ယမန္ ေန႔ည ညဥ္႔နက္ပိုင္း မွာ ကစားသြားခဲ႔တ႔ဲ ယူရို ၂၀၂၀ ေျခစစ္ပြဲ အုပ္စု F ပြဲစဥ္မွာ စပိန္ အသင္းက ဖာရိုက်ြန္းစု အသင္းကို ၄-၀ ဂိုးနဲ႔ အႏိုင္ရခဲ႔ပါတယ္။ဒါေျကာင့္ လည္း အုပ္စုတြင္း ပြဲစဥ္ ၆ ပြဲအျပီးမွာ ရာႏွုန္းျပည့္အႏိုင္ရထားခဲ႔ လို႔ ေျခစစ္ပြဲေအာင္ျမင္ဖို႔ အေျခအေနေကာင္းသြားျပီလည္းျဖစ္ပါတယ္။

ဒီပြဲမွာ စပိန္ အသင္းက ပြဲျပီးခါနီးအထိ ရိုဒရီဂို ရဲ႕ သြင္းဂိုး ၂ဂိုး နဲ႔ ပဲ ဦးေဆာင္ထားႏိုင္ ခဲ႔တာျဖစ္ျပီး နာက်င္ အခ်ိန္ပိုေရာက္မွ အယ္ကာဆာကေနာက္ ထပ္ သြင္းဂိုး ၂ဂိုး ဆက္တိုက္သြင္းယူေပးခဲ႔လို႕ ဂိုးျပတ္ႏိုင္ပြဲတပြဲရရွိခဲ႔တာျဖစ္ပါတယ္။အခုလို ဂိုးသြင္းယူႏိုင္ခဲ႔တဲ႔ အယ္ကာဆာ အတြက္လည္း ဒီရာသီမွာ ပြဲတိုင္း ဂိုးသြင္းထားႏိုင္ခဲ႔တဲ႔ မွတ္တမ္းေကာင္းကို ပိုင္ဆိုင္သြားခဲ႔ပါတယ္။

အယ္ကာဆာ ဟာ အခုပြဲစဥ္ရဲ႔ ပြဲခ်ိန္ မိနစ္ ၆၀ မွာမွ လူစားဝင္ကစားခြင့္ရခ႔ဲတာျဖစ္ျပီး ဂိုးသြင္းယူႏိုင္ခ႕ဲလို႕ ဒီရာသီမွာ ကလပ္အသင္းနဲ႔ ႏိုင္ငံ အသင္းအတြက္ ကစားေပးထားတဲ႔ ၇ပြဲလံုး ဂိုးသြင္းႏိုင္ခဲ႔တာလည္းျဖစ္ပါတယ္။ဂ်ာမန္ကလပ္ ေဒါ့မြန္ အသင္းရဲ႕ တိုက္စစ္ မွဴး တဦးျဖစ္တဲ႔ အယ္ကာဆာဟာ အဆိုပါ ၇ ပြဲမွာသြင္းဂိုး၉ ဂိုးအထိကို ျပိဳင္ပြဲ ၄ရပ္မွာ သြင္းယူေပးထားခဲ႔တာလည္းျဖစ္ပါတယ္။

အယ္ကာဆာ ဟာအခုရာသီသစ္ အဖြင့္ ပြဲစဥ္ ျဖစ္တဲ႔ ဂ်ာမန္ပိုကယ္ဖလားပြဲစဥ္မွာေဒါ့မြန္ အသင္းအတြက္ ပါဝင္ကစားထားခဲ႔ျပီး ျပိဳင္ ဘက္အာဒင္ဂန္ အသင္းဘက္ကို သြင္းဂိုးတဂိုးသြင္းယူေပးႏိုင္ခဲ႔ပါတယ္။အဲ႔ဒီေနာက္ ဂ်ာမန္စူပါဖလား ပြဲစဥ္မွာလည္း ဘိုင္ယန္ အသင္းဘက္ကို သြင္းဂိုးတဂိုးသြင္းယူႏိုင္ခဲ႔ပါတယ္။

ဘြန္ဒက္လီဂါ ရာသီအဖြင့္ ပြဲစဥ္မွာလည္း ေအာ့စ္ဘက္ အသင္းဘက္ကို သြင္းဂိုး၂ ဂိုးသြင္းယူႏိုင္ခဲ႔ျပီီး ကိုလံု ၊ ယူနီယံ ဘာလင္ တို႔ နဲ႔ ကစားခဲ႔တဲ႔ ပြဲေတြမွာ လည္း တဂိုးစီထပ္မံသြင္းယူႏိုင္ခဲ႔တဲ႔ အယ္ကာဆာဟာ စပိန္ လက္ေရြးစင္ အသင္းအတြက္ ကစားေပးထားတဲ႔ ရိုေမးနီးယား၊ ဖာရိုက်ြန္းစုတို႔ နဲ႕ ပြဲေတြ မွာပါ ဂိုးေတြရရွိထားခဲ႔တာျဖစ္ပါတယ္။

ဒါေျကာင့္ လည္း အယ္ကာဆာ ဟာအခုရာသီမွာ ျပိဳင္ပြဲစံုမွာ ဂိုးေတြ ရထားခဲ႔တာ ျဖစ္ျပီး မျကာခင္မွာစတင္သြားဖို႔ ရွိေနတဲ႔ ခ်န္ပီယံလိဂ္ျပိဳင္ ပြဲမွာပဲ ဂိုးသြင္းႏိုင္ဖို႔ က်န္ေနတာျဖစ္ပါတယ္။အယ္ကာဆာဟာ အခုရာသီမွာမွ ဂိုးသြင္းေကာင္းေနခဲ႔တာမဟုတ္ပဲ အံ့မခန္းမွတ္တမ္းကို အရင္ကတည္းက ပိုင္ဆိုင္ထားသူျဖစ္ပါတယ္။

သူဟာ ႏိုင္ငံ အသင္းအတြက္ ၁၇ ပြဲကစားေပးထား အျပီးမွာ ၁၂ ဂိုးသြင္းယူေပးထားျပီး ယူရိုေျခစစ္ပြဲေတြမွာ ၈ဂိုး၊UEFA NATIONS LEAGUE မွာတဂိုးေျခစမ္းပြဲေတြ မွာ ၃ဂိုးသြင္းယူေပးထားတာျဖစ္ပါတယ္။ေဒါ့မြန္ အသင္းအတြက္ ေတာ့ သူဟာျပိဳင္ပြဲစံု ၃၇ ပြဲကစားအျပီးမွာ ၂၅ဂိုးသြင္းယူေပးထားႏိုင္ခဲ႔ပါတယ္။

အသက္ ၂၆ႏွစ္အရြယ္ အယ္ကာဆာဟာ ဗလင္စီယာ အကယ္ဒမီထြက္ ျကယ္ပြင့္ တဦးျဖစ္ျပီး ဘာစီလိုနာအသင္းကို ေရာက္ရွိခဲ႔ေပမယ့္ ထင္သေလာက္ေျခစြမ္းျပႏိုင္ျခင္း မရွိလို႔ ေဒါ့မြန္ အသင္းကို ျပီးခဲ႔တဲ႔ ရာသီမွာ အငွားလာေရာက္ကစားခဲ႔ရတာျဖစ္ပါတယ္။

ဂ်ာမန္ေျမမွာ ပံုစံေကာင္းျပသႏိုင္ခဲ႔တာ ေျကာင့္ လည္း ေဒါ့မြန္ အသင္းကအခုေႏြမွာ အျပီးသတ္ ေခၚယူထားခဲ့တာျဖစ္ပါတယ္။ အမိေျမရဲ႕ အေဝးမွာ ထူးထူးျခား ေျခစြမ္းျပေနခဲ႔တဲ႔ အယ္ကာဆာ အတြက္ ဒီီရာသီ ဟာ ယမန္ႏွစ္ထက္ပိုိျပီး စြမ္းေဆာင္ႏိုင္မယ့္ရာသီတခုျဖစ္လာေတာ့မွာ လားဆိုတာကေတာ့ ေစာင့္ျကည့္ ရဦးမွာျဖစ္ပါတယ္။

SPORTS MYANMAR

Unicode

ဒီရာသီ ဘယ်သူမှ လုပ်ဆောင်ထားနိုင်ခြင်း မရှိသေးတဲ့ အရာတခုကို စွမ်းဆောင်နိုင်ခဲ့တဲ့ #အယ်ကာဆာ
==================================

ယမန် နေ့ည ညဉ့်နက်ပိုင်း မှာ ကစားသွားခဲ့တဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲ အုပ်စု F ပွဲစဉ်မှာ စပိန် အသင်းက ဖာရိုကျွန်းစု အသင်းကို ၄-၀ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ဒါကြောင့် လည်း အုပ်စုတွင်း ပွဲစဉ် ၆ ပွဲအပြီးမှာ ရာနှုန်းပြည့်အနိုင်ရထားခဲ့ လို့ ခြေစစ်ပွဲအောင်မြင်ဖို့ အခြေအနေကောင်းသွားပြီလည်းဖြစ်ပါတယ်။

ဒီပွဲမှာ စပိန် အသင်းက ပွဲပြီးခါနီးအထိ ရိုဒရီဂို ရဲ့ သွင်းဂိုး ၂ဂိုး နဲ့ ပဲ ဦးဆောင်ထားနိုင် ခဲ့တာဖြစ်ပြီး နာကျင် အချိန်ပိုရောက်မှ အယ်ကာဆာကနောက် ထပ် သွင်းဂိုး ၂ဂိုး ဆက်တိုက်သွင်းယူပေးခဲ့လို့ ဂိုးပြတ်နိုင်ပွဲတပွဲရရှိခဲ့တာဖြစ်ပါတယ်။အခုလို ဂိုးသွင်းယူနိုင်ခဲ့တဲ့ အယ်ကာဆာ အတွက်လည်း ဒီရာသီမှာ ပွဲတိုင်း ဂိုးသွင်းထားနိုင်ခဲ့တဲ့ မှတ်တမ်းကောင်းကို ပိုင်ဆိုင်သွားခဲ့ပါတယ်။

အယ်ကာဆာ ဟာ အခုပွဲစဉ်ရဲ့ ပွဲချိန် မိနစ် ၆၀ မှာမှ လူစားဝင်ကစားခွင့်ရခဲ့တာဖြစ်ပြီး ဂိုးသွင်းယူနိုင်ခဲ့လို့ ဒီရာသီမှာ ကလပ်အသင်းနဲ့ နိုင်ငံ အသင်းအတွက် ကစားပေးထားတဲ့ ရပွဲလုံး ဂိုးသွင်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဂျာမန်ကလပ် ဒေါ့မွန် အသင်းရဲ့ တိုက်စစ် မှူး တဦးဖြစ်တဲ့ အယ်ကာဆာဟာ အဆိုပါ ရ ပွဲမှာသွင်းဂိုး၉ ဂိုးအထိကို ပြိုင်ပွဲ ၄ရပ်မှာ သွင်းယူပေးထားခဲ့တာလည်းဖြစ်ပါတယ်။

အယ်ကာဆာ ဟာအခုရာသီသစ် အဖွင့် ပွဲစဉ် ဖြစ်တဲ့ ဂျာမန်ပိုကယ်ဖလားပွဲစဉ်မှာဒေါ့မွန် အသင်းအတွက် ပါဝင်ကစားထားခဲ့ပြီး ပြိုင် ဘက်အာဒင်ဂန် အသင်းဘက်ကို သွင်းဂိုးတဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။အဲ့ဒီနောက် ဂျာမန်စူပါဖလား ပွဲစဉ်မှာလည်း ဘိုင်ယန် အသင်းဘက်ကို သွင်းဂိုးတဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ဘွန်ဒက်လီဂါ ရာသီအဖွင့် ပွဲစဉ်မှာလည်း အော့စ်ဘက် အသင်းဘက်ကို သွင်းဂိုး၂ ဂိုးသွင်းယူနိုင်ခဲ့ပြီီး ကိုလုံ ၊ ယူနီယံ ဘာလင် တို့ နဲ့ ကစားခဲ့တဲ့ ပွဲတွေမှာ လည်း တဂိုးစီထပ်မံသွင်းယူနိုင်ခဲ့တဲ့ အယ်ကာဆာဟာ စပိန် လက်ရွေးစင် အသင်းအတွက် ကစားပေးထားတဲ့ ရိုမေးနီးယား၊ ဖာရိုကျွန်းစုတို့ နဲ့ ပွဲတွေ မှာပါ ဂိုးတွေရရှိထားခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် လည်း အယ်ကာဆာ ဟာအခုရာသီမှာ ပြိုင်ပွဲစုံမှာ ဂိုးတွေ ရထားခဲ့တာ ဖြစ်ပြီး မကြာခင်မှာစတင်သွားဖို့ ရှိနေတဲ့ ချန်ပီယံလိဂ်ပြိုင် ပွဲမှာပဲ ဂိုးသွင်းနိုင်ဖို့ ကျန်နေတာဖြစ်ပါတယ်။အယ်ကာဆာဟာ အခုရာသီမှာမှ ဂိုးသွင်းကောင်းနေခဲ့တာမဟုတ်ပဲ အံ့မခန်းမှတ်တမ်းကို အရင်ကတည်းက ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။

သူဟာ နိုင်ငံ အသင်းအတွက် ၁၇ ပွဲကစားပေးထား အပြီးမှာ ၁၂ ဂိုးသွင်းယူပေးထားပြီး ယူရိုခြေစစ်ပွဲတွေမှာ ၈ဂိုး၊UEFA NATIONS LEAGUE မှာတဂိုးခြေစမ်းပွဲတွေ မှာ ၃ဂိုးသွင်းယူပေးထားတာဖြစ်ပါတယ်။ဒေါ့မွန် အသင်းအတွက် တော့ သူဟာပြိုင်ပွဲစုံ ၃၇ ပွဲကစားအပြီးမှာ ၂၅ဂိုးသွင်းယူပေးထားနိုင်ခဲ့ပါတယ်။

အသက် ၂၆နှစ်အရွယ် အယ်ကာဆာဟာ ဗလင်စီယာ အကယ်ဒမီထွက် ကြယ်ပွင့် တဦးဖြစ်ပြီး ဘာစီလိုနာအသင်းကို ရောက်ရှိခဲ့ပေမယ့် ထင်သလောက်ခြေစွမ်းပြနိုင်ခြင်း မရှိလို့ ဒေါ့မွန် အသင်းကို ပြီးခဲ့တဲ့ ရာသီမှာ အငှားလာရောက်ကစားခဲ့ရတာဖြစ်ပါတယ်။

ဂျာမန်မြေမှာ ပုံစံကောင်းပြသနိုင်ခဲ့တာ ကြောင့် လည်း ဒေါ့မွန် အသင်းကအခုနွေမှာ အပြီးသတ် ခေါ်ယူထားခဲ့တာဖြစ်ပါတယ်။ အမိမြေရဲ့ အဝေးမှာ ထူးထူးခြား ခြေစွမ်းပြနေခဲ့တဲ့ အယ်ကာဆာ အတွက် ဒီီရာသီ ဟာ ယမန်နှစ်ထက်ပိိုပြီး စွမ်းဆောင်နိုင်မယ့်ရာသီတခုဖြစ်လာတော့မှာ လားဆိုတာကတော့ စောင့်ကြည့် ရဦးမှာဖြစ်ပါတယ်။

SPORTS MYANMAR