လီယွန်နယ် မက်ဆီ နဲ့ ခရစ္စတီယာနို ရိုနယ်ဒို တို့ ဟာ မော်ဒန် ဘောလုံး လောက ရဲ့ အကောင်း ဆုံး သော ဘောလုံး သမား ၂ ဦး အဖြစ် ယှဉ်ပြိုင် လာခဲ့ ကြတာ ဆယ်စုနှစ် တစ်ခု ကြာ ခဲ့ ပြီ ဖြစ် ပါတယ် ။ ယခု အပတ် အတွင်း ကစား သွားခဲ့ တဲ့ ချန်ပီယံ လိဂ် ပွဲစဉ် တွေ မှာ လည်း မက်ဆီ နဲ့ ရိုနယ်ဒို တို့ ဟာ သက်ဆိုင် ရာ အသင်း တွေ အတွက် ခြေစွမ်း ကိုယ်စီ ပြသ ခဲ့ကြ ပါတယ် ။

ရိုနယ်ဒို ဟာ ပထမ အကျော့ က ခံစစ် ရှင် အသက်လက်တီကို မက်ဒရစ် ကို စပိန် မြေ မှာ ၂ – ၀ နဲ့ ရှုံးနိမ့် ထားခဲ့ တဲ့ ဂျုဗင်တပ် အသင်း ကို အိမ်ကွင်း မှာ ၃ ဂိုး ပြတ် နဲ့ အနိုင် ရရှိ စေဖို့ အတွက် ဟက်ထရစ် သွင်းယူ ပြီး ကူညီ ပေးခဲ့ ပါတယ် ။ ရိုနယ်ဒို ရဲ့ သွင်းဂိုး တွေ ကြောင့် ဂျုဗီ ဟာ ကွာတား ဖိုင်နယ် ကို တက်ရောက် နိုင် ခဲ့ ပါတယ် ။

လီယွန်နယ် မက်ဆီ ကလည်း ပထမ အကျော့ က လိုင်ယွန် အသင်း နဲ့ ဂိုး မရှိ သရေ ကျ ခဲ့ တာ ကြောင့် အိမ်ကွင်း မှာ အနိုင် ရလဒ် ကို ရှာဖွေ ဖို့ လိုအပ် နေတဲ့ ဘာစီလိုနာ အတွက် ထူးရှယ် ခြေစွမ်း ပြခဲ့ ကာ ၂ ဂိုး သွင်းယူ ပြီး ၂ ဂိုး ဖန်တီးပေး ခဲ့ ပါတယ် ။ မက်ဆီ ရဲ့ စွမ်းဆောင် မှုတွေ ကြောင့် ဘာစီလိုနာ ဟာ လိုင်ယွန် ကို ၅ – ၁ ရလဒ် နဲ့ အနိုင်ယူပြီး ကွာတား ဖိုင်နယ် ကို တက်ရောက် သွားခဲ့ ပါတယ် ။

ယခု အပတ် ပွဲစဉ် တွေ မှာ မန်စီးတီး ရဲ့ သမိုင်း ၀င် ဂိုးပြတ် နိုင်ပွဲ ၊ လီဗာပူး ရဲ့ ဂျာမန်မြေ ပေါ် က ဘိုင်ယန်မြုးနစ် ကို အလဲထိုးမှု ၊ ဂျာမဏီ ကလပ် တွေ ရဲ့ ချန်ပီယံ လိဂ် ဇာတ်သိမ်း တွေ ရှိ ခဲ့ ကြ ပေမယ့် အားလုံး က မက်ဆီ နဲ့ ရိုနယ်ဒို အပေါ် မှာ သာ ရှိခဲ့ ကြ ပါတယ် ။

သူတို့ ၂ ဦး ဟာ ယခု အပတ် အတွက် ချန်ပီယံလိဂ် ရဲ့ အကောင်းဆုံး ကစား သမား စကာတင် စာရင်းမှာ လည်း ပါဝင် ခဲ့ကြ ပြီး ဘယ်သူ အသာ ရမလဲ ဆိုတာ ပရိသတ် တွေ အကြားမှာ အငြင်းပွား နေခဲ့ကြ ပါတယ် ။

အင်္ဂလန် ၊ ရီးရဲ မက်ဒရစ် နဲ့ အေစီမီလန် နည်းပြ ဟောင်းကြီး ဖေဘီယို ကာပယ်လို ကတော့ ရိုနယ်ဒို ဟာ တကယ့် ကို ထူးကဲ လှတဲ့ ကစား သမား ဖြစ်ပေမယ့် လီယွန်နယ် မက်ဆီ လို ပါရမီ ရှင် မျိုး တော့ ရှိနိုင် မှာ မဟုတ်ဘူး လို့ ဆိုသွား ခဲ့ ပါတယ် ။

“ရိုနယ်ဒို ဟာ တကယ် ထူးကဲ လှတဲ့ ဘောလုံး သမားပါ ။ ဒါပေမယ့် မက်ဆီ ကတော့ ပါရမီ ရှင် ပါပဲ ။ ဘောလုံး သမိုင်း တစ်လျောက် မှာ ပါရမီရှင် ဘောလုံး သမား ၃ ဦး ပဲ ရှိ ခဲ့ ပါတယ် ။ ပီလီ ၊ မာရာဒိုနာ နဲ့ မက်ဆီ တို့ပါ ။ ရိုနယ်ဒို က တကယ် စွမ်း ပါတယ် ။ သူ နဲ့ ဆိုရင် အရာ အားလုံး ကို အောင်မြင် နိုင် ပါတယ် ။ ဒါပေမယ့် မက်ဆီ က တော့ ဘောလုံး ပါရမီ မှာ နံပါတ် ၁ ပါပဲ”

“မက်ဆီ ၁၆ နှစ် လောက် တုန်းက ကျွန်တော့ အသင်း နဲ့ ဆုံခဲ့ ဖူး ပါတယ် ။ မနေ့ က ခြေစွမ်း တွေ ဟာ အဲ့တုန်း က ခြေစွမ်း အတိုင်းပဲ ရှိ နေ ပါသေးတယ် ။ ဘာဖြစ်လို့ လည်း ဆိုတော့ သူ ဟာ ပါရမီ ရှင် အဖြစ် နဲ့ မွေးဖွား လာခဲ့ တာမို့ပါ”

“မက်ဆီ ဟာ အခြားသူ တွေ လိုက်ပြီး မတုပ နိုင်တဲ့ အရာတွေ ကို ဖန်တီး နိုင် ပါတယ် ။ ရိုနယ်ဒို ကတော့ သူ့ ကိုယ် သူ ချန်ပီယံ တစ်ယောက် ဖြစ်အောင် လုပ် နိုင် ခဲ့ ပါတယ် ။ ဒါပေမယ့် သူက ပါရမီ ရှင် မဟုတ် ပါဘူး” လို့ မက်ဆီ – ရိုနယ်ဒို အားပြိုင်မှု အတွက် သူ့ရဲ့ အမြင် ကို ပြောပြ သွားခဲ့ ပါတယ် ။

အာဂျင်တီးနား ဂန္ထ၀င် ဘောလုံး သမားကြီး မာရာဒိုနာ ကတော့ မက်ဆီ ကို ပိုင်ဆိုင် ထား ရတာ ဟာ အာဂျင်တီး နား အတွက် အလွန် အဖိုးထိုက် တန် လှတယ် လို့ ဆို သွားခဲ့ ပေမယ့် ရိုနယ်ဒို ကို ပိုမို နှစ်သက် ကြောင်း အရိပ်မြွက် ထည့်သွင်း ပြောဆို သွားခဲ့ ပါတယ် ။

“မှော် အစွမ်း တွေ နဲ့ ထိတွေ့ ဖန်ဆင်း နိုင်တဲ့ ဘောလုံး သမားတွေ ရှိ ပါတယ် ။ အမှန် အတိုင်း ပြောရရင် တော့ စပိန် ကို မရွေးချယ် ဘဲ အာဂျင်တီးနား ကို ရွေးချယ် ခဲ့တဲ့ အတွက် မက်ဆီ ကို အာဂျင်တိုင်းတွေ က အမြဲ ဂုဏ်ယူ မိနေ မှာပါ”

“နောက် တစ်ယောက် က တော့ တကယ့် သားရဲ တစ်ကောင် ပါပဲ ။ ရိုနယ်ဒို ဟာ စစ်မှန် တဲ့ စွမ်းအား တွေ ရှိပြီး အခု သူ့ရဲ့ စွမ်းအား တွေ ကို မျက်ဝါး ထင်ထင် ထပ်မြင် ခဲ့ရပြန် ပါပီ ။ အေတီကို နဲ့ ပွဲ မတိုင်ခင် က ၃ ဂိုး သွင်း မယ် လို့ သူ ပြောခဲ့ ပါတယ် ၊ တကယ် ကစား ချိန် မှာ အဲ့ဒီ အတိုင်း သူ လုပ်ပြ နိုင် ခဲ့ ပါတယ် ။ တကယ် ကို သားရဲ တစ်ကောင် လို အစွမ်းကြီး မားတဲ့ သူပါ” လို့ မာရာဒိုနာ က ဆိုသွားခဲ့ ပါတယ် ။

ချန်ပီယံ လိဂ် ကွာတား ဖိုင်နယ် မဲခွဲမှု ကို မနက်ဖြန် မှာ ပြုလုပ် သွားမှာ ဖြစ်ပြီး ရိုနယ်ဒို နဲ့ မက်ဆီ တို့ ရင်ဆိုင် တွေ့ ဆုံ ဖို့ အလား အလာ ရှိ နေ ပါတယ် ။

ဘယ်တော့ မှ ပြီးဆုံးမှာ မဟုတ် တဲ့ မက်ဆီ – ရိုနယ်ဒို အားပြိုင် မှု မှာ ပရိသတ် ကြီးတို့ က ရော ဘယ်သူ့ ဘက် ကလဲဗျာ . . . .

SPORTS MYANMAR