ဘရာဇီးလ္ျကယ္ပြင့္ ကြင္းလယ္လူတဦးျဖစ္တဲ႔ ေကာ္တင္ဟိုဟာလီဗာပူး အသင္းနဲ႕အတူျပသခဲ႔တဲ႔ အံ့မခန္းေျခစြမ္းေတြေျကာင့္ ၂၀၁၈ ဇန္နဝါရီမွာ ဘာစီလိုနာ အသင္းရဲ႕ ေခၚယူျခင္းကိုခံခဲ႔ရတာျဖစ္ပါတယ္။ဒါေပမယ့္ ႏူးကမ့္မွာ တည္ျငိမ္တဲ႕ ေျခစြမ္းေကာင္း ျပသႏိုင္ျခင္း မရွိလု႕ိ ပံုမွန္ပြဲထြက္ခြင့္ရဖို႔ေတာင္ ရုန္းကန္ေနခဲ႔ရတာျဖစ္ပါတယ္။

အသက္ ၂၇ ႏွစ္အရြယ္ ေကာ္တင္ဟို ဟာအခုခ်ိန္မွာေတာ့ ဂ်ာမန္ထိပ္သီး ဘိုင္ယန္ျမဴးနစ္ အသင္းကို တရာသီအငွားနဲ႔ ေျပာင္းေရႊ႕ေရာက္ရွိေနျပီျဖစ္ပါတယ္။ဘိုင္ယန္အသင္းဟာ သူ႔အတြက္ယူရို ၈.၅ သန္းေပးေခ်ထားခဲ႔ရျပီး ရာသီကုန္မွာ ယူရို သန္း ၁၂၀ နဲ႔ အျပီးသတ္ ေခၚယူခြင့္ ကို စာခ်ဳပ္မွာထည့္သြင္းထားတယ္လို႔သိရပါတယ္။

အန္ဖီးလ္ကေန ထြက္ခြာခဲ႔အျပီး အခုလို သူတို႔ကစားသမားေဟာင္းတဦးရဲ႕ က်ရွံုး မွဳေတြကို ကိုယ္ခ်င္းစာ သနားေပးတဲ႔ လီဗာပူး ပရိသတ္ အနည္းအက်ဥ္းေလာက္သာရွိေနေပမယ့္ နည္းျပျကီး ကေလာ့ပ္ကေတာ့ သူ႔ရဲ႔ တပည့္ေဟာင္း အတြက္ အျကီးျကီးေမွ်ာ္လင့္ေနပံုပါပဲ။

Bild နဲ႕ အင္တာဗ်ဴးမွာ ကေလာ့ပ္က -” သူဟာ အေတာ္ေလးေကာင္းတဲ႔ ကစားသမား တဦးျဖစ္ျပီး က်ြန္ေတာ္တို႔ကသူ႔ ကို အသင္းကေန လံုးဝမထြက္ေစခ်င္တာျဖစ္ပါတယ္။ဒါေပမယ့္ဘာစီလိုနာ အသင္းက်ြန္ေတာ္တို႔ကို ေငြေျကးန႔ဲ ဖိအားေပးခဲ႔ပါတယ္။

သူဟာ ကမၻာ့အဆင့္ ကစားသမားတဦးျဖစ္လို႔လည္း အခုခ်ိန္မွာအငွားေခၚယူလိုက္တဲ႔ ဘိုင္ယန္အသင္းနဲ႔ ဘြန္ဒက္လီဂါ ျပိဳင္ပြဲအတြက္ ေကာင္းတဲ႔ အေျပာင္းအေရႊ႕တခုလည္းျဖစ္ပါတယ္။ဒီအေျကာင္းကို ျကားမိတဲ႕ ပထမဆံုးအခ်ိန္ကတည္းက ႏွစ္ဖက္အဆင္ေျပမယ့္ အေျပာင္းအေရႊ႕လို႔ က်ြန္ေတာ္ေတြးမိခဲ႔ပါတယ္။

ျကားရတာ ထူးဆန္းသလို ျဖစ္ေနႏိုင္ေပမယ့္ သူ႔ကို ျပန္ ေခၚဖို႕ က်ြန္ေတာ္တို႔ မတတ္ႏိုင္ ခဲ႔ပါဘူး။သူ႔ကို ေရာင္းလို႕ ရထားခဲ႔တဲ႔ ေငြေတြအကုန္လံုးကို က်ြန္ေတာ္တို႔က အသံုးျပဳထားခဲ႔ျပီးပါျပီ။ဘိုင္ယန္အသင္းက သူ႔အတြက္ေကာင္းမြန္အသားက်ႏိုင္မယ္ဆိုတာကိုလည္း ေကာ္တင္ဟိုကို က်ြန္ေတာ္ပုဂိြဳလ္ေရးအရ ေျပာထားခဲ႔ဖူးပါတယ္။

ဒါပမယ့္ ဒီအေျပာင္းအေရႊ႕ဟာက်ြန္ေတာ့္အသင္းေဟာင္းေဒါ့မြန္အတြက္ေတာ့ သိပ္မေကာင္းပါဘူူး။ဘိုင္ယန္အသင္းက ဘြန္ဒက္လီဂါကိုႏွစ္တိုင္းယူေနတာပ်င္းဖို႔ေတာင္ေကာင္းေနလုိ႔ ေဒါ့မြန္အသင္းကို ရေစခ်င္ပါတယ္။သူတို႔ဟာ အံ့မခန္း လူစာရင္းကို လည္းပိုင္ဆိုင္ထားပါတယ္။

အျခားအသင္းေတြျဖစ္တဲ႔ ေလဗာကူဆင္၊ မိုခ်န္ဂလာဘတ္၊ လိုက္ပ္ဇစ္ တို႔ကလည္း စိတ္ဝင္စားေစာင့္ျကည့္ခ်င္စရာေကာင္းပါတယ္။ ဒါေျကာင့္လည္း အခုရာသီ ဘြန္ဒက္လီဂါမွာျဖစ္လာႏိုင္တာေတြအမ်ားျကီးရွိေနပါတယ္” လို႔ေျပာခဲ႔တာျဖစ္ပါတယ္။

ဘိုင္ယန္ အသင္းကို ေျပာင္းေရႊ႔ျဖစ္ခဲ႔တဲ႔ အေပၚ ေကာ္တင္ဟိုက – ” က်ြန္ေတာ့္အတြက္ကေတာ့ ကမၻာေပၚက အေကာင္းဆံုး အသင္းေတြထဲကတသင္းမွာကစားျပီး ႏိုင္ငံအသစ္မွာ စိန္ေခၚမွဳအသစ္တခုကို လုပ္ေဆာင္သြားရေတာ့မွာျဖစ္ပါတယ္။ဒါကို လုပ္ေဆာင္ဖို႔အတြက္လည္း မေစာင့္ႏိုင္ေတာ့ပါဘူး။

ဘိုင္ယန္ အသင္းလိုပဲ က်ြန္ေတာ့္မွာလည္း ျကီးျကီးမားမားရည္မွန္းခ်က္ေတြ ရွိထားပါတယ္။အသင္းေဖာ္ အသစ္ ေတြ နဲ႔ အတူ က်ြန္ေတာ္ဒါကို က်ိန္းေသလုပ္ေဆာင္ႏိုင္မယ္ လို႕ လည္း ေမွ်ာ္လင့္ပါတယ္ ” လို႔ေျပာသြားခဲ႔ပါတယ္။

SM

Unicode

ဘိုင်ယန်အသင်းကိုကော်တင်ဟိုပြောင်းရွှေ့ခဲ့မှုမှာ သူ့ရဲ့စနက်ပါဝင်မှုရှိမရှိပြောပြလိုက်တဲ့ #ကလော့ပ်
=====================================

ဘရာဇီးလ်ကြယ်ပွင့် ကွင်းလယ်လူတဦးဖြစ်တဲ့ ကော်တင်ဟိုဟာလီဗာပူး အသင်းနဲ့အတူပြသခဲ့တဲ့ အံ့မခန်းခြေစွမ်းတွေကြောင့် ၂၀၁၈ ဇန်နဝါရီမှာ ဘာစီလိုနာ အသင်းရဲ့ ခေါ်ယူခြင်းကိုခံခဲ့ရတာဖြစ်ပါတယ်။ဒါပေမယ့် နူးကမ့်မှာ တည်ငြိမ်တဲ့ ခြေစွမ်းကောင်း ပြသနိုင်ခြင်း မရှိလို့ ပုံမှန်ပွဲထွက်ခွင့်ရဖို့တောင် ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။

အသက် ၂၇ နှစ်အရွယ် ကော်တင်ဟို ဟာအခုချိန်မှာတော့ ဂျာမန်ထိပ်သီး ဘိုင်ယန်မြူးနစ် အသင်းကို တရာသီအငှားနဲ့ ပြောင်းရွှေ့ရောက်ရှိနေပြီဖြစ်ပါတယ်။ဘိုင်ယန်အသင်းဟာ သူ့အတွက်ယူရို ၈.၅ သန်းပေးချေထားခဲ့ရပြီး ရာသီကုန်မှာ ယူရို သန်း ၁၂၀ နဲ့ အပြီးသတ် ခေါ်ယူခွင့် ကို စာချုပ်မှာထည့်သွင်းထားတယ်လို့သိရပါတယ်။

