ျပီးခ႔ဲတဲ႔ အပတ္အတြင္း ကစားခဲ႔တဲ႔ပရီးမီးယား လိဂ္ပြဲစဥ္မွာ လီဗာပူး အသင္းက ဘန္ေလ အသင္းကို ၃-၀ ဂိုးနဲ႔ အေဝးကြင္းမွာ အႏိုင္ရခဲ႔ပါတယ္။ခ်ဲဆီးလ္ အသင္းကေန ဘန္ေလ အသင္းကို အငွားေရာက္ရွိေနတဲ႔ ကြင္းလယ္လူဒရင့္ဝါတာကေတာ့ အရံစာရင္းမွာဝင္ခဲ႔ေပမယ့္ပြဲကစားခြင့္ေတာ့ မရခဲ့တာျဖစ္ပါတယ္။

အသက္ ၂၉ ႏွစ္အရြယ္ ဒီအဂၤလန္ သားဟာ အဆိုပါ ပြဲအျပီး နာရီပိုင္း အျကာမွာ ပဲ မန္ခ်က္စတာျမိဳ႔ရဲ႕ Chinawhite ကလပ္မွာသြားေရာက္စားေသာက္ေပ်ာ္ပါးခဲ႔တယ္လို႔ သိရပါတယ္။ဒါေပမယ့္ ကလပ္ အတြင္း မွာျပသနာ တစံုတရာျဖစ္ပြားခဲ႔႔ပံုရျပီးလံုျခံဳေရးဝန္ထမ္းေတြက သူ႔ကို အျပင္ဆြဲထုတ္ ခဲ႔ျကပါတယ္။

လံုျခံဳေရးေတြကသူ႔ကိုဆြဲထုတ္လိုက္ျပီး မျကာခင္မွာပဲ လူရမ္းကား ၆ ဦးေလာက္ ေရာက္လာခဲ႔ျပီး ‘ ဒီေကာင့္ရဲ႕ ေျခေထာက္ေတြကို ရိုက္ခ်ိဳးလိုက္ျကစို႔ကြာ ‘ လို႔ သံျပိဳင္ေအာ္ဟစ္ျပီး ခပ္တံုးတံုးအရာဝတၳဳ တခုနဲ႔ ရိုက္ႏွက္ခဲ႔ ျကပါတယ္။

သတင္းေတြ ရဲ႕ ေဖာ္ျပ ခ်က္အရေတာ့ ဒရင့္ဝါတာ ဟာ စကန္ေသာ့ပ္ အသင္းရဲ႕ ခံစစ္မွဴး အန္တယ္ဟီ ရဲ႕ ခ်စ္သူေကာင္မေလးကို ခ်ဥ္းကပ္မွဳေတြ ျပဳလုပ္ခဲ႔ျပီး ၊ ဒါကို ရပ္တန္းက ရပ္ဖို႔ အျကိမ္ျကိမ္သတိေပးခံခဲ႔ရေပမယ့္ မလိုက္နာခဲ႔ လို႔ အခုလို ဆုံးမခံလိုက္ရတာျဖစ္တယ္လို႔ သိရပါတယ္။

အဆိုပါ တိုက္ခိုက္မွဳ အတြင္းမွာ ဒရင့္ဝါတာ ဟာ ေျခက်င္းဝတ္ အရြတ္စုတ္ျပဲ ဒဏ္ရာရသြားခဲ႔ျပီး ၊ ေဘာလံုး ကစားျခင္းကေန ၄လ ေလာက္အထိ အနားယူသြားရဖြယ္ရွိေနတယ္လို႕ သတင္းေတြကဆိုပါတယ္။Mirror သတင္းစာရဲ႕ ေဖာ္ျပခ်က္အရ သူဟာ မ်က္ကြင္းညိုသြားခဲ႔သလို ၊ ႏွာဖူးမွာ ျပင္းျပင္းထန္ထန္ဖူးေရာင္သြားခ႔ဲျပီး ပါးတခုလံုးလည္းေရာင္ကိုင္းေနခဲ႔တယ္လို႕ သိရပါတယ္။

The Sun သတင္းစာကေတာ့ – “လူတစုဟာ ဒရင့္ဝါတာရဲ႕ ေျခက်င္းဝတ္ တက္းနင္းခဲ႔ျကျပီး ‘ ဒီေကာင့္ေျခေထာက္ကို ခ်ိဳးျကစမ္းကြာ ‘ လို႔ေအာ္ဟစ္ေနခဲ႔ျကပါတယ္။ပရီးမီးယားလိဂ္ကစားသမားတဦးအတြက္ ေျခေထာက္က အေရးအျကီးဆုံးဆိုတာ ကို သူတို႔သိျကပါတယ္။သူတို႔ေျကာင့္ ဒရင့္ဝါတာရဲ႕ ေသြးေတြ အခင္းျဖစ္ပြားရာေနရာမွာျပန္႔စီးေနခဲ႔ပါတယ္ ” လို႔ ေရးသားေဖာ္ျပပါတယ္။

