








#Sports_Myanmar

Unicode

ယူနိုက်တက်ကို နာမည်ကျော်စေခဲ့တဲ့ အလေ့အကျင့် တစ်ခုကို ဝေးလ်မှာ မြင်တွေ့ လိုကြောင်း ဖွင့်ဟလိုက်တဲ့ #ရိုင်ယန်ဂစ်

================

ဝေးလ် လက်ရွေးစင် အသင်း ရဲ့ နည်းပြ ဖြစ်သူ ရိုင်ယန် ဂစ်က လက်ရှိ သူ ကိုင်တွယ် နေတဲ့ အသင်း ကို အသင်း ဟောင်း ယူနိုက်တက် ကို နာမည် ကျော်စေ ခဲ့တဲ့ နောက်ကျ သွင်းဂိုး တွေ သွင်းယူ ရင်း အနိုင် ရလေ့ ရှိခြင်း ဆိုတဲ့ အလေ့အကျင့် မျိုး ဖြစ်စေ ချင်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ခင်ဗျား အနေ နဲ့ အဆုံးထိ တိုက်ပွဲ ဝင်သွား ရ ပါ့မယ် ။ အကယ်လို့ ခင်ဗျား ဟာ ခင်ဗျား ကိုယ်တိုင် နှစ်သက် သလို ကစား နိုင်ခြင်း မရှိ ခဲ့ရင် တောင် နောက်ဆုံး မိနစ် တွေမှာ ဂိုးသွင်း နိုင်မယ် ဆိုရင် အသင်း ကို အခြား နည်းလမ်း နဲ့ မြှင့်တင် ပေးနိုင် ပါ လိမ့်မယ် ”

” ကျွန်တော် တို့ ကစားသမား ဘဝ တုန်းက အဲ့တာ ကို အကြိမ် များစွာ ပြုလုပ် ထားနိုင် ခဲ့ကြ ပါတယ် ။ အဲ့တာ က အခြား ပြိုင်ဖက် အသင်း တွေ အပေါ် သက်ရောက် မှုတွေ ဖြစ်ပေါ် စေခဲ့ တယ်လေ ”

” အဲ့တာ က ခင်ဗျား ဟာ ဒီ ကောင်လေး တွေ ပြိုင်ပွဲ နောက်ဆုံး မိနစ် အထိ တိုက်ပွဲ ဝင်ကြ လိမ့်မယ် လို့ ပြောကြား ခြင်းမျိုး ဖြစ်ပြီး အဲ့ဒီ အတိုင်း သာ ဆက်လက် ကြိုးစား ကစား ပြ သွားမယ် ဆိုရင် ပြိုင်ဖက် အသင်း အပေါ် သက်ရောက် မှုတွေ ရှိလာ စေနိုင် ပါ လိမ့်မယ် ”

” ပွဲ ကစား ချိန် နောက်ဆုံး 10 မိနစ် ကို ရောက်ရှိ လာတဲ့ အခါမှာ အခြား အသင်း က အခွင့် အရေး တွေ ဖန်တီး ရင်း အနိုင်ယူ နိုင်ဖို့ ကြိုးစား ကြ လိမ့်မယ် ဆိုတာ ကို ကျွန်တော် တို့ သိရှိ ခဲ့ကြ တယ်လေ ”

” အဲ့တာ ကို ကျွန်တော် တို့ သောကြာ နေ့က ( အဇာဘိုင်ဂျန် နဲ့ ပွဲစဉ် ) လုပ်ပြ ခဲ့ကြ သေး သလို မတ်လ တုန်းက ထရီနီဒက် အသင်း နဲ့ ကစား ခဲ့စဉ် တုန်းက လည်း လုပ်ဆောင် ပြနိုင် ခဲ့ကြ ပါ သေးတယ် ။ အဲ့ဒီ ပွဲမှာ ဘန် ဝုဒ်ဘန်း က ပွဲ ပြီးဆုံး ကာနီး နောက်ဆုံး မိနစ် မှာ လုပ်ဆောင် ပြနိုင် ခဲ့ သေးတယ် လေ ”

” ဒါဟာ နောက် တစ်ပါတ် ဆလိုဗားကီးယား အသင်း ( ယူရို 2020 ခြေစစ် ပွဲ ) နဲ့ ကစား ကြတဲ့ အခါ မှာ ကြီးမား တဲ့ အပေါင်း လက္ခဏာ ဆောင်စေ လိမ့်မယ် လို့ မျှော်လင့် ပါတယ် ။ ဘယ်တော့ မှ အရှုံး မပေးဘူး ဆိုတဲ့ စိတ်ဓါတ် က ခင်ဗျား ရဲ့ အသင်း အတွက် ကြီးမား တဲ့ လက်နက် တစ်ခု ပါပဲ ”

” ဒါက ခင်ဗျား ဆီမှာ ခမ်းနား တဲ့ အမူအကျင့် တွေ ရှိကြောင်း ၊ နောက်ဆုံး အချိန် အထိ တိုက်ပွဲ ဝင်နိုင် ဖို့ ကြံ့ခိုင် မှု အပြည့် အဝ ရှိတယ် ဆိုတဲ့ အကြောင်း တွေကို သိသာ ပေါ်လွင် စေ ပါတယ် ” လို့ ဂစ်က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ဝေးလ် လက်ရွေးစင် အသင်း ဟာ 10 ရက် နေ့မှာ ဘီလာရုစ် အသင်း နဲ့ ခြေစမ်းပွဲ ကစား ရဖို့ ရှိနေ ပြီး နောက် တစ်ရက် မှာပဲ ဆလိုဗားကီးယား အသင်း နဲ့ ယူရို 2020 အတွက် ခြေစစ်ပွဲ ကစား သွားရ ဖို့ ရှိနေ ပါတယ် ။

#Sports_Myanmar