ေပၚတူဂီ တုိက္စစ္မႈး ႀကီး ခရစၥတီယာႏို ရုိနယ္ဒို ဟာ ေဘာလံုး သမား တစ္ေယာက္ ရဲ႕ အေကာင္းဆံုး စြမ္းေဆာင္ ရည္ေတြ ကုန္ဆံုး တဲ့ အခ်ိန္ လို႔ သတ္မွတ္ လို႔ ရႏုိင္တဲ့ ၃၃ ႏွစ္ ေနာက္ပိုင္း ကို ၀င္ေရာက္ ေနၿပီ ျဖစ္ပါတယ္ ။ ၂၀၁၅-၁၆ ခုႏွစ္ေတြ တုန္းကလို ျပင္းထန္ တဲ့ ကန္ခ်က္ေတြ ၊ လွ်င္ျမန္ တဲ့ ေျပးႏႈန္းေတြ ၊ တိက် တဲ့ ဖရီးကစ္ ေတြ ကို မျမင္ေတြ႕ ရေတာ့ ေပမယ့္ ရိုနယ္ဒို ရဲ႕ ဂုိးသြင္း စြမ္းရည္ ကေတာ့ ထိပ္တန္း အဆင့္ မွာ ရွိ ေနဆဲ ျဖစ္ပါတယ္ ။

 

အခု ေနာက္ဆံုး ထြက္ေပၚ လာခဲ့တဲ့ သတင္း အရ ရုိနယ္ဒို ဟာ လက္ရွိ ကစား ေနတဲ့ ကလပ္ ( ယူဗင္တပ္ ) မွာ အျမန္ဆံုး ကစား သမား အျဖစ္ ရပ္တည္ ေနခဲ့တယ္ လို႔ သိရ ပါတယ္ ။ ယူဗင္တပ္ မွာ လွ်င္ျမန္တဲ့ ေဒါက္ ကလပ္ ေကာ္စတာ ၊ အဲလစ္ ဆန္ဒရို ၊ ေပၚလို ဒိုင္ဘားလား တို႔လုိ ကစား သမားမ်ဳိးေတြ ရွိေပမယ့္ La Gazzetta dello Sport သတင္းစာ ကေတာ့ ေပၚတူဂီ ုတိက္စစ္မႈးႀကီး ကို မေက်ာ္ႏုိင္ ခဲ့ဘူး လို႔ ေဖာ္ျပ ခဲ့ ပါတယ္ ။

စီးရီးေအ ရာသီသစ္ စတင္ ခဲ့တာ ၂ ပြဲ ရွိ ခဲ့ပါၿပီ ။ ဒီ ၂ ပြဲ အတြင္းမွာ ရိုနယ္ဒို ဟာ ၉၂ မီတာ ကို ၁၂ စကၠန္႔ အတြင္း ေျပးျပ ခဲ့မႈ ဟာ 34 Km/h ျမန္ႏႈန္း ရွိ ခဲ့ၿပီး က်န္တဲ့ ကစား သမား ေတြ ထက္ ပုိျမန္ ခဲ့တယ္ လုိ႔ အခ်က္ အလက္ ေတြ အရ ေတြ႕ ရွိခဲ့ရ ပါတယ္ ။

အျခား ယူဗင္တပ္ ကစား သမားေတြ ျဖစ္တဲ့ ဆန္ဒရို ( 28 km/h ) ၊ ဒါနီလို ( ၂၈ ) ၊ ေဒါက္ကလပ္ ေကာ္စတာ ( ၂၈ ) တို႔ ဟာ ရိုနယ္ဒို ရဲ႕ ေျပးႏႈန္း ေအာက္ မွာ ရွိေန ခဲ့ၾကတယ္ လို႔ Gazzetta သတင္းစာက ေဖာ္ျပ သြားခဲ့ ပါတယ္ ။ မီတာ ၁၀၀ အတြင္း မွာ အျမန္ဆံုး ေျပးႏုိင္ ခဲ့သူ ကေတာ့ ကမၻာေက်ာ္ တာတို အေျပးခ်န္ပီယံ ေဟာင္း အူစိန္ေဘာ့ ျဖစ္ၿပီး ၂၀၀၉ ခုႏွစ္ တုန္းက 37 km/h ႏႈန္းနဲ႔ ေျပးလႊားခဲ့ တာပဲ ျဖစ္ပါတယ္ ။

ရိုနယ္ဒို ဟာ စီးရီးေအ ပြဲစဥ္ ( ၁ ) မွာ ဂုိးသြင္း ႏုိင္ခဲ့ ေပမယ့္ VAR က လူကြ်ံ တယ္လုိ႔ သတ္မွတ္ ခဲ့တာ ေၾကာင့္ ဂုိးမရခဲ့ ပါဘူး ။ ပြဲစဥ္ ( ၂ ) မွာေတာ့ နာပိုလီ ဘက္ကို ဂုိးသြင္းယူ ၿပီး ႏိုင္ပြဲ ရရွိ ေအာင္ ကူညီ ႏုိင္ခဲ့ ပါတယ္ ။ ဒါ့အျပင္ ယမန္ေန႔ ညက ကစားခဲ့ တဲ့ ယူရို ၂၀၂၀ ေျခစစ္ပြဲ မွာ လည္း ေပၚတူဂီ လက္ေရြးစင္ အသင္း ေခါင္းေဆာင္ အျဖစ္ ပါ၀င္ ခဲ့ၿပီး ဆားဘီးယား ဘက္ကို တတိယ ေျမာက္ ဂုိး သြင္းယူ ႏုိင္ခဲ့ ပါတယ္ ။

ေပၚတူဂီ ဟာ ဘာနာဒို ေဆးဗား ၊ ရုိနယ္ဒို တို႔ ကို ပြဲထုတ္ လာခဲ့ၿပီး လူငယ္ ၾကယ္ပြင့္ ဂ်ာအို ဖိလစ္ ကို ေတာ့ အရန္ ခံု မွာ ထိုင္ေစခဲ့ ပါတယ္ ။ ေပၚတူဂီ ဟာ ၀ီလ္ယံ ကာဗယ္ဟုိ၊ ဂြန္ကာလို ဂြီဒက္စ္ တုိ႔ရဲ႕ ဂုိးေတြ နဲ႔ အိမ္ရွင္ ကို ဦးေဆာင္ ေနခဲ့ ေပမယ့္ မီလန္ ကိုဗစ္ က တစ္ဂုိး ျပန္လည္ ေခ်ပ ခဲ့ ပါတယ္ ။

မိနစ္ ၈၀ မွာေတာ့ ရိုနယ္ဒို က ၃ – ၁ နဲ႔ ဦးေဆာင္ ေစႏုိင္မယ့္ ဂုိးကိုု ေပၚတူဂီ အတြက္ သြင္းယူေပး ခဲ့ ပါတယ္ ။ ၈၅ မိနစ္ မွာ မီထရုိဗစ္ က အိမ္ရွင္ အတြက္ ဒုတိယ ေျမာက္ ေခ်ပဂုိးကို ျပန္သြင္းခဲ့ ေပမယ့္ ၁ မိနစ္ အၾကာမွာပဲ ဘာနာဒို ေဆးလ္ဗား က စတုတၳ ေျမာက္ဂုိး ကို သြင္းယူၿပီး အိမ္ရွင္ တုိ႔ရဲ႕ သေရ ေမွ်ာ္လင့္ခ်က္ကို အဆံုးသတ္ ေပးခဲ့ ပါတယ္ ။

ဒီႏုိင္ပြဲ ဟာ ေပၚတူဂီ ရဲ႕ ယူရို ၂၀၂၀ ေျခစစ္ပြဲ တစ္ေလ်ာက္ ပထမဆံုး ႏုိင္ပြဲ ျဖစ္ခဲ့ ပါတယ္ ။ ေပၚတူဂီ ဟာ ၃ ပြဲ ကစားၿပီး သည္ အထိ ရွဳံးပြဲ မရွိ ေသးေပမယ့္ သေရ ၂ ပြဲ က်ခဲ့တာ ေၾကာင့္ အမွတ္ေတြ ေလ်ာ့ ခဲ့ၿပီး ယူကရိန္း ရဲ႕ ေနာက္ ဒုတိယ ေနရာမွာ ရပ္တည္ ေနခဲ့ ပါတယ္ ( ယူကရိန္း ကေတာ့ ၅ ပြဲ ကစားအၿပီး မွာ ၄ ပြဲႏုိင္ ၊ ၁ ပြဲ သေရ က်ၿပီး ၁၃ မွတ္ နဲ႔ ဦးေဆာင္ ေနကာ ေပၚတူဂီ က ၂ ပြဲ ေလ်ာ့ ၊ ၅ မွတ္ နဲ႔ ရွိေနခဲ့ ပါတယ္ ) ။

လာမယ့္ ဗုဒၶဟူးေန႔ မွာေတာ့ ေပၚတူဂီ ဟာ လစ္သူေရးနီးယား နဲ႔ အေ၀းကြင္း ပြဲစဥ္ ကို ဆက္လက္ ယွဥ္ၿပဳိင္ ကစား ရမွာ ျဖစ္ၿပီး ႏုိင္ပြဲ မရရွိ ေသးတဲ့ လစ္သူေရးနီးယား ကို အႏုိင္ ကစားႏုိင္ မယ္ လို႔ သံုးသပ္သူေတြ က ထင္ေၾကးေပး ထားခဲ့ၾက ပါတယ္ ။

SPORTS MYANMAR

Unicode

အသက် ၃၄ နှစ် ဖြစ်နေပေမယ့် ယူဗင်တပ် ရဲ့ အမြန်ဆုံး ကစားသမား ဖြစ်နေတဲ့ ခရစ္စတီယာနို ရိုနယ်ဒို

===============================================

ပေါ်တူဂီ တိုက်စစ်မှုး ကြီး ခရစ္စတီယာနို ရိုနယ်ဒို ဟာ ဘောလုံး သမား တစ်ယောက် ရဲ့ အကောင်းဆုံး စွမ်းဆောင် ရည်တွေ ကုန်ဆုံး တဲ့ အချိန် လို့ သတ်မှတ် လို့ ရနိုင်တဲ့ ၃၃ နှစ် နောက်ပိုင်း ကို ၀င်ရောက် နေပြီ ဖြစ်ပါတယ် ။ ၂၀၁၅-၁၆ ခုနှစ်တွေ တုန်းကလို ပြင်းထန် တဲ့ ကန်ချက်တွေ ၊ လျှင်မြန် တဲ့ ပြေးနှုန်းတွေ ၊ တိကျ တဲ့ ဖရီးကစ် တွေ ကို မမြင်တွေ့ ရတော့ ပေမယ့် ရိုနယ်ဒို ရဲ့ ဂိုးသွင်း စွမ်းရည် ကတော့ ထိပ်တန်း အဆင့် မှာ ရှိ နေဆဲ ဖြစ်ပါတယ် ။

အခု နောက်ဆုံး ထွက်ပေါ် လာခဲ့တဲ့ သတင်း အရ ရိုနယ်ဒို ဟာ လက်ရှိ ကစား နေတဲ့ ကလပ် ( ယူဗင်တပ် ) မှာ အမြန်ဆုံး ကစား သမား အဖြစ် ရပ်တည် နေခဲ့တယ် လို့ သိရ ပါတယ် ။ ယူဗင်တပ် မှာ လျှင်မြန်တဲ့ ဒေါက် ကလပ် ကော်စတာ ၊ အဲလစ် ဆန်ဒရို ၊ ပေါ်လို ဒိုင်ဘားလား တို့လို ကစား သမားမျိုးတွေ ရှိပေမယ့် La Gazzetta dello Sport သတင်းစာ ကတော့ ပေါ်တူဂီ ုတိက်စစ်မှုးကြီး ကို မကျော်နိုင် ခဲ့ဘူး လို့ ဖော်ပြ ခဲ့ ပါတယ် ။

စီးရီးအေ ရာသီသစ် စတင် ခဲ့တာ ၂ ပွဲ ရှိ ခဲ့ပါပြီ ။ ဒီ ၂ ပွဲ အတွင်းမှာ ရိုနယ်ဒို ဟာ ၉၂ မီတာ ကို ၁၂ စက္ကန့် အတွင်း ပြေးပြ ခဲ့မှု ဟာ 34 Km/h မြန်နှုန်း ရှိ ခဲ့ပြီး ကျန်တဲ့ ကစား သမား တွေ ထက် ပိုမြန် ခဲ့တယ် လို့ အချက် အလက် တွေ အရ တွေ့ ရှိခဲ့ရ ပါတယ် ။

အခြား ယူဗင်တပ် ကစား သမားတွေ ဖြစ်တဲ့ ဆန်ဒရို ( 28 km/h ) ၊ ဒါနီလို ( ၂၈ ) ၊ ဒေါက်ကလပ် ကော်စတာ ( ၂၈ ) တို့ ဟာ ရိုနယ်ဒို ရဲ့ ပြေးနှုန်း အောက် မှာ ရှိနေ ခဲ့ကြတယ် လို့ Gazzetta သတင်းစာက ဖော်ပြ သွားခဲ့ ပါတယ် ။ မီတာ ၁၀၀ အတွင်း မှာ အမြန်ဆုံး ပြေးနိုင် ခဲ့သူ ကတော့ ကမ္ဘာကျော် တာတို အပြေးချန်ပီယံ ဟောင်း အူစိန်ဘော့ ဖြစ်ပြီး ၂၀၀၉ ခုနှစ် တုန်းက 37 km/h နှုန်းနဲ့ ပြေးလွှားခဲ့ တာပဲ ဖြစ်ပါတယ် ။

ရိုနယ်ဒို ဟာ စီးရီးအေ ပွဲစဉ် ( ၁ ) မှာ ဂိုးသွင်း နိုင်ခဲ့ ပေမယ့် VAR က လူကျွံ တယ်လို့ သတ်မှတ် ခဲ့တာ ကြောင့် ဂိုးမရခဲ့ ပါဘူး ။ ပွဲစဉ် ( ၂ ) မှာတော့ နာပိုလီ ဘက်ကို ဂိုးသွင်းယူ ပြီး နိုင်ပွဲ ရရှိ အောင် ကူညီ နိုင်ခဲ့ ပါတယ် ။ ဒါ့အပြင် ယမန်နေ့ ညက ကစားခဲ့ တဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲ မှာ လည်း ပေါ်တူဂီ လက်ရွေးစင် အသင်း ခေါင်းဆောင် အဖြစ် ပါ၀င် ခဲ့ပြီး ဆားဘီးယား ဘက်ကို တတိယ မြောက် ဂိုး သွင်းယူ နိုင်ခဲ့ ပါတယ် ။

ပေါ်တူဂီ ဟာ ဘာနာဒို ဆေးဗား ၊ ရိုနယ်ဒို တို့ ကို ပွဲထုတ် လာခဲ့ပြီး လူငယ် ကြယ်ပွင့် ဂျာအို ဖိလစ် ကို တော့ အရန် ခုံ မှာ ထိုင်စေခဲ့ ပါတယ် ။ ပေါ်တူဂီ ဟာ ၀ီလ်ယံ ကာဗယ်ဟို၊ ဂွန်ကာလို ဂွီဒက်စ် တို့ရဲ့ ဂိုးတွေ နဲ့ အိမ်ရှင် ကို ဦးဆောင် နေခဲ့ ပေမယ့် မီလန် ကိုဗစ် က တစ်ဂိုး ပြန်လည် ချေပ ခဲ့ ပါတယ် ။

မိနစ် ၈၀ မှာတော့ ရိုနယ်ဒို က ၃ – ၁ နဲ့ ဦးဆောင် စေနိုင်မယ့် ဂိုးကိုု ပေါ်တူဂီ အတွက် သွင်းယူပေး ခဲ့ ပါတယ် ။ ၈၅ မိနစ် မှာ မီထရိုဗစ် က အိမ်ရှင် အတွက် ဒုတိယ မြောက် ချေပဂိုးကို ပြန်သွင်းခဲ့ ပေမယ့် ၁ မိနစ် အကြာမှာပဲ ဘာနာဒို ဆေးလ်ဗား က စတုတ္ထ မြောက်ဂိုး ကို သွင်းယူပြီး အိမ်ရှင် တို့ရဲ့ သရေ မျှော်လင့်ချက်ကို အဆုံးသတ် ပေးခဲ့ ပါတယ် ။

ဒီနိုင်ပွဲ ဟာ ပေါ်တူဂီ ရဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲ တစ်လျောက် ပထမဆုံး နိုင်ပွဲ ဖြစ်ခဲ့ ပါတယ် ။ ပေါ်တူဂီ ဟာ ၃ ပွဲ ကစားပြီး သည် အထိ ရှုံးပွဲ မရှိ သေးပေမယ့် သရေ ၂ ပွဲ ကျခဲ့တာ ကြောင့် အမှတ်တွေ လျော့ ခဲ့ပြီး ယူကရိန်း ရဲ့ နောက် ဒုတိယ နေရာမှာ ရပ်တည် နေခဲ့ ပါတယ် ( ယူကရိန်း ကတော့ ၅ ပွဲ ကစားအပြီး မှာ ၄ ပွဲနိုင် ၊ ၁ ပွဲ သရေ ကျပြီး ၁၃ မှတ် နဲ့ ဦးဆောင် နေကာ ပေါ်တူဂီ က ၂ ပွဲ လျော့ ၊ ၅ မှတ် နဲ့ ရှိနေခဲ့ ပါတယ် ) ။

လာမယ့် ဗုဒ္ဓဟူးနေ့ မှာတော့ ပေါ်တူဂီ ဟာ လစ်သူရေးနီးယား နဲ့ အဝေးကွင်း ပွဲစဉ် ကို ဆက်လက် ယှဉ်ပြိုင် ကစား ရမှာ ဖြစ်ပြီး နိုင်ပွဲ မရရှိ သေးတဲ့ လစ်သူရေးနီးယား ကို အနိုင် ကစားနိုင် မယ် လို့ သုံးသပ်သူတွေ က ထင်ကြေးပေး ထားခဲ့ကြ ပါတယ် ။

SPORTS MYANMAR