အန်ဖီးလ်ကနေ ထွက်ခွာခဲ့အပြီး အခုလို သူတို့ကစားသမားဟောင်းတဦးရဲ့ ကျရှုံး မှုတွေကို ကိုယ်ချင်းစာ သနားပေးတဲ့ လီဗာပူး ပရိသတ် အနည်းအကျဉ်းလောက်သာရှိနေပေမယ့် နည်းပြကြီး ကလော့ပ်ကတော့ သူ့ရဲ့ တပည့်ဟောင်း အတွက် အကြီးကြီးမျှော်လင့်နေပုံပါပဲ။

Bild နဲ့ အင်တာဗျူးမှာ ကလော့ပ်က -” သူဟာ အတော်လေးကောင်းတဲ့ ကစားသမား တဦးဖြစ်ပြီး ကျွန်တော်တို့ကသူ့ ကို အသင်းကနေ လုံးဝမထွက်စေချင်တာဖြစ်ပါတယ်။ဒါပေမယ့်ဘာစီလိုနာ အသင်းကျွန်တော်တို့ကို ငွေကြေးနဲ့ ဖိအားပေးခဲ့ပါတယ်။

သူဟာ ကမ္ဘာ့အဆင့် ကစားသမားတဦးဖြစ်လို့လည်း အခုချိန်မှာအငှားခေါ်ယူလိုက်တဲ့ ဘိုင်ယန်အသင်းနဲ့ ဘွန်ဒက်လီဂါ ပြိုင်ပွဲအတွက် ကောင်းတဲ့ အပြောင်းအရွှေ့တခုလည်းဖြစ်ပါတယ်။ဒီအကြောင်းကို ကြားမိတဲ့ ပထမဆုံးအချိန်ကတည်းက နှစ်ဖက်အဆင်ပြေမယ့် အပြောင်းအရွှေ့လို့ ကျွန်တော်တွေးမိခဲ့ပါတယ်။

ကြားရတာ ထူးဆန်းသလို ဖြစ်နေနိုင်ပေမယ့် သူ့ကို ပြန် ခေါ်ဖို့ ကျွန်တော်တို့ မတတ်နိုင် ခဲ့ပါဘူး။သူ့ကို ရောင်းလို့ ရထားခဲ့တဲ့ ငွေတွေအကုန်လုံးကို ကျွန်တော်တို့က အသုံးပြုထားခဲ့ပြီးပါပြီ။ဘိုင်ယန်အသင်းက သူ့အတွက်ကောင်းမွန်အသားကျနိုင်မယ်ဆိုတာကိုလည်း ကော်တင်ဟိုကို ကျွန်တော်ပုဂွိုလ်ရေးအရ ပြောထားခဲ့ဖူးပါတယ်။

ဒါပမယ့် ဒီအပြောင်းအရွှေ့ဟာကျွန်တော့်အသင်းဟောင်းဒေါ့မွန်အတွက်တော့ သိပ်မကောင်းပါဘူူး။ဘိုင်ယန်အသင်းက ဘွန်ဒက်လီဂါကိုနှစ်တိုင်းယူနေတာပျင်းဖို့တောင်ကောင်းနေလို့ ဒေါ့မွန်အသင်းကို ရစေချင်ပါတယ်။သူတို့ဟာ အံ့မခန်း လူစာရင်းကို လည်းပိုင်ဆိုင်ထားပါတယ်။

အခြားအသင်းတွေဖြစ်တဲ့ လေဗာကူဆင်၊ မိုချန်ဂလာဘတ်၊ လိုက်ပ်ဇစ် တို့ကလည်း စိတ်ဝင်စားစောင့်ကြည့်ချင်စရာကောင်းပါတယ်။ ဒါကြောင့်လည်း အခုရာသီ ဘွန်ဒက်လီဂါမှာဖြစ်လာနိုင်တာတွေအများကြီးရှိနေပါတယ်” လို့ပြောခဲ့တာဖြစ်ပါတယ်။

ဘိုင်ယန် အသင်းကို ပြောင်းရွှေ့ဖြစ်ခဲ့တဲ့ အပေါ် ကော်တင်ဟိုက – ” ကျွန်တော့်အတွက်ကတော့ ကမ္ဘာပေါ်က အကောင်းဆုံး အသင်းတွေထဲကတသင်းမှာကစားပြီး နိုင်ငံအသစ်မှာ စိန်ခေါ်မှုအသစ်တခုကို လုပ်ဆောင်သွားရတော့မှာဖြစ်ပါတယ်။ဒါကို လုပ်ဆောင်ဖို့အတွက်လည်း မစောင့်နိုင်တော့ပါဘူး။

ဘိုင်ယန် အသင်းလိုပဲ ကျွန်တော့်မှာလည်း ကြီးကြီးမားမားရည်မှန်းချက်တွေ ရှိထားပါတယ်။အသင်းဖော် အသစ် တွေ နဲ့ အတူ ကျွန်တော်ဒါကို ကျိန်းသေလုပ်ဆောင်နိုင်မယ် လို့ လည်း မျှော်လင့်ပါတယ် ” လို့ပြောသွားခဲ့ပါတယ်။

SM