Pep

မန်ချက် စတာ စီးတီး အသင်း ရဲ့ အားထား ရတဲ့ ခံစစ်မှုး အိုင်းမရစ် လာပေါ့တေး ဟာ ဒူး ဒဏ်ရာ ကို ခွဲစိတ် ကုသ ခဲ့ရ တာကြောင့် ကာလ ရှည်ကြာ စွာ အနားယူ ရတော့ မှာပဲ ဖြစ်ပါတယ် ။ ဒါကြောင့် မန်စီးတီး ဟာ လာမယ့် ဇန်န၀ါရီ ဈေးကွက် ထဲ မှာ ခံစစ် မှုး ကောင်း တစ်ယောက် ကို ရှာဖွေ ဖို့ ဖြစ်လာ ခဲ့ပြီး ဂွာဒီယိုလာ ကတော့ အင်တာ မီလန် ခံစစ် မှုး မီလန် စကရီနီယာ ကို မျက်စိ ကျနေတယ် လို့ သိရ ပါတယ် ။

လာပေါ်တေး ဟာ စီးတီး ရဲ့ ခံစစ်ကြောင်း မှာ အထူး အားကိုး ရတဲ့ ကစား သမား ဖြစ်ပြီး ယမန်နှစ် က ဖလား ၄ လုံး အောင်ပွဲ မှာ အဓိက ကျသူ ဖြစ်ခဲ့ ပါတယ် ။ ဒါပေမယ့် ယခု ရာသီ မှာတော့ ပွဲစဉ် ၄ ပွဲ မတိုင် ခင် မှာပဲ ဒဏ်ရာ ရရှိ သွားပြီး ၄-၅-၆ လ ခန့် အနားယူ ရမယ့် အရေး နဲ့ ရင်ဆိုင် နေရပြီ ဖြစ် ပါတယ် ။

လက်ရှိ အချိန် မှာ စီးတီး ဟာ နီကိုလပ်စ် အော်တာမန်ဒီ နဲ့ ဂျွန် စတုန်း တို့ ကို ခံစစ် အတွဲ အဖြစ် ပွဲထုတ် နေပြီး အရန် ခံစစ် မှုး ပြဿနာ ရှိလာခဲ့ ပါတယ် ။ ဒါကြောင့် ဂွာဒီ ယိုလာ ဟာ စကရီနီယာ ကို ခေါ်ယူ ကာ လာပေါ်တေး ရဲ့ နေရာ ကို အစားထိုး ဖို့ စိတ်ကူး နေတာ ဖြစ်တယ် လို့ သတင်း ထွက်ပေါ် လာခဲ့ တာ ဖြစ်ပါတယ် ။

ဗြိတိန် အခြေစိုက် Express ရဲ့ ဖော်ပြ ချက် အရ မန်စီးတီး ဟာ အင်တာ ခံစစ်မှုး ကို လာမယ့် ဇန်န၀ါရီ မှာ ကမ်းလှမ်း ဖို့ စီစဉ် နေပြီး ကမ္ဘာ့ ကြေးအမြင့်ဆုံး ခံစစ် မှုး ဖြစ်လာ ဖို့ ရှိနေတယ် လို့ သိရ ပါတယ် ။ စကရီနီယာ ဟာ အင်တာ နဲ့ စာချုပ် ရှိနေ သေးသူ ဖြစ်သလို စာချုပ် ဖျက်သိမ်းကြေး ကလည်း ပေါင် သန်း ၁၀၀ အထိ ရှိနေ တာကြောင့် ဟယ်ရီ မက်ဂွဲယား ကို အပြတ် အသတ် ကျော်ဖြတ် သွားဖို့ ရှိ နေ ပါတယ် ။

အင်တာ မီလန် ဟာ ချန်ပီယံ လိဂ် အုပ်စု ကျပ်ထဲ မှာ ကျရောက် နေပြီး အုပ်စု အဆင့်ကို မကျော်ဖြတ် နိုင်ခဲ့ ပါက စကရီနီယာ ကို ခေါ်ယူ ဖို့ အလားအလာ ကောင်းလာ နိုင်တယ် လို့ သတင်း ဌာန က သုံးသပ် ဖော်ပြ ခဲ့ ပါတယ် ။ ချန်ပီယံ လိဂ် စည်းမျဉ်းသစ် အရ စကရီနီယာ ဟာ စီးတီး ကို ပြောင်းရွှေ့ ဖြစ်ပါကလည်း ချန်ပီယံ လိဂ် ကစား ရဦးမှာ ဖြစ်တာ ကြောင့် အမှန် တကယ်သာ ကမ်းလှမ်း လာခဲ့ ပါက စိတ်ဝင်စား စရာ ကောင်းတဲ့ ကိစ္စ ဖြစ်လာ မှာ ဖြစ် ပါတယ် ။

စီးတီး နည်းပြ ဂွာဒီယိုလာ ဟာ ယခု ရာသီ မှာ ဖာနန်ဒင်ဟို ရဲ့ နေရာကို ရော့ဒရီ နဲ့ အစားထိုး ဖြည့်ဆည်း ထားနိုင် ပြီ ဖြစ်တာ ကြောင့် အသင်းရဲ့ ဟန်ချက် ပိုမို ကောင်းမွန် လာပြီလို့ ယုံကြည်ထားကာ ယမန်နှစ် က ထက် ပိုမို ကောင်းမွန်တဲ့ အောင်မြင်မှု တွေ ကို ရယူ နိုင်မယ် လို့ မျှော်လင့် ထားပါတယ် ။

ဒါပေမယ့် လာပေါ်တေး ရဲ့ ဒဏ်၇ာ ရရှိမှု ဟာ စီးတီး ရဲ့ ခံစစ် ကို အားနည်း သွားစေ နိုင်တာ ကြောင့် ဇန်န၀ါရီ မှာ ခံစစ်မှုး ကောင်း တစ်ဦး ကို မဖြစ်မနေ ခေါ်ယူ ရတော့ မှာပဲ ဖြစ် ပါတယ် ။ ကောလဟာလ တွေ အတိုင်း စကရီနီယာ ကို စီးတီး တို့ အမှန်တကယ် ခေါ်ယူ နိုင်မလား ဆိုတာ ကတော့ . . .

SPORTS MYANMAR