ဒီနွေ မှာ ပါးမား အသင်း ဆီ ပြောင်းရွှေ့ သွားတဲ့ နောက် ယူနိုက်တက် ခံစစ် ကစားသမား ဖြစ်သူ မတ်တီယို ဒါမီယံ ဟာ အသင်း ဟောင်း နည်းပြ ဆိုးလ်ရှားကို ချန်လှပ် ပြီး အခြား နည်းပြ နှစ်ဦး ဖြစ်တဲ့ လူးဝစ် ဗန်ဟားလ် နဲ့ ဟိုဆေး မော်ရင်ဟို တို့ကို ချီးကျူး သွားခဲ့ လိုက် ပါတယ် ။

ဒါမီယံ ဟာ ယူနိုက်တက် မှာ လေးနှစ် ကစား ပေး ခဲ့တဲ့ နောက် ဒီနွေ မှာ အီတလီ ကလပ် ပါးမား အသင်း ဆီကို ပြောင်းရွှေ့ သွားခဲ့ သူပဲ ဖြစ်ပါတယ် ။ သူဟာ 2015 ခုနှစ် တုန်းက ယူနိုက်တက် အသင်း ဆီ လူးဝစ် ဗန်ဟားလ် ရဲ့ ခေါ်ယူ မှုနဲ့ ရောက်ရှိ လာခဲ့ သူ ဖြစ်ပြီး ဟိုဆေး မော်ရင်ဟို ၊ ဆိုးလ်ရှား တို့နဲ့ လည်း လက်တွဲ အလုပ် လုပ်ခဲ့ ဖူး ပါတယ် ။

ဒါပေမယ့် သူဟာ ယူနိုက်တက် အသင်း မှာ နည်းပြ ဗန်ဟားလ် လက်အောက် ပဲ ပွဲထွက် ကစား ခွင့်တွေ များစွာ ရရှိ ထားခဲ့ ပြီး ဟိုဆေး မော်ရင်ဟို နဲ့ ဆိုးလ်ရှား လက်အောက် မှာ ပွဲထွက် ကစား ခွင့်တွေ ရရှိ ဖို့ ရုန်းကန် ခဲ့ရ ပါတယ် ။

အခုတော့ ပါးမား အသင်း ဆီ ရောက်ရှိ ခဲ့တဲ့ နောက် သူဟာ ပထမ ဆုံး ပြုလုပ် ခဲ့တဲ့ အင်တာဗျူး မှာ ယူနိုက်တက် အကြောင်း ၊ နည်းပြ တွေ အကြောင်း လည်း ပြောခဲ့ ပေမယ့် လက်ရှိ နည်းပြ ဆိုးလ်ရှား အကြောင်း ကိုတော့ အထူး ပြောကြား ခဲ့ခြင်း မရှိ ပဲ ချန်လှပ် ထားခဲ့ ပါတယ် ။

” ဗန်ဟားလ်နဲ့ ဟိုဆေး မော်ရင်ဟို တို့ဟာ ကြီးကျယ် ခမ်းနား လှတဲ့ နည်းပြ နှစ်ဦး ပါပဲ ။ သူတို့ တွေဟာ အောင်ပွဲ တွေ များစွာ ရယူ ထားနိုင် ခဲ့ကြ ပါတယ် ။ အဲ့တာ ကို ခင်ဗျား တို့လည်း သိရှိ ကြမှာ ပါ ။ သူတို့ နှစ်ဦး ဟာ ကျွန်တော် နဲ့ ပတ်သက် လို့ အပေါင်း လက္ခဏာ ဆောင်တဲ့ အရာ တွေကို ယူဆောင် ပေးခဲ့ ကြတဲ့ အတွက် တစ်ကယ် ပဲ ကျေးဇူး တင်မိ ပါတယ် ” လို့ ဒါမီယံ က ဆရာဟောင်း နှစ်ဦး ကို ကျေးဇူးတင် စကား ပြောကြား သွားခဲ့ ပါတယ် ။

အဲ့ဒီနောက် မန်ချက်စတာ ယူနိုက်တက် အသင်း ဆီ ပြောင်းရွှေ့ ပြီး ပွဲထွက် ကစား ခွင့် တွေကို ဆုံးရှုံး ခဲ့ရ ပေမယ့် နောင်တ ရခြင်း မရှိ ကြောင်း ဒါမီယံ က ဆက်လက် ပြောကြား သွားခဲ့ လိုက် ပါတယ် ။ သူဟာ ယူနိုက်တက် မှာ လေးနှစ် ရှိနေ ခဲ့တဲ့ ကာလ အတွင်း 92 ပွဲသာ ပါဝင် ကစား ခွင့် ရရှိ ထားခဲ့ ပါတယ် ။

” အဲ့ဒီ တုန်းက အင်္ဂလန် မြေကို သွားရောက် ဖို့ ရွေးချယ် ရခြင်း က တစ်ကယ် ပဲ လွယ်ကူ ခဲ့ ပါတယ် ။ ဒီလို ကလပ် အသင်း တစ်ခု အတွက် ကစား ပေးဖို့ ဆိုတာ ကျွန်တော့် အတွက် တော့ ဂုဏ်ယူ စရာ အပြည့် ပါပဲ ။ ဒီ ဂျာစီ ကို ဝတ်ဆင် ရခြင်း ဆိုတာ ကြီးမား တဲ့ တာဝန် ယူလို စိတ် တွေကို ဖြစ်ပေါ် စေတယ် လေ ”

” ယူနိုက်တက် မှာ ကစား ရခြင်း က ကျွန်တော့် အတွက် တစ်ကယ့် ကို ကောင်းမွန် လှတဲ့ အတွေ့ အကြုံ တွေကို ရရှိ စေခဲ့ ပါတယ် ။ ဒါဟာ ကျွန်တော့် ကစားသမား ဘဝ အတွက် တော့ အရမ်း ကို အရေး ပါလှ ပါတယ် ။ ကျွန်တော် ဟာ ဘောလုံး လောက မှာ မတူညီ တဲ့ ယဉ်ကျေး မှု တစ်ခု နဲ့ အလွယ်တကူ အံဝင် နိုင်ခဲ့ တယ်လေ ။ ကျွန်တော် ဟာ ကွင်း အတွင်း မှာရော ကွင်း အပြင် မှာပါ အတော်လေး တိုးတက် ကောင်းမွန် နိုင်ခဲ့ ပါတယ် ”

” ပထမဆုံး နှစ်နှစ် တုန်းက ဆိုရင် ကျွန်တော် ပွဲတွေ ကစား ခွင့် များစွာ ရရှိ ခဲ့ ပါတယ် ။ အဲ့ဒီနောက် တစ်နှစ် ခွဲ အချိန် အတွင်း မှာ ကျွန်တော် ပွဲ ကစား ခွင့်တွေ နည်းပါး ခဲ့တယ် ။ ဒါကြောင့် ကျွန်တော့် ရဲ့ ပွဲစဉ် တွေ များစွာ ကစား လိုတဲ့ စိတ်ဓါတ် က ယူနိုက်တက် မှ ထွက်ခွာ ဖို့ ဖြစ်လာ စေခဲ့ ပါတယ် ” လို့ ဒါမီယံ က အဆုံးသတ် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar