ယာဂန္ကေလာ့က ဖိလစ္ပီေကာ္တင္ညိဳ ရဲ႕ ဘာစီလိုနာ အသင္းထံမွ ဘုိင္ယန္ျမဴးနစ္ အသင္းထံသုိ႕ အငွား ေျပာင္းေရြ႕မွဳဟာ ဘရာဇီး လက္ေရြးစင္ အတြက္ အံ၀င္ခြင့္က် ျဖစ္လိမ့္မယ္လို႕ ဆုိခဲ့ပါတယ္။ အသက္ ၂၇ ႏွစ္အရြယ္ ေကာ္တင္ညိဳဟာ လြန္ခဲ့တဲ့ ၂၀၁၈ ဇန္န၀ါရီလက လီဗာပူးမွာ ဘာစီလိုနာ အသင္းကို ေပါင္ ၁၄၂ သန္း နဲ႕ ေျပာင္းေရြ႕ ခဲ့ျပီးေနာက္ ႏူးကမ့္မွာ ၎ရဲ႕ ျမင့္မားတဲ့ ေျပာင္းေရြ႕ေၾကး နဲ႕ ထိုက္တန္တဲ့ ေျခစြမ္းကို မျပသ ႏုိင္ခဲ့ဘဲ ရုန္းကန္ ခဲ့ရပါတယ္။

ဒီအတြက္ေၾကာင့္ ေကာ္တင္ညိဳဟာ ျပီးခဲ့တဲ့ ေႏြရာသီ အေျပာင္းအေရြ႕မွာ ဘာစီလိုနာ ကေန ထြက္ခြာဖို႕ အတြက္ ဆံုးျဖတ္ခ်က္ ခ်မွတ္ ခဲ့ျပီး အသင္းေဟာင္း လီဗာပူး အပါအ၀င္ ဥေရာပ ထိပ္တန္း ကလပ္ ေတာ္ေတာ္မ်ားမ်ား နဲ႕ သတင္းထြက္ေပၚ ခဲ့ေပမယ့္လည္း ေနာက္ဆံုးမွာေတာ့ ဘုိင္ယန္ကိုသာ အငွားထြက္ခြာ ခဲ့ပါတယ္။ ဘြန္ဒက္လီဂါ ခ်န္ပီယံဟာ ေကာ္တင္ညိဳ အတြက္ တစ္ရာသီ အငွားေခၚယူခ ယူရုိ ၈သန္းခြဲ အျပင္ ကစားသမားရဲ႕ လစာကုိပါ ေပးေခ် ရမွာ ျဖစ္ျပီး ရာသီကုန္္မွာ ယူရို သန္း ၁၂၀ နဲ႕ အျပီးသတ္ ေခၚယူခြင့္ ရွိေနပါတယ္။

လီဗာပူး ပရိတ္သတ္ေတြ ကေတာ့ အန္ဖီးကို စြန္႕ခြာကာ ဘာစီလိုနာထံ ေမွ်ာ္လင့္ခ်က္ အျပည့္နဲ႕ ေျပာင္းသြားခဲ့တဲ့ ေကာ္တင္ညိဳ ရဲ႕ ကစားသမား ဘ၀ ဒီလို ရုန္းကန္ ေနရမွဳ အေပၚ သိပ္ျပီး စာနာေနမွာ မဟုတ္ေပမယ့္ ကေလာ့ ကေတာ့ ဒီရာသီ ဘရာဇီး ကစားသမား အတြက္ ျမင့္မားစြာ ေမွ်ာ္လင့္ ထားပါတယ္။

လီဗာပူး မန္ေနဂ်ာ က “တကယ္ကုိ ထူးခၽြန္တဲ့ ကစားသမား ျဖစ္ျပီး ကၽြန္ေတာ္တုိ႕ သူ႕ကို လံုး၀ လက္မလႊတ္ ခ်င္ခဲ့ ပါဘူး။ ဘာကာဟာ ေငြေၾကးပိုင္း ဆုိင္ရာနဲ႕ ကၽြန္ေတာ္တုိ႕ကို တြန္းအား ေပးခဲ့ပါတယ္။ ကမာၻ႕အဆင့္ ကစားသမား ျဖစ္ျပီး ဘုိင္ယန္ျမဴးနစ္ နဲ႕ ဘြန္ဒက္လီဂါ အတြက္ တကယ္ ေကာင္းမြန္တဲ့ အေျပာင္းအေရြ႕ တစ္ခုပါ။ ကၽြန္ေတာ္ ဒီအသင္းကို ပထမဦးဆံုး ၾကားလိုက္တဲ့ အခ်ိန္မွာ ဒီအေျပာင္းအေရြ႕ဟာ ႏွစ္ဦးႏွစ္ဘက္ စလံုး အတြက္ သင့္ေတာ္ ေကာင္းမြန္တယ္လို႕ ေတြးမိ ခဲ့ပါတယ္။

ကၽြန္ေတာ့္ရဲ႕ စကား အနည္းငယ္ေတာ့ ထူးဆန္း ႏုိ္င္ပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္တုိ႕ အေနနဲ႕ သူ႕ကို ေခၚယူဖို႕ အတြက္ လံုေလာက္တဲ့ ေငြေၾကး မရွိ ခဲ့ပါဘူး။ ကၽြန္ေတာ္တုိ႕ သူ႕အတြက္ ရထား ခဲ့တဲ့ ေငြေၾကးေတြ အားလံုးကို သံုးထား ခဲ့ျပီး ပါျပီ။ သူနဲ႕ ဘုိင္ယန္ တုိ႕ တကယ့္ကို အံ၀င္ခြင္က် ျဖစ္လိမ့္မယ္လို႕ ကၽြန္ေတာ္ သူ႕ကို ေျပာခဲ့ျပီး သားပါ။

ဒါဟာ ေဒ့ါမြန္ အတြက္ သိပ္ျပီးေတာ့ မေကာင္းပါဘူး။ ကၽြန္ေတာ့္ အေနနဲ႕ ေဒ့ါမြန္တုိ႕ ဘြန္ဒက္လီဂါ အမွတ္ေပးဖလား ကုိ ျပန္လည္ ဆြတ္ခူး ႏုိင္ဖို႕ ေမွ်ာ္လင့္္ ထားပါတယ္။ ဘာလို႕လဲ ဆုိေတာ့ ႏွစ္တုိင္း ႏွစ္တုိင္း ဘုိင္ယန္ပဲ ဗုိလ္စြဲ ေနတာေၾကာင့္ ျပိဳင္ပြဲဟာ ပုိျပီး ပ်င္းဖို႕ ေကာင္းလာလို႕ပါ။ ဒါေပမယ့္ ေဒ့ါမြန္ဟာ အရမ္း ေကာင္းတဲ့ အသင္း တစ္သင္း ျဖစ္ပါတယ္။

ေဘယာေလဗာကူဆင္ ၊ ဘုိရပ္ရွား မြန္ခ်င္ဂလာဘတ္ နဲ႕ RB လိုက္ပ္ဇစ္ တုိ႕ကလည္း စိတ္၀င္စားစရာ ေကာင္းတဲ့ အသင္းေတြ ျဖစ္ၾကျပီး ဘာမဆို ျဖစ္သြား ႏုိင္ပါတယ္။” လို႕ ဆုိသြားပါတယ္။

ဘိုင္ယန္ျမဴးနစ္ အသင္းကို ေျပာင္းေရြ႕ခဲ့မွဳနဲ႕ ပက္သက္ျပီး ေကာ္တင္ညိဳ က “ကၽြန္ေတာ့္ အတြက္ ကေတာ့ ဒီအေျပာင္းအေရြ႕ဟာ ဥေရာပ ရဲ႕ အေကာင္းဆံုး ကလပ္ေတြ ထဲက တစ္ခုမွာ စိန္ေခၚမွဳ စတင္တာ ပါပဲ။ ကၽြန္ေတာ္ ဒီစိန္ေခၚမွဳကို ရင္ဆုိင္ဖို႕ တကယ္ အားခဲ ထားပါတယ္။ ဘုိင္ယန္လိုပဲ ကၽြန္ေတာ့္မွာ ၾကီးမားတဲ့ အိမ္မက္ေတြ ရွိပါတယ္။ ကၽြန္ေတာ့္ရဲ႕ အသင္းေဖာ္သစ္ေတြနဲ႕ အတူ ဒါေတြကို အေကာင္အထည္ ေဖာ္ႏုိင္ လိမ့္မယ္လို႕ ယံုၾကည္ပါတယ္။” လို႕ ဆုိသြားပါတယ္။

ေကာ္တင္ညိဳရဲ႕ အသင္းေဖာ္သစ္ လီ၀န္ေဒါစကီး ကေတာ့ “သူဟာ အေရးပါတဲ့ ပြဲေတြမွာ အဓိက ကစားသမား ျဖစ္ႏုိင္ပါတယ္။ အထူးသျဖင့္ ခ်န္ပီယံလိဂ္ မွာပါ။ သူဟာ ကၽြန္ေတာ္္တုိ႕ကို စပယ္ရွယ္ အရာေတြ လုပ္ေပး ႏုိင္ပါတယ္။ သူဟာ ကၽြန္ေတာ္တုိ႕ အသင္းရဲ႕ တုိက္စစ္ ကစားပံု ခန္႕မွန္းရ ခက္ေအာင္ လုပ္ႏုိင္စြမ္း ရွိျပီး ဒီအတြက္ေၾကာင့္ ကၽြန္ေတာ္တုိ႕ဟာ ပိုမို အႏၱရာယ္ ရွိတဲ့ အသင္း ျဖစ္လာပါလိမ့္မယ္။” လို႕ ဆုိသြားပါတယ္။

