ခ်ယ္လ္ဆီး အသင္း ရဲ႕ လူငယ္ ကြင္းလယ္ တိုက္စစ္ ကစားသမား ေမဆင္ေမာင့္ ဟာ ျပီးခဲ့တဲ့ ဘူလ္ေဂးရီးယား လက္ေရြးစင္ အသင္း နဲ႕ ယူရို ၂၀၂၀ ေျခစစ္ ပြဲစဥ္ မွာ အဂၤလန္ လက္ေရြးစင္ အသင္း အတြက္ ဒုတိယပိုင္း မွာ လူစားဝင္ ကစားေပးခဲ့လို႕ ၄င္း အတြက္ ပထမဆံုး လက္ေရြးစင္ ပြဲစဥ္ ျဖစ္လာ ခဲ့ပါတယ္ ။

ေမဆင္ေမာင့္ ဟာ ယခုႏွစ္ ေဘာလံုး ရာသီ မွာ နည္းျပသစ္ ျဖစ္သူ ဖရန္႕ လမ္းပတ္ ရဲ႕ စင္တင္ေပးမႈ နဲ႕ အတူ ထြန္းေတာက္ လာျပီး ခ်ယ္လ္ဆီး စီနီယာ အသင္း မွာ ပထမဆံုး ပရီးမီးယားလိဂ္ ပြဲထြက္ခြင့္ ေတြ ၊ သြင္းဂိုး ေတြ ရရွိ ခဲ့ျပီး ျဖစ္သလို ၊ အခုအခါ မွာ လက္ေရြးစင္ အသင္း နဲ႕လည္း ပထမဆံုး မွတ္တမ္း တခု ကို စတင္ ထူေထာင္ ႏိုင္ခဲ့ျပီ ျဖစ္ပါတယ္ ။

အသက္ ၂၀ အရြယ္သာ ရွိေသးတဲ့ ေမာင့္ ဟာ ခ်ယ္လ္ဆီး အသင္း အတြက္ ဒီႏွစ္ ေဘာလံုး ရာသီ မစတင္မီ ရာသီၾကိဳ ေျခစမ္း ပြဲစဥ္ ေတြမွာ သြင္းဂိုး ေတြနဲ႕ သက္ေသ ျပထားသလို ပရီးမီးယားလိဂ္ မွာလည္း ပြဲစဥ္ ၄ပြဲ ျပီးတဲ့ အထိ ေနရာ အလိုက္ စြမ္းေဆာင္ရည္ အေကာင္းဆံုး ကစားသမား တဦး အေနနဲ႕လည္း ရပ္တည္ ေနပါတယ္ ။

ဘူလ္ေဂးရီးယား နဲ႕ ပြဲစဥ္ အျပီး သတင္းေထာက္ ေတြနဲ႕ အင္တာဗ်ဴး မွာေတာ့ ေမဆင္ေမာင့္ က သူ႕ အေနနဲ႕ ဒီ တလ အတြင္း မွာ ခ်ယ္လ္ဆီး အသင္း အတြက္ေရာ ၊ အဂၤလန္ လက္ေရြးစင္ အသင္း အတြက္ပါ ဆက္တိုက္ လိုလို ကစားေပး လိုက္ရတာေၾကာင့္ ခံစားခ်က္ ေတြ ေရာေထြး ေနခဲ့ျပီး ေထြေထြထူးထူး စိတ္လႈပ္ရွား ေနမိတာမ်ိဳး မခံစား ရေၾကာင္း ဖြင့္ဟ ေျပာဆို ခဲ့ပါတယ္ ။

ေမာင့္ က ” တကယ္တမ္း ေျပာရရင္ ဒီေန႕ ပြဲမွာ ကြ်န္ေတာ္ စိတ္လႈပ္ရွား ေနတာမ်ိဳး မရွိခဲ့ပါဘူး ။ ဒါဟာ ေဘာလံုးပြဲ တပြဲသာ ျဖစ္တာေၾကာင့္ ကစားသမား ဘဝ တေလွ်ာက္လံုး ၾကံဳလာသမွ် ပြဲစဥ္ ေတြထဲက ပြဲတပြဲ လို႕သာ မွတ္ယူျပီး ကစား ခဲ့ပါတယ္ ။ လူစားဝင္ ကစားရတဲ့ အခ်ိန္ မွာ ခင္ဗ်ား ရဲ႕ စိတ္ထဲမွာ ပထမဆံုး ေဘာလံုး ထိခ်က္ ရဖို႕ ၊ အသင္း ရဲ႕ ကစားကြက္ မွာ ဘယ္လို အံဝင္ေအာင္ ကစားဖို႕ ၊ အသင္းေဖာ္ ေတြကို ဘယ္လို ကူညီ ေပးႏိုင္ရမလဲ ဆိုတာေတြပဲ ေခါင္းထဲမွာ စဥ္းစား ေနရမွာပါ ။ ”

” ကိုယ့္ရဲ႕ ႏိုင္ငံ လက္ေရြးစင္ အသင္း အတြက္ ကိုယ္စားျပဳျပီး ပထမဆံုး ကစားခြင့္ ရခဲ့တာ ျဖစ္လို႕ ကြ်န္ေတာ့ ရဲ႕ ခံစားခ်က္ ကေတာ့ မယံုႏိုင္ေလာက္ေအာင္ ပါပဲ ။ ဒီလို ကစားခြင့္ ရဖို႕ အတြက္ ကြ်န္ေတာ္ ငယ္ငယ္ေလး ကတည္းက အိပ္မက္ မက္လာခဲ့တာပါ ။ ဒီိလို လက္ေရြးစင္ အသင္း မွာ ေရြးခ်ယ္ ခံရျပီး ကစားခြင့္ ရႏိုင္တဲ့ ကစားသမား ပမာဏ ဟာ နည္းပါးမွန္း သိေပမယ့္ အခုေတာ့ ကြ်န္ေတာ္ လုပ္ေဆာင္ ႏိုင္ခဲ့ပါျပီ ။ ”

” ကြ်န္ေတာ္ ဟာ အရင္ ကတည္းက အလုပ္ ၾကိဳးၾကိဳးစားစား လုပ္ခဲ့သလို ၊ ဒီ ၾကိဳးစား အားထုတ္မႈ ကေန အိပ္မက္ ေတြ အေကာင္အထည္ ေပၚလာတဲ့ အတြက္ ကိုယ့္ကိုယ္ကို ေရာ ၊ မိသားစုဝင္ေတြ အတြက္ပါ ဂုဏ္ယူ မိပါတယ္ ။ ေနာက္ဆံုး ၂လ အတြင္း က အခ်ိန္ ကာလ ေတြဟာ ကြ်န္ေတာ့ အတြက္ အရမ္း ရူးသြပ္စရာ ေကာင္းခဲ့ပါတယ္ ။ ”

” ခ်ယ္လ္ဆီး အသင္း အတြက္ ပထမဆံုး ကစားခြင့္ ရခဲ့တယ္ ။ အဂၤလန္ လက္ေရြးစင္ အသင္း မွာ အေရြးခ်ယ္ ခံခဲ့ရတယ္ ၊ အခု အခါမွာ ပထမဆံုး ကစားခြင့္ ပါ ထပ္ရလိုက္ပါျပီ ။ တကယ္ ကို ကိုယ့္ရဲ႕ မ်က္စိေရွ႕ေမွာက္ မွာ တခဏ အခ်ိန္ အတြင္း ျဖစ္လာသလိုပါပဲ ။ ” လို႕ ေျပာၾကား ခဲ့ပါတယ္ ။ အဂၤလန္ အသင္း ဟာ မနက္ျဖန္ ညမွာ ကိုဆိုဗို လက္ေရြးစင္ အသင္း နဲ႕ ေနာက္ထပ္ ေျခစစ္ ပြဲစဥ္ တပြဲ ဆင္ႏႊဲ ရဦးမွာ ျဖစ္ပါတယ္ ။

SPORTS MYANMAR

Unicode

အင်္ဂလန် လက်ရွေးစင် အသင်း အတွက် ပထမဆုံး ကစားခွင့် ရခဲ့ပြီးနောက် သူ့ရဲ့ ခံစားချက် တချို့ ကို ထုတ်ဖော် ပြောဆို သွားတဲ့ #မေဆင်မောင့်

ချယ်လ်ဆီး အသင်း ရဲ့ လူငယ် ကွင်းလယ် တိုက်စစ် ကစားသမား မေဆင်မောင့် ဟာ ပြီးခဲ့တဲ့ ဘူလ်ဂေးရီးယား လက်ရွေးစင် အသင်း နဲ့ ယူရို ၂၀၂၀ ခြေစစ် ပွဲစဉ် မှာ အင်္ဂလန် လက်ရွေးစင် အသင်း အတွက် ဒုတိယပိုင်း မှာ လူစားဝင် ကစားပေးခဲ့လို့ ၄င်း အတွက် ပထမဆုံး လက်ရွေးစင် ပွဲစဉ် ဖြစ်လာ ခဲ့ပါတယ် ။

မေဆင်မောင့် ဟာ ယခုနှစ် ဘောလုံး ရာသီ မှာ နည်းပြသစ် ဖြစ်သူ ဖရန့် လမ်းပတ် ရဲ့ စင်တင်ပေးမှု နဲ့ အတူ ထွန်းတောက် လာပြီး ချယ်လ်ဆီး စီနီယာ အသင်း မှာ ပထမဆုံး ပရီးမီးယားလိဂ် ပွဲထွက်ခွင့် တွေ ၊ သွင်းဂိုး တွေ ရရှိ ခဲ့ပြီး ဖြစ်သလို ၊ အခုအခါ မှာ လက်ရွေးစင် အသင်း နဲ့လည်း ပထမဆုံး မှတ်တမ်း တခု ကို စတင် ထူထောင် နိုင်ခဲ့ပြီ ဖြစ်ပါတယ် ။

အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ မောင့် ဟာ ချယ်လ်ဆီး အသင်း အတွက် ဒီနှစ် ဘောလုံး ရာသီ မစတင်မီ ရာသီကြို ခြေစမ်း ပွဲစဉ် တွေမှာ သွင်းဂိုး တွေနဲ့ သက်သေ ပြထားသလို ပရီးမီးယားလိဂ် မှာလည်း ပွဲစဉ် ၄ပွဲ ပြီးတဲ့ အထိ နေရာ အလိုက် စွမ်းဆောင်ရည် အကောင်းဆုံး ကစားသမား တဦး အနေနဲ့လည်း ရပ်တည် နေပါတယ် ။

ဘူလ်ဂေးရီးယား နဲ့ ပွဲစဉ် အပြီး သတင်းထောက် တွေနဲ့ အင်တာဗျူး မှာတော့ မေဆင်မောင့် က သူ့ အနေနဲ့ ဒီ တလ အတွင်း မှာ ချယ်လ်ဆီး အသင်း အတွက်ရော ၊ အင်္ဂလန် လက်ရွေးစင် အသင်း အတွက်ပါ ဆက်တိုက် လိုလို ကစားပေး လိုက်ရတာကြောင့် ခံစားချက် တွေ ရောထွေး နေခဲ့ပြီး ထွေထွေထူးထူး စိတ်လှုပ်ရှား နေမိတာမျိုး မခံစား ရကြောင်း ဖွင့်ဟ ပြောဆို ခဲ့ပါတယ် ။

