ဘောလုံး လောက အတွင်း ကစားသမား အတော် များများ က လစာ ငွေ များများ ရရှိ မယ့် အသင်း ၊ အောင်မြင် မှုတွေ ရရှိ နိုင်မယ့် ကလပ် အသင်း တွေရဲ့ နောက်ကို လိုက်နေ ကြတဲ့ ခေတ်မှာ အသင်း တစ်သင်း ထဲ အတွက် စွဲစွဲ မြဲမြဲ ကစား ပေး ကြတဲ့ ကစားသမား တွေဟာ အတော်လေး ရှားပါး လာခဲ့ ပါပြီ ။

ဒါ့ကြောင့် ကစားသမား ဘဝ တစ်ခုလုံး ကို အသင်း တစ်သင်း ထံမှာ ပဲ အချိန် ကြာမြင့်စွာ မြုပ်နှံပြီး ပေးဆပ် ကစား ထားခဲ့ ကြတဲ့ ဥရောပ ဘောလုံး လောက ရဲ့ သစ္စာ အရှိဆုံး ကစားသမား 10 ဦးကို ဖော်ပြ ပေးလိုက် ပါတယ် ။

(10) ဇာဗီ ဟာနန်ဒက်စ် ( ဘာစီလိုနာ )

သူဟာ ဘာစီလိုနာ အသင်း ရဲ့ နာမည်ကျော် လာမာစီယာ အကယ်ဒမီ ထွက် ကစားသမား တစ်ဦး ပဲ ဖြစ်ပြီး ကွင်းလယ် မှာ အထူး ခြေစွမ်း ပြ ကစား နိုင်ခဲ့ သူပဲ ဖြစ်ပါတယ် ။ သူဟာ အသက် 11 နှစ် အရွယ် ကတည်းက ဘာစီလိုနာ အသင်း မှာ ရှိနေ ခဲ့သူ တစ်ဦး ပါ ။ သူဟာ 1998 ခုနှစ် မှာ စီနီယာ အသင်း အတွက် ပွဲထွက် ကစား ခွင့် စတင် ရရှိ ခဲ့သူ ဖြစ်ပြီး ပရိသတ် တွေရဲ့ နှစ်ခြိုက်မှု ကို ရရှိ ထားခဲ့ ပါတယ် ။ သူဟာ အသင်း အတွက် ကစား ပေး ခဲ့တဲ့ နှစ်တွေ မှာ 75 ဂိုး သွင်းယူ ပြီး 180 အကြိမ် အထိ ဂိုးတွေ ဖန်တီး ပေးနိုင် ခဲ့ ပါတယ် ။ ကမ္ဘာ့ အကောင်းဆုံး ကွင်းလယ် ကစားသမား တစ်ဦး ဖြစ်တာ ကြောင့် သူဟာ ပရိသတ် တွေရဲ့ ချစ်ခင် နှစ်သက် မှု တွေကို ရရှိ ထားခဲ့ ပါတယ် ။

(9) ဖရန့် လမ်းပတ် ( ချဲလ်ဆီး )

ဖရန့် လမ်းပတ် ဟာ ဝက်စ်ဟမ်း မှ ချဲလ်ဆီး အသင်း ကို ပြောင်းရွှေ့ ခဲ့တဲ့ သူ ဖြစ်ပြီး အင်္ဂလန် ရဲ့ အင်အားကြီး ကလပ် အသင်း မှာ အထိုင် ကျဖို့ အတွက် အချိန် သိပ် မပေး ခဲ့ရ ပါဘူး ။ လမ်းပတ် ဟာ နံပါတ် 8 ဂျာစီ ကို ဝတ်ဆင်ရင်း အသင်း အတွက် ခြေစွမ်း ကောင်းတွေ နဲ့ အတူ ဆု ဖလား တွေ ရရှိ စေရေး မှာ ဦးဆောင် နိုင်ခဲ့ ပါတယ် ။ လက်ရှိ အချိန် မှာတော့ သူဟာ ချဲလ်ဆီး အသင်း ရဲ့ နည်းပြ တာဝန် ကို ယူရင်း အသင်း အတွက် အလုပ်တွေ ဆက်လက် လုပ်ပေး နေဆဲ ပါပဲ ။

(8) အိုင်ကာ ကာဆီးလပ်စ် ( ရီးယဲ မက်ဒရစ် )

သူဟာ ဘောလုံး လောက ရဲ့ အကောင်းဆုံး ဂိုး သမား တစ်ဦး ဖြစ်တယ် ဆိုတာ ငြင်း စရာ အကြောင်း သိပ် မရှိ ပါဘူး ။ အိုင်ကာ ဟာ 1990 ခုနှစ် ကတည်းက ရီးယဲ လူငယ် အသင်း အတွက် စတင် ကစား ပေး ခဲ့သူ ဖြစ်ပြီး 1998 ခုနှစ် မှာ စီနီယာ အသင်း အတွက် ကစား ပေးခွင့် ပိုင်ဆိုင် ထားနိုင် ခဲ့ ပါတယ် ။ သူဟာ အသင်း နဲ့ အတူ အဓိက ဆု ဖလား 14 ကြိမ် အထိ ဆွတ်ခူး နိုင်ခဲ့ သလို တစ်ဦးချင်း ဆု တံဆိပ် 30 ခု အထိ ရယူ နိုင်ခဲ့ ပါတယ် ။

(7) စတီဗင် ဂျရတ် ( လီဗာပူး )

LIVERPOOL, ENGLAND – AUGUST 03: Steven Gerrard of Liverpool on his lap of honour for the fans at the Kop end after the Steven Gerrard Testimonial Match between Liverpool and Olympiacos at Anfield on August 03, 2013 in Liverpool, England. (Photo by Clive Brunskill/Getty Images)

လီဗာပူး အသင်း အတွက် တော့ သူဟာ ဘယ်တော့ မှ မေ့ပျောက် လို့ မရ နိုင်တဲ့ သစ္စာ အရှိဆုံး ကစားသမား မျိုး ပါပဲ ။ သူဟာ အသင်း အတွက် ဂိုးပေါင်း 150 ကျော် သွင်းယူ ပေးထား နိုင်ခဲ့ သလို ဖန်တီးမှု တွေလည်း များစွာ ပြုလုပ် ထားနိုင် ခဲ့ ပါတယ် ။ ဒါ့အပြင် သူဟာ အသင်း ကို FA ဖလား ၊ လိဂ် ဖလား နဲ့ ချန်ပီယံ လိဂ် ဖလား တွေ ရရှိ အောင် ကူညီ ပေးထား နိုင်ခဲ့ သူပဲ ပါတယ် ။ ဂျရတ် ဟာ ကစားသမား ဘဝ အတွင်း ကမ်းလှမ်း မှုတွေ များစွာ ရရှိ ထားခဲ့ ပေမယ့် အားလုံး ကို ငြင်းဆန် ပြီး လီဗာပူး အတွက် သာ ကစား ပေး ခဲ့သူ ပဲ ဖြစ်ပါတယ် ။

(6) ပူးယိုးလ် ( ဘာစီလိုနာ )

စပိန် မှာသာ မက ဘောလုံး လောက မှာပါ အထူး လေးစား ခံခဲ့ ရသူ ခေါင်းဆောင် ကောင်း တစ်ဦး ပဲ ဖြစ်ခဲ့ ပါတယ် ။ သူဟာ 1996 ခုနှစ် ကတည်းက ဘာစီလိုနာ အသင်း အတွက် ကစား ပေးထား ခဲ့ပြီး ခံစစ် ကနေ အသင်း ကို အကောင်းဆုံး မောင်းနှင် ပေးနိုင် ခဲ့ ပါတယ် ။ သူဟာ အသင်း နဲ့ အတူ လာလီဂါ ဖလား 5 ကြိမ် အထိ ရယူ နိုင်ခဲ့ သလို ချန်ပီယံ လိဂ် ဖလား 3 ကြိမ် အထိ ရယူ နိုင်ခဲ့ကာ တစ်ဦးချင်း ဆု တံဆိပ် 10 ခုထိ ရယူ နိုင်ခဲ့ ပါတယ် ။

(5) ဂျာဗီးယား ဇနက်တီ ( အင်တာ မီလန် )

အင်တာ မီလန် အသင်း ဟာ အာဂျင် တိုင်းသား ကို 1995 ခုနှစ် ကတည်းက ခေါ်ယူ ခဲ့တဲ့ နောက် သူဟာ ဒီ ဂျာစီ တစ်ခု ကိုပဲ စွဲစွဲ မြဲမြဲ ဝတ်ဆင် ထားခဲ့ ပါတယ် ။ အင်တာ မီလန် ရဲ့ ခံစစ် မှာ ကစား ပေး ခဲ့တဲ့ ဇနက်တီ ဟာ အသင်း အတွက် 26 ဂိုး အထိ သွင်းယူ ပေးနိုင် ခဲ့ပြီး ခြေစွမ်း ကောင်းနဲ့ အတူ ဆု ဖလား အောင်မြင် မှုတွေ များစွာ ရယူ ပေးနိုင် ခဲ့ ပါတယ် ။ သူ့ရဲ့ ဘောလုံး လုယူ မှု စကေး တွေနဲ့ အလန်းစား ဖြတ်တင်ဘော တွေက အင်တာ တို့ စီးရီးအေ ဖလား 5 ကြိမ် အထိ ရရှိ စေရေး မှာ အရမ်းပဲ အထောက်အကူ ဖြစ်စေ ခဲ့ ပါတယ် ။

(4) ပေါလ် စခိုးလ် ( မန်ချက်စတာ ယူနိုက်တက် )

သူဟာ 1991 ခုနှစ် တုန်းက မန်ချက်စတာ ယူနိုက်တက် အသင်း ဆီကို စတင် ပြောင်းရွှေ့ ခဲ့ပြီး နှစ်နှစ် အကြာ မှာ ပရောဖက်ရှင်နယ် ကစားသမား ဘဝ ကို စတင် နိုင်ခဲ့ ပါတယ် ။ သူဟာ ယူနိုက်တက် တို့ ဆု ဖလား သုံးလုံး ရယူ ထားနိုင် ခဲ့တဲ့ 1999 ခုနှစ် မှာလည်း အသင်း အတွက် အထူး ခြေစွမ်း ကောင်းတွေ ပြသ ထားနိုင် ခဲ့သူ ပဲ ဖြစ်ပါတယ် ။ ပေါလ် စခိုးလ် ဟာ သူ့ခေတ် သူ့ အခါ တုန်းက ဇာဗီ ၊ အင်နီယေစတာ တို့နဲ့ အတူ ကမ္ဘာ့ အကောင်းဆုံး ကွင်းလယ်လူ တစ်ဦး ဆိုတဲ့ ဂုဏ်ပုဒ် ကိုလည်း ပိုင်ဆိုင် ထားနိုင် ခဲ့သူ တစ်ဦး ပဲ ဖြစ်ပါတယ် ။ သူဟာ ယူနိုက်တက် အတွက် ပွဲပေါင်း 700 ကျော် ကစား ပေးထား နိုင်ခဲ့ ပါတယ် ။

(3) ဖရန်စစ္စကို တော့တီ ( ရိုးမား )

ရိုးမား အသင်း ရဲ့ အသင်း ခေါင်းဆောင်ကြီး တစ်ဦး ဖြစ်သလို အသင်း အတွက် ပွဲပေါင်း 650 ကျော် အထိ ကစား ပေးထား နိုင်ခဲ့ ပါတယ် ။ သူဟာ တစ်ကိုယ်တော် ဆု တံဆိပ် 15 ခု ၊ အသင်း နဲ့ အတူ ဆု ဖလား 5 ကြိမ် ရယူ ထားနိုင် ခဲ့ ပါတယ် ။ တော့တီ ဟာ ဘောလုံး ကစားသမား တွေ ထဲမှာ တော့ အသင်း ကို အရမ်း ချစ်မြတ်နိုးသူ ၊ ပရိသတ် တွေရဲ့ အထူး ချစ်ခင် မှုကို ရယူ နိုင် ခဲ့တဲ့ သူ တစ်ဦး လည်း ဖြစ်ပါတယ် ။ သူဟာ ကစားသမားဘဝ အတွင်း ဂျရတ် လိုပဲ အလန်းစား ကမ်းလှမ်း မှုတွေ များစွာ ရရှိ ထားခဲ့ ပေမယ့် အားလုံး ကို ပယ်ချ ပြီး ရောမ မြေမှာ ပဲ ဆက်လက် ကစား ပေး ခဲ့သူ တစ်ဦး ပဲ ဖြစ်ပါတယ် ။ သူဟာ ရိုးမား အသင်း ရဲ့ သမိုင်း တစ်လျောက် ဂိုးသွင်း အများဆုံး သူလည်း ဖြစ်ပါတယ် ။

(2) ပေါ်လို မာလ်ဒီနီ ( အေစီ မီလန် )

အီတလီ ဂန္ဓဝင်ကြီး ကတော့ လူငယ် ကစားသမား ဘဝ ကို အေစီ မီလန် မှာပဲ စတင် ခဲ့ပြီး 1975 မှ 1985 အထိ ဆယ်နှစ် ကစား ပေးထား ခဲ့ ပါတယ် ။ အဲ့ဒီနောက် စီနီယာ ကစားသမား တစ်ဦး အဖြစ် 2009 ခုနှစ် အထိ ကစားပေး ခဲ့ပြီး အသင်း အတွက် 34 နှစ် အထိ ကစား ပေး ခဲ့တဲ့ နောက် ကစားသမား ဘဝ မှာ အနားယူ ခဲ့သူ ပဲ ဖြစ်ပါတယ် ။ ထို့တူ သူဟာ ဘောလုံး လောက ရဲ့ အခမ်းနားဆုံး ၊ သစ္စာ အရှိဆုံး ကစားသမား တစ်ဦး ဆိုတဲ့ ဂုဏ်ပုဒ် ကို ပိုင်ဆိုင် ထားနိုင် ခဲ့ ပါတယ် ။

(1) ရိုင်ယန် ဂစ် ( မန်ချက်စတာ ယူနိုက်တက် )

သူဟာ 1987 ခုနှစ် ကတည်းက မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပြောင်းရွှေ့ နေထိုင် ခဲ့ပြီး လူငယ် အသင်း မှာ ကစားခွင့် ရရှိ ခဲ့ ပါတယ် ။ သူဟာ ကစားသမား ဘဝ အတွင်း တစ်ကယ့် ကို အလန်းစား ကမ်းလှမ်း မှုတွေ များစွာ ရရှိ ထားခဲ့ ပေမယ့် တစ်ခါ မှာ တွေဝေ မှု လုံးဝ မရှိ ပဲ ယူနိုက်တက် မှာပဲ ဆက်လက် ကစား ပေးဖို့ ရွေးချယ် ထားခဲ့ သူပဲ ဖြစ် ပါတယ် ။ သူဟာ ကစားသမား ဘဝ အတွင်း တစ်ကိုယ်တော် ဆု တံဆိပ် 30 ကျော် ရရှိ ထားခဲ့ သူ ဖြစ်ပြီး ယူနိုက်တက် အသင်း မှ ပေး ခဲ့တဲ့ အထူး ဆု 3 ခု အထိ လည်း ရယူ ထားနိုင် ခဲ့ ပါတယ် ။ ဒါ့အပြင် သူဟာ အသင်း နဲ့ အတူ ဆု ဖလား အောင်မြင် မှုတွေ များစွာ ရရှိ ခဲ့တဲ့ ဘောလုံး သမိုင်း ရဲ့ သစ္စာ အရှိဆုံး ကစားသမား တစ်ဦး အဖြစ် သတ်မှတ် ခံခဲ့ ရ ပါတယ် ။

#Sports_Myanmar