အဆိုပါ ျပစ္မွဳ အတြင္းမွာ အန္တယ္ဟီ ကိုယ္တိုင္ပါဝင္သလား၊ ရဲေတြကို ေကာ ေခၚခဲ႔ေသးလားဆိုတာနဲ႔ ပတ္သက္ျပီး တိတိက်က် မသိရေသးသလို ဒရင့္ဝါတာကလည္း ဒါကို အတိအလင္း ထုတ္ေျပာထားျခင္းမရွိေသးတာျဖစ္ပါတယ္။

ေျပာေရးဆိုခြင့္ရွိသူကေတာ့ -” ဒရင့္ဝါတာ အေနနဲ႔ ျပစ္တင္ ေျပာဆို ခံရမွဳေတြကို လက္သင့္ခံဖို႔ ဆံုးျဖတ္ထားပါတယ္။သူကုိယ္တိုင္အေနနဲ႔ကေတာ့ အခုလို ပစ္မွတ္ထား မခံရသင့္ဘူး ဆိုတာကိုလည္းနားလည္ပါတယ္။ဒါေျကာင့္လည္းဒီလိုအရာေတြကို ဆက္မလုပ္ဖို႔လိုပါတယ္။ဒီျဖစ္ရပ္နဲ႔ပတ္သက္ျပီးကလပ္အသင္းနဲ႔ အရိုးသားဆံုး ပုဂၢိဳေရးအရ ေဆြးေႏြးသြားမွာလည္းျဖစ္ပါတယ္ ” လို႔ေျပာသြားခဲ႔ပါတယ္။

ဒရင့္ဝါတာဟာ ေမလအတြင္းတုန္းကလည္း အမ်ိဳးသမီး ၂ဦးကို ထိခိုက္ေစခဲ႔တဲ႔ ယာဥ္တိုက္မွဳအတြင္းပါဝင္ခဲ႔လို႔ ဒဏ္ေငြေပါင္ ၁၂၅၀၀၀ ေပးေဆာင္ခဲ႔ရသလို လိုင္စင္ လ၂၀ အပိတ္ခံထားခဲ႔ရတာျဖစ္ပါတယ္။သူဟာ ပရီးမီးယားလိဂ္ပြဲစဥ္ေတြမွာ ပါဝင္ခြင့္မရေသးတာလည္း၁၈ လအထိရွိေနျပီျဖစ္ပါတယ္။

SPORTS MYANMAR

Unicode

ပြိုင်ဘက်အသင်းသားတဦးရဲ့ကောင်မလေးကိုကြောင်ဖို့ကြိုးစားခဲ့လို့ လူရမ်းကား၆ဦးရဲ့ ရိုက်နှက်ဆုံးမမှုကိုခံလိုက်ရတဲ့ #ဒရင့်ဝါတာ
==================================

ပြီးခဲ့တဲ့ အပတ်အတွင်း ကစားခဲ့တဲ့ပရီးမီးယား လိဂ်ပွဲစဉ်မှာ လီဗာပူး အသင်းက ဘန်လေ အသင်းကို ၃-၀ ဂိုးနဲ့ အဝေးကွင်းမှာ အနိုင်ရခဲ့ပါတယ်။ချဲဆီးလ် အသင်းကနေ ဘန်လေ အသင်းကို အငှားရောက်ရှိနေတဲ့ ကွင်းလယ်လူဒရင့်ဝါတာကတော့ အရံစာရင်းမှာဝင်ခဲ့ပေမယ့်ပွဲကစားခွင့်တော့ မရခဲ့တာဖြစ်ပါတယ်။

အသက် ၂၉ နှစ်အရွယ် ဒီအင်္ဂလန် သားဟာ အဆိုပါ ပွဲအပြီး နာရီပိုင်း အကြာမှာ ပဲ မန်ချက်စတာမြို့ရဲ့ Chinawhite ကလပ်မှာသွားရောက်စားသောက်ပျော်ပါးခဲ့တယ်လို့ သိရပါတယ်။ဒါပေမယ့် ကလပ် အတွင်း မှာပြသနာ တစုံတရာဖြစ်ပွားခဲ့့ပုံရပြီးလုံခြုံရေးဝန်ထမ်းတွေက သူ့ကို အပြင်ဆွဲထုတ် ခဲ့ကြပါတယ်။

လုံခြံုရေးတွေကသူ့ကိုဆွဲထုတ်လိုက်ပြီး မကြာခင်မှာပဲ လူရမ်းကား ၆ ဦးလောက် ရောက်လာခဲ့ပြီး ‘ ဒီကောင့်ရဲ့ ခြေထောက်တွေကို ရိုက်ချိုးလိုက်ကြစို့ကွာ ‘ လို့ သံပြိုင်အော်ဟစ်ပြီး ခပ်တုံးတုံးအရာဝတ္ထု တခုနဲ့ ရိုက်နှက်ခဲ့ ကြပါတယ်။

