ျပီးခဲ့တဲ့ ေႏြ အေျပာင္း အေရႊ့ တုန္းက မန္ခ်က္စတာ ယူနုိက္တက္ အသင္း ဆီ ေရာက္ရွိ လာ ခဲ့တဲ့ လက္စတာ ခံစစ္မွဴး ဟယ္ရီ မက္ဂြားယား ဟာ ေျခစြမ္း ေကာင္းေတြ ျပသ ထားနုိင္ ခဲ့ ေပမယ့္ ယူနုိက္တက္ ဂႏၶဝင္ ရိြဳင္ကိန္း က အဂၤလန္ လက္ေရြးစင္ ရဲ့ ခံစစ္ ကစားပံု အေပၚ စိုးရိမ္ မိေၾကာင္း ထုတ္ေဖာ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

ယူနုိက္တက္ နဲ့ အဂၤလန္ လက္ေရြးစင္ ေနာက္ခံလူ ဟာ ခံစစ္ ကစား ရာမွာ ယံုၾကည္ စိတ္ခ် လို့ ရတဲ့ ေျခစြမ္း ေကာင္းမ်ိဳး ပိုင္ဆုိင္ ထားခဲ့ ေပမယ့္ သူ့ရဲ့ ေရြ့လ်ား မွဳဟာ လ်င္ျမန္ သြက္လက္ မွဳ မရွိတာ ေၾကာင့္ ရြိဳင္ကိန္း က လုိအပ္ ပါက အဂၤလန္ လက္ေရြးစင္ ဟာ လ်င္ျမန္ တဲ့ ျပိဳင္ဖက္ ကို ဟန့္တား နုိင္မွာ မဟုတ္တဲ့ အေပၚ စိုးရိမ္ ေနတာ ပဲ ျဖစ္ပါတယ္ ။

” သူ ( မက္ဂြားယား ) ဟာ အလုပ္ လုပ္တာ OK ခဲ့တယ္ လို့ က်ြန္ေတာ္ ထင္ ပါတယ္ ။ က်ြန္ေတာ္ တုိ့ ေတြက သူ ေဘာလံုး ကိုင္ ကစားတာ ေကာင္းတဲ့ အေၾကာင္း ကိုပဲ အမ်ားဆံုး ေျပာျဖစ္ ခဲ့ၾက ပါတယ္ ။ ဒါေပမယ့္ သူ ခံစစ္ ကစား တဲ့ ပံုစံ အေပၚ ေမးခြန္း ထုတ္ စရာ အခ်က္ တစ္ခု ၊ ႏွစ္ခု ေလာက္ ရွိေန ပါတယ္ ။ က်ြန္ေတာ္ သူ့ရဲ့ ျမန္ႏွဳန္း အေပၚ စုိးရိမ္ မိ ပါတယ္ ”

” ပဲေလ့စ္ နဲ့ ကစား ခဲ့တုန္း ေပးဂိုး အေၾကာင္း က်ြန္ေတာ္ မွတ္မိ ပါ ေသးတယ္ ။ သူဟာ အသင္းေဖာ္ ခံစစ္ ကစားသမား ကို ကာဗာ ေပးနုိင္ ဖုိ႔ အတြက္ အေကာင္းဆံုး လုပ္ေဆာင္ နုိင္ျခင္း မရွိခဲ့ ပါဘူး ။ သူဟာ အသက္ 26 နွစ္ပဲ ရွိေန ပါ ေသးတယ္ ။ အခုလို သူနဲ့ ပတ္သက္ ျပီး ေထာက္ျပ စရာ ရွိေန ေသးရင္ ခင္ဗ်ား ဟာ သူ့ရဲ့ ေျခစြမ္း အေပၚ စိုးရိမ္ ေနလို႔ ပါပဲ ” လို့ ရြိဳင္ကိန္း က ဆုိသြား ခဲ့လိုက္ ပါတယ္ ။

ရြိဳင္ကိန္း အခုလို ေျပာၾကား ခဲ့တဲ့ ေနာက္ အီယန္ ရိုက္ ကလည္း မက္ဂြားယား နဲ့ ပတ္သက္ လို႔ အဂၤလန္ လက္ေရြးစင္ ဟာ ေပါင္ သန္း 80 ဆုိတဲ့ ေျပာင္းေရႊ့ ေၾကးနဲ့ ထုိက္တန္ တဲ့ ကစား သမား တစ္ဦး ျဖစ္တယ္ လို့ ယံုၾကည္ ေၾကာင္း ထုတ္ေဖာ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

” သူ ( မက္ဂြားယား ) ဟာ တစ္ကယ့္ ကို ေျခစြမ္း ေကာင္းမြန္ လွတဲ့ ေဘာလံုး သမား တစ္ေယာက္ ပါ ။ သူဟာ အခု ေျခစြမ္း ေကာင္း သထက္ ေကာင္းလာ ပါတယ္ ။ အခုေတာ့ ယူနုိက္တက္ မွာ သူရဲ့ ေျခစြမ္း ေတြက အထြဋ္အထိပ္ ကို ေရာက္ရွိ ေနပါ ျပီ ”