SPORTS MYANMAR

Unicode

ဘိုု်င်ယန်မြူးနစ်ကို ပြောင်းရွေ့ ခဲ့ပြီးနောက် ဖိလစ်ပီကော်တင်ညို ကို ဘာပြောခဲ့သလဲ ဆိုတာ ထုတ်ဖော်လိုက်တဲ့ ယာဂန်ကလော့

ယာဂန်ကလော့က ဖိလစ်ပီကော်တင်ညို ရဲ့ ဘာစီလိုနာ အသင်းထံမှ ဘိုင်ယန်မြူးနစ် အသင်းထံသို့ အငှား ပြောင်းရွေ့မှုဟာ ဘရာဇီး လက်ရွေးစင် အတွက် အံဝင်ခွင့်ကျ ဖြစ်လိမ့်မယ်လို့ ဆိုခဲ့ပါတယ်။ အသက် ၂၇ နှစ်အရွယ် ကော်တင်ညိုဟာ လွန်ခဲ့တဲ့ ၂၀၁၈ ဇန်နဝါရီလက လီဗာပူးမှာ ဘာစီလိုနာ အသင်းကို ပေါင် ၁၄၂ သန်း နဲ့ ပြောင်းရွေ့ ခဲ့ပြီးနောက် နူးကမ့်မှာ ၎င်းရဲ့ မြင့်မားတဲ့ ပြောင်းရွေ့ကြေး နဲ့ ထိုက်တန်တဲ့ ခြေစွမ်းကို မပြသ နိုင်ခဲ့ဘဲ ရုန်းကန် ခဲ့ရပါတယ်။

ဒီအတွက်ကြောင့် ကော်တင်ညိုဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွေ့မှာ ဘာစီလိုနာ ကနေ ထွက်ခွာဖို့ အတွက် ဆုံးဖြတ်ချက် ချမှတ် ခဲ့ပြီး အသင်းဟောင်း လီဗာပူး အပါအဝင် ဥရောပ ထိပ်တန်း ကလပ် တော်တော်များများ နဲ့ သတင်းထွက်ပေါ် ခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ ဘိုင်ယန်ကိုသာ အငှားထွက်ခွာ ခဲ့ပါတယ်။ ဘွန်ဒက်လီဂါ ချန်ပီယံဟာ ကော်တင်ညို အတွက် တစ်ရာသီ အငှားခေါ်ယူခ ယူရို ၈သန်းခွဲ အပြင် ကစားသမားရဲ့ လစာကိုပါ ပေးချေ ရမှာ ဖြစ်ပြီး ရာသီကုန််မှာ ယူရို သန်း ၁၂၀ နဲ့ အပြီးသတ် ခေါ်ယူခွင့် ရှိနေပါတယ်။

လီဗာပူး ပရိတ်သတ်တွေ ကတော့ အန်ဖီးကို စွန့်ခွာကာ ဘာစီလိုနာထံ မျှော်လင့်ချက် အပြည့်နဲ့ ပြောင်းသွားခဲ့တဲ့ ကော်တင်ညို ရဲ့ ကစားသမား ဘဝ ဒီလို ရုန်းကန် နေရမှု အပေါ် သိပ်ပြီး စာနာနေမှာ မဟုတ်ပေမယ့် ကလော့ ကတော့ ဒီရာသီ ဘရာဇီး ကစားသမား အတွက် မြင့်မားစွာ မျှော်လင့် ထားပါတယ်။

လီဗာပူး မန်နေဂျာ က “တကယ်ကို ထူးချွန်တဲ့ ကစားသမား ဖြစ်ပြီး ကျွန်တော်တို့ သူ့ကို လုံးဝ လက်မလွှတ် ချင်ခဲ့ ပါဘူး။ ဘာကာဟာ ငွေကြေးပိုင်း ဆိုင်ရာနဲ့ ကျွန်တော်တို့ကို တွန်းအား ပေးခဲ့ပါတယ်။ ကမ္ဘာ့အဆင့် ကစားသမား ဖြစ်ပြီး ဘိုင်ယန်မြူးနစ် နဲ့ ဘွန်ဒက်လီဂါ အတွက် တကယ် ကောင်းမွန်တဲ့ အပြောင်းအရွေ့ တစ်ခုပါ။ ကျွန်တော် ဒီအသင်းကို ပထမဦးဆုံး ကြားလိုက်တဲ့ အချိန်မှာ ဒီအပြောင်းအရွေ့ဟာ နှစ်ဦးနှစ်ဘက် စလုံး အတွက် သင့်တော် ကောင်းမွန်တယ်လို့ တွေးမိ ခဲ့ပါတယ်။

