ဝင်ဘာလေမှာ ကစားခဲ့တဲ့ ပွဲစဉ်မှ နှစ်ဘက်ကစားသမား တွေရဲ့ စွမ်းဆောင်ရည်ကို ယခုလိုပဲ ဖော်ပြ ပေးလိုက်ပါတယ်။
ပစ်ဖို့ဒ် – ၇
ထရစ်ပီးယား – ၇
မိုက်ကယ်ကိန်း – ၇
မက်ဂွိုင်းယား – ၇
ရို့စ် – ၇
ဟန်ဒါဆန် – ၇
ရိုက်စ် – ၈
ဘာကလေ – ၇
စတာလင်း – ၈
ကိန်း – ၈ (MOTM)
ရပ်ဖို့ဒ် – ၈
ကောင်းမွန်တဲ့ ပြေးလွှားမှု ၂ ကြိမ်နဲ့ ပင်နယ်တီ ဧ၇ိယာထဲကို ၀င်ရောက် နိုင်ခဲ့ပြီး တစ်ကြိမ်က ပင်နယ်တီ ဖြစ်စေ ခဲ့ကာ နောက်တစ်ကြိမ်ကလည်း စတားလင်း ရဲ့ ဂိုးအတွက် အကူအညီ ဖြစ်ခဲ့ပါတယ်။
England’s striker Marcus Rashford (R) runs with the ball during the UEFA Euro 2020 qualifying first round Group A football match between England and Bulgaria at Wembley Stadium in London on September 7, 2019. (Photo by Ben STANSALL / AFP) / NOT FOR MARKETING OR ADVERTISING USE / RESTRICTED TO EDITORIAL USE
လူစားဝင်
ဘူဂေးရီးယား
အီလစ် ၄ ၊ ပိုပေါ့ ၄ ၊ ဘိုဒူရော့ ၅ (ဒီမီထရော့ ၆၄’ ၊ ၆) ၊ ဆာမော့ ၅ ၊ ဘော့ဇ်ဟီကော့ ၄ ၊ နက်ယယ်ကော့ ၅ ၊ ၀ါဒါဆန် ၅.၅ ၊ အိုင်ဗီလင် ပိုပေါ့ ၅.၅ ၊ မာလင်နော့ ၆ ၊ အိုင်ဗန်နော့ ၆ (မာလာဒီနော့ ၈၂’ ၊ ၅) မာဆယ်လင်ဟို ၆ (ဒက်ပိုဒေါ့ ၆၆’ ၊ ၅)
SM
Unicode
ဟယ်ရီကိန်းရဲ့ ဟက်ထရစ်နဲ့ အတူ သက်တောင့်သက်သာ နိုင်ခဲ့တဲ့ အင်္ဂလန် ၄ – ၀ ဘူဂေးရီးယား ပွဲစဉ်မှ နှစ်ဘက်ကစားသမားတွေရဲ့ စွမ်းဆောင်ရည်များ (Player ratings)
အင်္ဂလန်အသင်းဟာ မနေ့ညက ဘူဂေးရီးယား အသင်းကို ၄ ဂိုးပြတ်နဲ့ သက်တောင့်သက်သာ အနိုင်ယူကာ ယူရို ၂၀၂၀ ခြေစစ်ပွဲမှာ ရာနှုန်းပြည့် နိုင်ပွဲ မှတ်တမ်းကို ဆက်လက် ထိန်းသိမ်း ထားနို်င်ခဲ့ပါတယ်။ ဟယ်ရီကိန်းဟာ အင်္ဂလန် အတွက် ဟက်ထရစ် သွင်းယူ ခဲ့ပြီး ရာဟင်စတားလင်း ကလည်း ဂိုးရယူ နိုင်ခဲ့ပါတယ်။
