ခ်ဲလ္ဆီး နဲ႕ မာေဆး တုိက္စစ္မွဳးေဟာင္း တုိနီကတ္စ္ကာရီႏုိ က ရာဟင္စတားလင္းဟာ ေနမာထက္ ပိုမို ေကာင္းမြန္တဲ့ ကမာၻ႕ ထိပ္တန္း ကစားသမား ၅ ဦးထဲက တစ္ဦး ျဖစ္တယ္လို႕ ဆုိလိုက္ျပီး မန္စီးတီး စတား အေနနဲ႕ သူ႕ရဲ႕ ကစားသမား ဘ၀မွာ ဘလြန္းဒီေအာဆု ကို ဆြတ္ခူးဖို႕ အတြက္ ပစ္မွတ္ ထားသင့္တယ္လို႕ တုိက္တြန္း လိုက္ပါတယ္။

မန္ခ်က္စတာစီးတီး စတားဟာ ျပီးခဲ့တဲ့ စေနေန႕က အဂၤလန္ က ဘူေဂးရီးယားကုိ ၄ – ၀ နဲ႕ အႏုိင္ ရရွိ ခဲ့တဲ့ ပြဲစဥ္မွာ လက္ေရြးစင္ အသင္းရဲ႕ ႏိုင္ပြဲ အတြက္ အဓိက က်တဲ့ ေျခစြမ္းေကာင္းကို ျပသ ႏုိင္ခဲ့ျပီး တစ္ဂိုးသြင္းကာ တစ္ဂိုး ဖန္တီးေပး ခဲ့ျပီး ျပိဳင္ဘက္ ေနာက္တန္းကို တစ္ပြဲလံုး ျခိမ္းေျခာက္မွဳေတြ ေပးခဲ့ပါတယ္။

ေနမာဟာ ဆုိရင္လည္း ေျခက်င္း၀တ္ ဒဏ္ရာေၾကာင့္ ၃ လၾကာ အနားယူ ခဲ့ရာက ျပီးခဲ့တဲ့ ရက္ပုိင္းက ကိုလံဘီယာ နဲ႕ ၂ ဂုိးစီ သေရက်ခဲ့တဲ့ ပြဲစဥ္မွာ ဘရာဇီး အတြက္ ဂိုးသြင္းေပး ႏုိင္ခဲ့ပါတယ္။ ဒါေပမယ့္ ျပီးခဲ့တဲ့ ရာသီေတြက စြမ္းေဆာင္ခ်က္ေတြ အရ စတားလင္းဟာ ေနမာ အမ်ားၾကီး သာတယ္လို႕ ကက္စ္ကာရီႏုိက ဆုိသြား ပါတယ္။

ကက္စ္ကာရီႏို က “ေနမာလား စတားလင္းလား – ခင္ဗ်ား ဘယ္သူ႕ကို လိုခ်င္သလဲ ? ကစားသမား တစ္ဦး အေနနဲ႕ ကၽြန္ေတာ္ စတားလင္းကို အလို ရွိပါတယ္။ ေနမာရဲ႕ ကြင္းျပင္ပ ေနထုိင္မွဳ ပံုစံေတြကို လ်စ္လ်ဴရွဳ လိုက္တယ္ ထားပါဦး။ ကၽြန္ေတာ္ ကေတာ့ စတာလင္းဟာ ကြင္းထဲမွာ ေနမာထက္ တကယ္ ပိုေကာင္း ပါတယ္။

သူရဲ႕ ကိန္းဂဏန္းေတြဟာ ေနမာထက္ ပိုေကာင္း ေနသလို သူဟာ ပီအက္ဂ်ီထက္ ပိုမို ေကာင္းမြန္တဲ့ အသင္းမွာ ကစား ေနတာပါ။ ပြဲအတြင္းမွာ ဘယ္ေဘာလံုးသမား မွ မလုပ္ႏုိင္တဲ့ အရာေတြကို ေနမာ လုပ္ျပ ခဲ့တာကို ကၽြန္ေတာ္ ျမင္ခဲ့ဖူး ပါတယ္။ အလွျပ ေဖ်ာ္ေျဖမွဳ ေပးစြမ္းတဲ့ ကစားသမား တစ္ဦးလိုမ်ိဳးေပါ့။ ဒါေပမယ့္ အသင္း အတြက္ အေကာင္းဆံုး ျဖစ္မယ့္ ကစားသမား တစ္ဦး နဲ႕ ေနမာ ရဲ႕ သြင္းဂိုးႏွဳန္းေလာက္ ဂုိးေတြ သြင္းယူ ႏုိင္စြမ္း ရွိတဲ့ ကစားသမားကို အလို ရွိတယ္ ဆုိရင္ စတားလင္းဟာ ခင္ဗ်ားစိတ္ၾကိဳက္လူ ပါပဲ။” လုိ႕ ဆုိသြားပါတယ္။

စတားလင္းနဲ႕ ေနမာ တုိ႕ဟာ ေတာင္ပံ တုိက္စစ္ေတြမွာ ကစား ၾကသူေတြ ျဖစ္ေပမယ့္ အဂၤလန္ လက္ေရြးစင္ဟာ ျပီးခဲ့တဲ့ ရာသီက ပီအက္ဂ်ီစတားထက္ သြင္းဂိုး ဂိုးဖန္တီးမွဳေတြ ပိုမို လုပ္ႏုိင္ခဲ့ပါတယ္။ ဒါအျပင္ စီးတီးဟာ အဂၤလန္ ျပည္တြင္း ဖလား ၃ လံုးစလံုးကို သိမ္းပုိက္ ႏုိင္ခဲ့တာေၾကာင့္လည္း စတားလင္းဟာ ဆုဖလား ရယူမွဳ အပိုင္းမွာလည္း ေနမာထက္ သာေနပါတယ္။ ဒါေပမယ့္လည္း ေနမာဟာ ဒဏ္ရာ ျပသနာေတြေၾကာင့္ စတားလင္းထက္ ပြဲထက္၀က္ နီးပါး ေလ်ာ့နည္းျပီး ကစား ခဲ့တာကိုေတာ့ ထည့္စဥ္းစား ရမွာပါ။

ေနမာဟာ ပီအက္ဂ်ီကုိ ေျပာင္းေရြ႕ လာခဲ့ျပီးေနာက္ ဒဏ္ရာ ျပသနာေတြနဲ႕ ေတာက္ေလွ်ာက္ ရုန္းကန္ ခဲ့ရျပီး အဲဒီအခ်ိန္အတြင္း ရာဟင္စတာလင္းဟာ နည္းျပ ပက္ဂြာဒီယုိလာ ရဲ႕ လက္ေအာက္မွာ တစ္ရာသီထက္ တစ္ရာသီ ပိုမို ထြန္းေတာက္ လာခဲ့ပါတယ္။

ဆက္လက္ျပီး ကတ္စ္ကာရီႏုိက “သူဟာ ကမာၻ႕ထိပ္တန္း ကစားသမား ၅ ဦး ထဲမွာ ပါ၀င္တယ္လို႕ ကၽြန္ေတာ္ အခုိင္အမာ ဆုိခ်င္ပါတယ္။ စတားလင္းနဲ႕ ပက္သက္ျပီး ကၽြန္ေတာ့္ကို စိ္တ္လွဳပ္ရွားေစတာ ကေတာ့ သူ႕ရဲ႕ တုိးတက္မွဳပါ။ ဒရမ္မာဆန္ဆန္ တုိးတက္္မွဳလို႕ေတာင္ ဆုိႏုိင္ပါတယ္။

ခင္ဗ်ား သူ႕ကို မနက္ျဖန္ အေျပာင္းအေရြ႕ ေစ်းကြက္ထဲကို ခ်လိုက္မယ္ ဆုိရင္ မန္ခ်က္စတာစီးတီးဟာ သူ႕အတြက္ ေပါင္သန္း ၁၅၀ ေပးရင္ေတာင္ ယူမွာ မဟုတ္ပါဘူး။ အကယ္၍ သူ ဒီလို ပံုစံအတုိင္းသာ တုိးတက္ေနအံုးမယ္ ဆုိရင္ သူဟာ ကမာၻ႕အေကာင္းဆံုး ကစားသမား တစ္ဦး ျဖစ္လာ ႏုိင္ျပီး ဘလြန္းဒီေအာ လမ္းေၾကင္းေပၚမွာလည္း ရွိလာႏုိင္ ပါတယ္။

အကယ္၍ သူ မန္ခ်က္စတာစီးတီး နဲ႕ အတူ ခ်န္ပီယံလိဂ္ ဖလား ဆြတ္ခူးျပီး ၾကီးမားတဲ့ အစိတ္အပိုင္း တစ္ခု အေနနဲ႕ ပါ၀င္ ခဲ့မယ္..ျပီးေတာ့ ရာသီတစ္ေလွ်ာက္လံုး ဂုိးေတြ အမ်ားၾကီး သြင္းယူ ႏုိင္ခဲ့မယ္ ဆုိရင္ သူဟာ ဘလြန္းဒီေအာဆုကို ဆြတ္ခူး ႏုိင္ဖို႕ အရမ္း ေကာင္းတဲ့ အခြင့္အေရး ရသြား ပါလိမ့္မယ္။” လို႕ ဆုိသြားပါတယ္။

