ယမန္ေန႔ ည ညဥ္႔နက္ပိုင္းမွာ ကစားသြားခဲ႔တဲ႔ ယူရို ၂၀၂၀ ေျခစစ္ပြဲ အုပ္စုJ ပြဲစဥ္မွာ အီတလီ အသင္းက ဖင္လန္ အသင္းကို ၂-၁ ဂိုးနဲ႔ အႏိုင္ယူျပီး အမွတ္ေပးဇယားကို ဦးေဆာင္သြားႏိုင္ခဲ႕ပါတယ္။နာမည္ျကီး အီတလီ အသင္းဟာ အုပ္စုတြင္း ပြဲစဥ္ ၆ပြဲအျပီး ရာႏွုန္းျပည့္ အႏိုင္ရထားခဲ႔လို႕ ေျခစစ္ပြဲေအာင္ျမင္ဖို႔ ေသခ်ာသေလာက္ျဖစ္သြားျပီလည္းျဖစ္ပါတယ္။

အခုပြဲစဥ္ ဟာ ဇယားထိပ္ဆံုး က ၂သင္းဆံုေတြ႕ေနတာျဖစ္လို႕ အီတလီ အသင္းအလြယ္တကူအႏိုင္ရခဲ႔တာေတာ့ မဟုတ္ပါဘူး။ပြဲခ်ိန္ ၅၉ မိနစ္ မွာ အင္မိုဘိုင္း ရဲ႔ ဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ႔ေပမယ့္ ပြဲခ်ိန္ ၇၂ မိနစ္မွာေတာ့ လတ္တေလာ ဂိုးျမဴးေနတဲ႕ ပက္ကီကဖင္လန္ အတြက္ပင္နယ္တီကေန ျပန္လည္ေခ်ပခဲ႔ပါတယ္။

ဒါေပမယ့္ ပြဲခ်ိန္ ၇၉ မိနစ္မွာ အီတလီ အသင္းပင္နယ္တီျပန္ရခဲ႔ျပီး ေဂ်ာ္ဂ်င္ဟိုက အမွားအယြင္းမရွိအဆံုးသတ္ေပးခဲ႕ လု႔ိ ၃မွတ္ျပည့္ရခဲ႔တာျဖစ္ပါတယ္။ခ်ဲဆီးလ္အသင္းရဲ႕ ကြင္းလယ္လူေဂ်ာ္ဂ်င္ဟို ေျခစြမ္းျပဂိုးသြင္းႏိုင္ခဲ႔လို႕ ပရိသတ္ေတြေက်နပ္စရာျဖစ္ခဲ႔ေပမယ့္ ေနာက္ခံလူ အီမာဆန္ ရဲ႕ ဒဏ္ရာေျကာင့္ စိုးရိမ္မွဳေတြေတာ့ ျဖစ္ခဲ႔ရတာျဖစ္ပါတယ္။

ဒီရာသီမွာ ခ်ဲဆီးလ္ အသင္းအတြက္ ပြဲတိုင္း ကစားေပးထားတဲ႕ အီမာဆန္ဟာအီတလီ အသင္းအတြက္ လည္းေနာက္ပိုင္းပြဲေတြမွာဆက္တိုက္ကစားခြင့္ရေနတာျဖစ္ပါတယ္။ဒါေပမယ့္ အခုပြဲစဥ္မွာေတာ့ ပြဲအစ၈ မိနစ္ မွာပဲေျခက်င္းဝတ္ဒဏ္ရာ ျကံုေတြ႕ခဲ႔ လို႔ ဖေလာ္ရန္ဇီနဲ႔ လူစားလဲ ခဲ႔ရပါတယ္။

နည္းျပ လမ္းပတ္ရဲ႕ ခ်ဲဆီးလ္အသင္းဟာ ပံုမွန္ေျခစြမ္းရဖို႔ ရုန္းကန္ေနရဆဲ ျဖစ္ျပီး လာမယ္အပတ္ ပြဲစဥ္မွာ အသင္းျကီးေတြကို ဒုကၡေပးေနက် ဝုလ္ဗ္အသင္းနဲ႔ ရင္ဆိုင္ရဖို႕ရွိေနပါတယ္။ဒါေျကာင့္ လည္း အဆိုပါ ပဲြက်ပ္ကို အီမာဆန္ လြဲေခ်ာ္မွာကို ပရိသတ္ေတြက စုိးရိမ္ေနတာျဖစ္ပါတယ္။

ဒါေပမယ့္ အီတလီ အသင္းနည္းျပျကီး မန္စီနီက ေတာ့ အသက္ ၂၅ ႏွစ္အရြယ္ ဒီကစားသမား ရဲ႕ ဒဏ္ရာအေပၚ ေသာကေရာက္ ေနမွဳေတြကို ပယ္ခ်သြားခဲ႔ျပီး ၊ သူ႕ကို လူစားလဲခဲ႔တာ ဟာ ျကိုတင္ကာကြယ္မွဳလုပ္ေဆာင္ခဲ႔ျခင္းသာျဖစ္တယ္လို႕ ထုတ္ေျပာသြားခဲ႔ပါတယ္။

ပြဲအျပီး အင္တာဗ်ဴး တခုမွာ မန္စီနီက – ” အီမာဆန္ ဟာ ဘာျပင္းထန္တဲ႔ ထိခိုက္မွဳ မ်ိဳးမွ မရခဲ႕ပါဘူး။ေနာက္ထပ္ ဆိုးဆိိုးရြားရြား ထိခိုက္တာမ်ိဳး မရွိေစဖို႔ အတြက္ ပဲ သူ႔ကို ဆက္မကစားေစခဲ႔တာျဖစ္ပါတယ္။အစ္ဇို နဲ႔ အဆာဘီ တို႔ဟာ အခုမွ ပထမဆံုးတြဲ ကစားဖူးတာျဖစ္ေပမယ့္ ခံစစ္ပိုင္းမွာေကာင္းေကာင္းလုပ္ေဆာင္ႏိုင္ခဲ႔ျကပါတယ္။

ဖေလာ္ရန္ဇီက လည္း ခံစစ္ ဘယ္အစြန္မွာေက်နပ္စရာေျခစြမ္းမ်ိဳးျပသႏိုင္ခဲ႕ပါတယ္။ အီမာဆန္ ဒဏ္ရာရရွိသြားခ်ိန္ မွာ တခုတည္းေသာ ေရြးခ်ယ္စရာ တခုအျဖစ္ သူ႔ကို ပဲ စဥ္းစားျပီး
အသံုးျပဳသြားခဲ႔တာ ျဖစ္ပါတယ္ ” လို႔ေျပာသြားခဲ့ပါတယ္။

အီတလီ အသင္းဟာ ယူရိုေျခစစ္ပြဲစဥ္ေတြ အျဖစ္ ေအာက္တိုဘာလ အတြင္းမွာဂရိ၊ လက္ခ်င္စတိန္း တို႕ နဲ႔ ဆက္ကစားသြားရဦး မွာ ျဖစ္ျပီး ၊ ခ်ဲဆီးလ္ အသင္းကေတာ့ စက္တင္ဘာလအတြင္းမွာ ဝုဗ္လ္၊ ဗလင္စီယာ၊ လီဗာပူး တို႔နဲ႔ ပြဲက်ပ္၃ပြဲကို ဆက္တိုက္ကစားသြားရမွာျဖစ္ပါတယ္။

SPORTS MYANMAR

Unicode

အီမာဆန်ရဲ့ ဒဏ်ရာအခြေအနေနဲ့ပတ်သက်ပြီး ချဲဆီးလ်ဖန်တွေ စိတ်ချမ်းသာစရာစကားမျိုးဆိုလိုက်တဲ့ #မန်စီနီ
======================================

ယမန်နေ့ ည ညဉ့်နက်ပိုင်းမှာ ကစားသွားခဲ့တဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲ အုပ်စုJ ပွဲစဉ်မှာ အီတလီ အသင်းက ဖင်လန် အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ယူပြီး အမှတ်ပေးဇယားကို ဦးဆောင်သွားနိုင်ခဲ့ပါတယ်။နာမည်ကြီး အီတလီ အသင်းဟာ အုပ်စုတွင်း ပွဲစဉ် ၆ပွဲအပြီး ရာနှုန်းပြည့် အနိုင်ရထားခဲ့လို့ ခြေစစ်ပွဲအောင်မြင်ဖို့ သေချာသလောက်ဖြစ်သွားပြီလည်းဖြစ်ပါတယ်။

အခုပွဲစဉ် ဟာ ဇယားထိပ်ဆုံး က ၂သင်းဆုံတွေ့နေတာဖြစ်လို့ အီတလီ အသင်းအလွယ်တကူအနိုင်ရခဲ့တာတော့ မဟုတ်ပါဘူး။ပွဲချိန် ၅၉ မိနစ် မှာ အင်မိုဘိုင်း ရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲချိန် ရ၂ မိနစ်မှာတော့ လတ်တလော ဂိုးမြူးနေတဲ့ ပက်ကီကဖင်လန် အတွက်ပင်နယ်တီကနေ ပြန်လည်ချေပခဲ့ပါတယ်။

ဒါပေမယ့် ပွဲချိန် ရ၉ မိနစ်မှာ အီတလီ အသင်းပင်နယ်တီပြန်ရခဲ့ပြီး ဂျော်ဂျင်ဟိုက အမှားအယွင်းမရှိအဆုံးသတ်ပေးခဲ့ လို့ ၃မှတ်ပြည့်ရခဲ့တာဖြစ်ပါတယ်။ချဲဆီးလ်အသင်းရဲ့ ကွင်းလယ်လူဂျော်ဂျင်ဟို ခြေစွမ်းပြဂိုးသွင်းနိုင်ခဲ့လို့ ပရိသတ်တွေကျေနပ်စရာဖြစ်ခဲ့ပေမယ့် နောက်ခံလူ အီမာဆန် ရဲ့ ဒဏ်ရာကြောင့် စိုးရိမ်မှုတွေတော့ ဖြစ်ခဲ့ရတာဖြစ်ပါတယ်။

ဒီရာသီမှာ ချဲဆီးလ် အသင်းအတွက် ပွဲတိုင်း ကစားပေးထားတဲ့ အီမာဆန်ဟာအီတလီ အသင်းအတွက် လည်းနောက်ပိုင်းပွဲတွေမှာဆက်တိုက်ကစားခွင့်ရနေတာဖြစ်ပါတယ်။ဒါပေမယ့် အခုပွဲစဉ်မှာတော့ ပွဲအစ၈ မိနစ် မှာပဲခြေကျင်းဝတ်ဒဏ်ရာ ကြုံတွေ့ခဲ့ လို့ ဖလော်ရန်ဇီနဲ့ လူစားလဲ ခဲ့ရပါတယ်။

နည်းပြ လမ်းပတ်ရဲ့ ချဲဆီးလ်အသင်းဟာ ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်နေရဆဲ ဖြစ်ပြီး လာမယ်အပတ် ပွဲစဉ်မှာ အသင်းကြီးတွေကို ဒုက္ခပေးနေကျ ဝုလ်ဗ်အသင်းနဲ့ ရင်ဆိုင်ရဖို့ရှိနေပါတယ်။ဒါကြောင့် လည်း အဆိုပါ ပွဲကျပ်ကို အီမာဆန် လွဲချော်မှာကို ပရိသတ်တွေက စိုးရိမ်နေတာဖြစ်ပါတယ်။

ဒါပေမယ့် အီတလီ အသင်းနည်းပြကြီး မန်စီနီက တော့ အသက် ၂၅ နှစ်အရွယ် ဒီကစားသမား ရဲ့ ဒဏ်ရာအပေါ် သောကရောက် နေမှုတွေကို ပယ်ချသွားခဲ့ပြီး ၊ သူ့ကို လူစားလဲခဲ့တာ ဟာ ကြိုတင်ကာကွယ်မှုလုပ်ဆောင်ခဲ့ခြင်းသာဖြစ်တယ်လို့ ထုတ်ပြောသွားခဲ့ပါတယ်။

ပွဲအပြီး အင်တာဗျူး တခုမှာ မန်စီနီက – ” အီမာဆန် ဟာ ဘာပြင်းထန်တဲ့ ထိခိုက်မှု မျိုးမှ မရခဲ့ပါဘူး။နောက်ထပ် ဆိုးဆိိုးရွားရွား ထိခိုက်တာမျိုး မရှိစေဖို့ အတွက် ပဲ သူ့ကို ဆက်မကစားစေခဲ့တာဖြစ်ပါတယ်။အစ်ဇို နဲ့ အဆာဘီ တို့ဟာ အခုမှ ပထမဆုံးတွဲ ကစားဖူးတာဖြစ်ပေမယ့် ခံစစ်ပိုင်းမှာကောင်းကောင်းလုပ်ဆောင်နိုင်ခဲ့ကြပါတယ်။

ဖလော်ရန်ဇီက လည်း ခံစစ် ဘယ်အစွန်မှာကျေနပ်စရာခြေစွမ်းမျိုးပြသနိုင်ခဲ့ပါတယ်။ အီမာဆန် ဒဏ်ရာရရှိသွားချိန် မှာ တခုတည်းသော ရွေးချယ်စရာ တခုအဖြစ် သူ့ကို ပဲ စဉ်းစားပြီး
အသုံးပြုသွားခဲ့တာ ဖြစ်ပါတယ် ” လို့ပြောသွားခဲ့ပါတယ်။

အီတလီ အသင်းဟာ ယူရိုခြေစစ်ပွဲစဉ်တွေ အဖြစ် အောက်တိုဘာလ အတွင်းမှာဂရိ၊ လက်ချင်စတိန်း တို့ နဲ့ ဆက်ကစားသွားရဦး မှာ ဖြစ်ပြီး ၊ ချဲဆီးလ် အသင်းကတော့ စက်တင်ဘာလအတွင်းမှာ ဝုဗ်လ်၊ ဗလင်စီယာ၊ လီဗာပူး တို့နဲ့ ပွဲကျပ်၃ပွဲကို ဆက်တိုက်ကစားသွားရမှာဖြစ်ပါတယ်။

SPORTS MYANMAR