” ယူနုိက္တက္ ဟာ သူ့ အတြက္ ေငြေတြ မ်ားစြာ သံုးစြဲ ခဲ့ ပါတယ္ ။ ဘာျဖစ္ လို့လဲ ဆုိေတာ့ သူဟာ အဲ့ဒီ ေလာက္ ေငြနဲ့ ထုိက္တန္ သူ ျဖစ္ေန လို့ ပါပဲ ။ ဒီ အတြက္ သူဟာ ဒီထက္ ပိုျပီး အစြမ္း ေတြ ျပသ ေနဖုိ့ မလိုအပ္ ပါဘူး ”

” သူ ဘယ္လို လဲ ဆုိတာ ခင္ဗ်ား တုိ့ ျမင္ေတြ့ နုိင္ၾက ပါတယ္ ။ သူဟာ က်ြန္ေတာ္ တုိ့ လိုပဲ သာမန္ လူသား တစ္ဦး ျဖစ္ျပီး လက္ရွိ ေရာက္ရွိ ေနတဲ့ ေနရာ နဲ့ ထုိက္တန္ လွတဲ့ အရည္ အေသြး ေကာင္း ေတြကို ျပသ နုိင္ဖုိ႔ အထူူး အလုပ္ ၾကိဳးစား ေနသူ တစ္ဦး ပါပဲ ”

” အခုေတာ့ က်ြန္ေတာ္ တုိ့က သူဟာ ယူနုိက္တက္ လို အသင္း မွာ ေျခစြမ္း ေကာင္းေတြ ျပသ ေနတာ ကို ျမင္ေတြ့ ေနၾက ရ ပါျပီ ။ အကယ္လို႔ သူဟာ ဒီ အသင္း မွာေတာင္ ဒီေလာက္ ေကာင္းမြန္ ေအာင္ ကစား ျပ နုိင္မွာ မဟုတ္ဘူး ဆုိရင္ အျခား အသင္း ေတြ မွာလည္း က်ြန္ေတာ္ တုိ့ ျမင္ေတြ့ ေနရ သေလာက္ အထူး ေျခစြမ္း ေကာင္း ျပသ နုိင္မွာ မဟုတ္ ပါဘူး ” လုိ့ အီယန္ ရိုက္ က ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

#Sports_Myanmar

Unicode

ခြေစွမ်းကောင်းတွေ ပြသပေမယ့် မက်ဂွားယားနဲ့ ပတ်သက်လို့ ဘာကို စိုးရိမ်မိသလဲ ဆိုတာ ဖွင့်ဟသွားတဲ့ ရွိုင်ကိန်း နဲ့ အင်္ဂလန် လက်ရွေးစင်ဟာ ပေါင်သန်း 80 နဲ့ ထိုက်တန်မှု ရှိသလားဆိုတာ ပြောကြားလိုက်တဲ့ အီယန်ရိုက်

================

ပြီးခဲ့တဲ့ နွေ အပြောင်း အရွှေ့ တုန်းက မန်ချက်စတာ ယူနိုက်တက် အသင်း ဆီ ရောက်ရှိ လာ ခဲ့တဲ့ လက်စတာ ခံစစ်မှူး ဟယ်ရီ မက်ဂွားယား ဟာ ခြေစွမ်း ကောင်းတွေ ပြသ ထားနိုင် ခဲ့ ပေမယ့် ယူနိုက်တက် ဂန္ဓဝင် ရွိုင်ကိန်း က အင်္ဂလန် လက်ရွေးစင် ရဲ့ ခံစစ် ကစားပုံ အပေါ် စိုးရိမ် မိကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ယူနိုက်တက် နဲ့ အင်္ဂလန် လက်ရွေးစင် နောက်ခံလူ ဟာ ခံစစ် ကစား ရာမှာ ယုံကြည် စိတ်ချ လို့ ရတဲ့ ခြေစွမ်း ကောင်းမျိုး ပိုင်ဆိုင် ထားခဲ့ ပေမယ့် သူ့ရဲ့ ရွေ့လျား မှုဟာ လျင်မြန် သွက်လက် မှု မရှိတာ ကြောင့် ရွိုင်ကိန်း က လိုအပ် ပါက အင်္ဂလန် လက်ရွေးစင် ဟာ လျင်မြန် တဲ့ ပြိုင်ဖက် ကို ဟန့်တား နိုင်မှာ မဟုတ်တဲ့ အပေါ် စိုးရိမ် နေတာ ပဲ ဖြစ်ပါတယ် ။

” သူ ( မက်ဂွားယား ) ဟာ အလုပ် လုပ်တာ OK ခဲ့တယ် လို့ ကျွန်တော် ထင် ပါတယ် ။ ကျွန်တော် တို့ တွေက သူ ဘောလုံး ကိုင် ကစားတာ ကောင်းတဲ့ အကြောင်း ကိုပဲ အများဆုံး ပြောဖြစ် ခဲ့ကြ ပါတယ် ။ ဒါပေမယ့် သူ ခံစစ် ကစား တဲ့ ပုံစံ အပေါ် မေးခွန်း ထုတ် စရာ အချက် တစ်ခု ၊ နှစ်ခု လောက် ရှိနေ ပါတယ် ။ ကျွန်တော် သူ့ရဲ့ မြန်နှုန်း အပေါ် စိုးရိမ် မိ ပါတယ် ”

” ပဲလေ့စ် နဲ့ ကစား ခဲ့တုန်း ပေးဂိုး အကြောင်း ကျွန်တော် မှတ်မိ ပါ သေးတယ် ။ သူဟာ အသင်းဖော် ခံစစ် ကစားသမား ကို ကာဗာ ပေးနိုင် ဖို့ အတွက် အကောင်းဆုံး လုပ်ဆောင် နိုင်ခြင်း မရှိခဲ့ ပါဘူး ။ သူဟာ အသက် 26 နှစ်ပဲ ရှိနေ ပါ သေးတယ် ။ အခုလို သူနဲ့ ပတ်သက် ပြီး ထောက်ပြ စရာ ရှိနေ သေးရင် ခင်ဗျား ဟာ သူ့ရဲ့ ခြေစွမ်း အပေါ် စိုးရိမ် နေလို့ ပါပဲ ” လို့ ရွိုင်ကိန်း က ဆိုသွား ခဲ့လိုက် ပါတယ် ။

ရွိုင်ကိန်း အခုလို ပြောကြား ခဲ့တဲ့ နောက် အီယန် ရိုက် ကလည်း မက်ဂွားယား နဲ့ ပတ်သက် လို့ အင်္ဂလန် လက်ရွေးစင် ဟာ ပေါင် သန်း 80 ဆိုတဲ့ ပြောင်းရွှေ့ ကြေးနဲ့ ထိုက်တန် တဲ့ ကစား သမား တစ်ဦး ဖြစ်တယ် လို့ ယုံကြည် ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” သူ ( မက်ဂွားယား ) ဟာ တစ်ကယ့် ကို ခြေစွမ်း ကောင်းမွန် လှတဲ့ ဘောလုံး သမား တစ်ယောက် ပါ ။ သူဟာ အခု ခြေစွမ်း ကောင်း သထက် ကောင်းလာ ပါတယ် ။ အခုတော့ ယူနိုက်တက် မှာ သူရဲ့ ခြေစွမ်း တွေက အထွဋ်အထိပ် ကို ရောက်ရှိ နေပါ ပြီ ”

” ယူနိုက်တက် ဟာ သူ့ အတွက် ငွေတွေ များစွာ သုံးစွဲ ခဲ့ ပါတယ် ။ ဘာဖြစ် လို့လဲ ဆိုတော့ သူဟာ အဲ့ဒီ လောက် ငွေနဲ့ ထိုက်တန် သူ ဖြစ်နေ လို့ ပါပဲ ။ ဒီ အတွက် သူဟာ ဒီထက် ပိုပြီး အစွမ်း တွေ ပြသ နေဖို့ မလိုအပ် ပါဘူး ”

” သူ ဘယ်လို လဲ ဆိုတာ ခင်ဗျား တို့ မြင်တွေ့ နိုင်ကြ ပါတယ် ။ သူဟာ ကျွန်တော် တို့ လိုပဲ သာမန် လူသား တစ်ဦး ဖြစ်ပြီး လက်ရှိ ရောက်ရှိ နေတဲ့ နေရာ နဲ့ ထိုက်တန် လှတဲ့ အရည် အသွေး ကောင်း တွေကို ပြသ နိုင်ဖို့ အထူူး အလုပ် ကြိုးစား နေသူ တစ်ဦး ပါပဲ ”

” အခုတော့ ကျွန်တော် တို့က သူဟာ ယူနိုက်တက် လို အသင်း မှာ ခြေစွမ်း ကောင်းတွေ ပြသ နေတာ ကို မြင်တွေ့ နေကြ ရ ပါပြီ ။ အကယ်လို့ သူဟာ ဒီ အသင်း မှာတောင် ဒီလောက် ကောင်းမွန် အောင် ကစား ပြ နိုင်မှာ မဟုတ်ဘူး ဆိုရင် အခြား အသင်း တွေ မှာလည်း ကျွန်တော် တို့ မြင်တွေ့ နေရ သလောက် အထူး ခြေစွမ်း ကောင်း ပြသ နိုင်မှာ မဟုတ် ပါဘူး ” လို့ အီယန် ရိုက် က ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar