အာဆင်နယ် အသင်း ရဲ့ ဂန္ဓဝင် နည်းပြ ကြီး ဖြစ်သူ အာဆင်ဝင်းဂါး က နိုင်ငံတကာ ပွဲစဉ် တွေ ကစား နေ ကြတဲ့ အခိုက် အတန့် မှာ ပရီးမီးယား လိဂ် ထိပ်သီး ကလပ် 5 သင်း နဲ့ ပတ်သက် လို့ အနေအထား တွေ ဘယ်လို ရှိ နေလဲ ဆိုတာ သုံးသပ် ပြောကြား သွားခဲ့ လိုက် ပါတယ် ။
ဒါ့အပြင် လက်ရှိ အမှတ်ပေး ဇယား ထိပ်ဆုံး မှာ ဦးဆောင် နေကြ တဲ့ လီဗာပူး နဲ့ မန်စီးတီး အသင်း တွေကို အသင်းဟောင်း ဖြစ်တဲ့ အာဆင်နယ် ကသာ အနီးကပ် ဆုံး ဖိအား ပေးနိုင် လိမ့်မယ် လို့ ထင်ကြောင်း အာဆင်ဝင်းဂါး က ဆက်လက် ပြောကြား သွားခဲ့ လိုက် ပါတယ် ။
” လက်ရှိ အနေအထား တွေ အရ လီဗာပူး နဲ့ မန်စီးတီး အသင်း တွေကို အနီးစပ်ဆုံး ဖိအား ပေး ကစား နိုင်မယ့် အသင်း က အာဆင်နယ် အသင်း ပဲ ရှိနေ ပါတယ် ”

” ချဲလ်ဆီး အသင်း မှာတော့ လူငယ် ကစားသမား လေးတွေ များပြား ပြီး တိုက်စစ် ပိုင်း ရင့်ကျက် မှု လုံလောက်စွာ မရှိ ကြသေး ပါဘူး ။ ဒါ့အပြင် သူတို့ ရဲ့ ခံစစ် ပိုင်း ဟာလည်း ရင်ကျက် မှု လုံလောက် စွာ မရှိ သေး ပါဘူး ”
” မန်ချက်စတာ ယူနိုက်တက် အသင်း ကတော့ ငါတို့ ဒီနေ့ ချန်ပီယံ ဖြစ်ရေး အတွက် တိုက်ပွဲ ဝင်ကြ မယ်လို့ ပြောနိုင် လောက်တဲ့ အထိ သေချာ ရေရာ မှု မရှိ သေး ပါဘူး ။ လက်ရှိ သူတို့တွေ ကတော့ တိုက်စစ် ကစားသမား နှစ်ဦး နဲ့ အတူ သက်သောင့် သက်သာ အနေအထား မှာ ရှိနေ ကြ ပါတယ် ”
” မန်စီးတီး အသင်း မှာတော့ သူတို့ဟာ အခွင့် အရေး ဖန်တီး မှုတွေ အမြဲတမ်း ပြုလုပ် နိုင်မယ့် ကြီးမား လှတဲ့ နည်း စနစ် အဆင့် အတန်း တစ်ခု ရှိနေ ပါတယ် ”
” လီဗာပူး အသင်း ကတော့ ခံစစ် ပိုင်းနဲ့ တိုက်စစ် ပိုင်းမှာ အရမ်း ကို အင်အား ကြီး ပါတယ် ။ ဒါ့အပြင် သူတို့ ဘာတွေ လုပ်ရ မလဲ ဆိုတာ ကို သေချာ သိတဲ့ ကွင်းလယ် ကိုလည်း ပိုင်ဆိုင် ထားကြ ပါတယ် ။ သူတို့ ရဲ့ ကွင်းလယ် ဖန်တီး မှု အပိုင်း က မန်စီးတီး အသင်း လောက်တော့ မကောင်းမွန်ဘူး ပေါ့ဗျာ ”
” ဒါ့ကြောင့် လည်း သူတို့ အသင်း က အခြား ပြိုင်ဖက် အသင်း တွေထက် နှာ တစ်ဖျား သာတဲ့ နေရာ တစ်ခု မှာ ရှိနေ ကြရ တာပါ ” လို့ အာဆင်ဝင်းဂါး က သုံးသပ် ပြောကြား သွားခဲ့ လိုက် ပါတယ် ။
လက်ရှိ ပရီးမီးယား လိဂ် ပွဲစဉ် လေးပွဲ ကစား ပြီးတဲ့ အချိန် မှာ တော့ လီဗာပူး အသင်း ဟာ ရာနှုန်းပြည့် နိုင်ပွဲ နဲ့ အတူ အမှတ် ပေး ဇယား အဆင့် တစ် နေရာမှာ ရှိနေ ပါတယ် ။ သူ့ရဲ့ အနောက် မှာတော့ လက်ရှိ ချန်ပီယံ မန်စီးတီး အသင်း က ရမှတ် 10 မှတ် နဲ့ အနီးစပ်ဆုံး ဖိအား ပေးထား နိုင်ခဲ့ ပါတယ် ။
အာဆင်နယ် အသင်း ကတော့ ရမှတ် 7 မှတ် နဲ့ အဆင့် 5 နေရာ ၊ ယူနိုက်တက် နဲ့ ချဲလ်ဆီး အသင်း တွေ ကတော့ ရမှတ် 5 မှတ်စီ နဲ့ အဆင့် 8 ၊ အဆင့် 11 နေရာ မှာ အသီးသီး ရပ်တည် နေကြ ပါတယ် ။
#Sports_Myanmar