အဂၤလန္ လက္ေရြးစင္ အသင္း နည္းျပ ဂါရတ္ ေဆာက္ဂိတ္ က လက္ေရြးစင္ ေရွ႕တန္းလူ ရာဟင္း စတာလင္ ဟာ ၿပီးခဲ့ တဲ့ ၂ ႏွစ္ အတြင္း အလြန္ ျခားနား တဲ့ ကစား သမား တစ္ဦး ျဖစ္လာ ခဲ့ၿပီလုိ႔ ယမန္ေန႔ ညက ကစား ခဲ့တဲ့ ယူရို ေျခစစ္ပြဲ အၿပီး မွာ ထုတ္ေဖာ္ ေျပာဆို သြားခဲ့ ပါတယ္ ။ အဂၤလန္ ဟာ ယူရို ၂၀၂၀ ေျခစစ္ပြဲ အျဖစ္ ဘူေဂးရီးယား အသင္း ကို ၀င္ဘာေလ မွာ ဧည့္ခံ ကစားခဲ့ ၿပီး ၄ ဂုိးျပတ္ အႏုိင္ ရရွိ ခဲ့ ပါတယ္ ။

အဂၤလန္ အသင္း အတြက္ ဂုိးေတြ ကို ေတာ့ တုိက္စစ္မႈး ဟယ္ရီ ကိန္း က ပင္နယ္တီ ၂ လံုး အပါ အ၀င္ ဟက္ထရစ္ သြင္းယူ ခဲ့ၿပီး ေနာက္တစ္ ဂုိး ကိုေတာ့ ရာဟင္း စတာလင္ က သြင္းယူ ေပးခဲ့တာ ျဖစ္ ပါတယ္ ။ အဂၤလန္ ဟာ စတာလင္ ၊ ကိန္း နဲ႔ ရက္ဖိုဒ့္ တို႔ကို တိုက္စစ္မွာ ခင္းက်င္း ပြဲထြက္ ခဲ့ၿပီး ၃ ဦး စလံုး ဟာ ဘူေဂးရီးယား ခံစစ္ ကို အထူး ဒုကၡေပး ႏုိင္ခဲ့ ပါတယ္ ။

စတာလင္ ကေတာ့ ကိုယ္တုိင္ တစ္ဂုိး သြင္းခဲ့ သလို ကိန္း ရဲ႕ ဂုိး တစ္ဂုိး ကို လည္း ဖန္တီးေပး ခဲ့ ကာ မန္စီးတီး နဲ႔ အတူ ေျခစြမ္းျပသ ေနမႈ ကို လက္ေရြးစင္ အသင္းအထိ သယ္ေဆာင္ လာႏုိင္ ခဲ့ ပါတယ္ ။ စတာလင္ ဟာ လြန္ခဲ့တဲ့ ႏွစ္ေတြ တုန္းက လက္ေရြးစင္ အသင္း ပြဲေတြ မွာ ဂုိး သြင္းႏုိင္မယ့္ အခြင့္ အေရးေတြ ကို လြဲေခ်ာ္ ခဲ့ရ တာေၾကာင့္ ေ၀ဖန္မႈေတြ နဲ႔ ရင္ဆုိင္ ခဲ့ရ ေပမယ့္ ၂ ႏွစ္ အတြင္းမွာ ေတာက္ေလ်ာက္ တုိးတက္ လာခဲ့ၿပီ လို႔ နည္းျပ ေဆာက္ဂိတ္ က ခ်ီးက်ဳး ေျပာဆို သြားခဲ့ ပါတယ္ ။

“စတာလင္ ရဲ႕ ခံယူခ်က္ ေတြ ေျပာင္းလာ ခဲ့ပါၿပီ ။ သူ႔ရဲ႕ ဂုိးသြင္းခ်င္ စိတ္ ကလည္း အရင္က ထက္ ပိုလာ ခဲ့ ပါၿပီ ။ လြန္ ခဲ့တဲ့ ၂ ႏွစ္ ေလာက္ တုန္းက နဲ႔ အရမ္း ကို ျခားနား သြားတာပါ ။ အဲ့ ကတည္းက သူ ဟာ ၿပဳိင္ဘက္ ကို အႏၱရာယ္ ေပးႏိုင္တဲ့ ကစား သမား အျဖစ္ မွာ ရွိေနခဲ့ ပါတယ္ ။ အခုေတာ့ ပိုေကာင္းတဲ့ သူ ျဖစ္လာခဲ့ ပါၿပီ”

“သူ ဟာ ကြ်န္ေတာ့ ရဲ႕ အသင္း မွာ အခ်ိန္ အၾကာႀကီး အေရးပါသူ တစ္ေယာက္ အျဖစ္ ရွိေန ခဲ့တာပါ ။ အခု သူ႔ မွာ ကိုယ္ပုိင္ ယံုၾကည္ခ်က္ နဲ႔ လုပ္ရဲ ကိုင္ရဲ တဲ့ စိတ္ေတြ ကိန္းေအာင္း လာခဲ့ ပါၿပီ” လို႔ ေဆာက္ဂိတ္ က ေျပာဆို သြားခဲ့ ပါတယ္ ။

စတာလင္ ဟာ ၿပီးခဲ့တဲ့ ရာသီ တုန္းက ပရီးမီးယားလိဂ္ ရဲ႕ အေကာင္းဆံုး လူငယ္ ကစား သမား ဆု ကို ရရွိ ထားခဲ့ သလို ယခုရာသီ မွာ လည္း စီးတီး အတြက္ အေရးပါ တဲ့ ကစား သမား တစ္ဦး အျဖစ္ ရွိ ေနခဲ့ ပါတယ္ ။ ပြဲစဥ္ ၄ ပြဲ ကစား အၿပီး မွာ စတာလင္ ဟာ စီးတီး အတြက္ ၅ ဂုိး သြင္းယူေပး ထားႏုိင္ ခဲ့ၿပီပဲ ျဖစ္ ပါတယ္ ။

အဂၤလန္ အသင္း ဟာ ယူရုိ ၂၀၂၀ ေျခစစ္ပြဲ အုပ္စု A မွာ ကိုဆုိဗို ၊ ခ်က္ ၊ ဘူေဂးရီးယား ၊ မြန္တီ နီဂရိုး တို႔ နဲ႔ အတူ က်ေရာက္ ေနခဲ့ၿပီး ၃ ပြဲ ကစား အၿပီး မွာ ရာႏႈန္းျပည့္ ႏုိင္ပြဲ နဲ႔ အဆင့္ ၁ ေနရာကို ရယူထား ခဲ့ ပါတယ္ ။ လာမယ့္ ဗုဒၶဟူး ေန႔ မွာေတာ့ အဂၤလန္ ဟာ အုပ္စု ဒုတိယ ေနရာကေန တစ္မွတ္ အကြာ နဲ႔ လုိက္လံ ဖိအား ေပးေနတဲ့ ကိုဆိုဗို အသင္း ကို အိမ္ကြင္း မွာ လက္ခံ ကစား ရမွာပဲ ျဖစ္ ပါတယ္ ။

SPORTS MYANMAR

Unicode

အင်္ဂလန် ရှေ့တန်းလူ ဟာ အလွန်ခြားနားတဲ့ ကစားသမားဖြစ်လာပြီလို့ ဆောက်ဂိတ် ပြောဆို

===========================================

အင်္ဂလန် လက်ရွေးစင် အသင်း နည်းပြ ဂါရတ် ဆောက်ဂိတ် က လက်ရွေးစင် ရှေ့တန်းလူ ရာဟင်း စတာလင် ဟာ ပြီးခဲ့ တဲ့ ၂ နှစ် အတွင်း အလွန် ခြားနား တဲ့ ကစား သမား တစ်ဦး ဖြစ်လာ ခဲ့ပြီလို့ ယမန်နေ့ ညက ကစား ခဲ့တဲ့ ယူရို ခြေစစ်ပွဲ အပြီး မှာ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။ အင်္ဂလန် ဟာ ယူရို ၂၀၂၀ ခြေစစ်ပွဲ အဖြစ် ဘူဂေးရီးယား အသင်း ကို ၀င်ဘာလေ မှာ ဧည့်ခံ ကစားခဲ့ ပြီး ၄ ဂိုးပြတ် အနိုင် ရရှိ ခဲ့ ပါတယ် ။

အင်္ဂလန် အသင်း အတွက် ဂိုးတွေ ကို တော့ တိုက်စစ်မှုး ဟယ်ရီ ကိန်း က ပင်နယ်တီ ၂ လုံး အပါ အဝင် ဟက်ထရစ် သွင်းယူ ခဲ့ပြီး နောက်တစ် ဂိုး ကိုတော့ ရာဟင်း စတာလင် က သွင်းယူ ပေးခဲ့တာ ဖြစ် ပါတယ် ။ အင်္ဂလန် ဟာ စတာလင် ၊ ကိန်း နဲ့ ရက်ဖိုဒ့် တို့ကို တိုက်စစ်မှာ ခင်းကျင်း ပွဲထွက် ခဲ့ပြီး ၃ ဦး စလုံး ဟာ ဘူဂေးရီးယား ခံစစ် ကို အထူး ဒုက္ခပေး နိုင်ခဲ့ ပါတယ် ။

