မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ 2013 ခုနှစ် တုန်းက ဂန္ဓဝင် နည်းပြ ကြီး ဆာ အဲလပ်စ် ဖာဂူဆန် အနားယူ သွားတဲ့ အချိန် က စတင် ပြီး အခု အချိန် အထိ အပြောင်း အရွှေ့ ဈေးကွက်း မှာ ကစားသမား သစ် တွေကို ခေါ်ယူ နိုင်ဖို့ စုစုပေါင်း ပေါင် 826.7 သန်း အထိ အသုံး ပြုထား ခဲ့ ပါတယ် ။
(8)! ဆာဂျီယို ရိုမဲရိုး ( အလွတ် ပြောင်းရွှေ့ကြေး )
SPORTS MYANMAR
Unicode
ဆာ အဲလပ်စ် ဖာဂူဆန် အနားယူ သွားခဲ့တဲ့ နောက် ယူနိုက်တက်ရဲ့ အကောင်းဆုံး ကစားသမား ခေါ်ယူမှု 10 ခု
==================
မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ 2013 ခုနှစ် တုန်းက ဂန္ဓဝင် နည်းပြ ကြီး ဆာ အဲလပ်စ် ဖာဂူဆန် အနားယူ သွားတဲ့ အချိန် က စတင် ပြီး အခု အချိန် အထိ အပြောင်း အရွှေ့ စျေးကွက်း မှာ ကစားသမား သစ် တွေကို ခေါ်ယူ နိုင်ဖို့ စုစုပေါင်း ပေါင် 826.7 သန်း အထိ အသုံး ပြုထား ခဲ့ ပါတယ် ။
အခုတော့ နည်းပြ ဟောင်းတွေ ဖြစ်ကြ တဲ့ ဒေးဗစ် မိုယက်စ် ၊ လူးဝစ် ဗန်ဟားလ် နဲ့ ဟိုဆေး မော်ရင်ဟို တို့ လက်ထက် အတွင်း ယူနိုက်တက်တို့ ပြုလုပ် ထားခဲ့ ကြတဲ့ အကောင်းဆုံး ကစား သမား ခေါ်ယူ မှု 10 ခုကို ဖော်ပြ ပေးလိုက် ပါတယ် ။
(10) ဒါလေ ဘလိုင်း ( ပြောင်းရွှေ့ကြေး ပေါင် 13.8 သန်း )
နယ်သာလန် လက်ရွေးစင် ခံစစ် ကစားသမား ဟာ လက်ရှိ အချိန် မှာတော့ အေဂျက် အသင်း မှာ သွားရောက် ပြီး ခြေစွမ်း ကောင်းပြ ကစား နေသူ ပဲ ဖြစ်ပါတယ် ။ သူဟာ ယူနိုက်တက် မှာ ကစား ခဲ့တဲ့ ကာလ အတွင်း ကောင်းမွန် တဲ့ အချိန် တွေကို ပျော်ရွှင် ခံစား ခဲ့ရ ပါတယ် ။
အထူးသဖြင့် သူဟာ နည်းပြ လူးဝစ် ဗန်ဟားလ် လက်အောက် မှာ ဘယ် နောက်လံလူ အဖြစ် ပွဲထွက် ကစား ခွင့်တွေ များစွာ ရရှိ ထားခဲ့ ပြီး ခြေစွမ်း ကောင်းတွေ ပြသ သွားနိုင် ခဲ့ ပါတယ် ။ သူဟာ ဟိုဆေး မော်ရင်ဟို လက်အောက် မှာလည်း ကောင်းမွန်စွာ ကစား ပေးနိုင် ခဲ့ ပေမယ့် ပေါ်တူဂီ သားရဲ့ ကစား ကွက်မှာ အကောင်းဆုံး အံမဝင် နိုင်ခဲ့ ပါဘူး ။
ဒါပေမယ့် လူတွေ အတော် များများ ကတော့ သူဟာ ယူနိုက်တက် မှ ပေးချေ ခဲ့တဲ့ ပြောင်းရွှေ့ကြေး ထက် ပိုတဲ့ ခြေစွမ်း ကိုသာ ပြသ သွား ခဲ့တယ် လို့ ပြောနေ ကြမှာ အသေအချာ ပါပဲ ။ ဒါ့ကြောင့် သူဟာ ဒီ နေရာ မှာ ပါဝင် ခဲ့ ရတာ ပဲ ဖြစ်ပါတယ် ။
(9) မာရုန်း ဖယ်လိုင်နီ ( ပြောင်းရွှေ့ကြေး ပေါင် 27.5 သန်း )
သူဟာ ယူနိုက်တက် အသင်း ၊ အသင်း ရဲ့ ကစား တဲ့ ပုံစံ တွေနဲ့ ကိုက်ညီ လှတဲ့ ကစားသမား တစ်ဦး တော့ မဟုတ်ရ ပါဘူး ။ ဒါပေမယ့် အရံခုံ ပေါ်မှာ များသော အားဖြင့် ရှိနေ ခဲ့တဲ့ ဖယ်လိုင်နီ ဟာ ပွဲ အဖြေ ကို ပြောင်းလဲ ပေးနိုင် တဲ့ ကစားသမား တစ်ဦး ဖြစ်ခဲ့ ပါတယ် ။
ဆိုးလ်ရှား မှ သူ့ကို မရောင်းချ ခဲ့စဉ် အထိ တော့ သူဟာ မတူ ညီတဲ့ နည်းပြ သုံးဦး ရဲ့ လက်အောက် မှာ အဓိက အားထား ရတဲ့ လူစားဝင် ကစားသမား တစ်ဦး အဖြစ် အနည်းဆုံး ပါဝင် ခွင့် ရရှိ ထားခဲ့ ပါတယ် ။
သူဟာ အသင်း ရဲ့ ကစား ပုံကို တိုးတက် ကောင်းမွန် စေလာ နိုင်တဲ့ ကစားသမား တစ်ဦး မဟုတ် ခဲ့ရ ပါဘူး ။ ဒါပေမယ့် သူဟာ အဓိက ပွဲစဉ် တွေမှာ အရေး ပါတဲ့ သွင်းဂိုး တွေနဲ့ အသင်း ကို အကူအညီ ပေးနိုင် ခဲ့တာ ကြောင့် ဒီ စာရင်း ထဲ အခုလို ပါဝင် ခဲ့ ရတာ ပဲ ဖြစ်ပါတယ် ။
(8)! ဆာဂျီယုုိ ရိုမဲရိုး ( အလွတ် ပြောင်းရွှေ့ကြေး )
သူဟာ ပရီးမီးယား လိဂ် ပြိုင်ပွဲ မှာတော့ အကောင်းဆုံး အရံ ဂိုး သမား အဖြစ် သတ်မှတ် ခံထား ရသူ တစ်ဦး ပဲ ဖြစ်ပါတယ် ။ ရိုမဲရိုး ဟာ ယူနိုက်တက် ဆီ ရောက်ရှိ လာ ကတည်းက အသင်း အတွက် ပါဝင် ကစား ပေး ခဲ့တဲ့ ပွဲစဉ် တိုင်း နီးပါး မှာ ကောင်းမွန် လှတဲ့ လက်စွမ်း တွေကို ပြသ ထားနိုင် ခဲ့ ပါတယ် ။
သူဟာ ယူနိုက်တက် တို့ ယူရို ပါလိဂ် ပြိုင်ပွဲ အတွင်း ဗိုလ်စွဲ ခဲ့တဲ့ နှစ် မှာလည်း အသင်း အတွက် အရေးပါ တဲ့ ကစားသမား တစ်ဦး ဖြစ်ခဲ့ ပါ သေးတယ် ။ အကယ်လို့ ဒီဂီယာ သာ ပွဲထွက် ကစား ခွင့် မရရှိ ခဲ့ပဲ သူသာ ပွဲထွက် ကစား ခွင့်တွေ ပိုင်ဆိုင် နိုင်ခဲ့ရင် ယူနိုက်တက် အတွက် ထိုက်တန် လွန်းတဲ့ ကစားသမား တစ်ဦး ဖြစ်ခဲ့ မှာ အသေအချာ ပါပဲ ။
(7) လုခ်ရှော ( ပြောင်းရွှေ့ကြေး ပေါင် 31 သန်း )
လက်တလော ခြေစွမ်း ကောင်းတွေ မပြသ နိုင်ခဲ့မှု ၊ ခြေထောက် ကျိုးတဲ့ ဒဏ်ရာ ပြသနာသာ မကြုံတွေ့ ခဲ့ရရင် သူဟာ ပရီးမီးယား လိဂ် ရဲ့ အကောင်းဆုံး ဘယ် နောက်ခံလူ တစ်ဦး အဖြစ် ရှိနေ နိုင်မယ့် ကစားသမား တစ်ဦး ပါပဲ ။
ဒါပေမယ့် သူဟာ နည်းပြ မော်ရင်ဟို နောက်ဆုံး ကိုင်တွယ် ခဲ့တဲ့ ဘောလုံး ရာသီ နဲ့ နည်းပြ သစ် ဖြစ်လာ ခဲ့သူ ဆိုးလ်ရှား လက်အောက် မှာ အထူး ခြေစွမ်း ကောင်းတွေ ပြသ ထားနိုင် ခဲ့ပြီး အသင်း ရဲ့ တစ်နှစ်တာ ကစားသမား ဆု ကိုပါ သိမ်ပိုင်း နိုင်ခဲ့ ပါ သေးတယ် ။ သူဟာ အသင်း အတွက် နောက်ထပ် လုပ်ပြ နိုင်ဖို့ လိုအပ်ချက် တွေ ရှိနေ ပါ သေးတယ် ။
(6) ဗစ်တာ လင်ဒီလော့ဖ် ( ပြောင်းရွှေ့ကြေး ပေါင် 30.9 သန်း မှ ပေါင် 39 သန်း အထိ တိုးမြင့် နိုင်ခြေ ရှိသူ )
အင်္ဂလန် မြေကို စတင် ရောက်ရှိ ခဲ့တဲ့ ပထမဆုံး ဘောလုံး ရာသီ တုန်းက သူဟာ ရုန်းကန် ခဲ့ရ ပေမယ့် ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက တော့ လင်ဒီလော့ဖ် ဟာ ယူနိုက်တက် အသင်း ရဲ့ ခြွင်းချက် မရှိ အကောင်းဆုံး ခံစစ် ကစားသမား ဖြစ်နိုင် ခဲ့ ပါတယ် ။
သူဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ အတွင်း ပြိုင်ပွဲစုံ မှာ အသင်း အတွက် အထူး ခြေစွမ်း ကောင်းတွေ ပြသ နိုင်ခဲ့ သလို တည်ငြိမ် တဲ့ ခြေစွမ်း တွေ ကိုလည်း ဆက်တိုက် ထိန်သိမ်း ထားနိုင် ခဲ့ ပါတယ် ။ ဒါပေမယ့် ဒီ ရာသီ မှာတော့ သူဟာ အသင်း ဖော်သစ် ဟယ်ရီ မက်ဂွားယား နဲ့ အတူ အကောင်းဆုံး တွဲဖက် ကစား နိုင်ဖို့ ကြိုးစား အားထုတ် နေရ ဆဲ ပါပဲ ။
(5) ဟွမ် မာတာ ( ပြောင်းရွှေ့ကြေး ပေါင် 37.1 သန်း )
အန်ဖီးလ် မှာ 2 ဂိုး သွင်းယူ နိုင်ခဲ့ မုှနဲ့ မန်ချက်စတာ ဒါဘီ မှာ အနိုင် ဂိုး သွင်းယူ နိုင်ခဲ့ မှု ကပဲ သူဟာ ဒီ စာရင်း ရဲ့ အဆင့် 5 နေရာ မှာ ပါဝင် ဖို့ ထိုက်တန် သူ ဖြစ်ကြောင်း ရဲ့ သက်သေ တစ်ခု ပါပဲ ။ ပွဲစဉ် မှာ သူ့ရဲ့ ပါဝင် ပတ်သက် မှု တွေဟာ ယူနိုက်တက် အတွက် အရေး ပါခဲ့ ဖူး ပါတယ် ။
မာတာ ဟာ လူးဝစ် ဗန်ဟားလ် နဲ့ ဟိုဆေး မော်ရင်ဟို တို့ရဲ့ လက်အောက် မှာ ကောင်းမွန် တဲ့ ခြေစွမ်း တွေ ပြသ နိုင်ခဲ့ ပေမယ့် ပေါ်တူဂီ သားရဲ့ လက်အောက် မှာ ပုံမှန် ပွဲထွက် ကစား ခွင့်တွေ ပျောက်ဆုံး နေခဲ့ ရ ပါတယ် ။ သူဟာ လက်ရှိ အသင်း ရဲ့ အဝတ် လဲခန်း ထဲမှာ ကစားသမား တွေ အပေါ် အကျိုး သက်ရောက် မှု ပေးနိုင် နေဆဲ ပါပဲ ။
(4) အန်သိုနီ မာရှယ် ( ပြောင်းရွှေ့ကြေး ပေါင် 44 သန်း မှ ပေါင် 58 သန်း အထိ တိုးမြင့် နိုင်ခြေ ရှိသူ )
သူဟာ လီဗာပူး အသင်း နဲ့ ပွဲဦးထွက် အဖြစ် ရင်ဆိုင် ခဲ့ ရတဲ့ ပွဲစဉ် မှာပဲ ယူနိုက်တက် အတွက် ဂိုး စတင် သွင်းယူ ပေးနိုင် ခဲ့ ပါတယ် ။ အခု ရာသီ သစ် မှာလည်း သူဟာ အသင်း အတွက် ဂိုးတွေ ဆက်လက် သွင်းယူ ပေးရင်း ဘယ် လောက် အထိ ကောင်းမွန် သလဲ ဆိုတာ ကို သက်သေ ပြ နေဆဲ ပါပဲ ။
သူ့ရဲ့ ခြေစွမ်း ပိုင်းမှာ တည်ငြိမ် မှု အားနည်း ခဲ့ ပေမယ့် ပြင်သစ် နိုင်ငံသား ဟာ တိုက်စစ်မှူး တစ်ဦး အဖြစ် ပြန်လည် ကစားပေး နေရတဲ့ အချိန်မှာ ကလပ် အသင်း အတွက် ပုံစံ ကောင်းတွေ ဆက်တိုက် ပြသ ထားနိုင် ခဲ့ ပါတယ် ။ အသင်း မှာ တိုက်စစ်မှူး လူကာကူ မရှိ တော့တဲ့ နောက် သူဟာ ယူနိုက်တက် အတွက် အားထား ရမယ့် နံပါတ် 9 ကစားသမား တစ်ဦး ဖြစ်လာ ခဲ့ ပါပြီ ။ ဒါ့အပြင် သူဟာ နည်းပြ ဆိုးလ်ရှား ရဲ့ အားပေး ထောက်ခံမှု တွေကို အပြည့်အဝ ရရှိ ထားခဲ့ သူ တစ်ဦး ပဲ ဖြစ်ပါတယ် ။
(3) ပေါလ် ပေါ့ဂ်ဘာ ( ပြောင်းရွှေ့ကြေး ပေါင် 89 သန်း )
ဒါကိုတော့ ပရိသတ် တွေ ဆုံးဖြတ် ကြတာ ပိုပြီး ကောင်းမွန် ပါ လိမ့်မယ် ။ သူဟာ လက်တလော အချိန် မှာ အသင်း အတွက် ခြေစွမ်းကောင်း တွေ မပြသ နိုင်ခဲ့ ပေမယ့် ယူနိုက်တက် အတွက် တော့ စျေးကွက် စီးပွားရေး အရ အကျိုးပြု နိုင်လွန်း တဲ့ ကစားသမား တစ်ဦး ပဲ ဖြစ်ပါတယ် ။
ဒါ့အပြင် သူဟာ လက်ရှိ ယူနိုက်တက် အသင်း ရဲ့ လူစာရင်း မှာ သဘာဝ အလျောက် စွမ်းရည် ကောင်းတွေ ပိုင်ဆိုင် ထားတဲ့ ကမ႓ာ့ အဆင့် ကစားသမား တစ်ဦး ပဲ ဖြစ်ပါတယ် ။ သူ့ရဲ့ အကောင်းဆုံး ခြေစွမ်း တွေကို ယူနိုက်တက် မှာ မြင်တွေ့ ရခဲ ပေမယ့် သူဟာ ပွဲ အဖြေ ကို ပြောင်းလဲ ပေးနိုင်စွမ်း ရှိတဲ့ ကစား သမား ကောင်း တစ်ဦး ဆိုတာ ဘောလုံး ပရိသတ် တွေ ကောင်းမွန်စွာ သိရှိ ကြ ပါတယ် ။
လက်ရှိ ရာသီ မှာတော့ သူဟာ ယူနိုက်တက် အသင်း အတွက် ထူးခြား ကောင်းမွန် လှတဲ့ အရည်အသွေး တွေ ပြသ ဖို့ ရုန်းကန် ခဲ့ရ ပေမယ့် ဟိုဆေး မော်ရင်ဟို နဲ့ အတူ ဆု ဖလား တွေ ဆွတ်ခူး နိုင် ခဲ့တဲ့ ရာသီ နဲ့ ပြီးခဲ့တဲ့ ဘောလုံး ရာသီ အတွင်း နည်းပြ ဆိုးလ်ရှား လက်အောက် မှာ အထူး ကောင်းမွန် တဲ့ ခြေစွမ်း တွေ ပြသ ထားနိုင် ခဲ့ ပါတယ် ။
(2) အန်ဒါ ဟာရဲရား ( ပြောင်းရွှေ့ကြေး ပေါင် 29 သန်း )
သရဲနီ ပရိသတ် တွေရဲ့ ချစ်ခင်မှု တွေကို သိမ်းပိုက် ထားနိုင် ခဲ့တဲ့ ကစားသမား တစ်ဦး ပါပဲ ။ ဒီနွေ မှာ သူဟာ အလွတ် ပြောင်းရွှေ့ ကြေးနဲ့ ထွက်ခွာ ခဲ့တဲ့ အတွက် ကစားသမား ကို မထိန်းသိမ်း နိုင် ခဲ့တဲ့ ယူနိုက်တက် ပရိသတ် အတော် များများ က အသင်း အပေါ် ပေါက်ကွဲ ခဲ့ကြ ပါ သေးတယ် ။ သူဟာ ယူနိုက်တက် ကွင်းလယ် မှာ စွမ်းနိုင် သမျှ အားကုန် ထုတ်ပြီး ပေးဆပ် ကစား ခဲ့တဲ့ ကစားသမား တစ်ဦး ပါပဲ ။
ယူနိုက်တက် မှာ ဆာ အဲလပ်စ် မရှိတော့ ကတည်းက အိုးလ် ထရပ်ဖို့ဒ် ဆီ ရောက်ရှိ လာ ခဲ့တဲ့ ကစားသမာ တွေ ထဲမှာ သူဟာ ယူနိုက်တက် ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမား ဆုကို သိမ်းပိုက် ထားနိုင် ခဲ့တဲ့ ပထမမြောက် ကစားသမား ဖြစ်ခဲ့ ပါတယ် ။
ယူနိုက်တက် နည်းပြဟောင်း ဟိုဆေး မော်ရင်ဟို လက်အောက် မှာ ကွင်းလယ် ခံစစ် ကစားသမား အဖြစ် ပါဝင် ခွင့်တွေ ရရှိ ထား ခဲ့တဲ့ ဟာရဲရား ဟာ ယူနိုက်တက် နဲ့သာ စာချုပ် သက်တမ် တိုးမြှင့် နိုင်ခဲ့ ပြီး အိုးလ် ထရပ်ဖို့ဒ် မှာ ဆက်လက် ရှိဖြစ် ပါက အသင်း ရဲ့ ပွဲထွက် ကစားသမား အဖြစ် ပါဝင် ခွင့် ရရှိ ခဲ့မှာ အသေအချာ ပါပဲ ။
(1) ဇလာတန် အီဗရာဟီမိုဗစ် ( အလွတ် ပြောင်းရွှေ့ကြေး )
ဒါကို တော့ ယူနိုက်တက် ပရိသတ် တွေ ကြိုတင် ခန့်မှန်း မိကောင်း ခန့်မှန်း နိုင်ခဲ့ ကြမှာ ပါ ။ ဟုတ်ပါတယ် ၊ ဇလာတန် ဟာ ယူနိုက်တက် မှာ ကစား ခဲ့တဲ့ အချိန် ကာလ အနည်းငယ် အတွင်း မှာပဲ အသင်း ရဲ့ အရေး ပါတဲ့ တိုက်စစ်မှူး တစ်ဦး ဖြစ်နိုင် ခဲ့ သလို အသင်းဖော် တွေဆီ နိုင်ပွဲ ယူလိုစိတ်တွေ ထည့်သွင်း ပေးနိုင် ခဲ့တဲ့ ကစားသမား တစ်ဦး လည်း ဖြစ်ခဲ့ ပါတယ် ။
သူ ယူနိုက်တက် ဆီ စတင် ရောက်ရှိ ခဲ့တဲ့ အဆိုပါ ဘောလုံး ရာသီ မှာ အသက် 35 နှစ် ရှိပြီ ဖြစ်ခဲ့ ပေမယ့် သွင်းဂိုး 28 ဂိုး အထိ သွင်းယူ ပေးနိုင် ခဲ့ပြီး ဆုဖလား တွေ ဆွတ်ခူး နိုင်ရေး မှာ အရေးပါ လှတဲ့ ခေါင်းဆောင် ကစားသမား တစ်ဦး ဖြစ်ခဲ့ ရ ပါတယ် ။
ဆာ အဲလပ်စ် ဖာဂူဆန် ထွက်ခွာ ခဲ့တဲ့ နောက်မှာတော့ ဇလာတန် ဟာ ယူနိုက်တက် တို့ ခေါ်ယူ နိုင် ခဲ့တဲ့ တစ်ကယ့် အရည် အသွေး မြင့် ၊ ရှားရှားပါးပါး ကမ႓ာ့ အဆင့်မီ ကစားသမား တစ်ဦး ပဲ ဖြစ်ခဲ့ ရ ပါတယ် ။ အလွတ် ပြောင်းရွှေ့ကြေး နဲ့ ရောက်ရှိ ခဲ့တဲ့ သူဟာ ယူနိုက်တက် ရဲ့ အကောင်းဆုံး ကစားသမား ခေါ်ယူ မှု ဖြစ်ခဲ့တာ သိပ်ပြီး တော့ ထူးဆန်း မနေခဲ့ရ ပါဘူး ။
SPORTS MYANMAR