ကစားသမား ဘဝ မှ အနားယူ သွား ခဲ့တဲ့ အသင်းဖော်ဟောင်း အီတူး ကို မက်ဆီ ဟာ အင်စတာဂရမ် မှ တစ်ဆင့် ဂုဏ်ပြု စကား ပြောကြား ခဲ့တယ် လို့ သိရှိ ရ ပါတယ် ။

ပေါ်တူဂီ နဲ့ ဆားဘီယား တို့ ကစား ခဲ့ ကြတဲ့ ပွဲစဉ် မှာ ဒဏ်ရာ ရရှိ ခဲ့တဲ့ ဘာစီလိုနာ နောက်ခံလူ ဆီမီဒို ရဲ့ အနေအထား ဟာ မဆိုးရွားကြောင်း ၊ သူဟာ အသင်း နဲ့ အတူ လေ့ကျင့်ရေး တွေ လုပ်ဖို့ တောင် ပြင်ဆင် နေပြီ ဖြစ်ကြောင်း မန်ဒို ဒီပို့တီဗို့ မှ ဖော်ပြ သွားခဲ့ ပါတယ် ။

အင်တာ မီလန် အသင်း ရဲ့ ခံစစ် ကစားသမား ဖြစ်သူ ဘက်စ်တိုနီ က ကွန်တီ ဟာ နည်းပြ လောက ရဲ့ မက်ဆီ ဖြစ်ကြောင်း ချီးကျူး သွားခဲ့ ပြီး လူကာကူ ဆီက လေ့လာ သင်ယူ မှုတွေ ပြုလုပ် နေကြောင်း ဖွင့်ဟ သွားခဲ့ ပါတယ် ။

စပိန် သတင်းစာ တစ်ခု ကတော့ ဘာစီလိုနာ ဟာ လူငယ် ကစားသမား လေး ဖာတီ ကို စီနီယာ ကစားသမား စာရင်း ထဲ ထည့်သွင်း ရွေးချယ် ထားပြီ ဖြစ်ကြောင်း ရေးသား ဖော်ပြ သွားခဲ့ ပါတယ် ။

ဘာစီလိုနာ အမျိုးသမီး အသင်း ဟာ ရီးယဲ မက်ဒရစ် အမျိုးသမီး အသင်း နဲ့ ရင်ဆိုင် ခဲ့ပြီး 9 – 1 ဆိုတဲ့ ရလဒ် နဲ့ ဂိုးပြတ် အနိုင် ရယူ နိုင်ခဲ့ တယ်လို့ သိရှိ ရ ပါတယ် ။ အဆိုပါ ပွဲစဉ် မှာတော့ ဟာမိုဆို ဟာ ဟတ်ထရစ် သွင်းယူ ခဲ့ပြီး ဒီ လိဂ်ကို သိမ်းပိုက် လိုကြောင်း ပြောကြား သွားခဲ့ ပါတယ် ။

ဘာစီလိုနာ အသင်း ရဲ့ အသက် 16 နှစ် အရွယ် လူငယ် ကွင်းလယ် ကစားသမား လေး မိုရီဘာ က B အသင်း အတွက် ပါဝင် ကစားပေး ခွင့် ရရှိ ခဲ့ပြီး နောက် သူဟာ စီနီယာ အသင်း မှာ ကစား ဖို့ အတွက် ဆန္ဒစော နေခြင်း မရှိကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ ပါတယ် ။

ဘာစီလိုနာ အသင်း ရဲ့ နံပါတ် တစ် ဂိုးသမား ဖြစ်သူ တာစတီဂျန် က လက်ရွေးစင် အသင်း ရဲ့ အရံခုံပေါ် ထိုင်နေ ရခြင်းက သူ့ကို ရူးသွပ်ဖွယ် ခံစားချက်တွေ ဖြစ်ပေါ် စေကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ ပါတယ် ။

ဘာစီလိုနာ အသင်း ရဲ့ တိုက်စစ်မှူး ဂရစ်ဇ်မန်း ကတော့ ပြင်သစ် လက်ရွေးစင် အသင်း အတွက် ဂိုး မသွင်းနိုင် ခဲ့ခြင်း က သူ့ရဲ့ ဇနီး ဖြစ်သူ ပွဲကို မကြည့်လို့ ဖြစ်နိုင်တယ် လို့ အရွှန်းဖောက် သွားခဲ့ ပါတယ် ။

