ဥရောပထိပ်တန်းလိဂ်ပြိုင် ပွဲတွေအတွင်းပါဝင်တဲ့ လာလီဂါ ပြိုင်ပွဲကြီးရဲ့ ရာသီသစ် စတင်တာ ပွဲစဉ် ၃အထိ ပြီးစီးသွားခဲ့ပြီဖြစ်ပါတယ်။ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေ အများအပြားပါဝင်နေကြတဲ့ ပြိုင်ပွဲကြီးတခုဆိုတဲ့ အတိုင်းအများရဲ့ စောင့်ကြည့်ခြင်းခံခဲ့ရတဲ့ လာလီဂါ ဟာပရိသတ်တွေ ကို ရာသီအစမှာပဲ စွဲဆောင်နေပြီဖြစ်ပါတယ်။ပုံမှန်အားဖြင့် ချန်ပီယံဆု အတွက် ရီးရဲလ် နဲ့ ဘာစီလိုနာ နှစ်သင်းတည်းပြိုင်ဆိုင်နေရတတ်ပေမယ့် အေတီကို အသင်းရဲ့ နွေရာသီအတွင်း အံမခန်းပြင်ဆင်ထားမှုတွေဟာ အလုပ်ဖြစ်နေပြီဖြစ်ပါတယ်။ထိပ်သီး နှစ်သင်းရဲ့ ရမှတ်ဆုံးရှံးမှုတွေကို အခွင့်အရေးအရယူထားနိုင်ခဲ့ပြီး ရာနှုန်းပြည့်နိုင်ပွဲနဲ့အတူထိပ်ဆုံးမှာရပ်တည်နေပါတယ်။

လာလီဂါ ရာသီသစ် စစချင်းမှာပဲ လာလီဂါ ပရိသတ်တွေ ကို အံ့အားသင့်စေထားခဲ့ပြီဖြစ်တဲ့ အချက်တွေကို Daily Mailရဲ့ အားကစားကလောင်ရှင် ပီတီဂျန်ဆန် က အောက်ပါအတိုင်းဖော်ပြသွားခဲ့ပါတယ်။

၁။ ဘာစီလိုနာ အသင်းမှာအံ့အားသင့်ဖွယ် နေရာရလာခဲ့တဲ့ ၁၆နှစ်သားလေးဖာတီ

လာလီဂါရာသီသစ်ရဲ့ ဒုတိယ ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ ဘက်တစ်နဲ့ ပွဲပြီးခါနီးမှာဘာကာနည်းပြဗယ်ဗာဒီက ချာတိတ်လေးတဦးကို ထည့်သွင်းလာခဲ့လို့ ပရိသတ်တွေ အံ့အားသင့်သွားခဲ့ရပါတယ်။အဲ့ဒီကောင်လေးကတော့ အသက် ၁၆နှစ်အရွယ်သာရှိသေးတဲ့ ကွင်းလယ်ကြယ်ပွင့်လေးဖာတီဖြစ်ပါတယ်။အဆိုပါ ပွဲစဉ်မှာခြေစွမ်းပြခဲ့တဲ့ သူ့ကို နည်းပြ ဗယ်ဗာဒီက အိုဆာဆူနာ အသင်းနဲ့ ပွဲစဉ် ဒုတိယပိုင်းစစချင်းမှာပဲထပ်မံအသုံးပြုခဲ့ပြီး ၅မိနစ်အကြာမှာပဲ ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ဒါကြောင့်လည်းဘာကာအသင်းအတွက်ဒုတိယမြောက် အသက်အငယ်ဆုံး ကစားပေးသူ အဖြစ်သာမကပဲ အသက်အငယ်ဆုံးဂိုးသွင်းနိုင်သူအဖြစ်ပါ မှတ်တမ်းဝင်သွားခဲ့ပါတယ်။

၂။ ဂါရတ်ဘေးလ်ရဲ့ ပုံစံကောင်းနဲ့ ပြန်လာနိုင်ခဲ့မှု

ဒီဝေးလ်သား ဟာ နည်းပြကြီး ဇီဒန်း နဲ့ အဆင်မပြေ မှု အသင်းဖော်အချို့ ပရိသတ် အချို့ နဲ့ ဆက်ဆံရေး အဆင်မပြေမှု တွေကြောင့် ဘာနေဗျူးမှာ အနာဂတ် မရှိတော့ဘူးလို့တောင် အများက ယူဆခဲ့ကြတာဖြစ်ပါတယ်။ဒါပေမယ့် သူ့ရဲ့ မြင့်မားတဲ့ လစားကို ပေးချေလို့ခြင်း မရှိမှုအပါအဝင် အဆင်မပြေမှုတွေကြောင့် နွေရာသီမှာအပြောင်းအရွှေ့ဖြစ်မလာခဲ့တာ ဖြစ်ပါတယ်။ရီးရဲလ်နဲ့ ဆက်ရှိနေတဲ့ သူ့ကို အများက သံသယတွေနဲ့ စောင့်ကြည့်ခဲ့ကြပေမယ့် ပရော်ဖက်ရှင်နယ်ပီသမှုကို ရာသီသစ် အဖွင့် ၃ပွဲလုံးမှာ ပြသထားခဲ့ပြီဖြစ်ပါတယ်။ ဆယ်တာဗီဂိုနဲ့ပွဲမှာ ဖန်တီးမှုတကြိမ်၊ ဗီလာရီးရဲလ်ပွဲမှာ သွင်းဂိုး၂ဂိုးသွင်းယူထားနိုင်ခဲ့တာကြောင့် လည်း ဇီဒန်းက – ” သူ့ကိုမရောင်းထုတ်ဖြစ်ခဲ့တာက တကယကောင်းပါတယ်။သူ့အတွက်တကယ်ကျေနပ်မိပါတယ် ” လို့ပြောသွားခဲ့ပါတယ်။

၃။ မက်ဒရစ်မှာ အားလုံးကို အံ့အားသင့်အောင် ခြေစွမ်းပြနေတဲ့ ထရစ်ပီယာ

စပါး အသင်းကနေ အေတီကို အသင်းကို ပြောင်းသွားခဲ့တဲ့ ထရစ်ပီယာတယောက် ရောက်ရောက်ချင်း အားလုံး အံ့အားသင့်သွားအောင် လုပ်ပြနေပြီဖြစ်ပါတယ်။သူဟာအခုနွေမှာ မှ နည်းပြဆီမြွန်နီရဲ့ လက်အောက်ကိုရောက်လာခဲ့ပေမယ့် ရှိရင်းစွဲဝါရင့်တဦးလို စွမ်းဆောင်ပြနေတာဖြစ်ပါတယ်။သူဟာ နည်းစနစ်ကျွမ်းကျင်သလို၊ ဘောလုံးအပျက်မရှိသလောက်နည်းပါးသူဖြစ်ပါတယ်။ ဘောလုံးဆုံးရှုံးမှုတွေ လိုက်လံဆယ်ယူရာမှာ အံ့မခန်းပြေးလွှားနိုင်သူဖြစ်ပါတယ်။သူ့ရဲ့ ဖြန်တင်ဘောတွေဘက်ခမ်းရဲ့ ကန်ချက်တွေလောက်ကိုကောင်းတာဖြစ်ပါတယ်။ဒီအကြောင်းကို ရာသီသစ်ပထမဆုံးပွဲမှာခေါင်းတိုင်သွင်းယူခဲ့တဲ့ မိုရာတာကို ခင်ဗျားတို့ မေးကြည့်နိုင်ပါတယ်။

၎။ လာလီဂါမှာ တောက်ပနေတဲ့ နယူးကာဆယ်အသင်းရဲ့ အစွန့်ပစ်ခံ ဂျိုဆီလူ

နယူးကာဆယ်အသင်းရဲ့ စာချုပ်ဖြတ်သိမ်းခြင်းခံခဲ့ရတဲ့ ဒီစပိန်သားဟာ အလာဗက်စ် အသင်းနဲ့ အတူလာလီဂါ မှာ တောက်ပနေပြီဖြစ်ပါတယ်။သူဟာ အသင်းသစ်နဲ့ အဖွင့် ၃ပွဲ ကစားအပြီးမှာပဲ သွင်းဂိုး၂ဂိုးအထိသွင်းယူပေးထားနိုင် ခဲ့ပြီးပြီ လည်းဖြစ်ပါတယ်။ဘက်တစ် အသင်းရဲ့ တိုက်စစ်မှူး လိုရန်ကလည်း ပြီးခဲ့တဲ့ လာလီဂါ တရာသီလုံးမှာ ၆ဂိုးသာသွင်းယူနိုင်ခဲ့ပေမယ့်၃ပွဲကစား၃ ဂိုးနဲ့ရာသီသစ်ဂိုးအများဆုံး စာရင်းကို ဦးဆောင်နေပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီမှာ ၈ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဗီလာရီးရဲလ်တိုက်စစ်မှူး မိုရီနိုကလည်း လိုရန်နဲ့ အတူပူးတွဲဦးဆောင်နေပါတယ်။

၅။ ပက်ဒရို နဲ့တောင် ခိုင်းနှိုင်းခံနေရပြီဖြစ်တဲ့ ကားစ်ပီရက်စ်

ရာသီကြို ပွဲစဉ် တွေ မှာကတည်းက ကော်တင်ဟို ရဲ့ကျော နံပါတ်၇ နဲ့ အတူ တောက်ပခဲ့ လို့ အများရဲ့ သတိထားမှု ခံထားခဲ့ရတာဖြစ်ပါတယ်။ဖြတ်ထိုးဥာဏ်ကောင်းမွန်မှု၊ ဆုံးဖြတ်ချက် ကောင်းမွန်မှု၊ လျင်မြန်တဲ့ အဟုန်တို့ကောင့်ပက်ဒရိုနဲ့တောင် ခိုင်းနှိုင်းခံနေရပြီဖြစ်ပါတယ်။သူဟာ ဘာစီလိုနာ အသင်းမှာဆက်နေဖို့ ပြင်ပ ကလပ် အသင်းတွေရဲ့ ကမ်းလှမ်းမှုတွေကို တောင်ပယ်ချထားခဲ့တာဖြစ်ပါတယ်။ဒါပေမယ့်ဘာစီလိုနာ အသင်းအတွက် ကစားခွင့်ရတဲ့ နည်းပါးတဲ့ အခိုက် အတန့်အတွင်းမှာသွင်းဂိုးတဂိုးနဲ့အတူခြေစွမ်းပြနေတဲ့ သူ့ကို ဇန်နဝါရီမှာကမ်းလှမ်းလာမယ့် အသင်းတွေအများကြီးရှိလာနိုင်နေတာဖြစ်ပါတယ်။

ဒုတိယပိုင်းကို ဆက်လက်ဖော်ပြပါမည်။

SM