ချယ်လ်ဆီး အသင်း ဟာ ယနေ့ည ၁၂ : ၂၅ အချိန် မှာ ယူကရိန်း မြေမှာ ဒိုင်နမိုကိဗ် အသင်း နဲ့ ယူရိုပါလိဂ် ၁၆ သင်း အဆင့် ဒုတိယ အကျော့ ပွဲစဉ် အဖြစ် ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ် ။ ချယ်လ်ဆီး အသင်း ဟာ UEFA မှ ပြုလုပ် တဲ့ ပြိုင်ပွဲ တွေရဲ့ ရှုံးထွက် အဆင့် နောက်ဆုံး ၁၅ ပွဲ မှ ၁၁ ပွဲ ဟာ ပထမ အကျော့ အိမ်ကွင်း မှာ အနိုင်ရတာ နဲ့ နောက်တဆင့် ကို တက်ရောက် ခဲ့တဲ့ အနေအထား တွေ ဖြစ်ပေါ် ခဲ့ပါတယ် ။ ပထမ အကျော့ အိမ်ကွင်း မှာ အနိုင်ရပြီး နောက်တဆင့် မတက် ခဲ့တာ ဟာ ၂၀၀၆ – ၂၀၀၇ ချန်ပီယံလိဂ် ဆီမီး ဖိုင်နယ် က ဖြစ်ပါတယ် ။

ချယ်လ်ဆီး အသင်း ဟာ နောက်ဆုံး ကစား ခဲ့တဲ့ ယူရိုပါလိဂ် ၁၂ ပွဲဆက် ရှုံးပွဲ မရှိခဲ့ပဲ ဗီဒီ နဲ့ သရေ တပွဲသာ ကြုံတွေ့ ခဲ့ရပါတယ် ။ နောက်ဆုံး ယူရိုပါလိဂ် မှာ ရှုံးပွဲ ကြုံတွေ့ ခဲ့တာ ကတော့ ၂၀၁၂ – ၁၃ ဘောလုံး ရာသီ ယူရိုပါလိဂ် ကွာတား ဖိုင်နယ် က ဖြစ်ပါတယ် ။ ထိုစဉ် ရုရှား ကလပ် ရူဘင် ကာဇန် အသင်း ကို အဝေးကွင်း မှာ ၃ – ၂ နဲ့ ရှုံးနိမ့် ခဲ့ပါတယ် ။ သို့ပေမယ့် ဒုတိယ အကျော့ စတမ်းဖို့ဒ် ဘရစ်ခ်ျ မှာ ချယ်လ်ဆီး တို့ ၃ – ၁ နဲ့ အနိုင်ရပြီး နောက်တဆင့် တက်ခဲ့ပါတယ် ။

ချယ်လ်ဆီး အသင်း ဟာ ယခုနှစ် ယူရိုပါလိဂ် မှာ တိုက်ရိုက် ဖရီးကစ် ဂိုး အများဆုံး အသင်း အဖြစ် ရပ်တည် နေပြီး စုစုပေါင်း ၄ဂိုး ထိ သွင်းယူ ခဲ့တာ ဖြစ်ပါတယ် ။ ချယ်လ်ဆီး အသင်း ရဲ့ တိုက်စစ်မှူး အိုလီဗီယာ ဂျရူး ကတော့ ယနေ့ည ချယ်လ်ဆီး အတွက် ပါဝင် ပွဲထွက်ခွင့် ရရှိပါက ကစားသမား ဘဝ တလျှောက် ဥရောပ ပွဲပေါင်း ၅၀ ပြည့်မြောက် မှာ ဖြစ်ပါတယ် ။

ဒိုင်နမိုကိဗ် ဟာ အင်္ဂလန် ကလပ် တွေကို အိမ်ကွင်း မှာ လက်ခံ ကစား ထားရာ ၃ပွဲသာ ရှုံးနိမ့် ခဲ့ပြီး ၅ပွဲ အထိ အနိုင် ရခဲ့ပါတယ် ။ ယနေ့ည ပွဲစဉ် မှာ ဒိုင်နမိုကိဗ် ဖက်က ဘူယာစကီး အဝါ ၃ဝါ ပြည့်ခဲ့လို့ ပါဝင် နိုင်မှာ မဟုတ်သလို ချယ်လ်ဆီး ကွင်းလယ်လူ ဘာကလေ ဟာလည်း ယနေ့ည ပွဲစဉ် မှာ အဝါ ထပ်ထိ ပါက နောက်ပွဲစဉ် ကို လွဲချော် မှာ ဖြစ်ပါတယ် ။

ယနေ့ည မှာ ချယ်လ်ဆီး တို့ သွားရောက် ယှဉ်ပြိုင် ရမယ့် ဒိုင်နမိုကိဗ် ရဲ့ အိမ်ကွင်း မှာ ရာသီဥတု အခြေအနေ မငြိမ်သက်မှု တွေကို ခံစား ရနိုင်ကြောင်း ၊ အထူးသဖြင့် အနိမ့်ဆုံး အပူချိန် ၂ ဒီဂရီ ဆဲလ်စီးရပ်စ် အထိ အအေးဒဏ် ခံစား ရနိုင်ကြောင်း သိရပါတယ် ။

ချယ်လ်ဆီး အသင်း ရဲ့ ကွင်းလယ်လူ ၂ဦး ဖြစ်တဲ့ ရော့စ် ဘာကလေ နဲ့ ရူဘင် လော့ဖ်တပ်စ်ချိခ် တို့ဟာ လာမယ့် အပတ် အတွင်း မှာ ယှဉ်ပြိုင် ကစားဖို့ ရှိနေတဲ့ ချက် ၊ မွန်တီနီဂရိုး လက်ရွေးစင် အသင်း တွေနဲ့ ရင်ဆိုင် ရမယ့် ခြေစမ်း ပွဲစဉ် တွေ အတွက် အင်္ဂလန် လက်ရွေးစင် အသင်း နောက်ဆုံး လူစာရင်း မှာ ပါဝင် ရွေးချယ် ခံခဲ့ ရပါတယ် ။

ချယ်လ်ဆီး အသင်း ရဲ့ ဝါရင့် နောက်ခံလူ ဒေးဗစ် လူးဝဇ် ဟာ အသင်း ရဲ့ ပေါ်လစီ တခု ဖြစ်တဲ့ အသက် ၃၀ နဲ့ အထက် ကစားသမား တွေကို တနှစ်ထက် ပိုပြီး စာချုပ် ချုပ်ဆို လိုခြင်း မရှိ နေတဲ့ အနေအထား တွေရှိနေပေမယ့် လာမယ့် ဘောလုံး ရာသီ မှာ ချယ်လ်ဆီး အသင်း မှာပဲ ဆက်ကစား သွားဖို့ ဆန္ဒ ရှိနေတဲ့ အတွက် တနှစ် သက်တမ်းတိုး စာချုပ် ကို လက်ခံ သွားဖို့ ရှိနေတယ် လို့ Evening Standard ရဲ့ ဖော်ပြချက် အရ သိရပါတယ် ။

Chelsea’s Brazilian defender David Luiz reacts during the English Premier League football match between Chelsea and Wolverhampton Wanderers at Stamford Bridge in London on March 10, 2019. (Photo by Glyn KIRK / AFP) / RESTRICTED TO EDITORIAL USE. No use with unauthorized audio, video, data, fixture lists, club/league logos or ‘live’ services. Online in-match use limited to 120 images. An additional 40 images may be used in extra time. No video emulation. Social media in-match use limited to 120 images. An additional 40 images may be used in extra time. No use in betting publications, games or single club/league/player publications. /

အီတလီ မီဒီယာ Calciomercato ရဲ့ ဖော်ပြချက် အရ ရိုးမား အသင်း ရဲ့ နည်းပြသစ် ရာနီရေးရီ ဟာ လာမယ့် ဘောလုံး ရာသီ အပြောင်းအရွှေ့ မှာ ဒီရာသီ အတွင်း တပွဲမှာ ကစားခွင့် မရသေးတဲ့ ၄င်းရဲ့ တပည့်ဟောင်း ဒရင့်ခ် ဝါးတား ကို ခေါ်ယူဖို့ ကြိုးစား သွားဖွယ် ရှိနေတယ် လို့ သိရပါတယ် ။

ချယ်လ်ဆီး အသင်း နည်းပြ ဆာရီ က အသင်း ရဲ့ တိုက်စစ်မှူး ဟီဂွာအင် ဟာ ပြီးခဲ့တဲ့ ဝုလ်ဗ် နဲ့ ပွဲစဉ် အပြီး ၂ ရက် အကြာ မှာ အဖျား ဝေဒနာ ခံစား ခဲ့ရတာကြောင့် ယနေ့ည မှာ ကစားမယ့် ဒိုင်နမိုကိဗ် နဲ့ ပွဲစဉ် မှာ မလိုက်ပါနိုင်ဘူး လို့ မနေ့က သတင်းစာ ရှင်းလင်းပွဲ မှာ အတည်ပြု ပြောကြား ခဲ့ပါတယ် ။

ချယ်လ်ဆီး တောင်ပံ ကစားသမား ဝီလီယံ က ပြီးခဲ့တဲ့ ဒိုင်နမိုကိဗ် နဲ့ ပထမ အကျော့ က အတိုင်း ဖရီးကစ် သွင်းဂိုး မျိုး ယနေ့ည ပွဲစဉ် မှာ ထပ်မံ သွင်းယူ နိုင်ဖို့ မျှော်လင့် ထားကြောင်း ၊ ၄င်း ဂိုးသွင်းဖို့ ထက် အသင်း အနိုင်ရဖို့ ပို အရေးပါ ကြောင်း မနေ့က သတင်းစာ ရှင်းလင်းပွဲ မှာ ထုတ်ဖော် ပြောဆို ခဲ့ပါတယ် ။

မနေ့က ယှဉ်ပြိုင် ကစား ခဲ့တဲ့ အမျိုးသမီး စူပါလိဂ် ပွဲစဉ် တပွဲ ဖြစ်တဲ့ ချယ်လ်ဆီး အမျိုးသမီး အသင်း နဲ့ လီဗာပူး အမျိုးသမီး အသင်း တို့ရဲ့ ပွဲစဉ် မှာ ချယ်လ်ဆီး အမျိုးသမီး အသင်း က ၄ဂိုးပြတ် နဲ့ အနိုင် ရခဲ့ကြောင်း သိရပါတယ် ။ ချယ်လ်ဆီး အမျိုးသမီး အသင်း အတွက် သွင်းဂိုး တွေကို ဖရန် ကာဘီ ( ၁၆’ ၊ ၂၂’ ၊ ၅၁’ ) ၊ အန်မန်း ( ၉၂’ ) တို့က အသီးသီး သွင်းယူ ပေးခဲ့ပါတယ် ။

မနေ့ည က ယှဉ်ပြိုင် ကစား ခဲ့တဲ့ UEFA Youth League ပွဲစဉ် တပွဲ ဖြစ်တဲ့ မောင့်ပယ်လီယာ ယူ၁၉ အသင်း နဲ့ ချယ်လ်ဆီး ယူ ၁၉ အသင်းတို့ရဲ့ ပွဲစဉ် မှာ ချယ်လ်ဆီး ယူ ၁၉ အသင်း က ၂ – ၁ နဲ့ အနိုင်ယူ ကျော်ဖြတ်ကာ ကွာတားဖိုင်နယ် သို့ တက်ရောက် နိုင်ခဲ့ကြောင်း သိရပါတယ် ။ ချယ်လ်ဆီး ယူ ၁၉ အသင်း အတွက် သွင်းဂိုး တွေကို ကတ်စတီလို ( ၇၂ မိနစ် ) နဲ့ မက်ကောမစ် ( ၈၂ မိနစ် ) တို့က အသီးသီး သွင်းယူ ပေးခဲ့ပါတယ် ။

မနေ့ညက ပွဲစဉ် များ အပြီး ချယ်လ်ဆီး အငှား ကစားသမား များရဲ့ ခြေစွမ်းများ
ဖီကာယို တိုမိုရီ ( ဒါဘီ ကောင်တီ ) ( ပွဲချိန်ပြည့် )
တော့ဒ်ကိန်း ( ဟူးလ်စီးတီး ) ( ပွဲချိန်ပြည့် )
ဒန်နီလို ပန်တစ် ( ပါတီဇန် ဘဲလ်ဂရိတ် ) ( ပွဲချိန်ပြည့် ) ( သွင်းဂိုး တဂိုး ၊ ဂိုးဖန်တီးမှု တကြိမ် )
တမ်မီ အေဘရာဟမ် ( အက်စတွန် ဗီလာ ) ( ၇၂ မိနစ် အထိ ပါဝင် )

SPORTS MYANMAR