အင်္ဂလန်ဟာ ပွဲချိန် ၂၄ မိနစ်မှာ စတားလင်းရဲ့ ဖန်တီးမှုကို ဟယ်ရီကိန်း သွင်းယူ ခဲ့တဲ့ ဂိုးနဲ့ ဦးဆောင် နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်း အစမှာတော့ ရပ်ဖို့ဒ်ကြောင့် ရခဲ့တဲ့ ပင်နယ်တီကို ကိန်းက အဆုံးသတ်ကာ ဒုတိယမြောက် သွင်းဂိုး ရယူခဲ့ပါတယ်။ ထို့နောက် စပါးတိုက်စစ်မှုးဟာ စတားလင်း အတွက် ဂိုးဖန်တီးမှု လုပ်ပေးခဲ့ပြီး သူရဲ့ ဟက်ထရစ် ဖြစ်စေမယ့် ဂိုးကိုတော့ ရ၃ မိနစ်မှာ ပင်နယ်တီကနေပဲ သွင်းယူ ခဲ့တာ ဖြစ်ပါတယ်။
၀င်ဘာလေမှာ ကစားခဲ့တဲ့ ပွဲစဉ်မှ နှစ်ဘက်ကစားသမား တွေရဲ့ စွမ်းဆောင်ရည်ကို ယခုလိုပဲ ဖော်ပြ ပေးလို်က်ပါတယ်။
ပစ်ဖို့ဒ် – ရ
ကောင်းမွန်တဲ့ ကာကွယ်မှု ၂ ကြိမ် လုပ်ပေး နိုင်ခဲ့ပြီး ဒါတွေက လွဲပြီး မိနစ် ကိုးဆယ်လုံး သိပ်ပြီး အလုပ်မများ ခဲ့ပါဘူး။
ထရစ်ပီးယား – ရ
အက်သလက်တီကို မက်ဒရစ် ညာနောက်ခံလူ ဆီက ကောင်းမွန်တဲ့ အရည်အသွေး အားလုံးကို မြင်တွေ့ ခဲ့ရပြီး ထရစ်ပီးယားဟာ ခံစစ်ပိုင်း မာကျောသလို ၊ တိုက်စစ်ပိုင်းကိုလည်း လုပ်အား ကောင်းကောင်း နဲ့ လိုက်ပါခဲ့ပြီး ကောင်းမွန်တဲ့ ဖြတ်တင်ဘောတွေ လုပ်ပေး နိုင်ခဲ့ပါတယ်။
မိုက်ကယ်ကိန်း – ရ
နောက်ထပ် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပြသ နိုင်ခဲ့ပြီး ပြိုင်ဘက် အသင်းရဲ့ တန်ပြန် တိုက်စစ်တွေကို တည်တည်ငြိမ်ငြိမ်နဲ့ ဟန့်တားမှု လုပ်ပေးခဲ့ပါတယ်။ မက်ဂွိုင်းယား နဲ့ တွဲဖက် ကစားရမှာ တကယ့်ကို သက်တောင့်သက်သာ ဖြစ်နေပါတယ်။
မက်ဂွိုင်းယား – ရ
မျှော်လင့် ထားတဲ့ အတိုင်း နောက်တန်းမှာ ယုံကြည်စိတ်ချ ရတဲ့ ခံစစ် အရည်အသွေးကို ပြသခဲ့ ပါတယ်။ ဒါ့အပြင် ဘူဂေးရီးယား တိုက်စစ် ကစားသမား တွေကလည်း ဒီပွဲမှာ မက်ဂွိုင်းယားကို အသဲအသန် ဖြစ်စေ နိုင်လောက်အောင် လုပ်မပြ နိုင်ခဲ့ပါဘူး။
ရို့စ် – ရ
တိုက်စစ်ကို လိုက်ပါရာမှာ ကောင်းမွန်တာကို တွေ့ခဲ့ ရပြီး ရပ်ဖို့ဒ်နဲ့ တွဲဖက် တိုက်စစ်ဆင်မှု တွေဟာ တကယ့်ကို ရင်ခုန်စရာ ပါပဲ။ ဘူးဂေးရီးယား ညာနောက်ခံလူ ပိုပေါ့ အတွက် ကတော့ ခက်ခဲတဲ့ ညတစ်ည ဖြစ်ခဲ့ပါတယ်။
ဟန်ဒါဆန် – ရ
လီဗာပူးမှာလိုပဲ ဟန်ဒါဆန်ဟာ ညာဘက်ခြမ်း ကနေ တိုက်စစ်ကို ပိုမို လိုက်ပါ ကစား သွားခဲ့ပြီး ကောင်းမွန်တဲ့ ခြေစွမ်းကို ပြသ နိုင်ခဲ့ပါတယ်။ ယူအီးအက်ဖ်အေ တစ်နှစ်တာ အကောင်းဆုံး ကွင်းလယ်လူဆု အတွက် နောက်ဆုံး ဆန်ကာတင် အဆင့်မှာ ပါ၀င်ခဲ့တဲ့ ခြေစွမ်းကို ဒီရာသီမှာလည်း ဆက်ထိန်းထား နိုင်ပါတယ်။
ရိုက်စ် – ၈
ပွဲကစားခွင့် ပိုရလာလေလေ ကစားပုံ ပိုမို သက်တောင့်သက်သာ ဖြစ်လာလေလေ ပါပဲ။ အနာဂတ်မှာ ပိုမို ခက်ခဲတဲ့ စိန်ခေါ်မှုတွေ ကြုံတွေ လာအုံးမှာ ဖြစ်ပေမယ့် ဒီတစ်ကြိမ်ကိုတော့ ကောင်းစွာ ကျော်ဖြတ် နိုင်ခဲ့ပါတယ်။
ဘာကလေ – ရ
၃ ဦးတန် ကွင်းလယ်မှာ ရိုက်စ် ၊ ဟန်ဒါဆန် တို့နဲ့ တွဲဖက် ညီညီ ကစား သွားခဲ့ပြီး တိုက်စစ်ကို လိုက်ပါ ပံ့ပိုးမှု ကောင်းခဲ့ပါတယ်။ ဘာကလေ အတွက် ကတော့ ဒီရာသီ အစမှာ ပုံစံကောင်း ပြသ နေပါတယ်။
စတာလင်း – ၈
အင်္ဂလန် ရဲ့ အဖွင့်ဂိုး အတွက် အကောင်းဆုံး pressing လုပ်ကာ ပြိုင်ဘက် ဆီက ဘောလုံး ရယူ ခဲ့တဲ့ အပြင် ကောင်းမွန်တဲ့ ဖန်တီးမှုပါ လုပ်နိုင်ခဲ့ပါတယ်။ ပြိုင်ဘက် နောက်တန်း ကို တောက်လျှောက် ဒုက္ခပေး ကစား သွားခဲ့ပြီး ကိုယ်တိုင်လည်း တစ်ဂိုး သွင်းယူ နို်င်ခဲ့ပါတယ်။
ကိန်း – ၈ (MOTM)
ပနားမားနဲ့ ပွဲစဉ် ပြီးနောက် ဒါဟာ အင်္ဂလန် အတွက် ကိန်း ရဲ့ ဒုတိယမြောက် ဟက်ထရစ် ဖြစ်ပါတယ်။ အဖွင့်ဂိုး အတွက် လွယ်ကူစွာ အဆုံးသတ် ခဲ့တဲ့ အပြင် နောက်ထပ် ၂ ဂိုးကလည်း ပင်နယ်တီ ကပဲ ဖြစ်ပါတယ်။
ရပ်ဖို့ဒ် – ၈
ကောင်းမွန်တဲ့ ပြေးလွှားမှု ၂ ကြိမ်နဲ့ ပင်နယ်တီ ဧရိယာထဲကို ၀င်ရောက် နိုင်ခဲ့ပြီး တစ်ကြိမ်က ပင်နယ်တီ ဖြစ်စေ ခဲ့ကာ နောက်တစ်ကြိမ်ကလည်း စတားလင်း ရဲ့ ဂိုးအတွက် အကူအညီ ဖြစ်ခဲ့ပါတယ်။
လူစားဝင်
မေဆင်မောင့် ၆ ၊ ဆန်ချို ၆ ၊ အောက်စလိတ်ချိန်ဘာလိန် ၆
ဘူဂေးရီးယား
အီလစ် ၄ ၊ ပိုပေါ့ ၄ ၊ ဘိုဒူရော့ ၅ (ဒီမီထရော့ ၆၄’ ၊ ၆) ၊ ဆာမော့ ၅ ၊ ဘော့ဇ်ဟီကော့ ၄ ၊ နက်ယယ်ကော့ ၅ ၊ ၀ါဒါဆန် ၅.၅ ၊ အိုင်ဗီလင် ပိုပေါ့ ၅.၅ ၊ မာလင်နော့ ၆ ၊ အိုင်ဗန်နော့ ၆ (မာလာဒီနော့ ၈၂’ ၊ ၅) မာဆယ်လင်ဟို ၆ (ဒက်ပိုဒေ့ါ ၆၆’ ၊ ၅)
SM