္ဖို႔ သဘာဝက်က် သင့္ေတာ္တဲ႔ ေနရာယူမွဳေတြ ဆိုတာမ်ိဳးကို လုပ္ေဆာင္ႏိုင္မွာျဖစ္ပါတယ္ ” လို႔ေျပာခဲ႔ပါတယ္။

ရတ္ဖို႕ဒ္ဟာ ခ်ဲဆီးလ္အသင္းကို ၄ဂိုးျပတ္အႏိုင္ရခဲ႔တ႔ဲ ရာသီသစ္ အဖြင့္ပြဲမွွာဂိုးသြင္းႏိုင္ခဲ႔ေပမယ့္ ေနာက္ဆံုး ၃ပြဲဆက္ ဂိုးေပါက္ ေပ်ာ္ေနသလို ပဲေလ့စ္နဲ႔ ပြဲမွာ ပင္နယ္တီ လြဲေခ်ာ္ခဲ႔ပါတယ္။သူဟာ ယမန္ႏွစ္က လိဂ္ဂိုး ၁၀ဂိုးသြင္းယူေပးႏိုင္ခဲ႔သူျဖစ္ျပီး လူကာကူ မရွိေတာ့တဲ႔ တိုက္စစ္ ကိုဦးေဆာင္ေနတာျဖစ္ပါတယ္။

ေရာ္နယ္ဒိုနဲ႕ ပတ္သက္ျပီး ၂၀၁၇ ခုႏွစ္အတြင္း အင္တာဗ်ဴးတခုမွာရတ္ဖို႔ဒ္က -” သူရဲ႕ ပြဲေတြ အမ်ားအမ်ားကို ျကည့္ရွရင္းန႔ဲ က်ြန္ေတာ္ျကီးျပင္းခဲ႔တာျဖစ္ပါတယ္။ပြဲအမ်ားစုကို Youtube ကေနျကည့္ခဲ႔ရေပမယ့္ အိုးထရက္ဖို႔ဒ္မွာ သူကစားတာကို တိုက္ရိုက္ျကည့္ခဲ႔ရတဲ႔ ပထမဆံုးပြဲကိုလည္း က်ြန္ေတာ္မွတိမ္ပါတယ္။

၂၀၀၃ ခုႏွစ္တုနး္က ျဖစ္ျပီး အဲ႔ဒီပြဲမွာသူ ဟတ္ထရစ္သြင္းယူႏိုင္ခဲ႔ပါတယ္။သူဟာဘယ္ေနရာမွာပဲ ကစားကစား လြတ္လြတ္လပ္လပ္ကစားတတ္ပါတယ္။ဒီလို ကစားတာဟာ ကိုယ္႔ရဲ႕ အေကာင္းဆံုးပံုစံနဲ႔ ကစားတာလည္းျဖစ္ပါတယ္ “လို႔ခ်ီးက်ဴးထားခဲ႔ဖူးတာျဖစ္ပါတယ္။

SPORTS MYANMAR

Unicode

ကမ္ဘာ့အကောင်းဆုံးကစားသမား၂ဦးအနက် ဘယ်သူ့ကို အတုယူကြိုးစားသင့်တယ်တယ်ဆိုတာရတ်ဖို့ဒ်ကို အကြံပေးလိုက်တဲ့ #ယူနိုက်တက် နည်းပြဟောင်း
=================================

ယူနိုက်တက် အသင်းရဲ့ နည်းပြ ဟောင်းတဦးဖြစ်တဲ့ မူလန်စတင်းက လူငယ်ကြယ်ပွင့်တိုက်စစ် ကစားသမားလေး ရတ်ဖို့ဒ် အနေနဲ့ ပေါ်တူဂီအိုင်ကွန် ရော်နယ်ဒိုကို စံပြတဦးအဖြစ်အတူယူသင့်တယ်လို့ ဆိုလိုက်ပါတယ်။အသက် ၂၁ နှစ်အရွယ်သာရှိသေးတဲ့ ရတ်ဖို့ဒ် လက်ရှိအချိန်မှာ အင်္ဂင်္လန် အသင်းနဲ့ အတူ ယူရိုခြေစစ်ပွဲတွေ ပါဝင်ကစားပေးနေတာဖြစ်ပါတယ်။

ရတ်ဖို့ဒ်က ဂျူဗီ တိုက်စစ်မှူး ရော်နယ်ဒို ဟာ သူ့ရဲ့ ကလေးဘဝ က သူရဲကောင်းတဦးဖြစ်တယ်လို့ မကြာသေးမီက ထုတ်ပြောထားခဲ့ဖူးပါတယ်။ရော်နယ်ဒို ဟာ ယူနိုက်တက် အသင်းမှာလည်းကစားခဲ့ဖူးတာဖြစ်ပေမယ့် ထိုအချိန်က ရတ်ဖိုဖို့ဒ်ဟာကလေး ပရိသတ်တဦးအဖြစ်သာရှိနေခဲ့တာဖြစ်ပါတယ်။

မူလန်စတင်းက ယူနိုက်တက် အသင်းရဲ့ တိုက်စစ် အစွယ်တွေဖြစ်တဲ့ ရော်နယ်ဒိုနဲ့ ရတ်ဖို့ဒ်တို့ကို ခိုင်းနှိုင်းသွားခဲ့ပေမယ့် ဘလွန်းဒီအောဆုရှင် ပေါ်တူဂီသားရဲ့ ဂိုးသွင်း မှတ်တမ်းတွေကို လိုက်မီနိုင်ဖို့သူ့ကိုပဲ idol တဦးအဖြစ်အတုယူကြိုးစားဖို့ ရတ်ဖို့ဒ်ကိုတိုက်တွန်းသွားခဲ့ပါတယ်။

The Mirror နဲ့ အင်တာဗျူးမှာ မူလန်စတင်းက – ” ရော်နယ်ဒိုဟာ အတုမရှိ ကစားသမားကောင်း တယောက်ဖြစ်ပါတယ်။ဘာကြောင့်လည်းဆိုတော့ သူက သူ့ရဲ့ စွမ်ရည်တွေ အပေါ် ကြီးမားတဲ့ ယုံကြည်မှု မျိုးရှိထားလို့ဖြစ်ပါတယ်။ဒါပေမယ့် ရတ်ဖို့ဒ်မှာလည်း သူဟာအကောင်းဆုံး ကစားသမားဖြစ်လာနိုင်တယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်မှု မျိုးရှိထားပါတယ်။ဒါကြောင့်မို့လို့လည်းရတ်ဖို့ဒ်အနေနဲ့ ရော်နယ်ဒိုကို စံပြတဦးအဖြစ် အတုယူသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။

ရတ်ဖို့ဒ် ဟာ ယူနိုက်တက် အသင်းရဲ့ နောက်ထပ် ရော်နယ်ဒိုဖြစ်လာမယ်လို့ ကျွန်တော်ပြောနေတာတော့မဟုတ်ပါဘူး။ဘာကြောင့်လည်း ဆိုတော့ရော်နယ်ဒိုဟာ တဦးတယောက်တည်းပဲ ရှိတဲ့ ပါရမီရှင်တဦးဖြစ်ပါတယ်။သူဟာပီလီ၊ မာရာဒိုနာ၊မက်ဆီ၊ အူစီဘီယို၊ ဂျိုဟန်ခရိုက်ဖ် တို့လိုအမြဲအမှတ်ရနေရတော့မယ့် ကစားသမားကောင်းတွေထဲက တဦးလည်းဖြစ်ပါတယ်။

ဒါပေမယ့် ရတ်ဖို့ဒ်ကလည်း ဆန္ဒရှိမယ် ဆိုရင် အံ့မခန်းကောင်းမွန်တဲ့ ကစား သမား တဦးဖြစ်လာနိုင်စရာ ဂုဏ်သတင်း ဖန်တီးနိုင်စွမ်းရှိပါတယ်။ရော်နယ်ဒိုရဲ့ ပင်ကိုယ်စရိုက်က လှပတဲ့ ဂိုးတွေကိုသွင်းယူနိုင်ဖို့ အမြဲကြိုးစားတာဖြစ်ပါတယ်။

ဒီလို အရာကို ရတ်ဖို့ဒ်ဆီမှာ လည်းကျွန်တော်မြင်တွေ့ရပါတယ်။ရော်နယ်ဒိုဟာ ကိုက် ၃၀ အကွာလောက်ကနေ ဂိုးပေါက် ရဲ့ အပေါ်ထောင့်ကျကျအနေအထားကို ကန်သွင်းနိုင်ဖို့ အမြဲကြိုးစားတတ်ပါတယ်။ပြီးတော့ တရာသီအတွင်းအကောင်းဆုံးသွင်းဂိုးဆုရှင်လည်းဖြစ်ချင်သူဖြစ်ပါတယ်။

ဒါပေမယ့် ကြီးတဲ့သွင်းဂိုးတွေသွင်းယူသူဆိုတာထက် ကြီးကျယ်တဲ့ တိုက်စစ်ကစားသမားကောင်းတဦးဖြစ်ဖို့လိုတယ်ဆိုတာသူ့ကို နားလည်စေခဲပါတယ်။။ပြောချင်တာကတော့ လှပတဲ့ ဂိုးတွေ သွင်းယူတာထက် ဂိုးတွေပိုသွင်းနေဖို့ ဖြစ်ပါတယ်။

အဆုံးသတ်သွင်းဂိုးတွေအတွက် သူ့ရဲ့ နည်းစနစ် အပေါ်မှာ အလုပ်လုပ်ပေးသလိုပဲ သူ့ရဲ့အတွေးခေါ်ပိုင်းဆိုင်ရာအတွက်လည်း လုပ်ဆောင်ပေးပါတယ်။ဒါမှလည်း သူဂိုးတွေ ပိုသွင်းယူနိုင်ဖို့ သဘာဝကျကျ သင့်တော်တဲ့ နေရာယူမှုတွေ ဆိုတာမျိုးကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ် ” လို့ပြောခဲ့ပါတယ်။

ရတ်ဖို့ဒ်ဟာ ချဲဆီးလ်အသင်းကို ၄ဂိုးပြတ်အနိုင်ရခဲ့တဲ့ ရာသီသစ် အဖွင့်ပွဲမှှာဂိုးသွင်းနိုင်ခဲ့ပေမယ့် နောက်ဆုံး ၃ပွဲဆက် ဂိုးပေါက် ပျော်နေသလို ပဲလေ့စ်နဲ့ ပွဲမှာ ပင်နယ်တီ လွဲချော်ခဲ့ပါတယ်။သူဟာ ယမန်နှစ်က လိဂ်ဂိုး ၁၀ဂိုးသွင်းယူပေးနိုင်ခဲ့သူဖြစ်ပြီး လူကာကူ မရှိတော့တဲ့ တိုက်စစ် ကိုဦးဆောင်နေတာဖြစ်ပါတယ်။

ရော်နယ်ဒိုနဲ့ ပတ်သက်ပြီး ၂၀၁၇ ခုနှစ်အတွင်း အင်တာဗျူးတခုမှာရတ်ဖို့ဒ်က -” သူရဲ့ ပွဲတွေ အများအများကို ကြည့်ရှရင်းနဲ့ ကျွန်တော်ကြီးပြင်းခဲ့တာဖြစ်ပါတယ်။ပွဲအများစုကို Youtube ကနေကြည့်ခဲ့ရပေမယ့် အိုးထရက်ဖို့ဒ်မှာ သူကစားတာကို တိုက်ရိုက်ကြည့်ခဲ့ရတဲ့ ပထမဆုံးပွဲကိုလည်း ကျွန်တော်မှတိမ်ပါတယ်။

၂၀၀၃ ခုနှစ်တုနး်က ဖြစ်ပြီး အဲ့ဒီပွဲမှာသူ ဟတ်ထရစ်သွင်းယူနိုင်ခဲ့ပါတယ်။သူဟာဘယ်နေရာမှာပဲ ကစားကစား လွတ်လွတ်လပ်လပ်ကစားတတ်ပါတယ်။ဒီလို ကစားတာဟာ ကိုယ့်ရဲ့ အကောင်းဆုံးပုံစံနဲ့ ကစားတာလည်းဖြစ်ပါတယ် “လို့ချီးကျူးထားခဲ့ဖူးတာဖြစ်ပါတယ်။

SPORTS MYANMAR