ခ်ယ္လ္ဆီး အသင္း ရဲ႕ ဝါရင့္ တိုက္စစ္မွဴး အိုလီဗီယာ ဂ်ရူး ဟာ ျပီးခဲ့တဲ့ ေဘာလံုး ရာသီ မွာကတည္းက နည္းျပေဟာင္း ေမာ္ရစ္ဇီယို ဆာရီ ရဲ႕ ဒုတိယ ဦးစားေပး တိုက္စစ္မွဴး ျဖစ္ခဲ့သလို ယခုႏွစ္ ရာသီ မွာလည္း လူငယ္ တိုက္စစ္မွဴး တမ္မီ ေအဘရာဟမ္ ကို ေနရာ ပိုေပးေနတဲ့ ဖရန္႕ လမ္းပတ္ ေၾကာင့္ ဂ်ရူး ဟာ ပရီးမီးယားလိဂ္ ပြဲစဥ္ တပြဲ ပဲ ပြဲထြက္ခြင့္ ရရွိ ထားခဲ့ပါတယ္ ။

ေအဘရာဟမ္ ဟာ ေနာက္ဆံုး ကစား ခဲ့တဲ့ ပရီးမီးယားလိဂ္ ပြဲစဥ္ ၂ပြဲ ဆက္ ၊ သြင္းဂိုး ၄ဂိုး အထိ သြင္းယူကာ ခ်ယ္လ္ဆီး အသင္း ရဲ႕ အေထာင္ တိုက္စစ္ အတြက္ ထိုက္တန္မႈ ရွိတယ္ ဆိုတာ သက္ေသ ျပလို႕ ေနပါတယ္ ။ ဂ်ရူး ကေတာ့ ဒီႏွစ္ ေဘာလံုး ရာသီ မွာ လီဗာပူး နဲ႕ ဥေရာပ စူပါဖလား ဗိုလ္လုပြဲ တပြဲသာ ဂိုးသြင္း ထားႏိုင္ခဲ့ပါတယ္ ။

ျပီးခဲ့တဲ့ ေဘာလံုး ရာသီ မွာလည္း ဂ်ရူး ဟာ ပရီးမီးယားလိဂ္ ထက္ ယူရိုပါလိဂ္ မွာသာ ပြဲထြက္ခြင့္ ပိုရခဲ့သလို ယူရိုပါလိဂ္ ဂိုးသြင္း ဘုရင္လည္း ျဖစ္ခဲ့ပါတယ္ ။ ရာသီ ကုန္ခါနီး မွာ ခ်ယ္လ္ဆီး အသင္း နဲ႕ စာခ်ဳပ္ သက္တမ္း တႏွစ္ ထပ္တိုး ခဲ့တဲ့ ဂ်ရူး ဟာ လမ္းပတ္ လက္ေအာက္ မွာ ပြဲထြက္ခြင့္ ေတြ ပိုမို ေမွ်ာ္လင့္ ေနေပမယ့္ မွန္းထားတဲ့ အတိုင္းေတာ့ အခုထိ ျဖစ္မလာ ေသးပါဘူး ။

မေန႕က ျပင္သစ္ သတင္း ဌာန Le Figaro နဲ႕ ေတြ႕ဆံု ခဲ့တဲ့ အင္တာဗ်ဴး မွာ ပြဲထြက္ခြင့္ အေၾကာင္း နဲ႕ ပတ္သက္ျပီး ဂ်ရူး က ” အသင္း မွာ အရန္ခံု ထပ္ထိုင္ ရမယ့္ အျဖစ္မ်ိဳး ကြ်န္ေတာ္ အလိုမရွိေတာ့ပါဘူး ။ ကြ်န္ေတာ့ ရဲ႕ ေခါင္းထဲမွာ သြင္းဂိုး ေတြ အေၾကာင္းပဲ ရွိေနပါတယ္ ။ ကြ်န္ေတာ့ မွာ ေနာက္တက္လာမယ့္ လူငယ္ မ်ိဳးဆက္သစ္ ေတြကို လက္ဆင့္ကမ္း ကူညီရမယ့္ တာဝန္ ရွိေနပါတယ္ ။ ”