သတင်းတွေ ရဲ့ ဖော်ပြ ချက်အရတော့ ဒရင့်ဝါတာ ဟာ စကန်သော့ပ် အသင်းရဲ့ ခံစစ်မှူး အန်တယ်ဟီ ရဲ့ ချစ်သူကောင်မလေးကို ချဉ်းကပ်မှုတွေ ပြုလုပ်ခဲ့ပြီး ၊ ဒါကို ရပ်တန်းက ရပ်ဖို့ အကြိမ်ကြိမ်သတိပေးခံခဲ့ရပေမယ့် မလိုက်နာခဲ့ လို့ အခုလို ဆုံးမခံလိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှု အတွင်းမှာ ဒရင့်ဝါတာ ဟာ ခြေကျင်းဝတ် အရွတ်စုတ်ပြဲ ဒဏ်ရာရသွားခဲ့ပြီး ၊ ဘောလုံး ကစားခြင်းကနေ ၄လ လောက်အထိ အနားယူသွားရဖွယ်ရှိနေတယ်လို့ သတင်းတွေကဆိုပါတယ်။Mirror သတင်းစာရဲ့ ဖော်ပြချက်အရ သူဟာ မျက်ကွင်းညိုသွားခဲ့သလို ၊ နှာဖူးမှာ ပြင်းပြင်းထန်ထန်ဖူးရောင်သွားခဲ့ပြီး ပါးတခုလုံးလည်းရောင်ကိုင်းနေခဲ့တယ်လို့ သိရပါတယ်။

The Sun သတင်းစာကတော့ – “လူတစုဟာ ဒရင့်ဝါတာရဲ့ ခြေကျင်းဝတ် တက်းနင်းခဲ့ကြပြီး ‘ ဒီကောင့်ခြေထောက်ကို ချိုးကြစမ်းကွာ ‘ လို့အော်ဟစ်နေခဲ့ကြပါတယ်။ပရီးမီးယားလိဂ်ကစားသမားတဦးအတွက် ခြေထောက်က အရေးအကြီးဆုံးဆိုတာ ကို သူတို့သိကြပါတယ်။သူတို့ကြောင့် ဒရင့်ဝါတာရဲ့ သွေးတွေ အခင်းဖြစ်ပွားရာနေရာမှာပြန့်စီးနေခဲ့ပါတယ် ” လို့ ရေးသားဖော်ပြပါတယ်။

အဆိုပါ ပြစ်မှု အတွင်းမှာ အန်တယ်ဟီ ကိုယ်တိုင်ပါဝင်သလား၊ ရဲတွေကို ကော ခေါ်ခဲ့သေးလားဆိုတာနဲ့ ပတ်သက်ပြီး တိတိကျကျ မသိရသေးသလို ဒရင့်ဝါတာကလည်း ဒါကို အတိအလင်း ထုတ်ပြောထားခြင်းမရှိသေးတာဖြစ်ပါတယ်။

ပြောရေးဆိုခွင့်ရှိသူကတော့ -” ဒရင့်ဝါတာ အနေနဲ့ ပြစ်တင် ပြောဆို ခံရမှုတွေကို လက်သင့်ခံဖို့ ဆုံးဖြတ်ထားပါတယ်။သူကိုယ်တိုင်အနေနဲ့ကတော့ အခုလို ပစ်မှတ်ထား မခံရသင့်ဘူး ဆိုတာကိုလည်းနားလည်ပါတယ်။ဒါကြောင့်လည်းဒီလိုအရာတွေကို ဆက်မလုပ်ဖို့လိုပါတယ်။ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီးကလပ်အသင်းနဲ့ အရိုးသားဆုံး ပုဂ္ဂိုရေးအရ ဆွေးနွေးသွားမှာလည်းဖြစ်ပါတယ် ” လို့ပြောသွားခဲ့ပါတယ်။

ဒရင့်ဝါတာဟာ မေလအတွင်းတုန်းကလည်း အမျိုးသမီး ၂ဦးကို ထိခိုက်စေခဲ့တဲ့ ယာဉ်တိုက်မှုအတွင်းပါဝင်ခဲ့လို့ ဒဏ်ငွေပေါင် ၁၂၅၀၀၀ ပေးဆောင်ခဲ့ရသလို လိုင်စင် လ၂၀ အပိတ်ခံထားခဲ့ရတာဖြစ်ပါတယ်။သူဟာ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ပါဝင်ခွင့်မရသေးတာလည်း၁၈ လအထိရှိနေပြီဖြစ်ပါတယ်။

SPORTS MYANMAR