မန္ခ်က္ စတာ ယူႏုိက္တက္ ဂုိး သမား ေဒးဗစ္ ဒီဂီယာ ဟာ ယမန္ေန႔ ညက ကစားခဲ့ တဲ့ ယူရို ၂၀၂၀ ေျခစစ္ပြဲ မွာ စပိန္ အသင္း အတြက္ ပြဲထြက္ ပါ၀င္ ခဲ့ၿပီး လက္စြမ္းျပ ႏုိင္ ခဲ့ ပါတယ္ ။ စပိန္ ဟာ ဖာရိုး ကြ်န္းစု အသင္း ကို ၄ ဂုိးျပတ္ ႏုိင္ခဲ့ ၿပီး အုပ္စု အတြင္း ၁၀၀% ႏုိင္ပြဲ နဲ႕ ဦးေဆာင္ ေနခဲ့ ပါတယ္ ။ ယူႏုိက္တက္ ေနာက္ခံလူ လင္ဒီေလာ့ဖ္ ပါ၀င္တဲ့ ဆြီဒင္ ကေတာ့ ေနာ္ေ၀ နဲ႔ သေရ က်ခဲ့ ပါတယ္ ။

 

ယူႏုိက္တက္ ဟာ လာမယ့္ ဇန္န၀ါရီ အေျပာင္း အေရႊ႕ မွာ ေပၚတူဂီ ကြင္းလယ္လူ ဘရူႏို ဖာနန္ဒက္စ္ ကို ေခၚယူ ဖို႔ အတြက္ လုပ္ေဆာင္ ေနတယ္ လို႔ ၾကားသိရ သလို စပါး နဲ႔ စာခ်ဳပ္ ျပည့္ေတာ့မယ့္ ဒိန္းမတ္ ကြင္းလယ္လူ အဲရစ္ဆင္ ကိုလည္း ကမ္းလွမ္း ဖို႔ ႀကဳိးစား သြားမယ္ လု႔ိ သတင္း ၾကားသိရ ပါတယ္ ။

မန္ခ်က္ စတာ ယူႏုိက္တက္ ဟာ ဘင္ဖီကာ အသင္း မွာ ကစား ေနတဲ့ လူငယ္ ၾကယ္ပြင့္ေလး ဖေလာ္ရန္တို လူး၀စ္ ကို ၿမဳိ႕ခံ ၿပဳိင္ဘက္ မန္စီးတီး နဲ႔ အၿပဳိင္ ေစာင့္ၾကည့္ ေနတယ္လို႔ ၾကားသိရ ပါတယ္ ။

မန္ခ်က္ စတာ ယူႏုိက္တက္ ကစား သမား ေတြ ဟာ အလက္ဆစ္ ဆန္းခ်က္ အေပၚ ပုဂၢဳိလ္ေရး အရ မုန္းတီးမႈ မရွိဘဲ လုပ္ခ လစာ အလြန္ အမင္း ေပးခဲ့မႈ အေပၚ သာ မေက် မနပ္ ျဖစ္ခဲ့ၾကတာ ျဖစ္တယ္ လုိ႔ သိရ ပါတယ္ ။

မန္ခ်က္ စတာ ညေနခင္း သတင္းစာ ရဲ႕ စစ္တမ္း အရ ယူႏုိက္တက္ ပရိသတ္ အမ်ားစု ဟာ ႏုိင္ငံ တကာ ပြဲစဥ္ ေတြ အၿပီး ျပန္လည္ စတင္ မယ့္ လက္စတာ စီးတီး နဲ႔ ပြဲမွာ ဘရာဇီး ကြင္းလယ္လူ ဖရက္ဒ္ ကို ေပါလ္ ေပါ့ဘာ နဲ႔ တြဲဖက္ ၿပီး ပြဲထုတ္ ေစလို တယ္လို႔ ဆႏၵျပဳ ခဲ့ေၾကာင္း သိရ ပါတယ္ ။

မန္ခ်က္ စတာ ယူႏုိက္တက္ အမ်ဳိး သမီး အသင္း က မန္စီးတီး အမ်ဳိးသမီး အသင္းကို ၁ – ၀ ျဖင့္ အေရးနိမ့္ ခဲ့ ေပမယ့္ လူငယ္ အသင္းေတြ ျဖစ္တဲ့ ယူ-၁၅ နဲ႔ ယူ-၁၄ အသင္းေတြ ကေတာ့ စီးတီး လူငယ္ အသင္းေတြ ကို ၄ ဂုိးစီ သြင္းကာ အျပတ္ အသတ္ အႏုိင္ ကစားခဲ့ တယ္လို႔ ၾကားသိရ ပါတယ္ ။

အဖ်ားေ၀ဒနာ ေၾကာင့္ အဂၤၤလန္ လူစာရင္း ကေန ႏႈတ္ထြက္ ခဲ့ရတဲ့ ဂ်က္ဆီ လင္ဂတ္ ကေတာ့ သူ ဟာ အျမန္ဆံုး ျပန္လည္ သက္သာ လာေအာင္ လုပ္ေဆာင္ ေနသလို ဗုဒၶဟူး ေန႔မွာ ကစားမယ့္ အဂၤလန္ ရဲ႕ ယူရို ေျခစစ္ပြဲ အတြက္ လည္း ဆုေတာင္းေပး ေၾကာင္း ေျပာဆို သြားခဲ့ ပါတယ္ ။

ယူႏုိက္တက္ နဲ႔ သတင္းေတြ က်ယ္က်ယ္ ေလာင္ေလာင္ ေပၚထြက္ ခဲ့ဖူး တဲ့ မီလန္ကိုဗစ္ ဆာဗစ္ ကေတာ့ လာဇီယို အသင္း နဲ႔ စာခ်ဳပ္ သစ္ ခ်ဳပ္ဆိုဖို႔ နီးစပ္ ေနၿပီလို႔ သတင္း ၾကားသိရ ပါတယ္ ။

လက္ရွိ တရုတ္ လက္ေရြးစင္ အသင္း ကို ကိုင္တြယ္ ေနတဲ့ အီတလီ ဂႏၳ၀င္ နည္းျပႀကီး မာဆယ္လို လစ္ပီ က သူ နဲ႔ ယူႏုိက္တက္ ဂႏၳ၀င္ နည္းျပႀကီး ဆာအဲလက္စ္ တို႔ ဟာ ညီအကို လို ဆက္ဆံေရးေတြ ရွိခဲ့ ေၾကာင္း နဲ႔ ၂၀၀၀ ျပည့္ႏွစ္ ၀န္းက်င္ တုုန္းက သူ ဟာ ယူႏုိက္တက္ ကြင္းလယ္လူ ရြဳိင္ကင္း ကို ယူဗင္တပ္ အသင္းထံ ေခၚယူ လုိခဲ့ေၾကာင္း အင္တာဗ်ဳး မွာ ထုတ္ေဖာ္ ေျပာဆို သြားခဲ့ ပါတယ္ ။

မၾကာေသးမီ ကမွ စာအုပ္သစ္ ထုတ္ေ၀ၿပီး ေ၀ဖန္သူေတြ ႏႈတ္ဖ်ား မွာ ေရပန္း စားခဲ့တဲ့ ယူႏုိက္တက္ တုိက္စစ္ မႈး ေဟာင္း မုိက္ကယ္ အို၀င္ ဟာ သူ အႏွစ္သက္ဆံုး အဂၤလန္ ကစား သမား ၁၁ ဦး ကို ေရြးခ်ယ္ ခဲ့ၿပီး မန္ခ်က္ စတာ ယူႏုိက္တက္ အသင္း သားေတြ ျဖစ္တဲ့ ဖာဒီနန္ ၊ ဘက္ခမ္း ၊ ေပါလ္ စခိုး နဲ႔ ၀ိန္းရြန္းနီ တို႔ ပါ၀င္ ခဲ့ၾက ပါတယ္ ။

ယူႏုိက္တက္ ေနာက္ခံလူ ေဟာင္း ပက္ထရစ္ အီဗရာ ကေတာ့ ေဘာလံုး ကစား ျခင္းက အနားယူၿပီး ေနာက္ မွာ ေအးေအး ေဆးေဆး အပန္းေျဖ ေနၿပီး ေဖာ္ျမဴလာ၀မ္း ကားၿပဳိင္ပြဲ ေတြ ကို သြားေရာက္ အားေပး ခဲ့ကာ တစ္ခ်ိန္တုန္းက ၿပဳိင္ဘက္ ေတြ ျဖစ္ခဲ့ဖူး တဲ့ ခ်ဲလ္ဆီး တုိက္စစ္မႈးေဟာင္း ဒီဒီယာ ဒေရာ့ဘာ နဲ႔ ျပန္ဆံု ခဲ့ၾက တယ္လို႔ Instagram ဓါတ္ပံု မွာ ေဖာ္ျပ သြားခဲ့ ပါတယ္ ။

SPORTS MYANMAR

Unicode

မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ

========================================

မန်ချက် စတာ ယူနိုက်တက် ဂိုး သမား ဒေးဗစ် ဒီဂီယာ ဟာ ယမန်နေ့ ညက ကစားခဲ့ တဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲ မှာ စပိန် အသင်း အတွက် ပွဲထွက် ပါ၀င် ခဲ့ပြီး လက်စွမ်းပြ နိုင် ခဲ့ ပါတယ် ။ စပိန် ဟာ ဖာရိုး ကျွန်းစု အသင်း ကို ၄ ဂိုးပြတ် နိုင်ခဲ့ ပြီး အုပ်စု အတွင်း ၁၀၀% နိုင်ပွဲ နဲ့ ဦးဆောင် နေခဲ့ ပါတယ် ။ ယူနိုက်တက် နောက်ခံလူ လင်ဒီလော့ဖ် ပါ၀င်တဲ့ ဆွီဒင် ကတော့ နော်ဝေ နဲ့ သရေ ကျခဲ့ ပါတယ် ။

ယူနိုက်တက် ဟာ လာမယ့် ဇန်နဝါရီ အပြောင်း အရွှေ့ မှာ ပေါ်တူဂီ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် ကို ခေါ်ယူ ဖို့ အတွက် လုပ်ဆောင် နေတယ် လို့ ကြားသိရ သလို စပါး နဲ့ စာချုပ် ပြည့်တော့မယ့် ဒိန်းမတ် ကွင်းလယ်လူ အဲရစ်ဆင် ကိုလည်း ကမ်းလှမ်း ဖို့ ကြိုးစား သွားမယ် လို့ သတင်း ကြားသိရ ပါတယ် ။

မန်ချက် စတာ ယူနိုက်တက် ဟာ ဘင်ဖီကာ အသင်း မှာ ကစား နေတဲ့ လူငယ် ကြယ်ပွင့်လေး ဖလော်ရန်တို လူးဝစ် ကို မြို့ခံ ပြိုင်ဘက် မန်စီးတီး နဲ့ အပြိုင် စောင့်ကြည့် နေတယ်လို့ ကြားသိရ ပါတယ် ။

မန်ချက် စတာ ယူနိုက်တက် ကစား သမား တွေ ဟာ အလက်ဆစ် ဆန်းချက် အပေါ် ပုဂ္ဂိုလ်ရေး အရ မုန်းတီးမှု မရှိဘဲ လုပ်ခ လစာ အလွန် အမင်း ပေးခဲ့မှု အပေါ် သာ မကျေ မနပ် ဖြစ်ခဲ့ကြတာ ဖြစ်တယ် လို့ သိရ ပါတယ် ။

မန်ချက် စတာ ညနေခင်း သတင်းစာ ရဲ့ စစ်တမ်း အရ ယူနိုက်တက် ပရိသတ် အများစု ဟာ နိုင်ငံ တကာ ပွဲစဉ် တွေ အပြီး ပြန်လည် စတင် မယ့် လက်စတာ စီးတီး နဲ့ ပွဲမှာ ဘရာဇီး ကွင်းလယ်လူ ဖရက်ဒ် ကို ပေါလ် ပေါ့ဘာ နဲ့ တွဲဖက် ပြီး ပွဲထုတ် စေလို တယ်လို့ ဆန္ဒပြု ခဲ့ကြောင်း သိရ ပါတယ် ။

မန်ချက် စတာ ယူနိုက်တက် အမျိုး သမီး အသင်း က မန်စီးတီး အမျိုးသမီး အသင်းကို ၁ – ၀ ဖြင့် အရေးနိမ့် ခဲ့ ပေမယ့် လူငယ် အသင်းတွေ ဖြစ်တဲ့ ယူ-၁၅ နဲ့ ယူ-၁၄ အသင်းတွေ ကတော့ စီးတီး လူငယ် အသင်းတွေ ကို ၄ ဂိုးစီ သွင်းကာ အပြတ် အသတ် အနိုင် ကစားခဲ့ တယ်လို့ ကြားသိရ ပါတယ် ။

အဖျားဝေဒနာ ကြောင့် အင်္ဂင်္လန် လူစာရင်း ကနေ နှုတ်ထွက် ခဲ့ရတဲ့ ဂျက်ဆီ လင်ဂတ် ကတော့ သူ ဟာ အမြန်ဆုံး ပြန်လည် သက်သာ လာအောင် လုပ်ဆောင် နေသလို ဗုဒ္ဓဟူး နေ့မှာ ကစားမယ့် အင်္ဂလန် ရဲ့ ယူရို ခြေစစ်ပွဲ အတွက် လည်း ဆုတောင်းပေး ကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

ယူနိုက်တက် နဲ့ သတင်းတွေ ကျယ်ကျယ် လောင်လောင် ပေါ်ထွက် ခဲ့ဖူး တဲ့ မီလန်ကိုဗစ် ဆာဗစ် ကတော့ လာဇီယို အသင်း နဲ့ စာချုပ် သစ် ချုပ်ဆိုဖို့ နီးစပ် နေပြီလို့ သတင်း ကြားသိရ ပါတယ် ။

လက်ရှိ တရုတ် လက်ရွေးစင် အသင်း ကို ကိုင်တွယ် နေတဲ့ အီတလီ ဂန္ထဝင် နည်းပြကြီး မာဆယ်လို လစ်ပီ က သူ နဲ့ ယူနိုက်တက် ဂန္ထဝင် နည်းပြကြီး ဆာအဲလက်စ် တို့ ဟာ ညီအကို လို ဆက်ဆံရေးတွေ ရှိခဲ့ ကြောင်း နဲ့ ၂၀၀၀ ပြည့်နှစ် ၀န်းကျင် တုုန်းက သူ ဟာ ယူနိုက်တက် ကွင်းလယ်လူ ရွိုင်ကင်း ကို ယူဗင်တပ် အသင်းထံ ခေါ်ယူ လိုခဲ့ကြောင်း အင်တာဗျုး မှာ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

မကြာသေးမီ ကမှ စာအုပ်သစ် ထုတ်ဝေပြီး ဝေဖန်သူတွေ နှုတ်ဖျား မှာ ရေပန်း စားခဲ့တဲ့ ယူနိုက်တက် တိုက်စစ် မှုး ဟောင်း မိုက်ကယ် အိုဝင် ဟာ သူ အနှစ်သက်ဆုံး အင်္ဂလန် ကစား သမား ၁၁ ဦး ကို ရွေးချယ် ခဲ့ပြီး မန်ချက် စတာ ယူနိုက်တက် အသင်း သားတွေ ဖြစ်တဲ့ ဖာဒီနန် ၊ ဘက်ခမ်း ၊ ပေါလ် စခိုး နဲ့ ၀ိန်းရွန်းနီ တို့ ပါ၀င် ခဲ့ကြ ပါတယ် ။

ယူနိုက်တက် နောက်ခံလူ ဟောင်း ပက်ထရစ် အီဗရာ ကတော့ ဘောလုံး ကစား ခြင်းက အနားယူပြီး နောက် မှာ အေးအေး ဆေးဆေး အပန်းဖြေ နေပြီး ဖော်မြူလာဝမ်း ကားပြိုင်ပွဲ တွေ ကို သွားရောက် အားပေး ခဲ့ကာ တစ်ချိန်တုန်းက ပြိုင်ဘက် တွေ ဖြစ်ခဲ့ဖူး တဲ့ ချဲလ်ဆီး တိုက်စစ်မှုးဟောင်း ဒီဒီယာ ဒရော့ဘာ နဲ့ ပြန်ဆုံ ခဲ့ကြ တယ်လို့ Instagram ဓါတ်ပုံ မှာ ဖော်ပြ သွားခဲ့ ပါတယ် ။

SPORTS MYANMAR