ချန်ပီယံ လိဂ် ပြိုင်ပွဲ မှ စပိန် ကလပ် တွေ တစ်သင်း ပြီး တစ်သင်း ထွက်ခွာ ခဲ့ကြ ရ ပါပြီ ။ အခု တော့ UCL မှာ လာလီဂါ ဂုဏ်ကို မြှင့်တင် ပေးနိုင်မဲ့ အသင်း အဖြစ် ဘာစီလိုနာ တစ်သင်း ထဲသာ ကျန်ရှိ နေပါ တော့တယ် ။

ဘာစီလိုနာ ဟာ မနက်ဖြန် နံနက် 2:30 အချိန် မှာ လိုင်ယွန် အသင်း နဲ့ ရင်ဆိုင် ကစား ရ တော့မှာ ပဲ ဖြစ် ပါတယ် ။ ပ အကျော့ တုန်းက လိုင်ယွန် ကွင်းမှာ နှစ်ဖက် အသင်း ဟာ ဂိုး မရှိ သရေ ရလဒ် ထွက်ပေါ် ခဲ့တာ ပဲ ဖြစ် ပါတယ် ။

လက်ရှိ အချိန် အထိ တော့ စပိန် ကလပ် တွေဟာ ချန်ပီယံ လိဂ် ဖလား ကွာတား ဖိုင်နယ် အဆင့် ကို တစ်သင်း မှ တက်ရောက် နိုင် သေးခြင်း မရှိ ခဲ့ ပါဘူး ။ ဒါဟာ လွန် ခဲ့တဲ့ 14 နှစ် အတွင်း ပထမ ဆုံး အကြိမ် အဖြစ် အခု လို ဖြစ်ခဲ့ ရတာ ပါပဲ ။

ဘာစီလိုနာ အသင်း ရဲ့ နည်းပြ ဖြစ်သူ ဗယ်လ်ဗာဒီ က ရီးယဲ မက်ဒရစ် ကို ပြန်လည် ရောက်ရှိ လာ ခဲ့တဲ့ ဇီဒန်း ဟာ ကြီးကျယ် တဲ့ နည်းပြ တစ်ဦး ဖြစ်ကြောင်း ထုတ်ဖော် ချီးကျူး သွားခဲ့ လိုက် ပါတယ် ။

ဒါ့အပြင် ပြိုင်ဖက် လိုင်ယွန် အသင်း ရဲ့ အဓိက တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ ဖေကီးရ် ဟာ ရလဒ် ကို ပြောင်းလဲ ပေးနိုင် တဲ့ ကစားသမား မျိုး ဖြစ်ကြောင်း ထုတ်ဖော် ချီးကျူး သွားခဲ့ လိုက် ပါတယ် ။

ဘာစီလိုနာ အသင်း ရဲ့ နည်းပြ ဟောင်း ဖြစ်သူ လူးဝစ် အင်းနရစ် က အကယ်လို့ သူ့ဆီ မှာသာ ရာကီတစ် ၊ တိုနီး ခရူးစ် တို့ ထဲမှ တစ်ဦး ကို ရွေးချယ် ခွင့် ရှိမယ် ဆိုရင် သူဟာ ရာကီတစ် ကိုပဲ ရွေးချယ် ခေါ်ယူ သွားမှာ ဖြစ်ကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့ လိုက် ပါတယ် ။

တရုတ် နဲ့ ကစား ရမဲ့ ချစ်ကြည်ရေး ပွဲစဉ် မှာ ဥရုဂွေး ဟာ တိုက်စစ် မှူး နေရာ အတွက် ကာဗာနီ ကို ကျော်လွန် ပြီး လူးဝစ် ဆွာရက် ကို ရွေးချယ် သွားခဲ့ ပါတယ် ။

ထွက်ပေါ် လာတဲ့ သတင်း တစ်ရပ် က ယူနိုက်တက် ဟာ ကော်တင်ဟို ထက် ဒေါ့မွန် အသင်း ရဲ့ ကွင်းလယ် လူ ဂျေဒန် ဆန်ချို ကို ပိုမို ခေါ်ယူ လိုနေ တယ်လို့ သိရှိ ရ ပါတယ် ။

ဘာစီလိုနာ အသင်း ရဲ့ အဓိက တိုက်စစ် မှူး လူးဝစ် ဆွာရက် ဟာ ဒီ ရာသီ အသင်း အတွက် ချန်ပီယံ လိဂ် ပြိုင်ပွဲ မှာ ဂိုး မသွင်းယူ နိုင်ခဲ့ သေး ပါဘူး ။ သူဟာ ဒီ မှတ်တမ်း ဆိုးကို ချေဖျက် ဖို့ ကြိုးစား ရပါ တော့မယ် ။

အေတီကို အသင်း ဟာ ဒီနေ့ နံနက် ချန်ပီယံ လိဂ် ဒု အကျော့ ပွဲစဉ် အဖြစ် ဂျူဗင်တပ် နဲ့ ရင်ဆိုင် ကစား ခဲ့ ရပြီး 3 – 0 နဲ့ ရှုံးနိမ့် ခဲ့ရ ပါတယ် ။ အခု တော့ နှစ်ကျော့ ပေါင်း 3 – 2 ဆိုတဲ့ ရလဒ် နဲ့ အတူ ဂျူဗင်တပ် အသင်း ဟာ နောက် တစ်ဆင့် တက်ရောက် သွားနိုင် ခဲ့ ပါပြီ ။

အဆိုပါ ပွဲစဉ်မှာ ဂျူဗင်တပ် အသင်း ရဲ့ အဓိက တိုက်စစ် ကစား သမား ဖြစ်သူ စီ ရော်နယ်ဒို ဟာ ဟတ်ထရစ် ဂိုး သွင်းယူ သွားနိုင် ခဲ့တာ ဖြစ်ပြီး ပ အကျော့ တုန်းက ပြိုင်ဖက် အသင်း နည်းပြ ဆီမြွန်နီ အောင်ပွဲ ခံသလို အောင်ပွဲ ခံသွားခဲ့ ပါတယ် ။

ပွဲစဉ် အပြီး မှာတော့ အေတီကို အသင်း ရဲ့ အားထား ရတဲ့ တိုက်စစ် မှူး ဂရစ်ဇ်မန်း က ဘာတွေ ဖြစ်သွားလဲ မသိခဲ့ ပါဘူး ဗျာ လို့ ကြေကွဲ စွာ ပြောကြား သွားခဲ့ ပါတယ် ။

အေတီကို အသင်း ရဲ့ နည်းပြ ဖြစ်သူ ဒီယေဂို ဆီမြွန်နီ က အသင်း ရဲ့ ကစားပုံ ဟာ ဆိုးရွား နေ ခဲ့တာ မဟုတ်ပဲ ပြိုင်ဖက် အသင်း ရဲ့ ကစား ပုံဟာ အတော် လေး ကောင်းမွန် ခဲ့တာ လို့ ပွဲ အပြီး ညွှန်း ဆိုသွား ခဲ့ ပါတယ် ။

ပွဲ အပြီး မှာတော့ ဂရစ်ဇ်မန်း က ခရစ္စတီယာနို ဟာ သူ ရောက်တဲ့ အသင်း တိုင်း ကို ခြားနား တဲ့ အသင်း ဖြစ်လာ အောင် လုပ်ဆောင် ပေးနိုင် သူလို့ ချီးကျူး သွားခဲ့ ပါတယ် ။

အေတီကို အသင်း ရဲ့ နောက်ခံ လူ ဒီယေဂို ဂိုဒင် ကတော့ အသင်း ဟာ ဂျူဗင်တပ် နဲ့ ပွဲစဉ် မှာ ဂိုး သွင်းယူ နိုင်မဲ့ ပုံစံ မပေါ် ခဲ့ဘူး လို့ ငြီးတွား သွားခဲ့ ပါတယ် ။

အေတီကို ကွင်းလယ် လူ ဆောလ် နီဂွတ်ဇ် ကတော့ ဂျူဗီ ဟာ နေရာ တိုင်းမှာ ပိုမို သာလွန် ခဲ့တယ် လို့ ချီးကျူး သွားခဲ့ ပါတယ် ။

ရီးယဲ မက်ဒရစ် အသင်းဆီ ဇီဒန်း ပြန်လည် ရောက်ရှိ လာ ခဲ့ခြင်း နဲ့ အတူ ဥရောပ ထိပ်သီး ကစားသမား တွေကို ခေါ်ယူ ဖို့ ပစ်မှတ် ထားနေ တယ်လို့ သိရှိ ရ ပါတယ် ။

ချဲလ်ဆီး အသင်း မှ အီမာဆင် ကတော့ အသင်း ဖော် ဟာဇက် ကို မက်ဒရစ် ဆီ ဆုံးရှုံး ရမဲ့ အရေး နဲ့ ပတ်သက် လို့ စိုးရိမ် မိ ကြောင်း ဖွင့်ဟ သွားခဲ့ ပါတယ် ။

ဘေးလ်ရဲ့ အေးဂျင့် ကတော့ အသင်း ဖက်က အလို ရှိနေ သရွေ့ ကစားသမား ဖြစ်သူ ဟာ မက်ဒရစ် မြေမှာ ကစား လိမ့်မယ် လို့ အတည်ပြု ပြောကြား သွားခဲ့ ပါတယ် ။

လက်ရှိ အချိန် မှာတော့ ရီးယဲ မက်ဒရစ် နဲ့ နာပိုလီ အသင်း တို့ဟာ အင်တာ မီလန် အသင်း ရဲ့ တိုက်စစ် မှူး မော်ရို အီကာဒီ ကို ခေါ်ယူ လိုနေ ကြတယ် လို့ သိရှိ ရ ပါတယ် ။

လက်ရှိ ရီးယဲ မက်ဒရစ် အသင်း ရဲ့ ပစ်မှတ် ကစားသမား တွေ အဖြစ် ဟာဇက် ၊ နေမာ ၊ အမ်ဘက်ပီ ၊ အဲရစ်ဆင် ၊ ကိန်း ၊ ကန်တီ တို့ ရှိနေ ကြတယ် လို့ သိရှိ ရ ပါတယ် ။

ဇီဒန်း ဟာ ရီးယဲ မက်ဒရစ် အသင်း မှာ တစ်နှစ် ယူရို 12 သန်း ရရှိ လိမ့်မယ် လို့ သိရှိ ရ ပါတယ် ။ ( AS သတင်းစာ )

Sports_Myanmar