လီဗာပူး ကြင္းလယ္လူ အဲလက္စ္ ေအာက္စလိတ္ခ်ိန္ဘာလိန္ ဟာ သူ အႏွစ္သက္ဆံုး ကြင္းလယ္လူ ၆ ဦးကို ေရြးခ်ယ္ေပးလိုက္ရာမွာ လက္ရွိ အဂၤလန္ ပရီးမီးယားလိဂ္ မွာ ကစားလ်က္ ရွိေနတဲ့ ကြင္းလယ္လူ ၄ ဦး ပါ၀င္ လာခဲ့ပါတယ္။ က်န္ ၂ ဦး ကေတာ့ လီဗာပူး ဂႏၱ၀င္ စတီဗင္ဂ်ာရတ္ နဲ႕ ဘာစီလိုနာ ဂႏၱ၀င္ အင္နီေယစတာ တုိ႕ပဲ ျဖစ္ပါတယ္။

အသက္ ၂၆ ႏွစ္ အရြယ္ ကစားသမားဟာ ၂၀၁၈ ခုႏွစ္က ရိုးမား အသင္းနဲ႕ ကစား ခဲ့တဲ့ ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ ပထမအေက်ာ့မွာ ရရွိခဲ့တဲ့ ျပင္းထန္တဲ့ ဒူးဒဏ္ရာေၾကာင့္ ျပီးခဲ့တဲ့ တစ္ရာသီလံုး နီးပါး ျပန္လည္ နလန္ထမွဳ လုပ္ခဲ့ျပီး ရာသီကုန္ခါနီးမွာသာ ျပန္ကစား ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ဒဏ္ရာ မရမီက ပံုစံေကာင္းကုိ ျပန္လည္ ရရွိဖို႕ အတြက္ ၾကိဳးစား ေနဆဲ ျဖစ္တဲ့ ေအာက္စလိတ္ခ်ိန္ဘာလိန္ ဟာ ဒီရာသီ ယာဂန္ကေလာ့ရဲ႕ လက္ေအာက္မွာ ပံုမွန္ ကစားခြင့္ မရရွိေသးဘဲ ပရီးမီးယားလိဂ္မွာ ၁၂၁ မိနစ္သာ ကစားခြင့္ ရထား ခဲ့ပါတယ္။ ဒါေပမယ့္လည္း ခ်ိန္ဘာလိန္ဟာ အဂၤလန္ လက္ေရြးစင္ အသင္းရဲ႕ ႏုိင္ငံတကာပြဲစဥ္ေတြမွာေတာ့ နည္းျပ ေဆာက္ဂိတ္ရဲ႕ ေရြးခ်ယ္မွဳကို ခံခဲ့ ရပါတယ္။ ေအာက္စလိတန္ ခ်ိန္ဘာလိန္ဟာ မေန႕ညက အဂၤလန္ က ဘူေဂးရီးယား ကုိ ၀င္ဘာေလမွာ ၄-၀ နဲ႕ အႏုိင္ ရရွိခဲ့တဲ့ ယူရုိ ေျခစစ္ပြဲစဥ္ရဲ႕ ပြဲခ်ိိန္ ၇၆ မိနစ္မွာ ဟယ္ရီကိန္း အစား လူစား၀င္ ကစားခြင့္ ရခဲ့ပါေသးတယ္။

ေအာက္စလိတ္ခ်ိန္ဘာလိန္ဟာ ေနရာစံု ကစားႏုိင္စြမ္း ရွိသူ တစ္ဦးျဖစ္ျပီး အာဆင္နယ္ အသင္းမွာတုန္းက wing-back မွာေတာင္ ထူးထူးျခားျခား ကစား ခဲ့ရပါေသးတယ္။ ဒါေပမယ့္ ေအာက္စလိတ္ခ်ိန္ဘာလိန္ ရဲ႕ စိတ္ၾကိဳက္ ေနရာကေတာ့ ကြင္းလယ္ ဗဟုိေနရာ ျဖစ္ျပီး အဂၤလန္ ၾကယ္ပြင့္ဟာ သူႏွစ္သက္ျပီး ေလးစားတဲ့ နံပါတ္ ၈ ေတြကို ယခုလိုပဲ ေရြးခ်ယ္ ေပးလိုက္ပါတယ္။

ခ်ိန္ဘာလိန္ က “နံပါတ္ ၈ ေနရာဟာ လီဗာပူး နဲ႕ အဂၤလန္မွာ ကၽြန္ေတာ္ ေျခေတြ႕ ခဲ့တဲ့ ေနရာျဖစ္ပါတယ္။ လီဗာပူးမွာ ကစားတဲ့ ပံုစံနဲ႕ အဂၤလန္ မွာ ကစားရတဲ့ ပံုစံဟာ လံုး၀ မတူပါဘူး။” လုိ႕ ဆုိလိုက္ပါတယ္။
အႏွစ္သက္ဆံုး ကြင္းလယ္လူ ေတြက ဘယ္သူလဲ? ဆုိတဲ့ ေမးခြန္းကို ေအာက္စလိတ္ခ်ိန္ဘာလိန္ က “ကၽြန္ေတာ္ ႏွစ္သက္တဲ့ ကြင္းလယ္လူေတြ အမ်ားၾကီးပါ။ မန္ခ်က္စတာစီးတီး နဲ႕ ခ်န္ပီယံလိဂ္ ပြဲစဥ္မွာ အဲလက္စ္ ေအာက္စလိတ္ခ်ိန္ဘာလိန္ ဟာ အရမ္း ေကာင္းတဲ့ ဂုိးကုိ သြင္းယူ ႏုိ္င္ခဲ့ပါတယ္။ ကၽြန္ေတာ္ ဒီဗီဒီယုိ ကလစ္ကို အၾကိမ္မ်ားစြာ ၾကည့္ျဖစ္ ခဲ့ပါတယ္။

ဟန္ဒါဆန္ဟာ လက္ရွိ လီဗာပူး အသင္းမွာ တုိက္စစ္ကို ပိုမို လိုက္ပါ ကစားရတဲ့ ေနရာမွာ ကစားေနပါတယ္။ သူဟာ ဒီေနရာမွာ အေကာင္းဆံုး ကစား ေနပါတယ္။ သူဟာ အသင္းကို ကြဲျပားတဲ့ ေနာက္ထပ္ ပံုစံတစ္္မ်ိဳး ၊ ပုိမို အားထုတ္ကစားတဲ့ ပံုစံနဲ႕ အက်ိဳး ျပဳေနပါတယ္။

အန္ဒရီရက္ အင္နီေယစတာ ကေတာ့ နံပါတ္ ၈ ေနရာကေန ေဘာလံုး ကုိင္ကစားတာ ၊ ေျပးလႊားတာ ၊ ေဘာလံုး ေပးပို႕မွဳေတြ လုပ္တာ နဲ႕ ဂုိးသြင္းတာေတြပါ လုပ္ႏုိင္တဲ့ သမုိင္း၀င္ ကစားသမားပါ။ စတီဗင္ဂ်ာရတ္ ကလည္း ကၽြန္ေတာ့္ စံျပ ကြင္းလယ္လူ ျဖစ္ခဲ့ျပီး သူ႕ကို ၾကည့္ျပီး ၾကီးပ်င္းလာ ခဲ့တာပါ။ ဒါေပမယ့္ ကယ္ဗင္ဒီဘရိုင္းဟာ ဒီေနရာမွာ အရမ္း အရမ္း ေကာင္းေအာင္ ကစားျပ ေနပါတယ္။

ျပီးေတာ့ ကၽြန္ေတာ္ ေမဆင္ေမာင့္ လုပ္ျပ ေနတာေတြကုိလည္း တကယ္ ႏွစ္သက္ ပါတယ္။ ရုိ႕စ္ဘာကေလ ကလည္း အေကာင္း လုပ္နုိင္တဲ့ သူ ျဖစ္ပါတယ္။” လို႕ ဆုိသြားပါတယ္။

ေအာက္စလိတ္ ခ်ိန္ဘာလိန္ဟာ အာဆင္နယ္မွ လီဗာပူး အသင္းကို ေျပာင္းေရြ႕ လာခဲ့ျပီးေနာက္ ခ်န္ပီယံလိဂ္ဖလား နဲ႕ ယူအီးအက္ဖ္ေအ စူပါဖလား တုိ႕ကို ဆြတ္ခူး ထားခဲ့ျပီး ျဖစ္ကာ ျပီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ္မွာ ကလပ္ စံခ်ိန္တင္ ရမွတ္ ၉၇ မွတ္ထိ ရခဲ့တဲ့ ယာဂန္ကေလာ့ရဲ႕ အသင္းဟာ ဒီရာသီမွာလည္း ပရီးမီးယားလိဂ္ ၄ ပြဲကစား ရာႏွဳန္းျပည့္ ႏုိင္ပြဲနဲ႕အတူ အားေကာင္းေမာင္းသန္ ခရီးဆက္ ေနပါတယ္။

SM

Unicode

သူ အနှစ်သက်ဆုံး ကွင်းလယ်လူ ၆ ဦးကို ရွေးချယ်ပေးလို်က်တဲ့ လီဗာပူး ကြယ်ပွင့် အောက်စလိတ်ချိန်ဘာလိန်

လီဗာပူး ကွင်းလယ်လူ အဲလက်စ် အောက်စလိတ်ချိန်ဘာလိန် ဟာ သူ အနှစ်သက်ဆုံး ကွင်းလယ်လူ ၆ ဦးကို ရွေးချယ်ပေးလိုက်ရာမှာ လက်ရှိ အင်္ဂလန် ပရီးမီးယားလိဂ် မှာ ကစားလျက် ရှိနေတဲ့ ကွင်းလယ်လူ ၄ ဦး ပါ၀င် လာခဲ့ပါတယ်။ ကျန် ၂ ဦး ကတော့ လီဗာပူး ဂန္တဝင် စတီဗင်ဂျာရတ် နဲ့ ဘာစီလိုနာ ဂန္တဝင် အင်နီယေစတာ တို့ပဲ ဖြစ်ပါတယ်။

အသက် ၂၆ နှစ် အရွယ် ကစားသမားဟာ ၂၀၁၈ ခုနှစ်က ရိုးမား အသင်းနဲ့ ကစား ခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့မှာ ရရှိခဲ့တဲ့ ပြင်းထန်တဲ့ ဒူးဒဏ်ရာကြောင့် ပြီးခဲ့တဲ့ တစ်ရာသီလုံး နီးပါး ပြန်လည် နလန်ထမှု လုပ်ခဲ့ပြီး ရာသီကုန်ခါနီးမှာသာ ပြန်ကစား နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒဏ်ရာ မရမီက ပုံစံကောင်းကို ပြန်လည် ရရှိဖို့ အတွက် ကြိုးစား နေဆဲ ဖြစ်တဲ့ အောက်စလိတ်ချိန်ဘာလိန် ဟာ ဒီရာသီ ယာဂန်ကလော့ရဲ့ လက်အောက်မှာ ပုံမှန် ကစားခွင့် မရရှိသေးဘဲ ပရီးမီးယားလိဂ်မှာ ၁၂၁ မိနစ်သာ ကစားခွင့် ရထား ခဲ့ပါတယ်။ ဒါပေမယ့်လည်း ချိန်ဘာလိန်ဟာ အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ နိုင်ငံတကာပွဲစဉ်တွေမှာတော့ နည်းပြ ဆောက်ဂိတ်ရဲ့ ရွေးချယ်မှုကို ခံခဲ့ ရပါတယ်။ အောက်စလိတန် ချိန်ဘာလိန်ဟာ မနေ့ညက အင်္ဂလန် က ဘူဂေးရီးယား ကို ၀င်ဘာလေမှာ ၄-၀ နဲ့ အနိုင် ရရှိခဲ့တဲ့ ယူရို ခြေစစ်ပွဲစဉ်ရဲ့ ပွဲချိိန် ရ၆ မိနစ်မှာ ဟယ်ရီကိန်း အစား လူစားဝင် ကစားခွင့် ရခဲ့ပါသေးတယ်။

အောက်စလိတ်ချိန်ဘာလိန်ဟာ နေရာစုံ ကစားနိုင်စွမ်း ရှိသူ တစ်ဦးဖြစ်ပြီး အာဆင်နယ် အသင်းမှာတုန်းက wing-back မှာတောင် ထူးထူးခြားခြား ကစား ခဲ့ရပါသေးတယ်။ ဒါပေမယ့် အောက်စလိတ်ချိန်ဘာလိန် ရဲ့ စိတ်ကြိုက် နေရာကတော့ ကွင်းလယ် ဗဟိုနေရာ ဖြစ်ပြီး အင်္ဂလန် ကြယ်ပွင့်ဟာ သူနှစ်သက်ပြီး လေးစားတဲ့ နံပါတ် ၈ တွေကို ယခုလိုပဲ ရွေးချယ် ပေးလိုက်ပါတယ်။

ချိန်ဘာလိန် က “နံပါတ် ၈ နေရာဟာ လီဗာပူး နဲ့ အင်္ဂလန်မှာ ကျွန်တော် ခြေတွေ့ ခဲ့တဲ့ နေရာဖြစ်ပါတယ်။ လီဗာပူးမှာ ကစားတဲ့ ပုံစံနဲ့ အင်္ဂလန် မှာ ကစားရတဲ့ ပုံစံဟာ လုံးဝ မတူပါဘူး။” လို့ ဆိုလိုက်ပါတယ်။
အနှစ်သက်ဆုံး ကွင်းလယ်လူ တွေက ဘယ်သူလဲ? ဆိုတဲ့ မေးခွန်းကို အောက်စလိတ်ချိန်ဘာလိန် က “ကျွန်တော် နှစ်သက်တဲ့ ကွင်းလယ်လူတွေ အများကြီးပါ။ မန်ချက်စတာစီးတီး နဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ အဲလက်စ် အောက်စလိတ်ချိန်ဘာလိန် ဟာ အရမ်း ကောင်းတဲ့ ဂိုးကို သွင်းယူ နို်င်ခဲ့ပါတယ်။ ကျွန်တော် ဒီဗီဒီယို ကလစ်ကို အကြိမ်များစွာ ကြည့်ဖြစ် ခဲ့ပါတယ်။

ဟန်ဒါဆန်ဟာ လက်ရှိ လီဗာပူး အသင်းမှာ တိုက်စစ်ကို ပိုမို လိုက်ပါ ကစားရတဲ့ နေရာမှာ ကစားနေပါတယ်။ သူဟာ ဒီနေရာမှာ အကောင်းဆုံး ကစား နေပါတယ်။ သူဟာ အသင်းကို ကွဲပြားတဲ့ နောက်ထပ် ပုံစံတစ််မျိုး ၊ ပိုမို အားထုတ်ကစားတဲ့ ပုံစံနဲ့ အကျိုး ပြုနေပါတယ်။

အန်ဒရီရက် အင်နီယေစတာ ကတော့ နံပါတ် ၈ နေရာကနေ ဘောလုံး ကိုင်ကစားတာ ၊ ပြေးလွှားတာ ၊ ဘောလုံး ပေးပို့မှုတွေ လုပ်တာ နဲ့ ဂိုးသွင်းတာတွေပါ လုပ်နိုင်တဲ့ သမိုင်းဝင် ကစားသမားပါ။ စတီဗင်ဂျာရတ် ကလည်း ကျွန်တော့် စံပြ ကွင်းလယ်လူ ဖြစ်ခဲ့ပြီး သူ့ကို ကြည့်ပြီး ကြီးပျင်းလာ ခဲ့တာပါ။ ဒါပေမယ့် ကယ်ဗင်ဒီဘရိုင်းဟာ ဒီနေရာမှာ အရမ်း အရမ်း ကောင်းအောင် ကစားပြ နေပါတယ်။

ပြီးတော့ ကျွန်တော် မေဆင်မောင့် လုပ်ပြ နေတာတွေကိုလည်း တကယ် နှစ်သက် ပါတယ်။ ရို့စ်ဘာကလေ ကလည်း အကောင်း လုပ်နိုင်တဲ့ သူ ဖြစ်ပါတယ်။” လို့ ဆိုသွားပါတယ်။

အောက်စလိတ် ချိန်ဘာလိန်ဟာ အာဆင်နယ်မှ လီဗာပူး အသင်းကို ပြောင်းရွေ့ လာခဲ့ပြီးနောက် ချန်ပီယံလိဂ်ဖလား နဲ့ ယူအီးအက်ဖ်အေ စူပါဖလား တို့ကို ဆွတ်ခူး ထားခဲ့ပြီး ဖြစ်ကာ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ်မှာ ကလပ် စံချိန်တင် ရမှတ် ၉၇ မှတ်ထိ ရခဲ့တဲ့ ယာဂန်ကလော့ရဲ့ အသင်းဟာ ဒီရာသီမှာလည်း ပရီးမီးယားလိဂ် ၄ ပွဲကစား ရာနှုန်းပြည့် နိုင်ပွဲနဲ့အတူ အားကောင်းမောင်းသန် ခရီးဆက် နေပါတယ်။

Sm