မောင့် က ” တကယ်တမ်း ပြောရရင် ဒီနေ့ ပွဲမှာ ကျွန်တော် စိတ်လှုပ်ရှား နေတာမျိုး မရှိခဲ့ပါဘူး ။ ဒါဟာ ဘောလုံးပွဲ တပွဲသာ ဖြစ်တာကြောင့် ကစားသမား ဘဝ တလျှောက်လုံး ကြုံလာသမျှ ပွဲစဉ် တွေထဲက ပွဲတပွဲ လို့သာ မှတ်ယူပြီး ကစား ခဲ့ပါတယ် ။ လူစားဝင် ကစားရတဲ့ အချိန် မှာ ခင်ဗျား ရဲ့ စိတ်ထဲမှာ ပထမဆုံး ဘောလုံး ထိချက် ရဖို့ ၊ အသင်း ရဲ့ ကစားကွက် မှာ ဘယ်လို အံဝင်အောင် ကစားဖို့ ၊ အသင်းဖော် တွေကို ဘယ်လို ကူညီ ပေးနိုင်ရမလဲ ဆိုတာတွေပဲ ခေါင်းထဲမှာ စဉ်းစား နေရမှာပါ ။ ”

” ကိုယ့်ရဲ့ နိုင်ငံ လက်ရွေးစင် အသင်း အတွက် ကိုယ်စားပြုပြီး ပထမဆုံး ကစားခွင့် ရခဲ့တာ ဖြစ်လို့ ကျွန်တော့ ရဲ့ ခံစားချက် ကတော့ မယုံနိုင်လောက်အောင် ပါပဲ ။ ဒီလို ကစားခွင့် ရဖို့ အတွက် ကျွန်တော် ငယ်ငယ်လေး ကတည်းက အိပ်မက် မက်လာခဲ့တာပါ ။ ဒီိလို လက်ရွေးစင် အသင်း မှာ ရွေးချယ် ခံရပြီး ကစားခွင့် ရနိုင်တဲ့ ကစားသမား ပမာဏ ဟာ နည်းပါးမှန်း သိပေမယ့် အခုတော့ ကျွန်တော် လုပ်ဆောင် နိုင်ခဲ့ပါပြီ ။ ”

” ကျွန်တော် ဟာ အရင် ကတည်းက အလုပ် ကြိုးကြိုးစားစား လုပ်ခဲ့သလို ၊ ဒီ ကြိုးစား အားထုတ်မှု ကနေ အိပ်မက် တွေ အကောင်အထည် ပေါ်လာတဲ့ အတွက် ကိုယ့်ကိုယ်ကို ရော ၊ မိသားစုဝင်တွေ အတွက်ပါ ဂုဏ်ယူ မိပါတယ် ။ နောက်ဆုံး ၂လ အတွင်း က အချိန် ကာလ တွေဟာ ကျွန်တော့ အတွက် အရမ်း ရူးသွပ်စရာ ကောင်းခဲ့ပါတယ် ။ ”

” ချယ်လ်ဆီး အသင်း အတွက် ပထမဆုံး ကစားခွင့် ရခဲ့တယ် ။ အင်္ဂလန် လက်ရွေးစင် အသင်း မှာ အရွေးချယ် ခံခဲ့ရတယ် ၊ အခု အခါမှာ ပထမဆုံး ကစားခွင့် ပါ ထပ်ရလိုက်ပါပြီ ။ တကယ် ကို ကိုယ့်ရဲ့ မျက်စိရှေ့မှောက် မှာ တခဏ အချိန် အတွင်း ဖြစ်လာသလိုပါပဲ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။ အင်္ဂလန် အသင်း ဟာ မနက်ဖြန် ညမှာ ကိုဆိုဗို လက်ရွေးစင် အသင်း နဲ့ နောက်ထပ် ခြေစစ် ပွဲစဉ် တပွဲ ဆင်နွှဲ ရဦးမှာ ဖြစ်ပါတယ် ။

SPORTS MYANMAR