စတာလင် ကတော့ ကိုယ်တိုင် တစ်ဂိုး သွင်းခဲ့ သလို ကိန်း ရဲ့ ဂိုး တစ်ဂိုး ကို လည်း ဖန်တီးပေး ခဲ့ ကာ မန်စီးတီး နဲ့ အတူ ခြေစွမ်းပြသ နေမှု ကို လက်ရွေးစင် အသင်းအထိ သယ်ဆောင် လာနိုင် ခဲ့ ပါတယ် ။ စတာလင် ဟာ လွန်ခဲ့တဲ့ နှစ်တွေ တုန်းက လက်ရွေးစင် အသင်း ပွဲတွေ မှာ ဂိုး သွင်းနိုင်မယ့် အခွင့် အရေးတွေ ကို လွဲချော် ခဲ့ရ တာကြောင့် ဝေဖန်မှုတွေ နဲ့ ရင်ဆိုင် ခဲ့ရ ပေမယ့် ၂ နှစ် အတွင်းမှာ တောက်လျောက် တိုးတက် လာခဲ့ပြီ လို့ နည်းပြ ဆောက်ဂိတ် က ချီးကျုး ပြောဆို သွားခဲ့ ပါတယ် ။

“စတာလင် ရဲ့ ခံယူချက် တွေ ပြောင်းလာ ခဲ့ပါပြီ ။ သူ့ရဲ့ ဂိုးသွင်းချင် စိတ် ကလည်း အရင်က ထက် ပိုလာ ခဲ့ ပါပြီ ။ လွန် ခဲ့တဲ့ ၂ နှစ် လောက် တုန်းက နဲ့ အရမ်း ကို ခြားနား သွားတာပါ ။ အဲ့ ကတည်းက သူ ဟာ ပြိုင်ဘက် ကို အန္တရာယ် ပေးနိုင်တဲ့ ကစား သမား အဖြစ် မှာ ရှိနေခဲ့ ပါတယ် ။ အခုတော့ ပိုကောင်းတဲ့ သူ ဖြစ်လာခဲ့ ပါပြီ”

“သူ ဟာ ကျွန်တော့ ရဲ့ အသင်း မှာ အချိန် အကြာကြီး အရေးပါသူ တစ်ယောက် အဖြစ် ရှိနေ ခဲ့တာပါ ။ အခု သူ့ မှာ ကိုယ်ပိုင် ယုံကြည်ချက် နဲ့ လုပ်ရဲ ကိုင်ရဲ တဲ့ စိတ်တွေ ကိန်းအောင်း လာခဲ့ ပါပြီ” လို့ ဆောက်ဂိတ် က ပြောဆို သွားခဲ့ ပါတယ် ။

စတာလင် ဟာ ပြီးခဲ့တဲ့ ရာသီ တုန်းက ပရီးမီးယားလိဂ် ရဲ့ အကောင်းဆုံး လူငယ် ကစား သမား ဆု ကို ရရှိ ထားခဲ့ သလို ယခုရာသီ မှာ လည်း စီးတီး အတွက် အရေးပါ တဲ့ ကစား သမား တစ်ဦး အဖြစ် ရှိ နေခဲ့ ပါတယ် ။ ပွဲစဉ် ၄ ပွဲ ကစား အပြီး မှာ စတာလင် ဟာ စီးတီး အတွက် ၅ ဂိုး သွင်းယူပေး ထားနိုင် ခဲ့ပြီပဲ ဖြစ် ပါတယ် ။

အင်္ဂလန် အသင်း ဟာ ယူရို ၂၀၂၀ ခြေစစ်ပွဲ အုပ်စု A မှာ ကိုဆိုဗို ၊ ချက် ၊ ဘူဂေးရီးယား ၊ မွန်တီ နီဂရိုး တို့ နဲ့ အတူ ကျရောက် နေခဲ့ပြီး ၃ ပွဲ ကစား အပြီး မှာ ရာနှုန်းပြည့် နိုင်ပွဲ နဲ့ အဆင့် ၁ နေရာကို ရယူထား ခဲ့ ပါတယ် ။ လာမယ့် ဗုဒ္ဓဟူး နေ့ မှာတော့ အင်္ဂလန် ဟာ အုပ်စု ဒုတိယ နေရာကနေ တစ်မှတ် အကွာ နဲ့ လိုက်လံ ဖိအား ပေးနေတဲ့ ကိုဆိုဗို အသင်း ကို အိမ်ကွင်း မှာ လက်ခံ ကစား ရမှာပဲ ဖြစ် ပါတယ် ။

SPORTS MYANMAR