မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဂ်ဘာ ဟာ စိန်ခေါ် မှု အသစ် တွေကို ရင်ဆိုင် ရဖို့ အတွက် ယူနိုက်တက် မှ ထွက်ခွာ လိုကြောင်း ကိုယ်တိုင် ပြောကြား ခဲ့တဲ့ နောက် သူဟာ ဒီနွေ မှာ အသင်း ပြောင်း လိမ့်မယ် ဆိုတဲ့ သတင်း တွေဟာ ဆက်တိုက် ထွက်ပေါ် လာခဲ့ ပါ သေးတယ် ။

ထို့အတူ သူ့ကို ခေါ်ယူ နိုင်ဖို့ အတွက် တော့ စပိန် ထိပ်သီး ရီးယဲ မက်ဒရစ် အသင်း အပြင် အီတလီ ချန်ပီယံ ဂျူဗင်တပ် အသင်း တို့ ကလည်း စိတ်ဝင်စား မှုတွေ အထူး ပြသ ထားခဲ့ ကြပါ သေးတယ် ။

ဒါ့အပြင် ရီးယဲ မက်ဒရစ် နည်းပြ ဇီဒန်း ကိုယ်တိုင် က ပြင်သစ် လက်ရွေးစင် ကို မကြာခန ချီးကျူး မှုတွေ ပြုလုပ် ခဲ့တာ ကြောင့် ဒီ အပြောင်း အရွှေ့ ဟာ သေချာပေါက် ဖြစ်လာ လိမ့်မယ် ဆိုတဲ့ ထင်ကြေး ပေးခံ ရမှု တွေလည်း အထူး မြင့်တက် ခဲ့ပါ သေးတယ် ။

ဒါပေမယ့် ပရီးမီးယား လိဂ် အပြောင်း အရွှေ့ ရာသီ ကုန်ဆုံး ခဲ့တဲ့ အထိ ယူနိုက်တက် ဟာ ကွင်းလယ်ပိုင်း ကြိုတင် အင်အား မဖြည့်တင်း ခဲ့တဲ့ အတွက် အပြောင်း အရွှေ့ သတင်း တွေဟာ အနည်းငယ် အေးစက် လာခဲ့ ပါတယ် ။

နောက်ဆုံး တော့ ဥရောပ အပြောင်း အရွှေ့ ပိတ်သိမ်း သွားတဲ့ အထိ တောင် ပေါ့ဂ်ဘာ ရဲ့ အပြောင်း အရွှေ့ ဟာ ဖြစ်ပွား လာခြင်း မရှိခဲ့ ပါဘူး ။ အခုတော့ ယူနိုက်တက် ဟာ ပေါ့ဂ်ဘာ ကို အနည်းဆုံး ဇန်နဝါရီ အပြောင်း အရွှေ့ မတိုင်ခင် အထိ အသင်း မှာ ဆက်လက် ရှိစေ ဖို့ သေချာ သွားခဲ့ ပါပြီ ။

ဒီ အကြောင်း အရာ နဲ့ ပတ်သက် လို့ နောက်ဆုံး ထွက်ပေါ် လာ ခဲ့တဲ့ သတင်း အရ အားကစား ပစ္စည်း တွေကို ကမ္ဘာ အနှံ့ ဖြည့်ချိ တဲ့ နာမည်ကျော် Adidas Company က ပေါ့ဂ်ဘာ ကို အိုးလ် ထရပ်ဖို့ဒ် မှာ ဆက်လက် ရှိနေ စေဖို့ အတွက် အရေး ပါတဲ့ ကဏ္ဍ တစ်ခု မှာ ပါဝင် ခဲ့တယ် လို့ သိရှိ လိုက်ရ ပါတယ် ။

အကယ်လို့ ပေါ့ဂ်ဘာ သာ မန်ချက်စတာ ယူနိုက်တက် မှာ ဆက်လက် ရှိနေ ဦးမယ် ဆိုရင် ဈေးကွက် စီးပွားရေး အရ သူတို့ တွေဟာ အကျိုး အမြတ် များစွာ ရရှိ နိုင်မှာ ကို ကြိုတင် သိရှိ နေတဲ့ အတွက် Adidas က ဒီ အပြောင်း အရွှေ့ မဖြစ် ပေါ်ရေး အတွက် ကြားဝင် ခဲ့တယ် လို့ The Star On က ဖော်ပြ သွားခဲ့ ပါတယ် ။

The Star On မှ ဖော်ပြချက် အရ Adidas ဟာ ယူနိုက်တက် နဲ့ ပေါ့ဂ်ဘာ ရဲ့ အေးဂျင့် မီနို ရိုင်အိုလာ တို့ အကြား ကြားဝင် ညှိနှိုင်း ပေး ခဲ့တယ် လို့ သိရှိ ရပြီး ယူနိုက်တက် ဖက်မှ လည်း ကစားသမား ကို အသင်း မှာပဲ ဆက်လက် ရှိနေ စေလို ခဲ့တဲ့ အတွက် ဒီ အပြောင်း အရွှေ့ ဟာ မဖြစ်ပွား ခဲ့ရ တာပဲ ဖြစ်ပါတယ် ။

Adidas ဟာ ပေါ့ဂ်ဘာ နဲ့ ကာလရှည် စာချုပ် သက်တမ်း တစ်ခု ချုပ်ဆို ထား သလို အဆိုပါ ဂျာမန် အခြေစိုက် company ဟာ ယူနိုက်တက် ဂျာစီ ကို ပင်တိုင် ထုတ်လုပ် ပေးသူ လည်း ဖြစ်ပါတယ် ။

ဒါ့ကြောင့် ပေါ့ဂ်ဘာ သာ ယူနိုက်တက် မှ ထွက်ခွာ သွားခဲ့ ရင် ယူနိုက်တက် မှာ စတား ကစားသမား နည်းပါး သွားမှာ ဖြစ်တဲ့ အတွက် Adidas ရဲ့ ယူနိုက်တက် ဂျာစီ ရောင်းအား တွေ ဟာလည်း သိသိ သာသာ ထိုးကျ သွားနိုင် ပါလိမ့်မယ် ။ ဒါ့ကြောင့် Adidas ရဲ့ ကြားဝင် မှုကြောင့် ပေါ့ဂ်ဘာ ရဲ့ အပြောင်း အရွှေ့ ကိစ္စ ဟာ ပျက်ပြယ် ခဲ့ ရတာ ပဲ ဖြစ်ပါတယ် ။

#Sports_Myanmar