အာဆင္နယ္ အသင္းရဲ့ ဂႏၲဝင္ နည္းျပႀကီး အာဆင္ဝင္းဂါး က အခု လက္ရွိ ကမၻာ့ အေကာင္းဆုံး ကစားသမား ႏွစ္ဦး ျဖစ္တဲ့ လီယြန္နယ္ မက္ဆီ နဲ႔ ခရစ္တီယာနို ရိုနယ္ဒို တို႔ ႏွစ္ဦးစလုံးကို ေခၚယူဖို႔ ႀကိဳးစားခဲ့ဖူးေၾကာင္း အတည္ျပဳ ေျပာၾကား သြားခဲ့ပါတယ္ ။

အာဆင္ဝင္းဂါး ဟာ လူငယ္ ၾကယ္ပြင့္ ကစားသမားေတြကို ေျမေတာင္ေျမႇာက္ေပးရာမွာ နာမည္ႀကီးတဲ့ နည္းၿပ တစ္ဦး ျဖစ္ၿပီး အြန္နရီ ၊ ဖာဘရီဂက္စ္ ၊ ဗီအဲရာ တို႔လို ကမၻာေက်ာ္ ကစားသမားေတြဟာ သူ႔လက္ေအာက္မွာ ထြန္းေတာက္လာတဲ့ ကစားသမားေတြလည္း ျဖစ္ပါတယ္ ။

အာဆင္း ဟာ ၂၀၀၀ ခုႏွစ္ ေနာက္ပိုင္းေလာက္တုန္းက စပို႔တင္း လစၥဘြန္း နဲ႔ ဘာစီလိုနာ တို႔ရဲ့ လူငယ္ ကစားသမား ႏွစ္ဦး ျဖစ္တဲ့ ရိုနယ္ဒို နဲ႔ မက္ဆီ တို႔ ႏွစ္ဦးစလုံးကို အာဆင္နယ္ အသင္းထံ ေခၚယူဖို႔ ႀကိဳးစား ခဲ့ၿပီး ေအာင္ျမင္ ခဲ့ျခင္းေတာ့ မရွိပါဘူး ။

အာဆင္နယ္ အသင္းဟာ စပို႔တင္း လစၥဘြန္း အသင္းမွာ ရိုနယ္ဒို နာမည္ မေက်ာ္ခင္ ကတည္းက ေခၚယူဖို႔ ပထမဆုံး ဆက္သြယ္ခဲ့တဲ့ အသင္း တစ္သင္း ျဖစ္ၿပီး နည္းျပႀကီး အာဆင္ဝင္းဂါး ကိုယ္တိုင္ေတာင္ ရိုနယ္ဒို နဲ႔ ေဆြးေႏြးမွုေတြ ျပဳ လုပ္ ခဲ့ တာလည္း ျဖစ္ပါတယ္ ။

ဒါေပမယ့္ မန္ယူနိုက္တက္က လက္ဦးမွု ရယူ သြားခဲ့ၿပီး အာဆင္ဝင္းဂါး က ရိုနယ္ဒို ကို မေခၚယူ နိုင္ခဲ့တဲ့ အတြက္ ေနာင္တ ရမိေၾကာင္း ဖြင့္ဟ ေျပာၾကား သြားခဲ့ပါတယ္ ။ အာဆင္း က beIn Sports မွာ ရိုနယ္ဒို ကို ေခၚယူဖို႔ ႀကိဳးစားခဲ့ဖူးသလား ဆိုတဲ့ ေမးခြန္းကို ဟုတ္မွန္ေၾကာင္း ဝန္ခံ ေျပာၾကား သြားခဲ့ပါတယ္ ။

” မေအာင္ျမင္ခဲ့တဲ့ အေျပာင္းအေရႊ႕ေတြေၾကာင့္ ဘဝမွာ ေနာင္တရစရာေတြလည္း ရွိခဲ့ပါတယ္ ။ အဲ့ဒီ အေျပာင္းအေရႊ႕ကေတာ့ ေနာင္တ အရမိဆုံးေတြထဲက တစ္ခုပါပဲ။ ” လို႔ ေျပာၾကား လိုက္ပါတယ္။ အာဆင္း က ဖာဘရီဂက္စ္ကို ေခၚယူစဥ္က မက္ဆီကိုလည္း ေခၚယူဖို႔ ႀကိဳးပမ္းခဲ့ေၾကာင္း ထုတ္ေဖာ္ ေျပာသြားခဲ့ပါတယ္။

ဒါ့အျပင္ အာဆင္း က မက္ဆီကို ေခၚယူဖို႔ ေဆြးေႏြးစဥ္က အာဆင္နယ္ အသင္း အကၤ်ီ လက္ေဆာင္ေပးခဲ့တယ္ဆိုတဲ့ သတင္းေတြကို ျငင္းဆန္ သြားခဲ့ပါတယ္ ။ ” က်ေနာ္တို႔ ဖာဘရီဂက္စ္ ကို ဝယ္ယူတုန္းက မက္ဆီကို ေခၚဖို႔ ေဆြးေႏြး ခဲ့ပါတယ္ ။

” အဲ့အခ်ိန္တုန္းက ဘာစီလိုနာ အသင္းက ပီေကး၊ဖာဘရီဂက္စ္၊ မက္ဆီတို႔လို အံ့ဩစရာေကာင္းတဲ့ လူငယ္ အစုအဖြဲ႕ကို ပိုင္ဆိုင္ထားပါတယ္။ ပီေကး နဲ႔ ဖာဘရီဂက္စ္ တို႔က အဂၤလန္ ကို ေျပာင္းလာေပမယ့္ မက္ဆီကေတာ့ စပိန္မွာပဲ ဆက္ေနခဲ့ပါတယ္။က်ေနာ္တို႔ မက္ဆီ က ေခၚယူဖို႔ စိတ္ဝင္စားခဲ့ေပမယ့္ ဘာစီလိုနာက သူ႔ကို လုံးဝ အထိမခံပါဘူး ။ ” လို႔ ဖြင့္ဟ သြားခဲ့ပါတယ္ ။

SPORTS MYANMAR

Unicode

မက်ဆီ နဲ့ ရိုနယ်ဒို တို့ကို ဘာကြောင့် မခေါ်ယူနိုင်ခဲ့တာလဲဆိုတာ ရှင်းလင်း ပြောကြားလိုက်တဲ့ အာဆင်နယ် နည်းပြဟောင်း အာဆင်ဝင်းဂါး
==================================

အာဆင်နယ် အသင်းရဲ့ ဂန္တဝင် နည်းပြကြီး အာဆင်ဝင်းဂါး က အခု လက်ရှိ ကမ္ဘာ့ အကောင်းဆုံး ကစားသမား နှစ်ဦး ဖြစ်တဲ့ လီယွန်နယ် မက်ဆီ နဲ့ ခရစ်တီယာနို ရိုနယ်ဒို တို့ နှစ်ဦးစလုံးကို ခေါ်ယူဖို့ ကြိုးစားခဲ့ဖူးကြောင်း အတည်ပြု ပြောကြား သွားခဲ့ပါတယ် ။

အာဆင်ဝင်းဂါး ဟာ လူငယ် ကြယ်ပွင့် ကစားသမားတွေကို မြေတောင်မြှောက်ပေးရာမှာ နာမည်ကြီးတဲ့ နည်းပြ တစ်ဦး ဖြစ်ပြီး အွန်နရီ ၊ ဖာဘရီဂက်စ် ၊ ဗီအဲရာ တို့လို ကမ္ဘာကျော် ကစားသမားတွေဟာ သူ့လက်အောက်မှာ ထွန်းတောက်လာတဲ့ ကစားသမားတွေလည်း ဖြစ်ပါတယ် ။

အာဆင်း ဟာ ၂၀၀၀ ခုနှစ် နောက်ပိုင်းလောက်တုန်းက စပို့တင်း လစ္စဘွန်း နဲ့ ဘာစီလိုနာ တို့ရဲ့ လူငယ် ကစားသမား နှစ်ဦး ဖြစ်တဲ့ ရိုနယ်ဒို နဲ့ မက်ဆီ တို့ နှစ်ဦးစလုံးကို အာဆင်နယ် အသင်းထံ ခေါ်ယူဖို့ ကြိုးစား ခဲ့ပြီး အောင်မြင် ခဲ့ခြင်းတော့ မရှိပါဘူး ။

အာဆင်နယ် အသင်းဟာ စပို့တင်း လစ္စဘွန်း အသင်းမှာ ရိုနယ်ဒို နာမည် မကျော်ခင် ကတည်းက ခေါ်ယူဖို့ ပထမဆုံး ဆက်သွယ်ခဲ့တဲ့ အသင်း တစ်သင်း ဖြစ်ပြီး နည်းပြကြီး အာဆင်ဝင်းဂါး ကိုယ်တိုင်တောင် ရိုနယ်ဒို နဲ့ ဆွေးနွေးမှုတွေ ပြု လုပ် ခဲ့ တာလည်း ဖြစ်ပါတယ် ။

ဒါပေမယ့် မန်ယူနိုက်တက်က လက်ဦးမှု ရယူ သွားခဲ့ပြီး အာဆင်ဝင်းဂါး က ရိုနယ်ဒို ကို မခေါ်ယူ နိုင်ခဲ့တဲ့ အတွက် နောင်တ ရမိကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ် ။ အာဆင်း က beIn Sports မှာ ရိုနယ်ဒို ကို ခေါ်ယူဖို့ ကြိုးစားခဲ့ဖူးသလား ဆိုတဲ့ မေးခွန်းကို ဟုတ်မှန်ကြောင်း ဝန်ခံ ပြောကြား သွားခဲ့ပါတယ် ။

” မအောင်မြင်ခဲ့တဲ့ အပြောင်းအရွှေ့တွေကြောင့် ဘဝမှာ နောင်တရစရာတွေလည်း ရှိခဲ့ပါတယ် ။ အဲ့ဒီ အပြောင်းအရွှေ့ကတော့ နောင်တ အရမိဆုံးတွေထဲက တစ်ခုပါပဲ။ ” လို့ ပြောကြား လိုက်ပါတယ်။ အာဆင်း က ဖာဘရီဂက်စ်ကို ခေါ်ယူစဉ်က မက်ဆီကိုလည်း ခေါ်ယူဖို့ ကြိုးပမ်းခဲ့ကြောင်း ထုတ်ဖော် ပြောသွားခဲ့ပါတယ်။

ဒါ့အပြင် အာဆင်း က မက်ဆီကို ခေါ်ယူဖို့ ဆွေးနွေးစဉ်က အာဆင်နယ် အသင်း အင်္ကျီ လက်ဆောင်ပေးခဲ့တယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆန် သွားခဲ့ပါတယ် ။ ” ကျနော်တို့ ဖာဘရီဂက်စ် ကို ဝယ်ယူတုန်းက မက်ဆီကို ခေါ်ဖို့ ဆွေးနွေး ခဲ့ပါတယ် ။

” အဲ့အချိန်တုန်းက ဘာစီလိုနာ အသင်းက ပီကေး၊ဖာဘရီဂက်စ်၊ မက်ဆီတို့လို အံ့ဩစရာကောင်းတဲ့ လူငယ် အစုအဖွဲ့ကို ပိုင်ဆိုင်ထားပါတယ်။ ပီကေး နဲ့ ဖာဘရီဂက်စ် တို့က အင်္ဂလန် ကို ပြောင်းလာပေမယ့် မက်ဆီကတော့ စပိန်မှာပဲ ဆက်နေခဲ့ပါတယ်။ကျနော်တို့ မက်ဆီ က ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် ဘာစီလိုနာက သူ့ကို လုံးဝ အထိမခံပါဘူး ။ ” လို့ ဖွင့်ဟ သွားခဲ့ပါတယ် ။

SPORTS MYANMAR