ခ်ယ္လ္ဆီး အသင္း ရဲ႕ ကြင္းလယ္လူ အန္ဂိုလို ကန္ေတ ဟာ ျပီးခဲ့တဲ့ ပြဲစဥ္ ၂ က လက္စတာ အသင္း နဲ႕ ပြဲစဥ္ အျပီး မွာ ေျခက်င္းဝတ္ ဒဏ္ရာ ရရွိ ခဲ့တာေၾကာင့္ အခုအခ်ိန္ မွာ ခ်ယ္လ္ဆီး အသင္း နည္းျပ ဖရန္႕ လမ္းပတ္ က ၄င္းကို အျပည့္အဝ အနားယူ ေစျပီး ႏိုင္ငံ လက္ေရြးစင္ ပြဲစဥ္ ေတြ အျပီးမွာေတာ့ ဒဏ္ရာ ကေန ျပန္ေကာင္း လာဖို႕ ေမွ်ာ္လင့္ ထားပါတယ္ ။

ကန္ေတ ဟာ အရင္ ကတည္းက ဒူးဒဏ္ရာ ေၾကာင့္ ကာလရွည္ အနားယူ ခဲ့ရကာ ျပီးခဲ့တဲ့ လီဗာပူး အသင္း နဲ႕ ဥေရာပ စူပါဖလား ဗိုလ္လုပြဲစဥ္ ေရာက္မွသာ ခ်ယ္လ္ဆီး အသင္း အတြက္ ဒီရာသီ ပထမဆံုး ပြဲစဥ္ ကို ပြဲထြက္ ကစားခြင့္ ရခဲ့တာ ျဖစ္ပါတယ္ ။ ကန္ေတ ဟာ ထို ပြဲစဥ္ မွာလည္း ၾကံ့ခိုင္မႈ ပံုစံေကာင္း မရေသးပဲ ခ်ယ္လ္ဆီး အသင္း အတြက္ မိနစ္ ၁၂၀ အထိ ေပးဆပ္ ကစား ခဲ့ပါတယ္ ။

ကန္ေတ မပါတဲ့ ကြင္းလယ္ ကေတာ့ ခ်ယ္လ္ဆီး အသင္း အတြက္ ထိုးႏွက္ခ်က္ တခုလို႕ ဆိုရမွာ ျဖစ္ျပီး ခံစစ္ပိုင္း အေထာက္အကူ ေပးႏိုင္မႈအား နည္းေနဆဲ ျဖစ္ပါတယ္ ။ ခ်ယ္လ္ဆီး ၊ ဖူလ္ဟမ္ ၊ လက္စတာ အသင္း တို႕ရဲ႕ ဂိုးသမားေဟာင္း ျဖစ္သူ မာ့ခ္ ရွဝါဇာ ကေတာ့ အခုလို ကန္ေတ ဒဏ္ရာ ရေနတာဟာ ပြဲဆက္ အမ်ားအျပား ကို မနားတမ္း ကစားေနတဲ့ အတြက္ေၾကာင့္ ျဖစ္ႏိုင္ေၾကာင္း သံုးသပ္ ေျပာဆို သြားခဲ့ပါတယ္ ။

ရွဝါဇာ က ” ဒီႏွစ္ ေဘာလံုး ရာသီ မွာ အန္ဂိုလို ကန္ေတ ကို အခက္ေတြ႕ ေစတဲ့ အဓိက အေၾကာင္းအရာ က ပြဲဆက္ မ်ားေနတာေၾကာင့္ လို႕ ကြ်န္ေတာ္ ထင္ပါတယ္ ။ သူဟာ အရင္ႏွစ္ ေတြမွာလည္း ကလပ္ အတြက္ ၊ ႏိုင္ငံ လက္ေရြးစင္ အသင္း အတြက္ ပြဲအမ်ားစု ကို ကစား ေပးခဲ့ပါတယ္ ။ သူ ကစားတဲ့ ပြဲစဥ္ တပြဲစီ မွာလည္း ထိခိုက္မိတဲ့ အေျခအေန တခ်ိဳ႕ ၾကံဳကို ၾကံဳဖူးမွာပါ ။ ဒါေပမယ့္ ဒီလို အေျခအေန ကို သူ အေကာင္းဆံုး သည္းခံ ေက်ာ္ျဖတ္ ခဲ့ပါတယ္ ။ ”

” သူဟာ တျခား ေဘာလံုးသမား ေတြနဲ႕ မတူတဲ့ ျပယုဂ္ ကစားသမား တဦး ပါပဲ ။ ေနာက္ျပီး ကိုယ့္ကိုယ္ကို အျမဲ ႏွိမ့္ခ် ေနတတ္တဲ့ ၾကီးက်ယ္တဲ့ ကစားသမား တေယာက္လည္း ျဖစ္ပါတယ္ ။ သူ႕ရဲ႕ တိုးတက္လာမႈ က အေတာ္ေလး စနစ္က်ျပီး ေလ့လာ မွတ္သားစရာ ေကာင္းပါတယ္ ။ ကြ်န္ေတာ္ ဟာ သူနဲ႕ လက္စတာ အသင္းမွာ ေဘာလံုး ရာသီ တခုတာ လက္တြဲ ခဲ့ရလို႕ ကိုယ့္ကိုယ္ကို ကံေကာင္းတယ္ လို႕ မွတ္ယူ ထားပါတယ္ ။ ”

” လိဂ္ဖလား ပြဲစဥ္ တခ်ိဳ႕ မွာ သူနဲ႕ အတူတူ ကစားခြင့္ ရခဲ့ပါတယ္ ။ သူ ကစားတာ ကို စၾကည့္ဖူးတဲ့ သူတိုင္း ကန္ေတ ဟာ ထိပ္တန္း ကစားသမား တေယာက္ ဆိုတာ သိသာ ထင္ရွားစြာ သိျမင္ႏိုင္မွာ ျဖစ္ပါတယ္ ။ ျပီးခဲ့တဲ့ ေဘာလံုး ရာသီ ၊ ေမာ္ရစ္ဇီယို ဆာရီ လက္ေအာက္ မွာ အန္ဂုိလို ဟာ ပံုမွန္ စြမ္းေဆာင္ရည္ ေအာက္ ေရာက္ေနခဲ့တယ္ လို႕ ကြ်န္ေတာ္ ထင္ပါတယ္ ။

” တိုက္စစ္ပိုင္း ကို တက္ကစားတာ သူ႕ရဲ႕ အားသာခ်က္ မဟုတ္ေပမယ့္ ထံုးစံ အတိုင္း သူဟာ အတတ္ႏိုင္ဆံုး အသင္း အေပၚ ကူညီ ေပးခဲ့ပါတယ္ ။ တကယ္တမ္း သူ႕ရဲ႕ အားသာခ်က္ က ျပိဳင္ဖက္ တိုက္စစ္ ကစားသမား ေတြဆီကေန ေဘာလံုး ရယူျပီး အသင္းေဖာ္ ေတြကို ျပန္လည္ ျဖန္႕ေဝ ေပးဖို႕ပါ ။ ေနာက္ျပီး အန္ဂိုလို ဟာ အသင္း ရဲ႕ ခံစစ္ေၾကာင္း အေရွ႕ကေန လည္း မားမားမတ္မတ္ ရပ္တည္ ေပးေနပါတယ္ ။ ”

” အကယ္၍ ကန္ေတ သာ ၾကံ့ခိုင္မႈ အျပည့္နဲ႕ ျပန္ကစား ေပးႏိုင္ျပီ ဆိုရင္ အန္ဂိုလို ဟာ ေဂ်ာ္ဂ်င္ဟို ( ဒါမွမဟုတ္ ) ကိုဗာဆစ္ နဲ႕ တြဲဖက္ျပီး ကစားသင့္ပါတယ္ ။ အန္ဂိုလို ဟာ အသင္း ရဲ႕ ကြင္းလယ္ ဟန္ခ်က္ ထိန္းခ်ဳပ္ဖို႕ အတြက္ အေရးပါတဲ့ ကစားသမား တေယာက္ ျဖစ္ပါတယ္ ။ ခ်ယ္လ္ဆီး အသင္း မွာ သူမပါရင္ ဒီလို ပံုစံမ်ိဳး ျမင္ေတြ႕ ရမွာ မဟုတ္ပါဘူး ။ ” လုိ႕ ေျပာၾကား ခဲ့ပါတယ္ ။

SPORTS MYANMAR

Unicode

ယခုနှစ် အတွင်း ကန်တေ ဘာကြောင့် မကြာခဏ ဒဏ်ရာ ရနေတာလဲ ဆိုတာ ထင်မြင်ချက် ပေးလိုက်တဲ့ #ရှဝါဇာ

ချယ်လ်ဆီး အသင်း ရဲ့ ကွင်းလယ်လူ အန်ဂိုလို ကန်တေ ဟာ ပြီးခဲ့တဲ့ ပွဲစဉ် ၂ က လက်စတာ အသင်း နဲ့ ပွဲစဉ် အပြီး မှာ ခြေကျင်းဝတ် ဒဏ်ရာ ရရှိ ခဲ့တာကြောင့် အခုအချိန် မှာ ချယ်လ်ဆီး အသင်း နည်းပြ ဖရန့် လမ်းပတ် က ၄င်းကို အပြည့်အဝ အနားယူ စေပြီး နိုင်ငံ လက်ရွေးစင် ပွဲစဉ် တွေ အပြီးမှာတော့ ဒဏ်ရာ ကနေ ပြန်ကောင်း လာဖို့ မျှော်လင့် ထားပါတယ် ။

ကန်တေ ဟာ အရင် ကတည်းက ဒူးဒဏ်ရာ ကြောင့် ကာလရှည် အနားယူ ခဲ့ရကာ ပြီးခဲ့တဲ့ လီဗာပူး အသင်း နဲ့ ဥရောပ စူပါဖလား ဗိုလ်လုပွဲစဉ် ရောက်မှသာ ချယ်လ်ဆီး အသင်း အတွက် ဒီရာသီ ပထမဆုံး ပွဲစဉ် ကို ပွဲထွက် ကစားခွင့် ရခဲ့တာ ဖြစ်ပါတယ် ။ ကန်တေ ဟာ ထို ပွဲစဉ် မှာလည်း ကြံ့ခိုင်မှု ပုံစံကောင်း မရသေးပဲ ချယ်လ်ဆီး အသင်း အတွက် မိနစ် ၁၂၀ အထိ ပေးဆပ် ကစား ခဲ့ပါတယ် ။

ကန်တေ မပါတဲ့ ကွင်းလယ် ကတော့ ချယ်လ်ဆီး အသင်း အတွက် ထိုးနှက်ချက် တခုလို့ ဆိုရမှာ ဖြစ်ပြီး ခံစစ်ပိုင်း အထောက်အကူ ပေးနိုင်မှုအား နည်းနေဆဲ ဖြစ်ပါတယ် ။ ချယ်လ်ဆီး ၊ ဖူလ်ဟမ် ၊ လက်စတာ အသင်း တို့ရဲ့ ဂိုးသမားဟောင်း ဖြစ်သူ မာ့ခ် ရှဝါဇာ ကတော့ အခုလို ကန်တေ ဒဏ်ရာ ရနေတာဟာ ပွဲဆက် အများအပြား ကို မနားတမ်း ကစားနေတဲ့ အတွက်ကြောင့် ဖြစ်နိုင်ကြောင်း သုံးသပ် ပြောဆို သွားခဲ့ပါတယ် ။

ရှဝါဇာ က ” ဒီနှစ် ဘောလုံး ရာသီ မှာ အန်ဂိုလို ကန်တေ ကို အခက်တွေ့ စေတဲ့ အဓိက အကြောင်းအရာ က ပွဲဆက် များနေတာကြောင့် လို့ ကျွန်တော် ထင်ပါတယ် ။ သူဟာ အရင်နှစ် တွေမှာလည်း ကလပ် အတွက် ၊ နိုင်ငံ လက်ရွေးစင် အသင်း အတွက် ပွဲအများစု ကို ကစား ပေးခဲ့ပါတယ် ။ သူ ကစားတဲ့ ပွဲစဉ် တပွဲစီ မှာလည်း ထိခိုက်မိတဲ့ အခြေအနေ တချို့ ကြုံကို ကြံုဖူးမှာပါ ။ ဒါပေမယ့် ဒီလို အခြေအနေ ကို သူ အကောင်းဆုံး သည်းခံ ကျော်ဖြတ် ခဲ့ပါတယ် ။ ”

” သူဟာ တခြား ဘောလုံးသမား တွေနဲ့ မတူတဲ့ ပြယုဂ် ကစားသမား တဦး ပါပဲ ။ နောက်ပြီး ကိုယ့်ကိုယ်ကို အမြဲ နှိမ့်ချ နေတတ်တဲ့ ကြီးကျယ်တဲ့ ကစားသမား တယောက်လည်း ဖြစ်ပါတယ် ။ သူ့ရဲ့ တိုးတက်လာမှု က အတော်လေး စနစ်ကျပြီး လေ့လာ မှတ်သားစရာ ကောင်းပါတယ် ။ ကျွန်တော် ဟာ သူနဲ့ လက်စတာ အသင်းမှာ ဘောလုံး ရာသီ တခုတာ လက်တွဲ ခဲ့ရလို့ ကိုယ့်ကိုယ်ကို ကံကောင်းတယ် လို့ မှတ်ယူ ထားပါတယ် ။ ”

” လိဂ်ဖလား ပွဲစဉ် တချို့ မှာ သူနဲ့ အတူတူ ကစားခွင့် ရခဲ့ပါတယ် ။ သူ ကစားတာ ကို စကြည့်ဖူးတဲ့ သူတိုင်း ကန်တေ ဟာ ထိပ်တန်း ကစားသမား တယောက် ဆိုတာ သိသာ ထင်ရှားစွာ သိမြင်နိုင်မှာ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ ဘောလုံး ရာသီ ၊ မော်ရစ်ဇီယို ဆာရီ လက်အောက် မှာ အန်ဂိုလို ဟာ ပုံမှန် စွမ်းဆောင်ရည် အောက် ရောက်နေခဲ့တယ် လို့ ကျွန်တော် ထင်ပါတယ် ။ ”

” တိုက်စစ်ပိုင်း ကို တက်ကစားတာ သူ့ရဲ့ အားသာချက် မဟုတ်ပေမယ့် ထုံးစံ အတိုင်း သူဟာ အတတ်နိုင်ဆုံး အသင်း အပေါ် ကူညီ ပေးခဲ့ပါတယ် ။ တကယ်တမ်း သူ့ရဲ့ အားသာချက် က ပြိုင်ဖက် တိုက်စစ် ကစားသမား တွေဆီကနေ ဘောလုံး ရယူပြီး အသင်းဖော် တွေကို ပြန်လည် ဖြန့်ဝေ ပေးဖို့ပါ ။ နောက်ပြီး အန်ဂိုလို ဟာ အသင်း ရဲ့ ခံစစ်ကြောင်း အရှေ့ကနေ လည်း မားမားမတ်မတ် ရပ်တည် ပေးနေပါတယ် ။ ”

” အကယ်၍ ကန်တေ သာ ကြံ့ခိုင်မှု အပြည့်နဲ့ ပြန်ကစား ပေးနိုင်ပြီ ဆိုရင် အန်ဂိုလို ဟာ ဂျော်ဂျင်ဟို ( ဒါမှမဟုတ် ) ကိုဗာဆစ် နဲ့ တွဲဖက်ပြီး ကစားသင့်ပါတယ် ။ အန်ဂိုလို ဟာ အသင်း ရဲ့ ကွင်းလယ် ဟန်ချက် ထိန်းချုပ်ဖို့ အတွက် အရေးပါတဲ့ ကစားသမား တယောက် ဖြစ်ပါတယ် ။ ချယ်လ်ဆီး အသင်း မှာ သူမပါရင် ဒီလို ပုံစံမျိုး မြင်တွေ့ ရမှာ မဟုတ်ပါဘူး ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR