ဥရောပထိပ်တန်းလိဂ်ပြိုင် ပွဲတွေအတွင်းပါဝင်တဲ့ လာလီဂါ ပြိုင်ပွဲကြီးရဲ့ ရာသီသစ် စတင်တာ ပွဲစဉ် ၃အထိ ပြီးစီးသွားခဲ့ပြီဖြစ်ပါတယ်။ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေ အများအပြားပါဝင်နေကြတဲ့ ပြိုင်ပွဲကြီးတခုဆိုတဲ့ အတိုင်းအများရဲ့ စောင့်ကြည့်ခြင်းခံခဲ့ရတဲ့ လာလီဂါ ဟာပရိသတ်တွေ ကို ရာသီအစမှာပဲ စွဲဆောင်နေပြီဖြစ်ပါတယ်။ပုံမှန်အားဖြင့် ချန်ပီယံဆု အတွက် ရီးရဲလ် နဲ့ ဘာစီလိုနာ နှစ်သင်းတည်းပြိုင်ဆိုင်နေရတတ်ပေမယ့် အေတီကို အသင်းရဲ့ နွေရာသီအတွင်း အံမခန်းပြင်ဆင်ထားမှုတွေဟာ အလုပ်ဖြစ်နေပြီဖြစ်ပါတယ်။ထိပ်သီး နှစ်သင်းရဲ့ ရမှတ်ဆုံးရှံးမှုတွေကို အခွင့်အရေးအရယူထားနိုင်ခဲ့ပြီး ရာနှုန်းပြည့်နိုင်ပွဲနဲ့အတူထိပ်ဆုံးမှာရပ်တည်နေပါတယ်။

လာလီဂါ ရာသီသစ် စစချင်းမှာပဲ လာလီဂါ ပရိသတ်တွေ ကို အံ့အားသင့်စေထားခဲ့ပြီဖြစ်တဲ့ အချက်တွေကို Daily Mailရဲ့ အားကစားကလောင်ရှင် ပီတီဂျန်ဆန် က အောက်ပါအတိုင်းဖော်ပြသွားခဲ့ပါတယ်။

၆။ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဖြစ်နေခဲ့တဲ့ ဗင်နီရှပ် ဂျူနီယာရဲ့ ခြေစွမ်း

ပြီးခဲ့တဲ့ ရာသီမှာ အသင်းကနေ ရော်နယ်ဒို ထွက်သွားခဲ့ လို့ ဒီဘရာဇီးလ်ကြယ်ပွင့်လေးကို ဘာနေဗျူးကိုပြန်ခေါ်ထားခဲ့တာဖြစ်ပါတယ်။သူဟာအဆိုပါရာသီမှာ စီနီယာအသင်းအတွက်ပွဲတွေသိပ်များများကစားမကစားပေးရခင်မှာပဲ သွင်းဂိုးတွေ နဲ့ ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ဒါပေမယ့် ဒီရာသီ မှာတော့ သူဟာအရင်လို ရဲရဲတင်းတင်း ကစားနိုင်ခြင်းမရှိတော့သလိုဖြစ်သွားပြီး လိုတာထက်ပိုလုပ်ပြချင်နေတဲ့စိတ်ရဲ့ ဖိစီးမှုကို ခံနေရပါတယ်။ဒါဟာတကျော့ပြန်နည်းပြသစ် ဇီဒန်းရဲ့ ကိုင်တွယ်ပုံကြောင့်လားဆိုတာတော့ အားလုံးကဝေခွဲရခက်နေပါတယ်။

၇။ ဆိုစီဒက်မှာ နေရာမပျောက်ဖို့ကြိုးစားရတော့မယ့် ယာနုဇက်

ယူနိုက်တက် အသင်းရဲ့ ကစားသမား ဟောင်းတဦးဖြစ်တဲ့ ယာနုဇက်ဟာ ၂၀၁၇ ခုနှစ်ကတည်းက ဆိုစီဒက် အသင်းကိုရောက်ရှိနေတာဖြစ်ပါတယ်။ဒါပေမယ့် ထင်သလောက် စွမ်းဆောင်ပြထားနိုင်ခြင်းမရှိသေးပဲ လိဂ်ပွဲ ၄၉ပွဲကစား ၄ဂိုးသာသွင်းယူပေးထားနိုင်ခဲ့ပါတယ်။ဒါ့အပြင် အခုရာသီသစ်မှာလည်း ၃ပွဲကစား အပြီး သွင်းဂိုးမရထားသေးတာဖြစ်ပါတယ်။ဆိုစီဒက် အသင်းဟာ ပေါ်တူ နဲ့ အိုင်ဆက် တို့လို တိုက်စစ် ကစားသမားတွေကို ခေါ်ယူထားတာဖြစ်လို့ ယာနုဇက် အနေနဲ့ နေရာမပျောက်အောင် ကြိုစားရတော့မှာဖြစ်ပါတယ်။

၈။ ဘာစီလိုနာ အသင်းအတွက် ဒမ်ဘီလီ အများကြီးလုပ်ပြခွင့်ရမယ့်ရာသီ

ရာသီသစ် မှာ ဒမ်ဘီလီတယောက်ကောင်းကောင်း စတင်မထားနိုင်သေးပေမယ့် သူ့အတွက် အများကြီး လုပ်ပြခွင့်ရမယ့် ရာသီ တခုအဖြစ်ရှိလာနိုင်နေတာဖြစ်ပါတယ်။သူဟာရာသီကြိုပွဲတွေ မစခင်ကတည်းက အသင်းကိုပြန်ရောက်နေသူဖြစ်ပြီး နေမာထက်ပိုကောင်းတယ်လို့တောင် ဥက္ကဌကြီး ဘာတိုမြူရဲ့ ညွှန်းဆိုခြင်းခံထားရသူဖြစ်ပါတယ်။လတ်တလောမှာ ဆွာရက်ဇ် နဲ့ မက်ဆီတို့ ဒဏ်ရာတွေ ကြုံနေရလို့ နိုင်ငံအသင်းဖော် ဂရစ်ဇ်မန်း နဲ့အတူ ဒမ်ဘီလီ တယောက် တိုက်စစ်ကို ဦးဆောင်ရဖို့ရှိနေပါတယ်။ဒါပေမယ့် သူကိုယ်တိုင်ဟာ လတတလောမှာ ခြေကျင်းဝတ်ဒဏ်ရာကြုံနေလို့ အနားယူနေရသေးတာဖြစ်ပါတယ်။

၉။ အကောင်းမြင် ချီးကျူးစရာတွေမြင်တွေ့နေရတဲ့ တန်းတက် မာလော့ကာအသင်း

်မာလော့ကာ အသင်းဟာ ပြီးခဲ့တဲ့ နှစ်ရာသီ လောက်က စပိန် တတိယတန်း အထိဆင်းကစားနေခဲ့ရတာဖြစ်ပါတယ်။ဒါပမယ့် ထိုစဉ်က အသင်းသားတဝက်လောက်ဟာ အခုထိ ကျန်ရှိနေတာဖြစ်ပါတယ်။ယမန်နှစ်က ဆီဂန်ဒါမှာ အဆင့် ၅နေရာရခဲ့လို့ play offs ကစားခွင့်ရခဲ့ပြီးတန်းတက်လာခဲ့တဲ့ မာလော့ကာ အသင်းဟာ လာလီဂါ ရာသီသစ် အဖွင့်မှာအီဘာကို အနိုင်ကစားခဲ့ပါတယ်။ဒါပေမယ့်နောက်ထပ်၂ပွဲမှာတော့အရေးနိမ့်ထားခဲ့တာ
ဖြစ်ပါတယ်။ဒါပေမယ့် သူတို့ရဲ့ အသက် ၂၃နှစ်အရွယ်ကွင်းလယ်လူ ဘာဘာအပါအဝင် အကောင်းမြင်စရာတွေတော့ ရှိနေသေးတာဖြစ်ပါတယ်။ဒါပေမယ့် အခြားတန်းတက်တွေဖြစ်တဲ့ အိုဆာဆူနာနဲ့ ဂရန်နာဒါတို့ကလည်း အခြေအနေကောင်းနေပါတယ်။

၁၀ ။ အသွင်သစ်နဲ့ အတူစောင့်ကြည့်ရမယ့် ဆီဗီလာအသင်း

မွန်ချီတယောက် အားကစားဒါရိုက်တာဖြစ်လာအပြီးမှာ ဆီဗီလာတို့ နွေရာသီ အတွင်း ကစားသမားသစ် ၁၃ ဦးအထိခေါ်ယူခဲ့ပါတယ်။ဒါပေမယ့် ကောင်းမွန်တဲ့ ဂိုးသွင်းနိုင်သူတယောက်ယောက် မရှိတာကလွဲရင် အားလုံးက အဆင်ပြေအသားကျနေခဲ့တာဖြစ်ပါတယ်။ အဆိုပါ လိုအပ်ချက်ကို သိနားလည်တာကြောင့် လည်း ယူနိုက်တက် တိုက်စစ်မှူး ဟောင်း တဦးဖြစ်တဲ့ ဟာနန်ဒက်စ်ကို ဈေးကွက် အပိတ်မှာအရခေါ်ယူခဲ့ပါတယ်။သူတို့ရဲ့ နည်းပြကြီး လိုပက်တီဂီကတော့မကြာခင်မှာရင်ဆိုင်ရမယ့် အသင်းဟောင်း ရီးရဲလ်နဲ့ ပွဲကိုမစောင့်နိုင်အောင်ဖြစ်နေပုံရပြီး အနိုင်ကစားချင်နေပြီလည်းဖြစ်ပါတယ်။