လီဗာပူး အသင္း ကစားသမား ရွာကြီရီ ဟာ အသင္းေခါင္းေဆာင္ ရာထူး မရရွိတာေၾကာင့္ ယူရို ေျခစစ္ပြဲ ကစားမယ့္ ဆြစ္ဇာလန္ လက္ေရြးစင္ အသင္းႀကီးကေန ႏွုတ္ထြက္သြားတာ ျဖစ္ေၾကာင္း သတင္းေတြ ထြက္ေပၚ ေနပါတယ္။

ဆြစ္ဇာလန္ အသင္းရဲ့ ယခုလက္ရွိ အသင္း ေခါင္းေဆာင္ အာဆင္နယ္ အသင္း ကြင္းလယ္လူ ရွာကာ က အဆိုပါ သတင္းေတြသာ အမွန္ဆိုပါက ရွာကြီရီ ရဲ့ ႏွစ္ဦးတည္း ေတြ႕ဆုံ ေဆြးေႏြး အေျဖရွာ သြားမွာ ျဖစ္ၿပီး လိုအပ္ပါက အသင္းေခါင္းေဆာင္ လက္ပတ္ကို လႊဲေျပာင္းေပးဖို႔ ဝန္ေလးေနမွာ မဟုတ္ဘူးလို႔ ဆိုပါတယ္။

ယူရို ၂၀၂၀ ေျခစစ္ပြဲ အျဖစ္ အိုင္ယာလန္ ၊ ဂ်ီဘေရာလ္တာ တို႔နဲ႔ ကစားမယ့္ ဆြစ္ဇာလန္ အသင္း လူစာရင္းမွာ သူ႔ကို မေရြးခ်ယ္ဖို႔ ရွာကြီရီ ကိုယ္တိုင္ နည္းၿပ ပက္ကိုဗစ္ ကို ေတာင္းဆို ခဲ့တာလည္း ျဖစ္ပါတယ္။

သတင္းေတြအရ ရွာကြီရီ ဟာ လီဗာပူး အသင္းအတြက္ ႀကံ့ခိုင္မွု အျပည့္နဲ႔ ကစားေပးနိုင္ဖို႔ လက္ေရြးစင္ အသင္း လူစာရင္းကေန ႏွုတ္ထြက္ လိုက္တာ ျဖစ္တယ္လို႔ သိရပါတယ္ ။ ရွာကြီရီ ဟာ အဂၤလန္ နဲ႔ ကစားခဲ့တဲ့ ေနရွင္းလိဂ္ ၿပိဳင္ပြဲမွာ ေျခစလုံး ဒဏ္ရာ ရခဲ့တာေၾကာင့္ လီဗာပူး အသင္းရဲ့ ရာသီႀကိဳ ေျခစမ္းပြဲစဥ္ေတြကို လြဲေခ်ာ္ ခဲ့ရပါတယ္။

ဒါ့အျပင္ အသက္ ၂၇ ႏွစ္ အရြယ္ ရွိၿပီ ျဖစ္တဲ့ ရွာကြီရီ ဟာ ဆြစ္ဇာလန္ အသင္းေခါင္းေဆာင္ ရာထူး မရရွိတာေၾကာင့္ မေပ်ာ္မရႊင္ ျဖစ္ေနတယ္လို႔ သတင္းေတြ ထြက္ေပၚ ေနပါတယ္ ။ ရွာကာ က အဆိုပါ သတင္းေတြ အေပၚ တုန႔္ျပန္ ေျပာၾကားလိုက္ၿပီး အသင္းအတြက္ အေကာင္းဆုံး ျဖစ္မယ့္အရာကို လုပ္ေဆာင္သြားမယ္လို႔ ဆိုပါတယ္ ။

ရွာကာ က ” အသင္း ေခါင္းေဆာင္ လက္ပတ္က ျပႆနာ ရဲ့ အရင္းအျမစ္ဆို က်ေနာ္တို႔ ႏွစ္ေယာက္ တစ္စားပြဲတည္း ထိုင္ၿပီး ေဆြးေႏြး ရမွာပါ ။ က်ေနာ္တို႔ ႏွစ္ေယာက္စလုံးက ရင့္က်က္တဲ့သူေတြပါ ၊ သူ႔အတြက္ အသင္းေခါင္းေဆာင္ ရာထူး မရတာက ျပႆနာ တစ္ခုဆိုရင္ေတာ့ လႊဲေပးသြားမွာပါ။”

” အသင္း ေခါင္းေဆာင္ ျဖစ္ျဖစ္ မျဖစ္ျဖစ္ က်ေနာ့္အတြက္ ျပႆနာ မရွိပါဘူး ။ အသင္းေခါင္းေဆာင္ လက္ပတ္ ရွိရွိ မရွိရွိ က်ေနာ္ကေတာ့ အသင္း အတြက္ အစြမ္းကုန္ ေပးဆပ္ ကစား သြားမွာပါ ။ ” လို႔ ေျပာၾကား လိုက္ပါတယ္ ။

ရွာကြီရီ ဟာ ဆြစ္ဇာလန္ လက္ေရြးစင္ အသင္း အတြက္ ပြဲ ၈၀ ကစားထားကာ ၂၂ ဂိုး သြင္းယူထားၿပီး ရွာကာ ကေတာ့ ၇၄ ပြဲ ကစားထားရာမွာ ၁၁ ဂိုး သြင္းယူ ေပးထားပါတယ္ ။ ဆြစ္ဇာလန္ အသင္းဟာ ယေန႔ညမွာေတာ့ ဂ်ီဘေရာလ္တာ အသင္း နဲ႔ ယွဥ္ၿပိဳင္ ကစားရမွာပါ ။

SPORTS MYANMAR

Unicode

နိုင်ငံ အသင်းဖော် ရှာကွီရီ လက်ရွေးစင် အသင်းအတွက် ပြန်ကစားအောင် ထူးခြားတဲ့ ကမ်းလှမ်းမှု တစ်ခု ပြုလုပ်လိုက်တဲ့ ရှာကာ
==================================

လီဗာပူး အသင်း ကစားသမား ရှာကွီရီ ဟာ အသင်းခေါင်းဆောင် ရာထူး မရရှိတာကြောင့် ယူရို ခြေစစ်ပွဲ ကစားမယ့် ဆွစ်ဇာလန် လက်ရွေးစင် အသင်းကြီးကနေ နှုတ်ထွက်သွားတာ ဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ် နေပါတယ်။

ဆွစ်ဇာလန် အသင်းရဲ့ ယခုလက်ရှိ အသင်း ခေါင်းဆောင် အာဆင်နယ် အသင်း ကွင်းလယ်လူ ရှာကာ က အဆိုပါ သတင်းတွေသာ အမှန်ဆိုပါက ရှာကွီရီ ရဲ့ နှစ်ဦးတည်း တွေ့ဆုံ ဆွေးနွေး အဖြေရှာ သွားမှာ ဖြစ်ပြီး လိုအပ်ပါက အသင်းခေါင်းဆောင် လက်ပတ်ကို လွှဲပြောင်းပေးဖို့ ဝန်လေးနေမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ယူရို ၂၀၂၀ ခြေစစ်ပွဲ အဖြစ် အိုင်ယာလန် ၊ ဂျီဘရောလ်တာ တို့နဲ့ ကစားမယ့် ဆွစ်ဇာလန် အသင်း လူစာရင်းမှာ သူ့ကို မရွေးချယ်ဖို့ ရှာကွီရီ ကိုယ်တိုင် နည်းပြ ပက်ကိုဗစ် ကို တောင်းဆို ခဲ့တာလည်း ဖြစ်ပါတယ်။

သတင်းတွေအရ ရှာကွီရီ ဟာ လီဗာပူး အသင်းအတွက် ကြံ့ခိုင်မှု အပြည့်နဲ့ ကစားပေးနိုင်ဖို့ လက်ရွေးစင် အသင်း လူစာရင်းကနေ နှုတ်ထွက် လိုက်တာ ဖြစ်တယ်လို့ သိရပါတယ် ။ ရှာကွီရီ ဟာ အင်္ဂလန် နဲ့ ကစားခဲ့တဲ့ နေရှင်းလိဂ် ပြိုင်ပွဲမှာ ခြေစလုံး ဒဏ်ရာ ရခဲ့တာကြောင့် လီဗာပူး အသင်းရဲ့ ရာသီကြို ခြေစမ်းပွဲစဉ်တွေကို လွဲချော် ခဲ့ရပါတယ်။

ဒါ့အပြင် အသက် ၂၇ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ရှာကွီရီ ဟာ ဆွစ်ဇာလန် အသင်းခေါင်းဆောင် ရာထူး မရရှိတာကြောင့် မပျော်မရွှင် ဖြစ်နေတယ်လို့ သတင်းတွေ ထွက်ပေါ် နေပါတယ် ။ ရှာကာ က အဆိုပါ သတင်းတွေ အပေါ် တုန့်ပြန် ပြောကြားလိုက်ပြီး အသင်းအတွက် အကောင်းဆုံး ဖြစ်မယ့်အရာကို လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ် ။

ရှာကာ က ” အသင်း ခေါင်းဆောင် လက်ပတ်က ပြဿနာ ရဲ့ အရင်းအမြစ်ဆို ကျနော်တို့ နှစ်ယောက် တစ်စားပွဲတည်း ထိုင်ပြီး ဆွေးနွေး ရမှာပါ ။ ကျနော်တို့ နှစ်ယောက်စလုံးက ရင့်ကျက်တဲ့သူတွေပါ ၊ သူ့အတွက် အသင်းခေါင်းဆောင် ရာထူး မရတာက ပြဿနာ တစ်ခုဆိုရင်တော့ လွှဲပေးသွားမှာပါ။”

” အသင်း ခေါင်းဆောင် ဖြစ်ဖြစ် မဖြစ်ဖြစ် ကျနော့်အတွက် ပြဿနာ မရှိပါဘူး ။ အသင်းခေါင်းဆောင် လက်ပတ် ရှိရှိ မရှိရှိ ကျနော်ကတော့ အသင်း အတွက် အစွမ်းကုန် ပေးဆပ် ကစား သွားမှာပါ ။ ” လို့ ပြောကြား လိုက်ပါတယ် ။

ရှာကွီရီ ဟာ ဆွစ်ဇာလန် လက်ရွေးစင် အသင်း အတွက် ပွဲ ၈၀ ကစားထားကာ ၂၂ ဂိုး သွင်းယူထားပြီး ရှာကာ ကတော့ ၇၄ ပွဲ ကစားထားရာမှာ ၁၁ ဂိုး သွင်းယူ ပေးထားပါတယ် ။ ဆွစ်ဇာလန် အသင်းဟာ ယနေ့ညမှာတော့ ဂျီဘရောလ်တာ အသင်း နဲ့ ယှဉ်ပြိုင် ကစားရမှာပါ ။

SPORTS MYANMAR