” ဒါေပမယ့္ ကြ်န္ေတာ္ အနားယူမယ့္ အခ်ိန္ က မေရာက္ေသးဘူး ဆိုတာ သတိျပဳမိဖို႕ လိုပါမယ္ ။ ေသခ်ာတာကေတာ့ ကြ်န္ေတာ္ ဟာ ခ်ယ္လ္ဆီး အသင္း ရဲ႕ ဒုတိယ ဦးစားေပး တိုက္စစ္မွဴး မျဖစ္ခ်င္ပါဘူး ။ လူငယ္ ကစားသမား ေတြ အတြက္ ေဘးဖယ္ ေပးေနရတာ ျဖစ္ေကာင္း ျဖစ္ႏိုင္ေပမယ့္ ဒါဟာ ကြ်န္ေတာ့ ရဲ႕ ကစားသမား ဘဝ ကို ရပ္တန္႕ ေစဦးမွာ မဟုတ္ပါဘူး ။ ”

” ကြ်န္ေတာ္ နဲ႕ တမ္မီ ေအဘရာဟမ္ အၾကား က ပြဲထြက္ခြင့္ တိုက္ပြဲ က ျပင္းထန္သလို မွ်တမႈ လည္း ရွိပါတယ္ ။ ဒါမ်ိဳး ျပီးခဲ့တဲ့ ရာသီ တုန္းက မရွိခဲ့ပါဘူး ။ သူဟာ အလုပ္ အရမ္း ၾကိဳးစား သလို ၊ ရလာတဲ့ အခြင့္အေရး ေတြကိုလည္း အေကာင္းဆံုး အသံုးခ်ျပီး ဂိုးေတြ သြင္းေနပါတယ္ ။ အကယ္၍ အခု အတိုင္း သူ ပံုစံေကာင္း ေတြ ဆက္ျပ ေနမယ္ ဆိုရင္ ကြ်န္ေတာ္ လည္း သူ႕ကို ဖိအား ေပးႏိုင္ဖို႕ ပိုၾကိဳးစား ရပါမယ္ ။ ”

” ကြ်န္ေတာ့ အတြက္ ကေတာ့ ပြဲထြက္ခြင့္ နဲ႕ ပတ္သက္ျပီး ဒီႏွစ္ ေဘာလံုး ရာသီ ရဲ႕ လက္က်န္ အခ်ိန္ ေတြအတြက္ စိတ္ပူစရာ ဘာ အေၾကာင္းမွ မရွိပါဘူး ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။ ျပီးခဲ့တဲ့ ရက္ပိုင္း ကပဲ ဂ်ရူး က လာမယ့္ ရာသီ မွာ ခ်ယ္လ္ဆီး ကေန ထြက္ခြာမယ့္ အေၾကာင္း အရိပ္အျမြက္ ဆိုခဲ့သလို အခု တခါမွာလည္း ထို အေၾကာင္း ကို ထြက္ဆို လာခဲ့ပါတယ္ ။

ဂ်ရူး က ” ကြ်န္ေတာ္ ဟာ တရုတ္ ကို ေျပာင္းျပီး ေငြေၾကး မ်ားစြာ ရွာလို႕ ရပါတယ္ ။ ဒီထက္ ပိုေကာင္းတဲ့ နည္းလမ္း တနည္း နဲ႕ ကစားသမား ဘဝ ကို အဆံုးသတ္ခ်င္တယ္ ဆိုရင္ ကြ်န္ေတာ့ အတြက္ ေမဂ်ာလိဂ္ က ပိုျပီး သင့္ေလ်ာ္မယ္ လို႕ ထင္ပါတယ္ ။ ကြ်န္ေတာ့ မိသားစု နဲ႕ ကေလး ေတြဟာလည္း အဂၤလိပ္ ဘာသာ စကား တတ္ကြ်မ္းတာေၾကာင့္ အဂၤလန္ မွာ ကစားသလို လူေနမႈ ဘဝ ထပ္တူ က်လိမ့္မယ္ လို႕ ကြ်န္ေတာ္ ထင္ပါတယ္ ။ ”

” အခုေခတ္ မွာ ဘာသာစကား ေတြက အေရးပါလာပါျပီ ။ ေနာက္ ၂ႏွစ္ အၾကာ အေမရိကန္ မွာ ကြ်န္ေတာ္ ေဘာလံုး ကစားဖို႕ ဘာေၾကာင့္ မျဖစ္ႏိုင္ရမွာလဲ ? ဒါမွမဟုတ္ တျခား လိဂ္ တခုခု မွာေပါ့ ။ ဥေရာပလိဂ္ တခ်ိဳ႕ မွာလည္း ကြ်န္ေတာ့ အတြက္ ကစားလို႕ အဆင္ေျပမယ့္ ေနရာ ေတြ ရွိပါတယ္ ။ ” လို႕ ေျပာၾကား ခ့ဲပါတယ္ ။

SPORTS MYANMAR

Unicode

အရန်ခုံမှာ ထိုင်နေမယ့် ကစားသမား မဟုတ်ဘူး လို့ အသင်းဖော် တမ်မီ အေဘရာဟမ် ကို သတိပေးလိုက်တဲ့ #ဂျရူး

ချယ်လ်ဆီး အသင်း ရဲ့ ဝါရင့် တိုက်စစ်မှူး အိုလီဗီယာ ဂျရူး ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ မှာကတည်းက နည်းပြဟောင်း မော်ရစ်ဇီယို ဆာရီ ရဲ့ ဒုတိယ ဦးစားပေး တိုက်စစ်မှူး ဖြစ်ခဲ့သလို ယခုနှစ် ရာသီ မှာလည်း လူငယ် တိုက်စစ်မှူး တမ်မီ အေဘရာဟမ် ကို နေရာ ပိုပေးနေတဲ့ ဖရန့် လမ်းပတ် ကြောင့် ဂျရူး ဟာ ပရီးမီးယားလိဂ် ပွဲစဉ် တပွဲ ပဲ ပွဲထွက်ခွင့် ရရှိ ထားခဲ့ပါတယ် ။

အေဘရာဟမ် ဟာ နောက်ဆုံး ကစား ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂ပွဲ ဆက် ၊ သွင်းဂိုး ၄ဂိုး အထိ သွင်းယူကာ ချယ်လ်ဆီး အသင်း ရဲ့ အထောင် တိုက်စစ် အတွက် ထိုက်တန်မှု ရှိတယ် ဆိုတာ သက်သေ ပြလို့ နေပါတယ် ။ ဂျရူး ကတော့ ဒီနှစ် ဘောလုံး ရာသီ မှာ လီဗာပူး နဲ့ ဥရောပ စူပါဖလား ဗိုလ်လုပွဲ တပွဲသာ ဂိုးသွင်း ထားနိုင်ခဲ့ပါတယ် ။

ပြီးခဲ့တဲ့ ဘောလုံး ရာသီ မှာလည်း ဂျရူး ဟာ ပရီးမီးယားလိဂ် ထက် ယူရိုပါလိဂ် မှာသာ ပွဲထွက်ခွင့် ပိုရခဲ့သလို ယူရိုပါလိဂ် ဂိုးသွင်း ဘုရင်လည်း ဖြစ်ခဲ့ပါတယ် ။ ရာသီ ကုန်ခါနီး မှာ ချယ်လ်ဆီး အသင်း နဲ့ စာချုပ် သက်တမ်း တနှစ် ထပ်တိုး ခဲ့တဲ့ ဂျရူး ဟာ လမ်းပတ် လက်အောက် မှာ ပွဲထွက်ခွင့် တွေ ပိုမို မျှော်လင့် နေပေမယ့် မှန်းထားတဲ့ အတိုင်းတော့ အခုထိ ဖြစ်မလာ သေးပါဘူး ။

မနေ့က ပြင်သစ် သတင်း ဌာန Le Figaro နဲ့ တွေ့ဆုံ ခဲ့တဲ့ အင်တာဗျူး မှာ ပွဲထွက်ခွင့် အကြောင်း နဲ့ ပတ်သက်ပြီး ဂျရူး က ” အသင်း မှာ အရန်ခုံ ထပ်ထိုင် ရမယ့် အဖြစ်မျိုး ကျွန်တော် အလိုမရှိတော့ပါဘူး ။ ကျွန်တော့ ရဲ့ ခေါင်းထဲမှာ သွင်းဂိုး တွေ အကြောင်းပဲ ရှိနေပါတယ် ။ ကျွန်တော့ မှာ နောက်တက်လာမယ့် လူငယ် မျိုးဆက်သစ် တွေကို လက်ဆင့်ကမ်း ကူညီရမယ့် တာဝန် ရှိနေပါတယ် ။ ”

” ဒါပေမယ့် ကျွန်တော် အနားယူမယ့် အချိန် က မရောက်သေးဘူး ဆိုတာ သတိပြုမိဖို့ လိုပါမယ် ။ သေချာတာကတော့ ကျွန်တော် ဟာ ချယ်လ်ဆီး အသင်း ရဲ့ ဒုတိယ ဦးစားပေး တိုက်စစ်မှူး မဖြစ်ချင်ပါဘူး ။ လူငယ် ကစားသမား တွေ အတွက် ဘေးဖယ် ပေးနေရတာ ဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် ဒါဟာ ကျွန်တော့ ရဲ့ ကစားသမား ဘဝ ကို ရပ်တန့် စေဦးမှာ မဟုတ်ပါဘူး ။ ”

” ကျွန်တော် နဲ့ တမ်မီ အေဘရာဟမ် အကြား က ပွဲထွက်ခွင့် တိုက်ပွဲ က ပြင်းထန်သလို မျှတမှု လည်း ရှိပါတယ် ။ ဒါမျိုး ပြီးခဲ့တဲ့ ရာသီ တုန်းက မရှိခဲ့ပါဘူး ။ သူဟာ အလုပ် အရမ်း ကြိုးစား သလို ၊ ရလာတဲ့ အခွင့်အရေး တွေကိုလည်း အကောင်းဆုံး အသုံးချပြီး ဂိုးတွေ သွင်းနေပါတယ် ။ အကယ်၍ အခု အတိုင်း သူ ပုံစံကောင်း တွေ ဆက်ပြ နေမယ် ဆိုရင် ကျွန်တော် လည်း သူ့ကို ဖိအား ပေးနိုင်ဖို့ ပိုကြိုးစား ရပါမယ် ။ ”

” ကျွန်တော့ အတွက် ကတော့ ပွဲထွက်ခွင့် နဲ့ ပတ်သက်ပြီး ဒီနှစ် ဘောလုံး ရာသီ ရဲ့ လက်ကျန် အချိန် တွေအတွက် စိတ်ပူစရာ ဘာ အကြောင်းမှ မရှိပါဘူး ။ ” လို့ ပြောကြား ခဲ့ပါတယ် ။ ပြီးခဲ့တဲ့ ရက်ပိုင်း ကပဲ ဂျရူး က လာမယ့် ရာသီ မှာ ချယ်လ်ဆီး ကနေ ထွက်ခွာမယ့် အကြောင်း အရိပ်အမြွက် ဆိုခဲ့သလို အခု တခါမှာလည်း ထို အကြောင်း ကို ထွက်ဆို လာခဲ့ပါတယ် ။

ဂျရူး က ” ကျွန်တော် ဟာ တရုတ် ကို ပြောင်းပြီး ငွေကြေး များစွာ ရှာလို့ ရပါတယ် ။ ဒီထက် ပိုကောင်းတဲ့ နည်းလမ်း တနည်း နဲ့ ကစားသမား ဘဝ ကို အဆုံးသတ်ချင်တယ် ဆိုရင် ကျွန်တော့ အတွက် မေဂျာလိဂ် က ပိုပြီး သင့်လျော်မယ် လို့ ထင်ပါတယ် ။ ကျွန်တော့ မိသားစု နဲ့ ကလေး တွေဟာလည်း အင်္ဂလိပ် ဘာသာ စကား တတ်ကျွမ်းတာကြောင့် အင်္ဂလန် မှာ ကစားသလို လူနေမှု ဘဝ ထပ်တူ ကျလိမ့်မယ် လို့ ကျွန်တော် ထင်ပါတယ် ။ ”

” အခုခေတ် မှာ ဘာသာစကား တွေက အရေးပါလာပါပြီ ။ နောက် ၂နှစ် အကြာ အမေရိကန် မှာ ကျွန်တော် ဘောလုံး ကစားဖို့ ဘာကြောင့် မဖြစ်နိုင်ရမှာလဲ ? ဒါမှမဟုတ် တခြား လိဂ် တခုခု မှာပေါ့ ။ ဥရောပလိဂ် တချို့ မှာလည်း ကျွန်တော့ အတွက် ကစားလို့ အဆင်ပြေမယ့် နေရာ တွေ ရှိပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR