နယူးကာဆယ္ အသင္း နဲ႔ လီဗာပူး တိုက္စစ္မွူးေဟာင္း မိုက္ကယ္ အိုဝင္ ဟာ ၿပီးခဲ့တဲ့ ၾကာသပေတးေန႔က ‘ Reboot ‘ လို႔ အမည္ရတဲ့ စာအုပ္ကို ေရးသား ထုတ္ေဝ ခဲ့ပါတယ္ ။ အဆိုပါ စာအုပ္ထဲမွာ အိုဝင္ဟာ နယူးကာဆယ္၊အလန္ရွီးယား၊ကာပယ္လို၊ဘက္ခမ္း၊ဖာဂူဆန္တို႔ အေၾကာင္းကိုလည္း ထည့္သြင္း​ ေရးသားခဲ့ပါတယ္။

မိုက္ကယ္အိုဝင္ ဟာ ကစားသမားဘဝတုန္းက ျမန္မာ ေဘာလုံး ပရိသတ္ေတြၾကားမွာ ငွက္ျမန္ေလး လို႔ နာမည္ေက်ာ္ၾကား ခဲ့သူလည္း ျဖစ္ပါတယ္ ။ အိုဝင္ ဟာ ၁၉၉၈ ခုႏွစ္မွာ အဂၤလန္ လက္ေရြးစင္ ျဖစ္လာခဲ့ၿပီး သူတြဲကစားဖူးတဲ့ အေကာင္းဆုံး အဂၤလန္ လက္ေရြးစင္ ၁၁ ေယာက္ကို ဘီဘီစီ စေပါ့နဲ႔ အင္တာဗ်ဴးမွာ ေျဖၾကား သြားခဲ့ပါတယ္ ။

အိုဝင္ ဟာ အေကာင္းဆုံး အဂၤလန္ လက္ေရြးစင္ ၁၁ ေယာက္ ကို ၃-၅-၂ ကစားကြက္နဲ႔ ခင္းက်င္း ခဲဲ့ၿပီး နည္းၿပ အျဖစ္ ဂလင္းေဟာ္ဒယ္ ကို ေရြးခ်ယ္ ခဲ့ၿပီး ဂိုးသမား အျဖစ္ေတာ့ အာဆင္နယ္ အသင္းရဲဲ့ ဂႏၲဝင္ ဂိုးသမားႀကီး ေဒးဗစ္ ဆီမန္းကို ေရြး ခ်ယ္ ေပး ခဲ့ ပါတယ္ ။

ေနာက္တန္း သုံးေယာက္တန္းမွာေတာ့ သူ႔ေခတ္ သူ႔အခါက ကမၻာ့ အေကာင္းဆုံး ေနာက္ခံလူ စာရင္းဝင္ေတြ ျဖစ္ခဲ့ၾကတဲ့ ခ်ဲလ္ဆီး ေနာက္ခံလူ ဂၽြန္တယ္ရီ ၊ မန္ယူနိုက္တက္ ေနာက္ခံလူ ဖာဒီနန္ ၊ အာဆင္နယ္ ေနာက္ခံလူ ဆိုးလ္ကမ္းဘဲလ္ တို႔ ပါဝင္ ခဲ့ ပါ တယ္ ။

ကြင္းလယ္မွာေတာ့ လမ္းပတ္ ၊ ဂ်ာရတ္ ၊ ေပါလ္စခိုးလ္ တို႔ကို ေရြး ခ်ယ္ ေပး ခဲ့ ၿပီး wing-back ေတြ အျဖစ္ ဘက္ခမ္း နဲ႔ အက္ရွ္ေလကိုးလ္ တို႔ ပါဝင္ လာခဲ့ပါတယ္ ။ တိုက္စစ္မွာေတာ့ မိုက္ကယ္ အိုဝင္ ဟာ သူ႔ရဲ့ စီနီယာ ကစားသမား တစ္ဦး ျဖစ္တဲ့ အလန္ရွီးယား နဲ႔ မန္ယူနိုက္တက္ တိုက္စစ္မွူးေဟာင္း ဝိန္းရြန္နီ တို႔ကို တြဲဖက္ ေပးခဲ့ပါတယ္ ။

မိုက္ကယ္ အိုဝင္ ဟာ သူတြဲကစားဖူးတဲ့ အေကာင္းဆုံး အဂၤလန္ လက္ေရြးစင္ ၁၁ ေယာက္ကို ေရြးခ်ယ္ေပးၿပီးတဲ့ ေနာက္မွာေတာ့ နယူးကာဆယ္ အသင္းမွာေကာ အဂၤလန္ လက္ေရြးစင္း အသင္းမွာေကာ တြဲကစားခဲ့ဖူးတဲ့ အလန္ရွီးယား နဲ႔ သူ႔ရဲ့ ဆက္ဆံေရးအေၾကာင္း ေျပာၿပ သြားခဲ့ပါတယ္ ။

” ကၽြန္ေတာ္ ငယ္ငယ္တုန္းက အလန္(ရွီးယား)ကစားတာကို ၾကည့္ၿပီး ဘယ္လိုေတာင္ ေကာင္းလိုက္တဲ့ ကစားသမားလဲ ဆိုၿပီး တအံ့တဩ ျဖစ္ခဲ့ရပါတယ္ ။ ၁၉၉၈ ခုႏွစ္ ကမၻာ့ဖလားမွာ သူနဲ႔ အတူ အဂၤလန္ အသင္းမွာ တြဲကစားခြင့္ရေအာင္ က်ေနာ္ လုပ္ေဆာင္ နိုင္ခဲ့ပါတယ္ ။ ”


” ယူရို ၂၀၀၀ မွာေတာ့ သူနဲ႔ တိုက္စစ္မွာ အတူပြဲထြက္ ကစားခြင့္ ရခဲ့ၿပီး ဂိုးေတြ အမ်ားႀကီး သြင္းနိုင္ ခဲ့ပါတယ္ ။ က်ေနာ္ နယူးကာဆယ္ အသင္း ကို ေျပာင္းျဖစ္တာက သူ႔ရဲ့ လႊမ္းမိုးမွုေၾကာင့္ အမ်ားႀကီး ပါပါတယ္။ အဲ့မွာ က်ေနာ္တို႔ အဲ့မွာ အသင္းေဖာ္ေကာင္းေတြ ျဖစ္ခဲ့ၾကပါတယ္။အဂၤလန္တိုက္စစ္မွူးေတြအေၾကာင္း ေျပာမယ္ဆိုရင္ အလန္ရွီးယား နာမည္က မပါမျဖစ္ပဲ။” လို႔ ေျပာၾကား သြားခဲ့ပါတယ္။

SPORTS MYANMAR

Unicode

မိုက်ကယ်အိုဝင် ရွေးချယ်ပေးခဲ့တဲ့ သူ့စိတ်ကြိုက် အကောင်းဆုံး အင်္ဂလန် လက်ရွေးစင် ၁၁ ဦး စာရင်းမှာ ဘယ်သူတွေ ပါဝင်ခဲ့သလဲ
==================================

နယူးကာဆယ် အသင်း နဲ့ လီဗာပူး တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင် ဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ‘ Reboot ‘ လို့ အမည်ရတဲ့ စာအုပ်ကို ရေးသား ထုတ်ဝေ ခဲ့ပါတယ် ။ အဆိုပါ စာအုပ်ထဲမှာ အိုဝင်ဟာ နယူးကာဆယ်၊အလန်ရှီးယား၊ကာပယ်လို၊ဘက်ခမ်း၊ဖာဂူဆန်တို့ အကြောင်းကိုလည်း ထည့်သွင်း​ ရေးသားခဲ့ပါတယ်။

မိုက်ကယ်အိုဝင် ဟာ ကစားသမားဘဝတုန်းက မြန်မာ ဘောလုံး ပရိသတ်တွေကြားမှာ ငှက်မြန်လေး လို့ နာမည်ကျော်ကြား ခဲ့သူလည်း ဖြစ်ပါတယ် ။ အိုဝင် ဟာ ၁၉၉၈ ခုနှစ်မှာ အင်္ဂလန် လက်ရွေးစင် ဖြစ်လာခဲ့ပြီး သူတွဲကစားဖူးတဲ့ အကောင်းဆုံး အင်္ဂလန် လက်ရွေးစင် ၁၁ ယောက်ကို ဘီဘီစီ စပေါ့နဲ့ အင်တာဗျူးမှာ ဖြေကြား သွားခဲ့ပါတယ် ။

အိုဝင် ဟာ အကောင်းဆုံး အင်္ဂလန် လက်ရွေးစင် ၁၁ ယောက် ကို ၃-၅-၂ ကစားကွက်နဲ့ ခင်းကျင်း ခဲဲ့ပြီး နည်းပြ အဖြစ် ဂလင်းဟော်ဒယ် ကို ရွေးချယ် ခဲ့ပြီး ဂိုးသမား အဖြစ်တော့ အာဆင်နယ် အသင်းရဲဲ့ ဂန္တဝင် ဂိုးသမားကြီး ဒေးဗစ် ဆီမန်းကို ရွေး ချယ် ပေး ခဲ့ ပါတယ် ။

နောက်တန်း သုံးယောက်တန်းမှာတော့ သူ့ခေတ် သူ့အခါက ကမ္ဘာ့ အကောင်းဆုံး နောက်ခံလူ စာရင်းဝင်တွေ ဖြစ်ခဲ့ကြတဲ့ ချဲလ်ဆီး နောက်ခံလူ ဂျွန်တယ်ရီ ၊ မန်ယူနိုက်တက် နောက်ခံလူ ဖာဒီနန် ၊ အာဆင်နယ် နောက်ခံလူ ဆိုးလ်ကမ်းဘဲလ် တို့ ပါဝင် ခဲ့ ပါ တယ် ။

ကွင်းလယ်မှာတော့ လမ်းပတ် ၊ ဂျာရတ် ၊ ပေါလ်စခိုးလ် တို့ကို ရွေး ချယ် ပေး ခဲ့ ပြီး wing-back တွေ အဖြစ် ဘက်ခမ်း နဲ့ အက်ရှ်လေကိုးလ် တို့ ပါဝင် လာခဲ့ပါတယ် ။ တိုက်စစ်မှာတော့ မိုက်ကယ် အိုဝင် ဟာ သူ့ရဲ့ စီနီယာ ကစားသမား တစ်ဦး ဖြစ်တဲ့ အလန်ရှီးယား နဲ့ မန်ယူနိုက်တက် တိုက်စစ်မှူးဟောင်း ဝိန်းရွန်နီ တို့ကို တွဲဖက် ပေးခဲ့ပါတယ် ။

မိုက်ကယ် အိုဝင် ဟာ သူတွဲကစားဖူးတဲ့ အကောင်းဆုံး အင်္ဂလန် လက်ရွေးစင် ၁၁ ယောက်ကို ရွေးချယ်ပေးပြီးတဲ့ နောက်မှာတော့ နယူးကာဆယ် အသင်းမှာကော အင်္ဂလန် လက်ရွေးစင်း အသင်းမှာကော တွဲကစားခဲ့ဖူးတဲ့ အလန်ရှီးယား နဲ့ သူ့ရဲ့ ဆက်ဆံရေးအကြောင်း ပြောပြ သွားခဲ့ပါတယ် ။

” ကျွန်တော် ငယ်ငယ်တုန်းက အလန်(ရှီးယား)ကစားတာကို ကြည့်ပြီး ဘယ်လိုတောင် ကောင်းလိုက်တဲ့ ကစားသမားလဲ ဆိုပြီး တအံ့တဩ ဖြစ်ခဲ့ရပါတယ် ။ ၁၉၉၈ ခုနှစ် ကမ္ဘာ့ဖလားမှာ သူနဲ့ အတူ အင်္ဂလန် အသင်းမှာ တွဲကစားခွင့်ရအောင် ကျနော် လုပ်ဆောင် နိုင်ခဲ့ပါတယ် ။ ”

” ယူရို ၂၀၀၀ မှာတော့ သူနဲ့ တိုက်စစ်မှာ အတူပွဲထွက် ကစားခွင့် ရခဲ့ပြီး ဂိုးတွေ အများကြီး သွင်းနိုင် ခဲ့ပါတယ် ။ ကျနော် နယူးကာဆယ် အသင်း ကို ပြောင်းဖြစ်တာက သူ့ရဲ့ လွှမ်းမိုးမှုကြောင့် အများကြီး ပါပါတယ်။ အဲ့မှာ ကျနော်တို့ အဲ့မှာ အသင်းဖော်ကောင်းတွေ ဖြစ်ခဲ့ကြပါတယ်။အင်္ဂလန်တိုက်စစ်မှူးတွေအကြောင်း ပြောမယ်ဆိုရင် အလန်ရှီးယား နာမည်က မပါမဖြစ်ပဲ။” လို့ ပြောကြား သွားခဲ့ပါတယ်။

SPORTS MYANMAR