အာဆင္နယ္ အသင္း ေခါင္းေဆာင္ ဂရန္းနစ္ ရွာကာ ဟာ ၂၀၁၇ ခုႏွစ္ ဇူလိုင္လမွာ ဇနီး ျဖစ္သူ လီယိုနီတာ နဲ႔ လက္ထပ္ ခဲ့ၾကၿပီး ယခု အခါမွာ သူတို႔ ႏွစ္ဦးရဲ့ ပထမဆုံး ရင္ေသြးေလးကို ေမြးဖြားဖို႔ ရက္နီးကပ္ ေနၿပီ ျဖစ္တယ္လို႔ သိရပါတယ္ ။

ရွာကာ ရဲ့ ဇနီး ျဖစ္သူဟာ ေအာက္တိုဘာလလယ္မွာ ေမြးဖို႔ ရက္သတ္မွတ္ထားတာေၾကာင့္ ရွာကာ အေနနဲ႔ ဇနီးျဖစ္သူကို အနီးကပ္ ျပဳစု ေစာင့္ေရွာက္နိုင္ဖို႔ အတြက္ ေဘာလုံး ကစားျခင္းကေန ခဏတာ အနားယူဖြယ္ ရွိေနပါတယ္ ။

ေအာက္တိုဘာလလယ္မွာ အာဆင္နယ္ အသင္းရဲ့ပြဲစဥ္ေတြ မရွိေပမယ့္ ဒိန္းမတ္၊ အိုင္ယာလန္ တို႔နဲ႔ ကစားရမယ့္ ဆြစ္ဇာလန္ အသင္းရဲ့ ယူရို ေျခစစ္ပြဲစဥ္ေတြ ရွိေနၿပီး ရွာကာ တစ္ေယာက္ အဆိုပါ ပြဲစဥ္ေတြကို လြဲေခ်ာ္ဖြယ္ ရွိေနပါတယ္ ။

အကယ္၍ ရွာကာ ရဲ့ ဇနီး ျဖစ္သူသာ သတ္မွတ္ရက္ထက္ ေစာၿပီး ေမြးတာပဲ ျဖစ္ျဖစ္ ဒါမွမဟုတ္ေနာက္က်မွ ေမြးခဲ့ရင္ေတာ့ ရွာကာ ဟာ အာဆင္နယ္ အသင္းရဲ့ ေလ့က်င့္ခန္း အစီအစဥ္ေတြ နဲ႔ ပြဲစဥ္ အခ်ိဳ႕ကို လြဲေခ်ာ္ နိုင္ဖြယ္ ရွိေနပါတယ္ ။

ဆြစ္ဇာလန္ အသင္း ေခါင္းေဆာင္ ျဖစ္တဲ့ ရွာကာ က သူသာ ဖခင္ ျဖစ္လာပါက ေဘာလုံး ကစားျခင္းကေန ေခတၱခဏ အနားယူၿပီး ဇနီး ျဖစ္သူ နဲ႔ သားဦးေလးကို အနီးကပ္ ျပဳစု ေစာင့္ေရွာက္ သြားမွာ ျဖစ္ေၾကာင္း ေျပာၾကား ထားဖူးပါတယ္ ။

” ဘဝမွာ ေဘာလုံးထက္ ပိုၿပီး အေရးပါ ၊ အေလးနက္ထားရမယ့္ အရာေလးေတြ ရွိပါတယ္ ။ ဥပမာ အေနနဲ႔ ေျပာရရင္ ဖခင္ တစ္ေယာက္ ျဖစ္လာခဲ့ရင္ေပါ့ဗ်ာ ။ ဟဲရစ္ ( ဆြစ္ဇာလန္ အသင္းေဖာ္ ) ဆို အိုင္ယာလန္ အသင္းနဲ႔ ပြဲမွာ အစြမ္းကုန္ ကစားေပးၿပီးၿပီးခ်င္းပဲ အိမ္ျပန္သြားခဲ့ပါတယ္ ။ က်ေနာ္ အလွည့္က်ရင္လည္း ခြင့္ယူၿပီးသြားမွာပါ ။ ” လို႔ ဆိုပါတယ္။

ရွာကာ ရဲ့ ဇနီး ျဖစ္သူသာ သတ္မွတ္ရက္ထက္ ေစာၿပီး ေမြးခဲ့ရင္ ရွာကာ ဟာ ေအာက္တိုဘာလ ၆ ရက္ေန႔မွာ ကစားရမယ့္ အာဆင္နယ္ အသင္း နဲ႔ ဘုန္းေမာက္ အသင္းပြဲကို ပါဝင္ ကစားနိုင္ဖြယ္ မရွိပါဘူး ။ သတ္မွတ္ရက္ထက္ ေနာက္က် ေမြးခဲ့ရင္ေတာ့ ရွာကာ ဟာ ေအာက္တိုဘာလ ၂၁ ရက္ေန႔မွာ ကစားမယ့္ ရွက္ဖီးလ္ယူနိုက္တက္ နဲ႔ အာဆင္နယ္အသင္းပြဲကို လြဲေခ်ာ္ဖြယ္ ရွိေနပါတယ္ ။

SPORTS MYANMAR

Unicode

အောက်တိုဘာလအတွင်းမှာ ကစားရမယ့် အာဆင်နယ်အသင်းရဲ့ ပွဲစဉ်အချို့ကို လွဲချော်ဖွယ် ရှိနေတဲ့ ရှာကာ
==================================

အာဆင်နယ် အသင်း ခေါင်းဆောင် ဂရန်းနစ် ရှာကာ ဟာ ၂၀၁၇ ခုနှစ် ဇူလိုင်လမှာ ဇနီး ဖြစ်သူ လီယိုနီတာ နဲ့ လက်ထပ် ခဲ့ကြပြီး ယခု အခါမှာ သူတို့ နှစ်ဦးရဲ့ ပထမဆုံး ရင်သွေးလေးကို မွေးဖွားဖို့ ရက်နီးကပ် နေပြီ ဖြစ်တယ်လို့ သိရပါတယ် ။

ရှာကာ ရဲ့ ဇနီး ဖြစ်သူဟာ အောက်တိုဘာလလယ်မှာ မွေးဖို့ ရက်သတ်မှတ်ထားတာကြောင့် ရှာကာ အနေနဲ့ ဇနီးဖြစ်သူကို အနီးကပ် ပြုစု စောင့်ရှောက်နိုင်ဖို့ အတွက် ဘောလုံး ကစားခြင်းကနေ ခဏတာ အနားယူဖွယ် ရှိနေပါတယ် ။

အောက်တိုဘာလလယ်မှာ အာဆင်နယ် အသင်းရဲ့ပွဲစဉ်တွေ မရှိပေမယ့် ဒိန်းမတ်၊ အိုင်ယာလန် တို့နဲ့ ကစားရမယ့် ဆွစ်ဇာလန် အသင်းရဲ့ ယူရို ခြေစစ်ပွဲစဉ်တွေ ရှိနေပြီး ရှာကာ တစ်ယောက် အဆိုပါ ပွဲစဉ်တွေကို လွဲချော်ဖွယ် ရှိနေပါတယ် ။

အကယ်၍ ရှာကာ ရဲ့ ဇနီး ဖြစ်သူသာ သတ်မှတ်ရက်ထက် စောပြီး မွေးတာပဲ ဖြစ်ဖြစ် ဒါမှမဟုတ်နောက်ကျမှ မွေးခဲ့ရင်တော့ ရှာကာ ဟာ အာဆင်နယ် အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေ နဲ့ ပွဲစဉ် အချို့ကို လွဲချော် နိုင်ဖွယ် ရှိနေပါတယ် ။

ဆွစ်ဇာလန် အသင်း ခေါင်းဆောင် ဖြစ်တဲ့ ရှာကာ က သူသာ ဖခင် ဖြစ်လာပါက ဘောလုံး ကစားခြင်းကနေ ခေတ္တခဏ အနားယူပြီး ဇနီး ဖြစ်သူ နဲ့ သားဦးလေးကို အနီးကပ် ပြုစု စောင့်ရှောက် သွားမှာ ဖြစ်ကြောင်း ပြောကြား ထားဖူးပါတယ် ။

” ဘဝမှာ ဘောလုံးထက် ပိုပြီး အရေးပါ ၊ အလေးနက်ထားရမယ့် အရာလေးတွေ ရှိပါတယ် ။ ဥပမာ အနေနဲ့ ပြောရရင် ဖခင် တစ်ယောက် ဖြစ်လာခဲ့ရင်ပေါ့ဗျာ ။ ဟဲရစ် ( ဆွစ်ဇာလန် အသင်းဖော် ) ဆို အိုင်ယာလန် အသင်းနဲ့ ပွဲမှာ အစွမ်းကုန် ကစားပေးပြီးပြီးချင်းပဲ အိမ်ပြန်သွားခဲ့ပါတယ် ။ ကျနော် အလှည့်ကျရင်လည်း ခွင့်ယူပြီးသွားမှာပါ ။ ” လို့ ဆိုပါတယ်။

ရှာကာ ရဲ့ ဇနီး ဖြစ်သူသာ သတ်မှတ်ရက်ထက် စောပြီး မွေးခဲ့ရင် ရှာကာ ဟာ အောက်တိုဘာလ ၆ ရက်နေ့မှာ ကစားရမယ့် အာဆင်နယ် အသင်း နဲ့ ဘုန်းမောက် အသင်းပွဲကို ပါဝင် ကစားနိုင်ဖွယ် မရှိပါဘူး ။ သတ်မှတ်ရက်ထက် နောက်ကျ မွေးခဲ့ရင်တော့ ရှာကာ ဟာ အောက်တိုဘာလ ၂၁ ရက်နေ့မှာ ကစားမယ့် ရှက်ဖီးလ်ယူနိုက်တက် နဲ့ အာဆင်နယ်အသင်းပွဲကို လွဲချော်ဖွယ် ရှိနေပါတယ် ။

SPORTS MYANMAR