ဒဏ်ရာ ပြသနာ ကြုံတွေ့ ခဲ့တဲ့ ဘာစီလိုနာ အသင်း ရဲ့ နောက်ခံလူ အမ်တီတီ ဟာ နိုင်ငံ့ အသင်း မှ ပြန်လာ ပြီး ဘာစီလိုနာ ကို ပြန်လည် ရောက်ရှိ နေပြီ လို့ သိရှိ ရ ပါတယ် ။

ကော်တင်ဟို ဟာ ဂျာမန် မြေမှာ ဘောလုံး အားကစား ကို ပြန်လည် ပျော်ရွှင် ခံစား နိုင်ဖို့ မျှော်လင့် ကြောင်း တာစတီဂျန် က အသင်းဖော် ဖက်မှ ထောက်ခံ အားပေး သွားခဲ့ ပါတယ် ။

လီဗာပူး နည်းပြ ယာဂင် ကလော့ပ် က ကော်တင်ဟို ကို ဘိုင်ယန် မြူးနစ် အသင်း ဆီ သွားရောက် ကစား ဖို့ အကြံပြု ခဲ့ကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ဘာစီလိုနာ အသင်း အတွက် ခြေစွမ်း ကောင်းတွေ ပြသ နေခဲ့တဲ့ တိုက်စစ် ကစားသမား လေး ကားလပ်စ် ပီးရက်ဇ် ဟာ အလိုအလျောက် စာချုပ် သက်တမ်း တိုးမြှင့် နိုင်ခွင့် ပိုင်ဆိုင် နေ ပါတယ် ။ သူဟာ 2018 နွေ တုန်းက အသင်း နဲ့ 2 နှစ် စာချုပ် ချုပ်ဆို ခဲ့ပြီး နောက်ထပ် နှစ်နှစ် သက်တမ်း တိုးနိုင်ခွင့် ကိုပါ ထည့်သွင်း ချုပ်ဆို ထားခဲ့ ပါတယ် ။ အကယ်လို့ သူဟာ စီနီယာ အသင်း အတွက် နောက်ထပ် ငါးပွဲ ကစား ပေးခွင့် ရမယ် ဆိုရင် သူရဲ့ စာချုပ် သက်တမ်း ဟာ အလို အလျောက် တိုးမြှင့် ပြီးသား ဖြစ်သွား ပါ လိမ့်မယ် ။ ထို့အတူ သူ့ရဲ့ တန်ကြေး ဟာလည်း မြင့်တက် လာပါ လိမ့်မယ် ။

ထွက်ပေါ် လာတဲ့ သတင်း အရ အာဆင်နယ် အသင်း ဟာ ဒီနွေ မှာ ရီးယဲ မက်ဒရစ် အသင်း ရဲ့ တိုက်စစ် ကစားသမားလေး ဗင်နီးရှပ် ဂျူနီယာ ကို ခေါ်ယူ လိုခဲ့ ပေမယ့် ရီးယဲ ဥက္ကဋ္ဌ ပီးရက်ဇ် က ငြင်းဆန် ခဲ့တယ် လို့ သိရှိ ရ ပါတယ် ။

2005 ခုနှစ် ဒီလို နေ့မျိုး မှာ ရီးယဲ မက်ဒရစ် အသင်း ဟာ ရာမို့စ် ကို ခေါ်ယူ နိုင်ပြီ ဖြစ်ကြောင်း စတင် မိတ်ဆက် ကြေငြာ ခဲ့ ပါတယ် ။ အခုတော့ ရာမို့စ် ဟာ ရီးယဲ မက်ဒရစ် အသင်း အတွက် ကစား ပေးတာ 14 တောင် ရှိခဲ့ ပါပြီ ။

ရာမို့စ် ဟာ မနေ့ ညက စပိန် လက်ရွေးစင် အသင်း အတွက် ပွဲထွက် ကစား ခွင့် ရရှိ ခဲ့ခြင်း နဲ့ အတူ ကလပ် နဲ့ နိုင်ငံ့ အသင်းဖော် ကာဆီးလပ်စ် ပိုင်ဆိုင် ခဲ့တဲ့ ပွဲ 167 ပွဲ အထိ ကစား ပေး ခဲ့တဲ့ မှတ်တမ်း ကို လိုက်မီ သွားခဲ့ ပါပြီ ။

အဆိုပါ ပွဲစဉ် အပြီး မှာတော့ ရာမို့စ် က အသင်းဖော် ကာဆီးလပ်စ် ရဲ့ မှတ်တမ်း ကို လိုက်မီ ခဲ့တဲ့ အတွက် ဝမ်းမြောက် ပျော်ရွှင် မိကြောင်း ၊ အသင်း ခေါင်းဆောင် လက်ပတ် ကို ဆင်မြန်း ခွင့် ရရှိ ခြင်းက တစ်ကယ့် ကို ဂုဏ်ယူ စရာ ဖြစ်ကြောင်း ၊ သူဟာ လက်ရွေးစင် အသင်း အတွက် ပွဲ 200 အထိ ကစား ပေးဖို့ ရည်မှန်း ထားကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ထွက်ပေါ် နေတဲ့ လာတဲ့ သတင်း တစ်ရပ် အရ ရီးယဲ မက်ဒရစ် အသင်း ဟာ အေဂျက် စတား ဗန်ဒီဘိခ် ကို နောက်နှစ် နွေ အပြောင်း အရွှေ့ မှာ ခေါ်ယူ နိုင်ဖို့ ဆက်လက် ကြိုးစား လိမ့် ဦးမယ် လို့ သိရှိ ရ ပါတယ် ။

ဒီရာသီဟာ ရီးယဲ မက်ဒရစ် အသင်း မှာ သူရဲ့ ဘောလုံး ရာသီ ဖြစ်လာ လိမ့်မယ်လို့ ယုံကြည် ကြောင်း တိုက်စစ် ကစားသမား ဖြစ်သူ မာရီယာနို ဒီယက်ဇ် က ကြုံးဝါး သွားခဲ့ ပါတယ် ။

ဟိုဆေး မော်ရင်ဟို ဟာ ယူနိုက်တက် ကို စတင် ကိုင်တွယ် ခဲ့တဲ့ အချိန် တုန်းက ဗာရာနီ ကို ခေါ်ယူ ဖို့ ပထမဆုံး ကြိုးပမ်း ခဲ့ ပေမယ့် ဇီဒန်း က ငြင်းပယ် ခဲ့ကြောင်း သတင်း ထွက်ပေါ် လာပါတယ် ။

ဝေးလ် နည်းပြ ရိုင်နယ် ဂစ် ကတော့ အဓိက တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ ဘေးလ် ရဲ့ ကြံ့ခိုင်မှု အနေအထား ကို စောင့်ကြည့် သွားမှာ ဖြစ်ကြောင်း ၊ သူနဲ့ ပတ်သက်လို့ ရူးမိုက်တဲ့ ဆုံးဖြတ်ချက် တွေ ချမှတ် သွားဖို့ မရှိကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ ပါတယ် ။

PSG အသင်း ရဲ့ တိုက်စစ်မှူး ကာဗာနီ ဟာ ရီးယဲ မက်ဒရစ် အသင်း နဲ့ ကစား ရမယ့် ချန်ပီယံ လိဂ် အုပ်စု ပွဲစဉ် အမီ ပြန်လည် ကြံ့ခိုင် လာဖို့ ရှိတယ် လို့ သိရှိ ရ ပါတယ် ။ သူတို့ နှစ်သင်း ဟာ စက်တင်ဘာ 19 ရက်နေ့ မှာ အဖွင့် ပွဲစဉ် ကို စတင် ကစား ကြ ရမှာ ပဲ ဖြစ် ပါတယ် ။
ရီးယဲ ပစ်မှတ် တစ်ဦး ဖြစ်တဲ့ ယူနိုက်တက် ကွင်းလယ်လူ ပေါလ် ပေါ့ဂ်ဘာ ကို စပွန်ဆာ Company ဖြစ်တဲ့ Adidas က အသင်း မပြောင်းဖို့ ဝင်ရောက် ညှိနှိုင်း ပေးခဲ့ တာကြောင့် အဆိုပါ အပြောင်း အရွှေ့ ဟာ မဖြစ်မြောက် ခဲ့တာ ဖြစ်ကြောင်း သိရှိ ရ ပါတယ် ။

ဝေးလ် လက်ရွေးစင် ဂါးရတ် ဘေးလ် က နိုင်ငံ့ အသင်း အတွက် ကစား ပေးရ တာကို ချစ်မြတ်နိုး ကြောင်း ၊ 2016 တုန်းက လို အောင်မြင် မှု အတိုင်းအတာ တစ်ခု ရရှိ နိုင်ဖို့ ပစ်မှတ် ထား နေကြောင်း ၊ သူဟာ ရည်မှန်းချက် မရှိပဲ ဒီကို အချိန် သပ်သပ် လာဖြုန်း နေတာ မဟုတ်ကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့ ပါတယ် ။ ဒါ့အပြင် ကစားသမား တစ်ယောက် အတွက် အပြည့်အဝ မကြံ့ခိုင် တဲ့ အခိုက်အတန့် ဟာ စိတ်ပျက် စရာ အကောင်းဆုံး အချိန် ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ ပါတယ် ။

ရီးယဲ ဂန္ဓဝင် ရာအူးလ် ဟာ နည်းပြ ဘဝ ပထမဆုံး ပွဲစဉ် ကို ကိုင်တွယ် နည်းပြ ခဲ့ရာ မှာ 2 – 0 ဆိုတဲ့ ရလဒ် နဲ့ ရှုံးနိမ့် ခဲ့ပြီး နည်းပြ ဘဝ အစ အဖွင့် မလှ ဖြစ်ခဲ့ ရ ပါတယ် ။

ရီးယဲ မက်ဒရစ် အသင်း အတွက် ထိုးနှက်ချက် တစ်ခု ကတော့ တိုက်စစ်မှူး လူကာ ဂျိုဗစ် ဟာ လက်ရွေးစင် အသင်း အတွက် ကစား ပေးရင်း ဒဏ်ရာ ပြသနာ ရရှိ သွားခဲ့ တာပဲ ဖြစ်ပါတယ် ။ သူ့ရဲ့ ဒဏ်ရာ အနေအထား ဟာ ဘယ်လောက် အထိ ပြင်းထန် သလဲ ဆိုတာ တော့ မသိရှိ ရသေး ပါဘူး ။

19 ကြိမ်မြောက် ဂရင်း စလမ်း ဆုကို ဆွတ်ခူး သွားနိုင် ခဲ့တဲ့ တင်းနစ် အကျော်အမော် ရာဖေးလ် နာဒယ်လ် ကို ရီးယဲ မက်ဒရစ် အသင်း မှ တရားဝင် ဂုဏ်ပြု စကား ဆိုသွား ခဲ့ ပါတယ် ။ နာဒယ်လ် ဟာ ရီးယဲ မက်ဒရစ် အသင်း ကို အားပေး တဲ့ အမာခံ ပရိသတ် တစ်ဦး ပဲ ဖြစ်ပါတယ် ။

အေတီကို အသင်း နည်းပြ ဆီမြွန်နီ ဟာ ပုဂ္ဂိုလ်ရေး ကိစ္စ တစ်ခု ကြောင့် မအားမလပ် ဖြစ် နေတဲ့ အချိန် အသင်း မှာ ရှိနေ ကြတဲ့ ကစားသမား တွေဟာ နည်းပြ မပါဝင်ပဲ လေ့ကျင့်ရေးတွေ ကောင်းမွန်စွာ ပြုလုပ် ခဲ့ကြ တယ်လို့ သိရှိ ရ ပါတယ် ။

အဆိုပါ လေ့ကျင့်ရေး အစီအစဉ် ကိုတော့ လက်ထောက် နည်းပြ တွေ ဖြစ်ကြ တဲ့ မိုနို ဗားဂို့စ် နဲ့ ပရိုဖီ အော်တီဂါ တို့က ဦးဆောင် ညွှန်ကြား ခဲ့ကြ တယ်လို့ သိရှိ ရ ပါတယ် ။

အကယ်လို့ အစိုးရ ဆီက ခွင့်ပြုချက် ရရှိမယ် ဆိုရင် အေတီကို အသင်း ဟာ လက်ရှိ ဝမ်ဒါ မတ်ထရို ပိုလီတာနို ကွင်း အနား မှာ နောက်ထပ် အသေးစား ဘောလုံး ကွင်းလေး တစ်ခု ကို ယူရို သန်း 60 နဲ့ ဆောက်လုပ် သွားဖို့ ဆန္ဒ ရှိနေ တယ်လို့ သိရှိ ရ ပါတယ် ။

အေတီကို မှ ရည်မှန်း ထားတဲ့ အဆိုပါ ကွင်းရဲ့ ဖွဲ့စည်းပုံ အရ ပရိသတ် 6500 ဝန်းကျင် ဝင်ဆံ့တဲ့ ကွင်း တစ်ခု ဖြစ်လာ ဖို့ ရှိနေ ပြီး လေ့ကျင့်ရေးပိုင်း ဆိုင်ရာ လိုအပ်ချက် တွေ ဖြည့်သွား ဖို့ ၊ အရည်အသွေး မှီတဲ့ ကွင်း တစ်ခု ကို ဆောက်လုပ် ရင်း အေတီကို ဟာ အား ကစား ပိုင်း ဆိုင်ရာ လှုပ်ရှားမှု တွေ ပိုမို အားကောင်း လာအောင် ပြုလုပ် လိုနေ ပါတယ် ။

အေတီကို အသင်း ဟာ ဝမ်ဒါ မတ်ထရို ပိုလီတာနို ကွင်း ဆီမှ ကွင်းဟောင်း ကယ်လ်ဒါရွန် ထက် ဝင်ငွေ နှစ်ဆ ပိုမို ရရှိ နိုင်ဖို့ အတွက် ပစ်မှတ် ထား နေတယ် လို့ သိရှိ ရ ပါတယ် ။ လက်ရှိ အေတီကို ရဲ့ ကွင်းသစ် ဟာ ကွင်းဟောင်း ထက် ပရိသတ် ဦးရေ 14,000 ပိုမို ဝင်ဆံ့ ပါတယ် ။

ဒီရာသီ အသင်း ရဲ့ လေ့ကျင့်ရေး ကွင်းမှ ကစားသမား သစ် ထရစ်ပီယား ရဲ့ လုပ်အား တွေက အသင်းဖော် အားလုံး ကို အထူး အံ့အား သင့်စေ ခဲ့တယ် လို့ သိရှိ ရ ပါတယ် ။ သူဟာ ရုပ်ပိုင်း ဆိုင်ရာ ကြံ့ခိုင် မှု အားကောင်း သလို အေတီကို မှ ပြုလုပ် ခဲ့တဲ့ ခက်ခဲတဲ့ စမ်းသပ်မှု တွေကို လည်း အဆင်ပြေ ချောမွေ့စွာ လုပ်ဆောင် ပြနိုင် ခဲ့တယ် လို့ သိရှိ ရ ပါတယ် ။ ဒါ့အပြင် သူဟာ နည်းစနစ် ပိုင်း အရ ကောင်း အရ ကောင်းမွန် ခဲ့သလို ဘောလုံး ပေးပို့ မှုတွေ ဟာလည်း အမှား အယွင်း မရှိ သလောက် သေသပ် ကောင်းမွန် ခဲ့ ပါတယ် ။

ဖိလစ်ပီ လူးဝစ် ကတော့ အေတီကို တို့ ဒီနွေ မှာ ခေါ်ယူ ခဲ့ကြတဲ့ ကစားသမား သစ် လိုဒီ ဟာ အသင်း ရဲ့ သမိုင်း တစ်လျောက် အကောင်းဆုံး နောက်ခံ အစွန်လူ ဖြစ်လာ လိမ့်မယ် လို့ ဟောကိန်း ထုတ်သွား ခဲ့လိုက် ပါတယ် ။

ထရစ်ပီယား ကတော့ ဆီမြွန်နီ ဟာ သူ လက်တွဲ ခဲ့ဖူး သမျှ နည်းပြ တွေနဲ့ ခြားနား သူ တစ်ဦး ဖြစ်ကြောင်း ၊ သူဟာ ဒီကို ရောက်ရှိ လာ ခဲ့တဲ့ နှစ်လတာ ကာလ အတွင်း သင်ယူ မှုတွေ အများကြီး ပြုလုပ် နိုင်ခဲ့ကြောင်း ၊ သူဟာ ဆီမြွန်နီ လက်အောက် မှာ ခံစစ်ပိုင်း စွမ်းဆောင်ရည် တိုးတက် ကောင်းမွန် လာ လိမ့်မယ် လို့ ယုံကြည် ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar