မန္ခ်က္ စတာ ယူႏုိက္တက္ တိုက္စစ္မႈး မားကပ္ ရက္ဖိုဒ့္ နဲ႔ ခံစစ္မႈး ဟယ္ရီ မက္ဂြဲယား တို႔ ဟာ ယမန္ေန႔ ညက ကစားခဲ့ တဲ့ အဂၤလန္ – ဘူေဂးရီးယား ယူရို ၂၀၂၀ ေျခစစ္ပြဲ မွာ ပါ၀င္ ကစားခဲ့ ၾကပါတယ္ ။ ရက္ဖိုဒ့္ ဟာ ဂုိး မသြင္းႏိုင္ ခဲ့ ေပမယ့္ ပင္နယ္တီ တစ္လံုး ရရွိ ေအာင္ စြမ္းေဆာင္ ေပးႏုိင္ ခဲ့ၿပီး ေရွ႕တန္းမွာ ကိန္း ၊ စတာလင္ တုိ႔ နဲ႔ အတြဲ ညီခဲ့ ၾကပါတယ္ ။

အဆိုပါ ပြဲ ကို ၾကည့္ရွဳ ခဲ့ၾကတဲ့ ယူႏုိက္တက္ ပရိသတ္ေတြ ကေတာ့ မားကပ္ ရက္ဖုိဒ့္ ဟာ အဂၤလန္ အသင္း မွာ ပုိမုိ ယံုၾကည္မႈ ရရွိ ေနေၾကာင္း ေရးသား ခဲ့ၾကၿပိး ယူႏုိက္တက္ မွာ လည္း ဒီလို ယံုၾကည္မႈမ်ဳိး နဲ႔ ဆက္လက္ ကစားဖို႔ တုိက္တြန္း အႀကံျပဳ ခဲ့ၾက ပါတယ္ ။

အဂၤလန္ နည္းျပ ေဆာက္ဂိတ္ ကေတာ့ သူ ဟာ ကြင္းလယ္လူ ဂ်က္ဆီ လင္ဂတ္ ကို ဒဏ္ရာ ေၾကာင့္ အိမ္ျပန္ ပုိ႔ခဲ့ တာ ျဖစ္ေၾကာင္း ကိုလည္း အတည္ျပဳ ေျပာဆို သြားခဲ့ သလို ေနာက္ထပ္ ရက္ အနည္းငယ္ေလာက္ ေလ့က်င့္ခန္း ဆင္းႏုိင္ေခ် လည္း မရွိ ဘူးလို႔ ေျပာဆို သြားခဲ့ ပါတယ္ ။

ယူႏုိက္တက္ ေတာင္ပံ ကစား သမားေလး ဒန္နီရယ္ ဂ်ိမ္းစ္ ကေတာ့ ေ၀းလ္ အသင္း ရဲ႕ အဇာဘုိင္ဂ်န္ အသင္း ကို ၂ – ၁ ျဖင့္ အႏို္င္ ရရွိ ခဲ့တဲ့ ပြဲမွာ မိနစ္ ၉၀ ျပည့္ ပါ၀င္ ကစားေပး ခဲ့ၿပီး ကြင္းလယ္လူ ေတာ္မီေနး ကလည္းး ရုရွ ကို ၂ – ၁ ျဖင့္ အေရးနိမ့္ ခဲ့တဲ့ ပြဲ မွာ စေကာ့တလန္ အသင္း နဲ႔ အတူ ပြဲထြက္ ပါ၀င္ ကစားသြား ခဲ့ ပါတယ္ ။

မန္ခ်က္ စတာ ယူႏုိက္တက္ အမ်ဳိး သမီး အသင္း ကေတာ့ အဂၤလန္ အမ်ဳိးသမီး အဆင့္ျမင့္တန္း ရဲ႕ အဖြင့္ ပြဲစဥ္ အျဖစ္ ၿမဳိ႕ခံ ၿပဳိင္ဘက္ မန္ခ်က္စတာ စီးတီး အမ်ဳိးသမီး အသင္း နဲ႔ ယွဥ္ၿပဳိင္ ကစားခဲ့ ၿပီး တစ္လံုး တည္းေသာ ဂုိး နဲ႔ ကပ္ၿပီး အေရးနိမ့္ ခဲ့ ပါတယ္ ။

ယူႏုိက္တက္ နည္းျပ ဆုိးရွား ဟာ ၿပီးခဲ့တဲ့ ေႏြရာသီ တုန္းက ေခၚယူမႈ ၄ ခု ျပဳလုပ္ ေပးဖို႔ အမႈေဆာင္ ၀ုဒ္ ၀က္ ထံ ေတာင္းဆို ခဲ့ ေပမယ့္ ဘစ္ဆာကာ ၊ ဂ်ိမ္းစ္ နဲ႔ မက္ဂြဲယား တို႔ ၃ ဦး သာ ရရွိ ခဲ့ ပါတယ္ ။ ဆုိးရွား ဟာ နယူး ကာဆယ္ ကြင္းလယ္လူ ေလာင္းစတဒ္ ကို ဇန္န၀ါရီ မွာ ထပ္မံ ကမ္းလွမ္း လိမ့္မယ္ လို႔ လည္း ၾကားသိရ ပါတယ္ ။

ယူႏုိက္တက္ ဟာ လစ္လပ္ ေနတဲ့ အားကစား ဒါရုိက္တာ ရာထူး အတြက္ အုိင္ယက္စ္ အသင္းရဲ႕ CEO အျဖစ္ လုပ္ကိုင္ ေနတဲ့ ဂုိး သမား ေဟာင္းႀကီး ဗန္ဒါးဆား ကို အထူး စိတ္၀င္ စား ေနတယ္ လို႔ လည္း သတင္းထြက္ ေပၚလာခဲ့ ျပန္ပါတယ္ ။

ယူႏုိက္တက္ ေနာက္ခံလူသစ္ အာရြန္ ၀မ္ ဘစ္ဆာကာ ဟာ FIA Game အတြင္း လြန္ ခဲ့တဲ့ ၂ ႏွစ္ တုန္းက ကြင္းလယ္ ေတာင္ပံ ကစား သမား အျဖစ္ ပါ၀င္ ခဲ့ၿပီး ၂ ႏွစ္ အတြင္း Rating 25 ခုနီးပါး တိုးတက္ လာခဲ့ တယ္ လို႔ သိရ ပါတယ္ ။

အီတလီ စီးရီးေအ ခ်န္ပီယံ ယူဗင္တပ္ ဟာ ယူႏုိက္တက္ ဂုိး သမား ေဒးဗစ္ ဒီဂီယာ ရဲ႕ စာခ်ဳပ္ ကိစၥ ကို ေစာင့္ ၾကည့္ နားစြင့္ ေနတယ္ လို႔ သိရ ပါတယ္ ။ ဒီဂီယာ ဟာ ယူႏုိက္တက္ နဲ႔ စာခ်ဳပ္ သက္တမ္း နည္းပါး ေနၿပီး စာခ်ဳပ္သစ္ ကိစၥ အတြက္ အခ်ိန္ဆဲြ ထားဆဲ ျဖစ္ပါတယ္ ။

အီတလီ ကလပ္ ပါးမား ကို ေျပာင္းေရႊ႕ သြားခဲ့တဲ့ ယူူႏုိက္တက္ ေနာက္ခံလူ ဒါမီယန္ ဟာ ယူႏုိက္တက္ မွာ ၀တ္ဆင္ ခဲ့တဲ့ ေက်ာနံပါတ္ ၃၆ ကို ပါးမားမွာ ဆက္လက္ ၀တ္ဆင္ ခဲ့တယ္ လို႔ သိရ ပါတယ္ ။ ဒါမီယန္ ဟာ ယူႏုိက္တက္ မွာ ရွိ ခဲ့တဲ့ အခ်ိန္အတြင္း ဦးစားေပး ကစား သမား မျဖစ္ခဲ့ ေပမယ့္ အဂၤလန္ ေျမက အေတြ႕ အႀကဳံေတြကို ေက်နပ္ ေပ်ာ္ရႊင္ မိခဲ့တယ္ လို႔ ဆုိသြားခဲ့ ပါတယ္ ။

SPORTS MYANMAR

Unicode

မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ

============================================

မန်ချက် စတာ ယူနိုက်တက် တိုက်စစ်မှုး မားကပ် ရက်ဖိုဒ့် နဲ့ ခံစစ်မှုး ဟယ်ရီ မက်ဂွဲယား တို့ ဟာ ယမန်နေ့ ညက ကစားခဲ့ တဲ့ အင်္ဂလန် – ဘူဂေးရီးယား ယူရို ၂၀၂၀ ခြေစစ်ပွဲ မှာ ပါ၀င် ကစားခဲ့ ကြပါတယ် ။ ရက်ဖိုဒ့် ဟာ ဂိုး မသွင်းနိုင် ခဲ့ ပေမယ့် ပင်နယ်တီ တစ်လုံး ရရှိ အောင် စွမ်းဆောင် ပေးနိုင် ခဲ့ပြီး ရှေ့တန်းမှာ ကိန်း ၊ စတာလင် တို့ နဲ့ အတွဲ ညီခဲ့ ကြပါတယ် ။

အဆိုပါ ပွဲ ကို ကြည့်ရှု ခဲ့ကြတဲ့ ယူနိုက်တက် ပရိသတ်တွေ ကတော့ မားကပ် ရက်ဖိုဒ့် ဟာ အင်္ဂလန် အသင်း မှာ ပိုမို ယုံကြည်မှု ရရှိ နေကြောင်း ရေးသား ခဲ့ကြပြိး ယူနိုက်တက် မှာ လည်း ဒီလို ယုံကြည်မှုမျိုး နဲ့ ဆက်လက် ကစားဖို့ တိုက်တွန်း အကြံပြု ခဲ့ကြ ပါတယ် ။

အင်္ဂလန် နည်းပြ ဆောက်ဂိတ် ကတော့ သူ ဟာ ကွင်းလယ်လူ ဂျက်ဆီ လင်ဂတ် ကို ဒဏ်ရာ ကြောင့် အိမ်ပြန် ပို့ခဲ့ တာ ဖြစ်ကြောင်း ကိုလည်း အတည်ပြု ပြောဆို သွားခဲ့ သလို နောက်ထပ် ရက် အနည်းငယ်လောက် လေ့ကျင့်ခန်း ဆင်းနိုင်ချေ လည်း မရှိ ဘူးလို့ ပြောဆို သွားခဲ့ ပါတယ် ။

ယူနိုက်တက် တောင်ပံ ကစား သမားလေး ဒန်နီရယ် ဂျိမ်းစ် ကတော့ ဝေးလ် အသင်း ရဲ့ အဇာဘိုင်ဂျန် အသင်း ကို ၂ – ၁ ဖြင့် အနို်င် ရရှိ ခဲ့တဲ့ ပွဲမှာ မိနစ် ၉၀ ပြည့် ပါ၀င် ကစားပေး ခဲ့ပြီး ကွင်းလယ်လူ တော်မီနေး ကလည်းး ရုရှ ကို ၂ – ၁ ဖြင့် အရေးနိမ့် ခဲ့တဲ့ ပွဲ မှာ စကော့တလန် အသင်း နဲ့ အတူ ပွဲထွက် ပါ၀င် ကစားသွား ခဲ့ ပါတယ် ။

မန်ချက် စတာ ယူနိုက်တက် အမျိုး သမီး အသင်း ကတော့ အင်္ဂလန် အမျိုးသမီး အဆင့်မြင့်တန်း ရဲ့ အဖွင့် ပွဲစဉ် အဖြစ် မြို့ခံ ပြိုင်ဘက် မန်ချက်စတာ စီးတီး အမျိုးသမီး အသင်း နဲ့ ယှဉ်ပြိုင် ကစားခဲ့ ပြီး တစ်လုံး တည်းသော ဂိုး နဲ့ ကပ်ပြီး အရေးနိမ့် ခဲ့ ပါတယ် ။

ယူနိုက်တက် နည်းပြ ဆိုးရှား ဟာ ပြီးခဲ့တဲ့ နွေရာသီ တုန်းက ခေါ်ယူမှု ၄ ခု ပြုလုပ် ပေးဖို့ အမှုဆောင် ၀ုဒ် ၀က် ထံ တောင်းဆို ခဲ့ ပေမယ့် ဘစ်ဆာကာ ၊ ဂျိမ်းစ် နဲ့ မက်ဂွဲယား တို့ ၃ ဦး သာ ရရှိ ခဲ့ ပါတယ် ။ ဆိုးရှား ဟာ နယူး ကာဆယ် ကွင်းလယ်လူ လောင်းစတဒ် ကို ဇန်နဝါရီ မှာ ထပ်မံ ကမ်းလှမ်း လိမ့်မယ် လို့ လည်း ကြားသိရ ပါတယ် ။

ယူနိုက်တက် ဟာ လစ်လပ် နေတဲ့ အားကစား ဒါရိုက်တာ ရာထူး အတွက် အိုင်ယက်စ် အသင်းရဲ့ CEO အဖြစ် လုပ်ကိုင် နေတဲ့ ဂိုး သမား ဟောင်းကြီး ဗန်ဒါးဆား ကို အထူး စိတ်ဝင် စား နေတယ် လို့ လည်း သတင်းထွက် ပေါ်လာခဲ့ ပြန်ပါတယ် ။

ယူနိုက်တက် နောက်ခံလူသစ် အာရွန် ၀မ် ဘစ်ဆာကာ ဟာ FIA Game အတွင်း လွန် ခဲ့တဲ့ ၂ နှစ် တုန်းက ကွင်းလယ် တောင်ပံ ကစား သမား အဖြစ် ပါ၀င် ခဲ့ပြီး ၂ နှစ် အတွင်း Rating 25 ခုနီးပါး တိုးတက် လာခဲ့ တယ် လို့ သိရ ပါတယ် ။

အီတလီ စီးရီးအေ ချန်ပီယံ ယူဗင်တပ် ဟာ ယူနိုက်တက် ဂိုး သမား ဒေးဗစ် ဒီဂီယာ ရဲ့ စာချုပ် ကိစ္စ ကို စောင့် ကြည့် နားစွင့် နေတယ် လို့ သိရ ပါတယ် ။ ဒီဂီယာ ဟာ ယူနိုက်တက် နဲ့ စာချုပ် သက်တမ်း နည်းပါး နေပြီး စာချုပ်သစ် ကိစ္စ အတွက် အချိန်ဆွဲ ထားဆဲ ဖြစ်ပါတယ် ။

အီတလီ ကလပ် ပါးမား ကို ပြောင်းရွှေ့ သွားခဲ့တဲ့ ယူူနိုက်တက် နောက်ခံလူ ဒါမီယန် ဟာ ယူနိုက်တက် မှာ ၀တ်ဆင် ခဲ့တဲ့ ကျောနံပါတ် ၃၆ ကို ပါးမားမှာ ဆက်လက် ၀တ်ဆင် ခဲ့တယ် လို့ သိရ ပါတယ် ။ ဒါမီယန် ဟာ ယူနိုက်တက် မှာ ရှိ ခဲ့တဲ့ အချိန်အတွင်း ဦးစားပေး ကစား သမား မဖြစ်ခဲ့ ပေမယ့် အင်္ဂလန် မြေက အတွေ့ အကြုံတွေကို ကျေနပ် ပျော်ရွှင် မိခဲ့တယ် လို့ ဆိုသွားခဲ့ ပါတယ် ။

SPORTS MYANMAR