အဂၤလန္ လက္ေရြးစင္ အသင္း နည္းျပ ဂါရတ္ ေဆာက္ဂိတ္ ကေတာ့ သူ႔ရဲ႕ ေရွ႕တန္း ဟာ ကမၻာ့ အဆင့္ မွာ ရွိ ေနၿပီး ျပင္သစ္ ၊ ဂ်ာမဏီ ၊ ဘရာဇီး တို႔ ကို ယွဥ္ၿပဳိင္ ႏုိင္စြမ္း ရွိေနၿပီ လို႔ ေျပာဆို ခ်ီးက်ဳး သြားခဲ့ ပါတယ္ ။ လက္ရွိ အဂၤလန္ အသင္းရဲ႕ ေရွ႕တန္း မွာ ဟယ္ရီ ကိန္း ၊ စတာလင္ နဲ႔ ရက္ဖိုဒ့္ တုိ႔ တြဲဖက္ ကစား ေနၿပီး အခ်ိတ္ အဆက္ မိကာ ဂုိးေတြ သြင္းယူ ထားႏုိင္ ခဲ့ ၾကပါတယ္ ။

ဒါ့အျပင္ ေဂ်ဒန္ ဆန္ခ်ဳိ ၊ ဟတ္ဆန္ အိုဒြဳိင္း တို႔လို အရည္ အေသြးျမင့္ ကစား သမားေတြ ပုိင္ဆုိင္ ထားတာ ကလည္း အဂၤလန္ ရဲ႕ တိုက္စစ္ ကို ပိုမို ထက္ျမက္ ေစခဲ့ ပါတယ္ ။ ဟယ္ရီ ကိန္း ဟာ အဂၤလန္ အတြက္ ပြဲ ၄၀ ကစား ေပး အၿပီး မွာပဲ ၂၅ ဂုိး သြင္းယူ ထားခဲ့ၿပီး ျဖစ္ကာ ၀ိန္းရြန္းနီ ရဲ႕ ဂုိး အေရအတြက္ ကို ေက်ာ္ျဖတ္ ဖို႔ အတြက္ အလား အလာ ေကာင္း ေတြ ပုိင္ဆုိင္ ေနၿပီ ျဖစ္ပါတယ္ ။

စတာလင္ နဲ႔ ရက္ဖိုဒ့္ တို႔ဟာ လည္း ၿပဳိင္ဘက္ ခံစစ္ ေၾကာင္း ကို ေမႊေႏွာက္ ထိုး ေဖာက္ႏုိင္ ၿပီး ဂိုး ေတြ ရယူ နုိင္ သလို သူတို႔ရဲ႕ လွ်င္ျမန္တဲ့ ေရႊ႕လ်ားမႈ ေတြ ေၾကာင့္ ပင္နယ္တီ ေတြ လည္း ရရွိ လာခဲ့ ပါတယ္ ။ အဂၤလန္ ဟာ ၿပီးခဲ့တဲ့ စေနေန႔ တုန္းက ဘူေဂးရီးယား အသင္းနဲ႔ ယွဥ္ၿပဳိင္ ကစား ခဲ့ၿပီး ပင္နယ္တီ ၂ လံုး အပါ အ၀င္ ၄ – ၀ ျဖင့္ သက္ေတာင့္ သက္သာ အႏုိင္ ရရွိ ခဲ့ ပါတယ္ ။

“သူတို႔ ဟာ တကယ္ ကို စိတ္လႈပ္ရွားဖို႔ ေကာင္းတဲ့ တုိက္စစ္ ကစားပံု ကို ေဖာ္ေဆာင္ ေနပါၿပီ ။ စပိန္ နဲ႔ ေနးရွင္း လိဂ္ ကစားခဲ့ တုန္းက အေ၀းကြင္း မွာ ကြ်န္ေတာ္ စိုးရိမ္ မိခဲ့ ပါတယ္ ။ ဒါေပမယ့္ ကြ်န္ေတာ့ ရဲ႕ ေရွ႕တန္း လူေတြ က ဒါကို ေမ့ေပ်ာက္ေအာင္ စြမ္းေဆာင္ ျပႏုိင္ ခဲ့ ပါတယ္”

“ပြဲထြက္ ၃ ဦးတင္ မဟုတ္ေသး ပါဘူး ။ ဆန္ခ်ဳိ ၊ ဟတ္ဆန္ အိုဒြဳိင္း တို႔လို လူငယ္ ေတြ လည္း ကြ်န္ေတာ္တို႔ မွာ ရွိေန ပါေသးတယ္ ။ ဒါေၾကာင့္ တုိက္စစ္ – တုိက္စစ္ – တုိက္စစ္ ကစားပံုကို မိနစ္ ၉၀ လံုး ေဖာ္ေဆာင္ သြား ႏုိင္ ပါတယ္ ။ ဒါက တကယ့္ကို စိတ္လႈပ္ရွား စရာ ပါပဲ” လို႔ အဂၤလန္ နည္းျပ ေဆာက္ဂိတ္ က ထုတ္ေဖာ္ ေျပာဆို သြားခဲ့ ပါတယ္ ။

ဆက္လက္ၿပီး ေဆာက္ဂိတ္ က အသင္း ေခါင္းေဆာင္ အျဖစ္ တာ၀န္ ယူ ခဲ့သလုိ ပင္နယ္တီ ေတြ ကိုလည္း တာ၀န္ယူ ကန္သြင္း ခဲ့တဲ့ တုိက္စစ္မႈး ဟယ္ရီကိန္း ကို ခ်ီးက်ဳး သြားခဲ့ ၿပီး ကိန္း လို ကစား သမားမ်ဳိး ရရွိ ထားတာ ဟာ ေကာင္းတဲ့ ကိစၥ ျဖစ္ပါတယ္ လို႔ ဆုိသြား ခဲ့ ပါတယ္ ။

“ဟယ္ရီ႕ အေပၚ မွာ ဖိအား ေတြ မေရာက္ ေစခ်င္ ပါဘူး ။ ဒါေပမယ့္ သူ ဟာ တကယ့္ကို ပေရာ္ဖက္ရွင္နယ္ ဆန္တဲ့ ကစာ သမားပါ ။ တာ၀န္ ယူ စိတ္ အျပည့္ ရွိသလို ယံုၾကည္မႈ နဲ႔ ဦးေဆာင္ ႏုိင္စြမ္း မွာလည္ အေကာင္းဆံုး လုပ္ေဆာင္ ႏိုင္တဲ့ ကစား သမားပါ” လို႔ ေဆာက္ဂိတ္ က ေျပာဆို သြားခဲ့ ပါတယ္ ။

အဂၤလန္ အသင္း ဟာ ယူရုိ ၂၀၂၀ ေျခစစ္ပြဲ အုပ္စု A မွာ ကိုဆုိဗို ၊ ခ်က္ ၊ ဘူေဂးရီးယား ၊ မြန္တီ နီဂရိုး တို႔ နဲ႔ အတူ က်ေရာက္ ေနခဲ့ၿပီး ၃ ပြဲ ကစား အၿပီး မွာ ရာႏႈန္းျပည့္ ႏုိင္ပြဲ နဲ႔ အဆင့္ ၁ ေနရာကို ရယူထား ခဲ့ ပါတယ္ ။ လာမယ့္ ဗုဒၶဟူး ေန႔ မွာေတာ့ အဂၤလန္ ဟာ အုပ္စု ဒုတိယ ေနရာကေန တစ္မွတ္ အကြာ နဲ႔ လုိက္လံ ဖိအား ေပးေနတဲ့ ကိုဆိုဗို အသင္း ကို အိမ္ကြင္း မွာ လက္ခံ ကစား ရမွာပဲ ျဖစ္ ပါတယ္ ။

SPORTS MYANMAR

Unicode

သူ့ရဲ့ ရှေ့တန်းလူတွေကို အထူးချီးကျုးသွားတဲ့ အင်္ဂလန် နည်းးပြ ဆောက်ဂိတ်

=================================================

အင်္ဂလန် လက်ရွေးစင် အသင်း နည်းပြ ဂါရတ် ဆောက်ဂိတ် ကတော့ သူ့ရဲ့ ရှေ့တန်း ဟာ ကမ္ဘာ့ အဆင့် မှာ ရှိ နေပြီး ပြင်သစ် ၊ ဂျာမဏီ ၊ ဘရာဇီး တို့ ကို ယှဉ်ပြိုင် နိုင်စွမ်း ရှိနေပြီ လို့ ပြောဆို ချီးကျုး သွားခဲ့ ပါတယ် ။ လက်ရှိ အင်္ဂလန် အသင်းရဲ့ ရှေ့တန်း မှာ ဟယ်ရီ ကိန်း ၊ စတာလင် နဲ့ ရက်ဖိုဒ့် တို့ တွဲဖက် ကစား နေပြီး အချိတ် အဆက် မိကာ ဂိုးတွေ သွင်းယူ ထားနိုင် ခဲ့ ကြပါတယ် ။

ဒါ့အပြင် ဂျေဒန် ဆန်ချို ၊ ဟတ်ဆန် အိုဒွိုင်း တို့လို အရည် အသွေးမြင့် ကစား သမားတွေ ပိုင်ဆိုင် ထားတာ ကလည်း အင်္ဂလန် ရဲ့ တိုက်စစ် ကို ပိုမို ထက်မြက် စေခဲ့ ပါတယ် ။ ဟယ်ရီ ကိန်း ဟာ အင်္ဂလန် အတွက် ပွဲ ၄၀ ကစား ပေး အပြီး မှာပဲ ၂၅ ဂိုး သွင်းယူ ထားခဲ့ပြီး ဖြစ်ကာ ၀ိန်းရွန်းနီ ရဲ့ ဂိုး အရေအတွက် ကို ကျော်ဖြတ် ဖို့ အတွက် အလား အလာ ကောင်း တွေ ပိုင်ဆိုင် နေပြီ ဖြစ်ပါတယ် ။

စတာလင် နဲ့ ရက်ဖိုဒ့် တို့ဟာ လည်း ပြိုင်ဘက် ခံစစ် ကြောင်း ကို မွှေနှောက် ထိုး ဖောက်နိုင် ပြီး ဂိုး တွေ ရယူ နိုင် သလို သူတို့ရဲ့ လျှင်မြန်တဲ့ ရွှေ့လျားမှု တွေ ကြောင့် ပင်နယ်တီ တွေ လည်း ရရှိ လာခဲ့ ပါတယ် ။ အင်္ဂလန် ဟာ ပြီးခဲ့တဲ့ စနေနေ့ တုန်းက ဘူဂေးရီးယား အသင်းနဲ့ ယှဉ်ပြိုင် ကစား ခဲ့ပြီး ပင်နယ်တီ ၂ လုံး အပါ အဝင် ၄ – ၀ ဖြင့် သက်တောင့် သက်သာ အနိုင် ရရှိ ခဲ့ ပါတယ် ။

“သူတို့ ဟာ တကယ် ကို စိတ်လှုပ်ရှားဖို့ ကောင်းတဲ့ တိုက်စစ် ကစားပုံ ကို ဖော်ဆောင် နေပါပြီ ။ စပိန် နဲ့ နေးရှင်း လိဂ် ကစားခဲ့ တုန်းက အဝေးကွင်း မှာ ကျွန်တော် စိုးရိမ် မိခဲ့ ပါတယ် ။ ဒါပေမယ့် ကျွန်တော့ ရဲ့ ရှေ့တန်း လူတွေ က ဒါကို မေ့ပျောက်အောင် စွမ်းဆောင် ပြနိုင် ခဲ့ ပါတယ်”

“ပွဲထွက် ၃ ဦးတင် မဟုတ်သေး ပါဘူး ။ ဆန်ချို ၊ ဟတ်ဆန် အိုဒွိုင်း တို့လို လူငယ် တွေ လည်း ကျွန်တော်တို့ မှာ ရှိနေ ပါသေးတယ် ။ ဒါကြောင့် တိုက်စစ် – တိုက်စစ် – တိုက်စစ် ကစားပုံကို မိနစ် ၉၀ လုံး ဖော်ဆောင် သွား နိုင် ပါတယ် ။ ဒါက တကယ့်ကို စိတ်လှုပ်ရှား စရာ ပါပဲ” လို့ အင်္ဂလန် နည်းပြ ဆောက်ဂိတ် က ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ဆက်လက်ပြီး ဆောက်ဂိတ် က အသင်း ခေါင်းဆောင် အဖြစ် တာဝန် ယူ ခဲ့သလို ပင်နယ်တီ တွေ ကိုလည်း တာဝန်ယူ ကန်သွင်း ခဲ့တဲ့ တိုက်စစ်မှုး ဟယ်ရီကိန်း ကို ချီးကျုး သွားခဲ့ ပြီး ကိန်း လို ကစား သမားမျိုး ရရှိ ထားတာ ဟာ ကောင်းတဲ့ ကိစ္စ ဖြစ်ပါတယ် လို့ ဆိုသွား ခဲ့ ပါတယ် ။

“ဟယ်ရီ့ အပေါ် မှာ ဖိအား တွေ မရောက် စေချင် ပါဘူး ။ ဒါပေမယ့် သူ ဟာ တကယ့်ကို ပရော်ဖက်ရှင်နယ် ဆန်တဲ့ ကစာ သမားပါ ။ တာဝန် ယူ စိတ် အပြည့် ရှိသလို ယုံကြည်မှု နဲ့ ဦးဆောင် နိုင်စွမ်း မှာလည် အကောင်းဆုံး လုပ်ဆောင် နိုင်တဲ့ ကစား သမားပါ” လို့ ဆောက်ဂိတ် က ပြောဆို သွားခဲ့ ပါတယ် ။

အင်္ဂလန် အသင်း ဟာ ယူရို ၂၀၂၀ ခြေစစ်ပွဲ အုပ်စု A မှာ ကိုဆိုဗို ၊ ချက် ၊ ဘူဂေးရီးယား ၊ မွန်တီ နီဂရိုး တို့ နဲ့ အတူ ကျရောက် နေခဲ့ပြီး ၃ ပွဲ ကစား အပြီး မှာ ရာနှုန်းပြည့် နိုင်ပွဲ နဲ့ အဆင့် ၁ နေရာကို ရယူထား ခဲ့ ပါတယ် ။ လာမယ့် ဗုဒ္ဓဟူး နေ့ မှာတော့ အင်္ဂလန် ဟာ အုပ်စု ဒုတိယ နေရာကနေ တစ်မှတ် အကွာ နဲ့ လိုက်လံ ဖိအား ပေးနေတဲ့ ကိုဆိုဗို အသင်း ကို အိမ်ကွင်း မှာ လက်ခံ ကစား ရမှာပဲ ဖြစ် ပါတယ် ။

SPORTS MYANMAR