ဥေရာပရဲ႕ နာမည္ျကီး စပိန္ အသင္းဟာ ယူရို ၂၀၂၀ ေျခစစ္ပြဲ အတြင္း အုပ္စုF အတြင္း မွာ က်ေရာက္ေနျပီး၅ ပြဲကစားအျပီး မွာ ရာႏွဳန္းျပည့္အႏိုင္နဲ႔ အတူ အမွတ္ေပးဇယားကို ဦးေဆာင္ေနပါတယ္။သူတို႔ ဟာ ယေန႔ ည ညဥ္႔နက္ပိုင္းမွာေတာ့ ဖာရိုးက်ြန္းစု အသင္းကို ဧည္႔ခံသြားရဦးမွာျဖစ္ပါတယ္။

စပိန္ အသင္းဟာ ေနာက္ဆံုး ကစားခဲ႔တဲ႔ ယူရို ေျခစစ္ပြဲ အုပ္စုအဆင့္ ၄ ပြဲမွာ ေပးဂိုး ၂ဂိုးသာ ရွွိထား ခဲ႔တာ ျဖစ္ျပီး အဆိုပါ ပြဲစဥ္ေတြ အတြင္း ပြဲထြက္ခဲ႔တဲ႔ ဂိုးသမားကေတာ့ ခ်ဲဆီးလ္ အသင္းရဲ႔ဂိုးသမားကီပါျဖစ္ပါတယ္။အခုလိုပြဲေတြ ဆက္တိုက္ ပါဝင္ထားခဲ႕ရေပမယ့္ ကီပါဟာပထမ ဂိုးသမား မဟုတ္ေသးဘူးလို႕ နည္းျပျကီး မိုရီႏိုကဆိုပါတယ္။

စပိန္ လက္ေရြးစင္ အသင္းရဲ႕ ဂိုးသမား ေနရာကို ယူႏိုက္တက္ ဂိုးသမား ဒီဂီယာ က ျပီးခဲ႔တဲ႔ ႏွစ္ေတြ အတြင္း အပိုင္စားရထားခဲ႔တာ ျဖစ္ေပမယ့္ အင္းနရစ္ထံကေန နည္းျပရာထူးကို လႊဲေျပာင္းရယူထားခဲ႔တဲ႕ မိုရီႏို ရဲ႕ လက္ထက္ ပြဲစဥ္ ေလးပြဲမွာေတာ့ ကီပါ ကပဲ အျမဲပြဲထြက္ ေနခဲ႔ရတာျဖစ္ပါတယ္။

၂၀၁၈ ကမၻာ့ဖလား ျပိဳင္ ပြဲနဲ႔ ျပီး ခဲ႔တဲ႔ ႏွစ္ ပရီးမီးယားလိဂ္ ျပိဳင္ပြဲေတြ မွာ ဆိုးရြားတဲ႔ လက္စြမ္းမ်ိဳး သာ ျပသထားႏိုင္ ခဲ႔တာေျကာင့္ လည္း ဒီီဂီယာ တေယာက္ တခုလို ေနရာေပ်ာက္ေနခဲ႔တာျဖစ္ပါတယ္။ကီပါကေတာ့ ေနာက္ဆံုးကစားခဲ႔တဲ႔ ရိုေမးနီးယားနဲ႔ ပြဲစဥ္မွာ လက္စြမ္းျပသႏိုင္ခဲ႔ျပီး အုပ္စုတြင္းရာႏွဳန္းျပည့္ႏိုင္ပြဲ မပ်က္ေအာင္ကူညီေပးႏိုင္ခဲ႔ပါတယ္။

အခုလို စြမ္းေဆာင္ေပးေနေပမယ့္ ကီပါ ဟာ အသင္းရဲ႕ ဦးစားေပး နံပါတ္တစ္ ဂိုးသမား မဟုတ္ေသးဘူး လို႔ နည္းျပမိုရီႏုိက ဆိုသြားခဲ႔ျပီး ယေန႔ ညမွာ ကစာမယ့္ ဖာရိုးက်ြန္းစုနဲ႔ ပြဲမွာ က်ိန္းေသးပါဝင္ဖို႕ ရွိမရွိကို အတည္ျပဳဖို႔ ျငင္းဆန္သြားခဲ႔ပါတယ္။

ပြဲျကို မီဒီီယာ ေတြ႔ဆံုပြဲမွာ မိုရီႏိုက- ”
ပြဲထြက္ ဂိုးသမား ကို က်ြန္ေတာ္ မေရြးထားရေသးပါဘူး။ အေျပာင္းအလဲ ရွိလာႏိုင္ေသးသလို ေျပာင္းခ်င္မွ လည္းေျပာင္းမွာျဖစ္ပါတယ္။က်ြန္ေတာ္ အရင္ကလည္း ဒါမ်ိဳးပဲ ခင္ဗ်ားတို႔ကို သတင္းေပးဖူးတာျဖစ္ပါတယ္။

အသင္းမွာ ရွိတဲ႔ ဂိုးသမား ၃ဦးလံုးဟာ ထိပ္တန္းအဆင့္ေတြျဖစ္ျကပါတယ္။က်ြန္ေတာ္ေရြးခ်ယ္ရခက္ခဲ တဲ႔ အထိကို အေကာင္းဆံုး သူတို႔ လုပ္ေဆာင္ေစခ်င္ပါတယ္။သူတို႔အားလံုးဟာ အေတာ္ေလးျမင့္တဲ႔ အဆင့္အတန္းမ်ိဳးနဲ႔ ေလ့က်င့္မွဳေတြ လုပ္ေဆာင္ ထားျကပါတယ္။ဘယ္သူကက်ြန္ေတာ့္ရဲ႕ ဦးစားေပးဟုတ္တယ္၊ ဘယ္သူက ဦးစားေပးမဟုတ္ဘူးဆိုတာကိုေတာ့ က်ြန္ေတာ္ေျပာမွာမဟုတ္ပါဘူး ” လို႔ ထုတ္ေျပာလိုက္တာျဖစ္ပါတယ္။

De Gea

စပိန္ အသင္းဟာရာႏွဳန္းျပည့္ႏိုင္ပြဲနဲ႔ အမွတ္ေပးဇယားကို ဦးေဆာင္ေနေပမယ့္ ဖာရိုးက်ြန္းစုအသင္းကေတာ့ ရာႏွုန္းျပည့္ရွံုးပြဲနဲ႔ အတူ အမွတ္ေပးဇယားေအာက္ဆံုးမွာရပ္တည္ေနပါတယ္။ဒါေပမယ့္ မိုရီႏိုကေတာ့ ျပိဳင္ဘက္ကို ေလ်ွာ့တြက္ မွာ မဟုတ္ဘူးလို႔ ဆိုပါတယ္။

ဂီဂ်ြန္မွာ ကစားသြားမယ့္ ဒီီပြဲနဲ႔ ပတ္သက္ျပီး မိုရီႏိုက – ” အျမင့္မားဆံုး ေလးစားမွဳ မ်ိဳးနဲ႔ ဒီီပြဲကို ကစားသြားမွာျဖစ္ပါတယ္။က်ြန္ေတာ္တို႕ အားလံုး အရိုးသားဆံုး ေျပာရမယ္ ဆိုရင္ အသင္းတိုင္းက ေလးစားသမွဳ ေပးခံရဖို႔ ထိုက္တန္ ျကတာျဖစ္ပါတယ္။

၆ဂိုးေလာက္ သြင္းယူႏိုင္ဖို႕ ေတြးေနတာဟာ ေဘာလံုး ကစားတာမဟုတ္ပါဘူး။က်ြန္ေတာ္တို႔ဟာ ျကိုးစားကစားျပီးသြင္းဂိုး တဂိုးသြင္းယူမွာျဖစ္ပါတယ္။အဲ႔ဒီီေနာက္ သြင္းႏိုင္ရင္ဒုတိယဂိုးဆက္သြင္းမွာျဖစ္ပါတယ္။ဒါေပမယ့္ အျမဲတမ္းေတာ့ ျပိဳင္ဘက္ကို အျမင့္မားဆံုး ေလးစားမွဳရွိထားပါတယ္ ” လို႔ေျပာသြားခဲ႔ပါတယ္။

SM

Unicode

စပိန်အသင်းရဲ့ ပထမဂိုးသမားက ကီပါ လား ဒီီဂီယာ လားဆိုတာ ပြောပြလိုက်တဲ့ #နည်းပြမိုရီနို
=====================================

ဥရောပရဲ့ နာမည်ကြီး စပိန် အသင်းဟာ ယူရို ၂၀၂၀ ခြေစစ်ပွဲ အတွင်း အုပ်စုF အတွင်း မှာ ကျရောက်နေပြီး၅ ပွဲကစားအပြီး မှာ ရာနှုန်းပြည့်အနိုင်နဲ့ အတူ အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။သူတို့ ဟာ ယနေ့ ည ညဉ့်နက်ပိုင်းမှာတော့ ဖာရိုးကျွန်းစု အသင်းကို ဧည့်ခံသွားရဦးမှာဖြစ်ပါတယ်။

စပိန် အသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ယူရို ခြေစစ်ပွဲ အုပ်စုအဆင့် ၄ ပွဲမှာ ပေးဂိုး ၂ဂိုးသာ ရှှိထား ခဲ့တာ ဖြစ်ပြီး အဆိုပါ ပွဲစဉ်တွေ အတွင်း ပွဲထွက်ခဲ့တဲ့ ဂိုးသမားကတော့ ချဲဆီးလ် အသင်းရဲ့ဂိုးသမားကီပါဖြစ်ပါတယ်။အခုလိုပွဲတွေ ဆက်တိုက် ပါဝင်ထားခဲ့ရပေမယ့် ကီပါဟာပထမ ဂိုးသမား မဟုတ်သေးဘူးလို့ နည်းပြကြီး မိုရီနိုကဆိုပါတယ်။

စပိန် လက်ရွေးစင် အသင်းရဲ့ ဂိုးသမား နေရာကို ယူနိုက်တက် ဂိုးသမား ဒီဂီယာ က ပြီးခဲ့တဲ့ နှစ်တွေ အတွင်း အပိုင်စားရထားခဲ့တာ ဖြစ်ပေမယ့် အင်းနရစ်ထံကနေ နည်းပြရာထူးကို လွှဲပြောင်းရယူထားခဲ့တဲ့ မိုရီနို ရဲ့ လက်ထက် ပွဲစဉ် လေးပွဲမှာတော့ ကီပါ ကပဲ အမြဲပွဲထွက် နေခဲ့ရတာဖြစ်ပါတယ်။

၂၀၁၈ ကမ္ဘာ့ဖလား ပြိုင် ပွဲနဲ့ ပြီး ခဲ့တဲ့ နှစ် ပရီးမီးယားလိဂ် ပြိုင်ပွဲတွေ မှာ ဆိုးရွားတဲ့ လက်စွမ်းမျိုး သာ ပြသထားနိုင် ခဲ့တာကြောင့် လည်း ဒီီဂီယာ တယောက် တခုလို နေရာပျောက်နေခဲ့တာဖြစ်ပါတယ်။ကီပါကတော့ နောက်ဆုံးကစားခဲ့တဲ့ ရိုမေးနီးယားနဲ့ ပွဲစဉ်မှာ လက်စွမ်းပြသနိုင်ခဲ့ပြီး အုပ်စုတွင်းရာနှုန်းပြည့်နိုင်ပွဲ မပျက်အောင်ကူညီပေးနိုင်ခဲ့ပါတယ်။

အခုလို စွမ်းဆောင်ပေးနေပေမယ့် ကီပါ ဟာ အသင်းရဲ့ ဦးစားပေး နံပါတ်တစ် ဂိုးသမား မဟုတ်သေးဘူး လို့ နည်းပြမိုရီနိုက ဆိုသွားခဲ့ပြီး ယနေ့ ညမှာ ကစာမယ့် ဖာရိုးကျွန်းစုနဲ့ ပွဲမှာ ကျိန်းသေးပါဝင်ဖို့ ရှိမရှိကို အတည်ပြုဖို့ ငြင်းဆန်သွားခဲ့ပါတယ်။

ပွဲကြို မီဒီီယာ တွေ့ဆုံပွဲမှာ မိုရီနိုက- ”
ပွဲထွက် ဂိုးသမား ကို ကျွန်တော် မရွေးထားရသေးပါဘူး။ အပြောင်းအလဲ ရှိလာနိုင်သေးသလို ပြောင်းချင်မှ လည်းပြောင်းမှာဖြစ်ပါတယ်။ကျွန်တော် အရင်ကလည်း ဒါမျိုးပဲ ခင်ဗျားတို့ကို သတင်းပေးဖူးတာဖြစ်ပါတယ်။

အသင်းမှာ ရှိတဲ့ ဂိုးသမား ၃ဦးလုံးဟာ ထိပ်တန်းအဆင့်တွေဖြစ်ကြပါတယ်။ကျွန်တော်ရွေးချယ်ရခက်ခဲ တဲ့ အထိကို အကောင်းဆုံး သူတို့ လုပ်ဆောင်စေချင်ပါတယ်။သူတို့အားလုံးဟာ အတော်လေးမြင့်တဲ့ အဆင့်အတန်းမျိုးနဲ့ လေ့ကျင့်မှုတွေ လုပ်ဆောင် ထားကြပါတယ်။ဘယ်သူကကျွန်တော့်ရဲ့ ဦးစားပေးဟုတ်တယ်၊ ဘယ်သူက ဦးစားပေးမဟုတ်ဘူးဆိုတာကိုတော့ ကျွန်တော်ပြောမှာမဟုတ်ပါဘူး ” လို့ ထုတ်ပြောလိုက်တာဖြစ်ပါတယ်။

စပိန် အသင်းဟာရာနှုန်းပြည့်နိုင်ပွဲနဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပေမယ့် ဖာရိုးကျွန်းစုအသင်းကတော့ ရာနှုန်းပြည့်ရှုံးပွဲနဲ့ အတူ အမှတ်ပေးဇယားအောက်ဆုံးမှာရပ်တည်နေပါတယ်။ဒါပေမယ့် မိုရီနိုကတော့ ပြိုင်ဘက်ကို လျှော့တွက် မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဂီဂျွန်မှာ ကစားသွားမယ့် ဒီီပွဲနဲ့ ပတ်သက်ပြီး မိုရီနိုက – ” အမြင့်မားဆုံး လေးစားမှု မျိုးနဲ့ ဒီီပွဲကို ကစားသွားမှာဖြစ်ပါတယ်။ကျွန်တော်တို့ အားလုံး အရိုးသားဆုံး ပြောရမယ် ဆိုရင် အသင်းတိုင်းက လေးစားသမှု ပေးခံရဖို့ ထိုက်တန် ကြတာဖြစ်ပါတယ်။

၆ဂိုးလောက် သွင်းယူနိုင်ဖို့ တွေးနေတာဟာ ဘောလုံး ကစားတာမဟုတ်ပါဘူး။ကျွန်တော်တို့ဟာ ကြိုးစားကစားပြီးသွင်းဂိုး တဂိုးသွင်းယူမှာဖြစ်ပါတယ်။အဲ့ဒီီနောက် သွင်းနိုင်ရင်ဒုတိယဂိုးဆက်သွင်းမှာဖြစ်ပါတယ်။ဒါပေမယ့် အမြဲတမ်းတော့ ပြိုင်ဘက်ကို အမြင့်မားဆုံး လေးစားမှုရှိထားပါတယ် ” လို့ပြောသွားခဲ့ပါတယ်။

SM