ဆာ ဂျင် ရတ်ကလစ်ဖ် ( Sir Jim Ratcliffe ) ဟာ ဗြိတိန် ရဲ့ အကြွယ်ဝ အချမ်းသာ ဆုံး လူသား တစ်ဦး ပါ ။ သူ ဟာ လန်ဒန် မှာ နေထိုင် ပြီး ချဲလ်ဆီး အသင်းရဲ့ ပွဲတွေ ကို မကြာခဏ သွား ရောက် ကြည့်ရှု တတ် ပါတယ် ။ ဒါပေမယ့် ရတ်ကလစ်ဖ် ဟာ မန်ချက်စတာ ယူနိုက်တက် ပရိသတ် တစ်ဦး ဖြစ်ပြီး ချဲလ်ဆီး ပွဲတွေ ကို ကြည့် ရတာ ကတော့ အိမ်နဲ့ နီးလို့ ဖြစ်ပါသတဲ့ ။

ချဲလ်ဆီး ဟာ အသင်း ပိုင်ရှင် အီဘရာမိုဗစ်ခ်ျ ရဲ့ နိုင်ငံရေး ကိစ္စတွေ ကြောင့် ပြည်ဝင်ခွင့် ပိတ်ပင် ခံရပြီး နောက် မှာ ရောင်းထုတ် ဖို့ သတင်း ထွက်ပေါ် လာသလို ဂလေဇာ မိသားစု လက်အောက် မှာ အောင်မြင်မှုတွေ ဝေးကွာ လာတဲ့ ယူနိုက်တက် ပရိသတ် တွေ ကလည်း အသင်းကို ပိုင်ရှင်သစ် တစ်ယောက် အမြန် ရောက်လာ ဖို့ မျှော်လင့် နေခဲ့ ကြပါတယ် ။

ဒါပေမယ့် ဆာ ဂျင် ရတ်ကလစ်ဖ် ဟာ အင်္ဂလိပ် ကလပ် တွေကို အချိန် ယူ လေ့လာ ပြီး နောက်မှာတော့ ပြင်သစ် လီဂူး ၀မ်း ကလပ် ဖြစ်တဲ့ နိုက်စ် အသင်း ကို ပေါင် ၉၅ သန်း နဲ့ ၀ယ်ယူ သွားခဲ့ ပါတယ် ။ လက်ရှိ မှာတော့ နိုက်စ် ဟာ ဆာ ရတ်ကလစ်ဖ် ရဲ့ ထောက်ပံ့မှုတွေ နဲ့ အတူ လိုင်ယွန် ၊ PSG တို့ ကို ရင်ပေါင် တန်း နိုင်ဖို့ အတွက် ပြင်ဆင် နေပြီ ဖြစ် ပါတယ် ။

လန်ဒန် မှာ နေထိုင်ပြီး ချဲလ်ဆီး ပွဲတွေ ကို မလွတ်တမ်း ကြည့်ရှု တတ်တဲ့ မန်ချက်စတာ ယူနိုက်တက် ပရိသတ် တစ်ဦး ဖြစ်လင့် ကစား ၊ ဆာ ရတ်ကလစ်ဖ် ရဲ့ နိုက်စ် အသင်း ၀ယ်ယူမှု ဟာ ဗြိတိန် မီဒီယာတွေ နဲ့ ပရိသတ် တွေ ကို အံ့အား သင့်စေ ခဲ့ ပါတယ် ။

ဆာ ဂျင် ရတ်ကလစ်ဖ် ရဲ့ ညီ ဖြစ်သူ ဘော့ ရတ်ကလစ်ဖ် ကတော့ ဘာကြောင့် ဆာ ဂျင် ရတ်ကလစ်ဖ် ဟာ ယူနိုက်တက် နဲ့ ချဲလ်ဆီး တို့လို ပရီးမီး ယားလိဂ် ကလပ်တွေ ကို မ၀ယ်ယူ ခဲ့တာ လဲ ဆိုတာ ကို ပြောပြ သွားခဲ့ ပြီး ပြင်သစ် မှာ ဘယ်လို စီမံကိန်း တွေ လုပ်ဆောင် သွားမလဲ ဆိုတာ ကို ဖွင့်ဟ ပြောပြ သွားခဲ့ ပါတယ် ။

“ပရီးမီးယားလိဂ် ကလပ် တွေ အပေါ် ကျွန်တော်တို့ အချိန် အကြာကြီး ပေးပြီး အကဲခတ် ခဲ့ ပါတယ် ။ အဓိက ကတော့ သူတို့ရဲ့ ဈေးကွက် တန်ဖိုး နဲ့ အနာဂါတ် စီမံကိန်းတွေ အတွက် ဘယ်လောက် ရင်းနှီး မြှပ်နှံ ရမလဲ ဆိုတာ ကိုပါ”

“ထိပ်သီး ၆ သင်းရဲ့ တန်ဖိုး တွေ က သန်း ၄၅၀ ကနေ ၂ ဘီလီယံ လောက် အထိ ရှိနေ ပါတယ် ။ ၆ သင်း အပြင်ဘက် က အသင်းတွေ ကလည်း သန်း ၁၅၀ လောက် အနည်းဆုံး ရှိနေ ကြပါတယ် ။ ဒါက ၀ယ်ရင် ပေးရမယ့် တန်ဖိုး သက်သက်ပါ ။ ပြီးရင် ရင်းနှီး မြှပ်နှံ တာတွေ ကို လုပ်ရဦး မှာပါ”

“ချဲလ်ဆီး နဲ့ ပတ်သက် ပြီး အဓိက စဉ်းစား ခဲ့တာ ကတော့ ကွင်း ပါပဲ ။ ဒီ ကွင်းကို တိုးချဲ့ဖို့ ဆယ်စု နှစ် တစ်ခု လောက် အချိန် ယူ ရမှာပါ ။ ကျွန်တော်တို့ က အသက်ကြီး ပါပြီ ။ ဒီလောက် မစောင့်နိုင် ပါဘူး ။ နယူး ကာဆယ် ကို တော့ ၀ယ်ဖို့ ဆွေးနွေး ခဲ့ဖူး ပါတယ် ။ ဒါပေမယ့် နောက်ဆုံး မှာတော့ အင်္ဂလန် ကလပ် တွေ ကို လက်ရှောင် လိုက်ဖို့ ဆုံးဖြတ် ခဲ့ကြ ပါတယ်”

“ဒါကြောင့် အင်္ဂလန် ပြင်ပ ကို ကျွန်တော်တို့ ထွက်ခဲ့ ရ ပါတယ် ။ အခု နိုက်စ် မှာ ၃ နှစ် ကနေ ၅ နှစ် ကြာမယ့် စီမံကိန်း တစ်ခု ကို စပြိး လုပ် နေပါပြီ ။ ဒါက ကျွန်တော်တို့ ကို အလုပ်ရှုပ် စေ သလို တက်ကြွမှု ကို လည်း ဖြစ်စေ ခဲ့ ပါတယ်” လို့ ဘော့ ရတ်ကလစ်ဖ် က ပြောဆို သွားခဲ့ ပါတယ် ။

နိုက်စ် အသင်း ဟာ အာဆင်နယ် ကွင်းလယ်လူ ဟောင်း ပက်ထရစ် ဗီရာယာ ကိုင်တွယ် နေတဲ့ အသင်း ဖြစ်ပြီး လီဂူး ပွဲစဉ် ၄ အပြီး မှာတော့ ၃ ပွဲ နိုင် ၊ ၁ ပွဲ ရှုံး ရလဒ် နဲ့ အဆင့် ၃ နေရာ မှာ ရပ်တည် နေခဲ့ ပါတယ် ။ နိုက်စ် ဟာ ဆာ ဂျင် ရတ်ကလစ်ဖ် ၀ယ်ယူ အပြီး မှာ အိုင်ယက်စ် ရှေ့တန်းလူ ကက်စပါ ဒေါလ်ဘတ် ကို ခေါ်ယူ နိုင် ခဲ့ပြီး ဇန်န၀ါရီ မှာလည်း ထပ်မံ အင်အား ဖြည့်တင်းမှု တွေ ပြုလုပ် သွားမယ် လို့ သိရှိ ရ ပါတယ် ။

SPORTS MYANMAR