SM

Unicode

စတာလင်းဟာ နေမာထက် ဘာကြောင့် ပိုကောင်းသလဲဆိုတာ ပြောပြလိုက်တဲ့ ချဲလ်ဆီး တိုက်စစ်မှုးဟောင်း

ချဲလ်ဆီး နဲ့ မာဆေး တိုက်စစ်မှုးဟောင်း တိုနီကတ်စ်ကာရီနို က ရာဟင်စတားလင်းဟာ နေမာထက် ပိုမို ကောင်းမွန်တဲ့ ကမ္ဘာ့ ထိပ်တန်း ကစားသမား ၅ ဦးထဲက တစ်ဦး ဖြစ်တယ်လို့ ဆိုလိုက်ပြီး မန်စီးတီး စတား အနေနဲ့ သူ့ရဲ့ ကစားသမား ဘဝမှာ ဘလွန်းဒီအောဆု ကို ဆွတ်ခူးဖို့ အတွက် ပစ်မှတ် ထားသင့်တယ်လို့ တိုက်တွန်း လိုက်ပါတယ်။

မန်ချက်စတာစီးတီး စတားဟာ ပြီးခဲ့တဲ့ စနေနေ့က အင်္ဂလန် က ဘူဂေးရီးယားကို ၄ – ၀ နဲ့ အနိုင် ရရှိ ခဲ့တဲ့ ပွဲစဉ်မှာ လက်ရွေးစင် အသင်းရဲ့ နိုင်ပွဲ အတွက် အဓိက ကျတဲ့ ခြေစွမ်းကောင်းကို ပြသ နိုင်ခဲ့ပြီး တစ်ဂိုးသွင်းကာ တစ်ဂိုး ဖန်တီးပေး ခဲ့ပြီး ပြိုင်ဘက် နောက်တန်းကို တစ်ပွဲလုံး ခြိမ်းခြောက်မှုတွေ ပေးခဲ့ပါတယ်။

နေမာဟာ ဆိုရင်လည်း ခြေကျင်းဝတ် ဒဏ်ရာကြောင့် ၃ လကြာ အနားယူ ခဲ့ရာက ပြီးခဲ့တဲ့ ရက်ပိုင်းက ကိုလံဘီယာ နဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်မှာ ဘရာဇီး အတွက် ဂိုးသွင်းပေး နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ရာသီတွေက စွမ်းဆောင်ချက်တွေ အရ စတားလင်းဟာ နေမာ အများကြီး သာတယ်လို့ ကက်စ်ကာရီနိုက ဆိုသွား ပါတယ်။

ကက်စ်ကာရီနို က “နေမာလား စတားလင်းလား – ခင်ဗျား ဘယ်သူ့ကို လိုချင်သလဲ ? ကစားသမား တစ်ဦး အနေနဲ့ ကျွန်တော် စတားလင်းကို အလို ရှိပါတယ်။ နေမာရဲ့ ကွင်းပြင်ပ နေထိုင်မှု ပုံစံတွေကို လျစ်လျူရှု လိုက်တယ် ထားပါဦး။ ကျွန်တော် ကတော့ စတာလင်းဟာ ကွင်းထဲမှာ နေမာထက် တကယ် ပိုကောင်း ပါတယ်။

သူရဲ့ ကိန်းဂဏန်းတွေဟာ နေမာထက် ပိုကောင်း နေသလို သူဟာ ပီအက်ဂျီထက် ပိုမို ကောင်းမွန်တဲ့ အသင်းမှာ ကစား နေတာပါ။ ပွဲအတွင်းမှာ ဘယ်ဘောလုံးသမား မှ မလုပ်နိုင်တဲ့ အရာတွေကို နေမာ လုပ်ပြ ခဲ့တာကို ကျွန်တော် မြင်ခဲ့ဖူး ပါတယ်။ အလှပြ ဖျော်ဖြေမှု ပေးစွမ်းတဲ့ ကစားသမား တစ်ဦးလိုမျိုးပေါ့။ ဒါပေမယ့် အသင်း အတွက် အကောင်းဆုံး ဖြစ်မယ့် ကစားသမား တစ်ဦး နဲ့ နေမာ ရဲ့ သွင်းဂိုးနှုန်းလောက် ဂိုးတွေ သွင်းယူ နိုင်စွမ်း ရှိတဲ့ ကစားသမားကို အလို ရှိတယ် ဆိုရင် စတားလင်းဟာ ခင်ဗျားစိတ်ကြိုက်လူ ပါပဲ။” လို့ ဆိုသွားပါတယ်။

စတားလင်းနဲ့ နေမာ တို့ဟာ တောင်ပံ တိုက်စစ်တွေမှာ ကစား ကြသူတွေ ဖြစ်ပေမယ့် အင်္ဂလန် လက်ရွေးစင်ဟာ ပြီးခဲ့တဲ့ ရာသီက ပီအက်ဂျီစတားထက် သွင်းဂိုး ဂိုးဖန်တီးမှုတွေ ပိုမို လုပ်နိုင်ခဲ့ပါတယ်။ ဒါအပြင် စီးတီးဟာ အင်္ဂလန် ပြည်တွင်း ဖလား ၃ လုံးစလုံးကို သိမ်းပိုက် နိုင်ခဲ့တာကြောင့်လည်း စတားလင်းဟာ ဆုဖလား ရယူမှု အပိုင်းမှာလည်း နေမာထက် သာနေပါတယ်။ ဒါပေမယ့်လည်း နေမာဟာ ဒဏ်ရာ ပြသနာတွေကြောင့် စတားလင်းထက် ပွဲထက်ဝက် နီးပါး လျော့နည်းပြီး ကစား ခဲ့တာကိုတော့ ထည့်စဉ်းစား ရမှာပါ။

နေမာဟာ ပီအက်ဂျီကို ပြောင်းရွေ့ လာခဲ့ပြီးနောက် ဒဏ်ရာ ပြသနာတွေနဲ့ တောက်လျှောက် ရုန်းကန် ခဲ့ရပြီး အဲဒီအချိန်အတွင်း ရာဟင်စတာလင်းဟာ နည်းပြ ပက်ဂွာဒီယိုလာ ရဲ့ လက်အောက်မှာ တစ်ရာသီထက် တစ်ရာသီ ပိုမို ထွန်းတောက် လာခဲ့ပါတယ်။

ဆက်လက်ပြီး ကတ်စ်ကာရီနိုက “သူဟာ ကမ္ဘာ့ထိပ်တန်း ကစားသမား ၅ ဦး ထဲမှာ ပါ၀င်တယ်လို့ ကျွန်တော် အခိုင်အမာ ဆိုချင်ပါတယ်။ စတားလင်းနဲ့ ပက်သက်ပြီး ကျွန်တော့်ကို စိ်တ်လှုပ်ရှားစေတာ ကတော့ သူ့ရဲ့ တိုးတက်မှုပါ။ ဒရမ်မာဆန်ဆန် တိုးတက််မှုလို့တောင် ဆိုနိုင်ပါတယ်။

ခင်ဗျား သူ့ကို မနက်ဖြန် အပြောင်းအရွေ့ စျေးကွက်ထဲကို ချလိုက်မယ် ဆိုရင် မန်ချက်စတာစီးတီးဟာ သူ့အတွက် ပေါင်သန်း ၁၅၀ ပေးရင်တောင် ယူမှာ မဟုတ်ပါဘူး။ အကယ်၍ သူ ဒီလို ပုံစံအတိုင်းသာ တိုးတက်နေအုံးမယ် ဆိုရင် သူဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမား တစ်ဦး ဖြစ်လာ နိုင်ပြီး ဘလွန်းဒီအော လမ်းကြေင်းပေါ်မှာလည်း ရှိလာနိုင် ပါတယ်။

အကယ်၍ သူ မန်ချက်စတာစီးတီး နဲ့ အတူ ချန်ပီယံလိဂ် ဖလား ဆွတ်ခူးပြီး ကြီးမားတဲ့ အစိတ်အပိုင်း တစ်ခု အနေနဲ့ ပါ၀င် ခဲ့မယ်..ပြီးတော့ ရာသီတစ်လျှောက်လုံး ဂိုးတွေ အများကြီး သွင်းယူ နိုင်ခဲ့မယ် ဆိုရင် သူဟာ ဘလွန်းဒီအောဆုကို ဆွတ်ခူး နိုင်ဖို့ အရမ်း ကောင်းတဲ့ အခွင့်အရေး ရသွား ပါလိမ့်မယ်။” လို့ ဆိုသွားပါတယ်။

SM