ဘာစီ လိုနာ အသင်း ရဲ့ တိုက် စစ် ပိုင်း မှာ အားထား ရတဲ့ ပြင်သစ် သားလေး အော့ စမိန်း ဒမ်ဘီ လီ ဟာ တံကောက် ကြော ဒဏ်ရာ ကြောင့် ၃ ပတ် ကနေ ၄ ပတ် အထိ အနားယူ ရ တော့ မယ် လို့ ကလပ် အသင်း က တရားဝင် ထုတ်ပြန် ကြေညာ သွားခဲ့ ပါတယ် ။ ဒါ ကြောင့် ဒမ် ဘီလီ ဟာ လာလီဂါ ပွဲစဉ် တွေ အပြင် ချန်ပီယံ လိဂ် ကွာတား ဖိုင်နယ် တစ်ကျော့ ကို အနည်းဆုံး လွဲချော် တော့ မှာ ဖြစ် ပါတယ် ။

ဒမ် ဘီ လီ ဟာ ယမန်နေ့ ညက လိုင်ယွန် အသင်း နဲ့ ကစား ခဲ့တဲ့ ချန်ပီယံ လိဂ် ၁၆ သင်း အဆင့် ရှုံးထွက် ပွဲစဉ် မှာ တံကောက် ကြော ဒဏ်ရာ ရရှိ ခဲ့တာ ဖြစ် တယ် လို့ သိရ ပါတယ် ။ အသက် ၂၁ နှစ် သာ ရှိ သေးတဲ့ ဒမ် ဘီလီ ဟာ ပွဲပြီး ဆုံး ဖို့ မိနစ် ၂၀ အလို မှာ ကော်တင်ဟို နဲ့ လူစားလဲ ၀င်ရောက် လာခဲ့ တာဖြစ် ပါတယ် ။

ဒမ်ဘီလီ ဟာ ကြံ့ခိုင် မှု မပြည့်ဝ နိုင်တာ ကြောင့် ပြီး ခဲ့တဲ့ လာလီဂါ ပွဲစဉ် မှာလည်း ပွဲထွက် လူစာရင်း ကနေ ချန်လှပ် ထားခံ ခဲ့ ရသလို ယခု ပွဲ မှာ လည်း အရန် အဖြစ် နဲ့ သာ ပါဝင် ခဲ့ရ ပါတယ် ။ ဒမ်ဘီလီ ဟာ ဘာစီလိုနာ အတွက် ပဉ္စမ မြောက်ဂိုး ကို သွင်းယူ ပေး နိုင် ခဲ့ ပေမယ့် ဒဏ်ရာ ကြောင့် အောင်ပွဲ မခံ ခဲ့ ပါဘူး ။

ပွဲ အပြီး မှာ တော့ ဒမ်ဘီလီ ရဲ့ ဒဏ်ရာ အခြေ အနေ ကို ဆေး အဖွဲ့ က စစ်ဆေး ခဲ့ပြီး ၃-၄ ပတ် လောက် အနားယူ ရ တော့ မှာ ဖြစ်ကြောင်း ထုတ်ပြန် ကြေညာ သွာခဲ့ ပါတယ် ။ ဒါကြောင့် ဒမ်ဘီလီ ဟာ အသက် လက်တီကို မက်ဒရစ် နဲ့ ကစား ရမယ့် လာလီဂါ ပွဲစဉ် အပါ အ၀င် ပွဲစဉ် ၄ ပွဲ ကို လွဲချော် တော့မှာ ဖြစ် ပြီး ဧပြီ၉ – ၁၀ ရက်နေ့ မှာ ကစား ရမယ့် ချန်ပီယံလိဂ် ကွာတား ဖိုင်နယ် ပထမ အကျော့ အတွက် လည်း မသေချာ တဲ့ အနေ အထား မှာ ရှိ နေခဲ့ ပါတယ် ။

အော့ စမိန်း ဒမ် ဘီလီ ဟာ ယခု ရာသီ မှာ ဘာစီလိုနာ အသင်း အတွက် ခြေစွမ်း ပြ ကစား နေ သူ ဖြစ် ပြီး ဖိလစ် ပီ ကော်တင်ဟို ကို နေရာ ပျောက် စေ ခဲ့ သူ လို့ နာမည် ကြီးခဲ့ ပါတယ် ။ ဒမ်ဘီလီ ဟာ ၂၀၁၈ – ၁၉ ဘောလုံး ရာသီ အတွင်း ကလပ် နဲ့ နိုင်ငံ အတွက် ပြိုင်ပွဲ စုံ ၄၄ ပွဲ ကစား ထား ပေး ခဲ့ပြီး ၁၅ ဂိုး သွင်းကာ ၅ ဂိုး ဖန်တီး ပေးထား နိုင် ခဲ့ ပါတယ် ။

ဒမ်ဘီလီ ရဲ့ ဒဏ်ရာ ရရှိ မှု ကြောင့် ကော်တင် ဟို နေရာ ပြန်ရ လာ တော့ မှာ ဖြစ်ပြီး နူးကမ့် မှာ မပျော် မရွှင် ဖြစ်တဲ့ ဘရာဇီး သား အနေဖြင့် အဆိုပါ အခွင့် အရေး ကို အကောင်းဆုံး အသုံးချ နိုင် ဖို့ လိုအပ် မှာ ဖြစ် ပါတယ် ။

ဒမ်ဘီလီ လွဲချော် နိုင်တဲ့ ပွဲစဉ်များ –

ရီးရဲ ဘက်တစ် – ဘာစီ လိုနာ
ဘာစီ လိုနာ – အက်စ်ပန်ညို

ဗီလာ ရီးရဲ – ဘာစီ လိုနာ
ဘာစီ လိုနာ – အသက် လက်တီကို မက်ဒရစ်
ချန်ပီယံ လိဂ် ကွာတား ဖိုင်နယ် ပထမ အကျော့

Get Well Soon Dambele!!

SPORTS MYANMAR