ကျွန်တော့်ရဲ့ စကား အနည်းငယ်တော့ ထူးဆန်း နို်င်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အနေနဲ့ သူ့ကို ခေါ်ယူဖို့ အတွက် လုံလောက်တဲ့ ငွေကြေး မရှိ ခဲ့ပါဘူး။ ကျွန်တော်တို့ သူ့အတွက် ရထား ခဲ့တဲ့ ငွေကြေးတွေ အားလုံးကို သုံးထား ခဲ့ပြီး ပါပြီ။ သူနဲ့ ဘိုင်ယန် တို့ တကယ့်ကို အံဝင်ခွင်ကျ ဖြစ်လိမ့်မယ်လို့ ကျွန်တော် သူ့ကို ပြောခဲ့ပြီး သားပါ။

ဒါဟာ ဒေ့ါမွန် အတွက် သိပ်ပြီးတော့ မကောင်းပါဘူး။ ကျွန်တော့် အနေနဲ့ ဒေ့ါမွန်တို့ ဘွန်ဒက်လီဂါ အမှတ်ပေးဖလား ကို ပြန်လည် ဆွတ်ခူး နိုင်ဖို့ မျှော်လင့်် ထားပါတယ်။ ဘာလို့လဲ ဆိုတော့ နှစ်တိုင်း နှစ်တိုင်း ဘိုင်ယန်ပဲ ဗိုလ်စွဲ နေတာကြောင့် ပြိုင်ပွဲဟာ ပိုပြီး ပျင်းဖို့ ကောင်းလာလို့ပါ။ ဒါပေမယ့် ဒေ့ါမွန်ဟာ အရမ်း ကောင်းတဲ့ အသင်း တစ်သင်း ဖြစ်ပါတယ်။

ဘေယာလေဗာကူဆင် ၊ ဘိုရပ်ရှား မွန်ချင်ဂလာဘတ် နဲ့ RB လိုက်ပ်ဇစ် တို့ကလည်း စိတ်ဝင်စားစရာ ကောင်းတဲ့ အသင်းတွေ ဖြစ်ကြပြီး ဘာမဆို ဖြစ်သွား နိုင်ပါတယ်။” လို့ ဆိုသွားပါတယ်။

ဘိုင်ယန်မြူးနစ် အသင်းကို ပြောင်းရွေ့ခဲ့မှုနဲ့ ပက်သက်ပြီး ကော်တင်ညို က “ကျွန်တော့် အတွက် ကတော့ ဒီအပြောင်းအရွေ့ဟာ ဥရောပ ရဲ့ အကောင်းဆုံး ကလပ်တွေ ထဲက တစ်ခုမှာ စိန်ခေါ်မှု စတင်တာ ပါပဲ။ ကျွန်တော် ဒီစိန်ခေါ်မှုကို ရင်ဆိုင်ဖို့ တကယ် အားခဲ ထားပါတယ်။ ဘိုင်ယန်လိုပဲ ကျွန်တော့်မှာ ကြီးမားတဲ့ အိမ်မက်တွေ ရှိပါတယ်။ ကျွန်တော့်ရဲ့ အသင်းဖော်သစ်တွေနဲ့ အတူ ဒါတွေကို အကောင်အထည် ဖော်နိုင် လိမ့်မယ်လို့ ယုံကြည်ပါတယ်။” လို့ ဆိုသွားပါတယ်။

ကော်တင်ညိုရဲ့ အသင်းဖော်သစ် လီဝန်ဒေါစကီး ကတော့ “သူဟာ အရေးပါတဲ့ ပွဲတွေမှာ အဓိက ကစားသမား ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ချန်ပီယံလိဂ် မှာပါ။ သူဟာ ကျွန်တော််တို့ကို စပယ်ရှယ် အရာတွေ လုပ်ပေး နိုင်ပါတယ်။ သူဟာ ကျွန်တော်တို့ အသင်းရဲ့ တိုက်စစ် ကစားပုံ ခန့်မှန်းရ ခက်အောင် လုပ်နိုင်စွမ်း ရှိပြီး ဒီအတွက်ကြောင့် ကျွန်တော်တို့ဟာ ပိုမို အန္တရာယ် ရှိတဲ့ အသင်း ဖြစ်လာပါလိမ့်မယ်။” လို့ ဆိုသွားပါတယ်။

SPORTS MYANMAR