#Sports_Myanmar
Unicode
ရပ်ရှ်ဖို့ အနေနဲ့ လက်ရွေးစင် အသင်းဖော် ဆီက လေ့လာ သင်ယူမှုတွေ ပြုလုပ်သင့်ကြောင်း ပြောကြားသွားတဲ့ #ရွိင်ကိန်း
==================
မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ဂန္ဓဝင် ကစားသမား ဟောင်း တစ်ဦး ဖြစ်တဲ့ ရွိုင်ကိန်း က အသင်း ဟောင်းရဲ့ တိုက်စစ်မှူး မားကပ်စ် ရပ်ရှ်ဖို့ အနေ နဲ့ လက်ရွေးစင် အသင်းဖော် ရာဟီးမ် စတားလင်း ဆီက လေ့လာ သင်ယူ မှုတွေ ပြုလုပ် သင့်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။
မန်စီးတီး အသင်း ရဲ့ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်တဲ့ စတာလင်း ဟာ ဒီ ရာသီ ပရီးမီးယား လိဂ် ပွဲစဉ် 4 ပွဲ ပြီးဆုံး ခဲ့တဲ့ အချိန် မှာ ကလပ် အသင်း အတွက် အထူး ခြေစွမ်း ကောင်းတွေ ကို ပြသ ရင်း 5 ဂိုး အထိ သွင်းယူ ပေးထား နိုင်ခဲ ပါတယ် ။
ဒါ့အပြင် မနေ့ ညက အင်္ဂလန် တို့ ဘူလ်ဂေးရီးယား အသင်း ကို 4 – 0 ဆိုတဲ့ ရလဒ် နဲ့ အနိုင် ယူနိုင် ခဲ့တဲ့ ပွဲစဉ် မှာ စတာလင်း ဟာ ခြေစွမ်း ကောင်းတွေ ဆက်လက် ပြသ ထားနိုင် ခဲ့ပြီး အသင်း အတွက် တစ်ဂိုး သွင်း ၊ တစ်ဂိုး ဖန်တီး ပေးသွား နိုင်ခဲ့ ပါ သေးတယ် ။
ဒါပေမယ့် အခြား တစ်ဖက် မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ တိုက်စစ်မှူးလေး ဖြစ်တဲ့ မားကပ်စ် ရပ်ရှ်ဖို့ က ချဲလ်ဆီး နဲ့ ကစား ခဲ့တဲ့ ရာသီ အဖွင့် ပွဲစဉ် မှာ အသင်း အတွက် ဂိုးတွေ သွင်းယူ ပေး ခဲ့တဲ့ နောက် ဂိုးတွေ ထပ်မံ ရယူ နိုင်ဖို့ အတွက် ဆက်တိုက် ရုန်းကန် ခဲ့ရ ပါတယ် ။
အခုတော့ ဘူလ်ဂေးရီးယား အသင်း ကို အင်္ဂလန် တို့ 4 – 0 နဲ့ အနိုင် ယူနိုင် ခဲ့တဲ့ နောက် ရဲ့ ရွိုင်ကိန်း က စတာလင်း ရဲ့ အထူး တိုးတက် လာမှု ၊ ရပ်ရှ်ဖို့ အနေ နဲ့ အသင်းဖော် ဆီက သင်ယူ ဖို့ လိုအပ်တဲ့ အကြောင်း တွေကို ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။
” ပွဲစဉ် မစတင် ကတည်းက ရပ်ရှ်ဖို့ ဟာ ပြီးခဲ့တဲ့ ရက် သတ္တပါတ် တွေ ထဲက ပွဲတွေ ရဲ့ အကျိုး သက်ရောက် မှု တွေကို ခံစား နေရ တဲ့ အကြောင်း ကျွန်တော် တို့ ပြောခဲ့ ကြပါ သေးတယ် ။ တစ်ခါ တလေ ကျတော့ ရပ်ရှ်ဖို့ ဟာ သူ့ရဲ့ အသင်းဖော် တွေ ဆီက လေ့လာ သင်ယူ ဖို့ လိုအပ် တဲ့ အကြောင်း လည်း ကျွန်တော် တို့ ပြောဖြစ် ကြ ပါတယ် ”
” ရပ်ရှ်ဖို့ အနေ နဲ့ အသင်းဖော် စတားလင်း ဆီက များစွာ သင်ယူ နိုင် ပါတယ် ။ အသင်း ရဲ့ လေ့ကျင့်ရေး ကွင်းမှ ဖြစ်ဖြစ် ၊ ဒါမှ မဟုတ် အနီးကပ် စောင့်ကြည့်ရင်း ဖြစ်ဖြစ် ပေါ့ ။ ဒါဟာ သူ့ အတွက် ကောင်းမွန် လှတဲ့ သင်ခန်းစာ တစ်ခု ပါပဲ ။ အဲ့တာ ကို ပွဲစဉ် အတွင်း ကျွန်တော် တို့ မြင်တွေ့ ခဲ့ကြ ရ ပါတယ် ” လုု့ိ ရွိုင်ကိန်း က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။
အင်္ဂလန် နဲ့ အာဆင်နယ် ညာ နောက်ခံလူ တစ်ဦး ဖြစ်တဲ့ လီ ဒိုက်ဆန် ကလည်း စတာလင်း ရဲ့ အထူး တိုးတက် လာမှု တွေ အကြောင်း ထုတ်ဖော် ချီးကျူး သွားခဲ့ လိုက် ပါတယ် ။ ဒိုက်ဆန် က စတာလင်း ဟာ ပြိုင်ဖက် တွေကို ဘယ်လို အန္တရာယ် တွေ ပေးရ မလဲ ဆိုတာ ကောင်းကောင်း သိကြောင်း ဆိုသွား ခဲ့လိုက် ပါတယ် ။
” နောက်ခံလူ တစ်ယောက် ရဲ့ အမြင် အနေ နဲ့ ပြော ရမယ် ဆိုရင် သူ့ကို ခန့်မှန်း နိုင်ဖို့ ဆိုတာ ခက်ခဲ လှတဲ့ အရာ တော့ မဟုတ် ပါဘူး ။ သူဟာ ဘောလုံး ကို ဆွဲ ယူရင်း ပြိုင်ဖက် အသင်း ရဲ့ ဂိုး ဧရိယာ အတွင်း ကို ဝင်ရောက် လိုတဲ့ ကစားသမား တစ်ဦး မုု့ိလို့ ပါပဲ ”
” သူဟာ လက်ရှိ အချိန် မှာ လမ်းကြောင်း နှစ်ခု ဆီကို သွားရောက် နိုင် ပါတယ် ။ သူဟာ အခွင့် အရေး တွေကို ဖန်တီး နိုင် သလို သေသပ် တဲ့ ဘောလုံး ပေးပို့ မှု တွေကို လည်း ပြုလုပ် ပေးနိုင် ပါတယ် ။ ဒါ့အပြင် ပြိုင်ဖက် ခံစစ် ကစားသမား တွေကို ဒုက္ခ ပေးရင်း ဂိုးတွေ ကိုလည်း သွင်းယူ နိုင် ပါတယ် ”
” သူဟာ တောင်ပံ ခံစစ် ကစားသမား တွေ အတွက် တော့ အိပ်မက် ဆိုး တွေကို ပေး နိုင်တဲ့ သူ တစ်ဦး ပါပဲ ။ ဘာဖြစ်လို့လဲ ဆိုရင် သူဟာ ဘာတွေ လုပ် မလဲ ဆိုတာ ကို ခင်ဗျား တို့ မသိ နိုင်လို့ ပါပဲ ။ သူ ဘာလုပ် မလဲ ဆိုတာ ခန့်မှန်းရ ခက်တဲ့ အတွက် သူ့ကို လူကပ် ကစား ဖို့ ဆိုတာ ခက်ခဲ လှ ပါတယ် ” လို့ ဒိုက်ဆန် က သုံးသပ် သွားခဲ့ ပါတယ် ။
#Sports_Myanmar