ၿပီးခဲ့ တဲ့ စေနေန႔ က ကစားခဲ့ တဲ့ ယူရို ၂၀၂၀ ေျခစစ္ ပြဲ တစ္ပြဲ ျဖစ္တဲ့ ျပင္သစ္ နဲ႔ အယ္ေဘးနီးယား တုိ႔ရဲ႕ ပြဲ ကေတာ့ ကသိုင္း ကရုိင္း ေတြ နဲ႔ စတင္ ခဲ့ ပါတယ္ ။ ျပင္သစ္ ႏုိင္ငံရဲ႕ အေက်ာ္ အေမာ္ Stade de France ကြင္းႀကီး ထဲ မွာ ယွဥ္ၿပဳိင္ ခ့ဲတဲ့ အဆိုပါ ပြဲ မစတင္ မီ ႏုိင္ငံ ေတာ္ သီခ်င္း သီဆိုရာ မွာ ပြဲတာ၀န္ခံ Operator ရဲ႕ မွားယြင္း မႈ ေၾကာင့္ အယ္ေဘးနီးယား အသင္း ဟာ ေဒါသ အမ်က္ ေခ်ာင္းေခ်ာင္း ထြက္ခဲ့ရ ပါတယ္ ။

ပြဲ အစီ အစဥ္ ကို ကိုင္တြယ္သူ ေတြ ဟာ အယ္ေဘးနီးယား ႏုိင္ငံ ေတာ္ သီခ်င္း အစား အန္ဒိုရာ အသင္း ရဲ႕ ႏုိင္ငံေတာ္ သီခ်င္း ကို မွားယြင္း ဖြင့္မိ ခဲ့တာ ေၾကာင့္ မ်က္ႏွာ ပ်က္စရာ ေတြ ျဖစ္ခဲ့ ပါတယ္ ။ ဒါေပမယ့္ ျပႆနာ က ဒီေနရာ မွာ တင္ ၿပီး မသြားခဲ့ ပါဘူး ။

အစီအစဥ္ ေၾကညာသူ ဟာ သူတို႔ရဲ႕ အမွား အတြက္ အျမန္ ျပန္လည္ ေတာင္းပန္ ခဲ့ ပါတယ္ ။ ဒါေပမယ့္ တစ္ပူ ေပၚ ႏွစ္ပူ ဆင့္ဆိုသလို ပဲ ေတာင္းပန္ စကား ဆုိသူ ဟာ အယ္ေဘးနီးယား အမည္ ကို အာေမးနီးယား အသင္း နဲ႔ ထပ္မံ မွားယြင္း ခဲ့ျပန္ ပါတယ္ ။

ဒီလိုမ်ဳိး ၂ ႀကိမ္ တုိင္တိုင္ အရွက္ကြဲ ခဲ့မႈ အတြက္ အယ္ေဘးနီးယား ကစား သမား ေတြ နဲ႔ အသင္း တာ၀န္ ရွိသူေတြ ဟာ ေဒါပြခဲ့ၾကၿပီး ပြဲ မကစားေတာ့ ဖို႔ အထိ ဆံုးျဖတ္ ခဲ့ၾကပါတယ္ ။ ေနာက္ပုိင္း မွာေတာ့ ၀ိုင္း၀န္း ျဖန္ ေျဖ မႈ ေတြ ေၾကာင့္ ပြဲကို ဆက္လက္ ကစားခဲ့ ေပမယ့္ ဖီဖာ ကေတာ့ အဆိုပါ ကိစၥ အတြက္ ျပင္သစ္ အသင္း ကို ဒဏ္ေငြ တပ္ဖို႔ စီစဥ္ ေနၿပီ ျဖစ္ ပါတယ္ ။

ဒီလိုမ်ဳိး ႏုိင္ငံေတာ္ သီခ်င္း မွားဖြင့္ မိတာ ဟာ အခု အႀကိမ္မွ ပထမဆံုး ျဖစ္ခဲ့တာ မဟုတ္ ပါဘူး ။ အစီအစဥ္ ကို တာ၀န္ယူ သူေတြ ရဲ႕ ျပင္ဆင္မႈ အားနည္းျခင္း ေတြ ေၾကာင့္ ဒီလို အမွားမ်ဳိး ေတြ ဟာ ရံဖန္ရံခါ မွာ ေပၚေပါက္ လာတတ္ ပါတယ္ ။

ဒီအထဲ မွာေတာ့ ၂၀၁၄ ခုႏွစ္ တုန္းက ျဖစ္ခဲ့တဲ့ ကိစၥ ဟာ ငိုအားထက္ ရယ္အား သန္ေစခဲ့ ၿပီး မွား အဖြင့္ ခံခဲ့ ရတဲ့ သူေတြ ပင္ ၿပဳံးေစ့ေစ့ ျဖစ္ခဲ့ရ ပါတယ္ ။ ဘာျဖစ္လုိ႔ လည္း ဆုိေတာ့ ဒီတစ္ခါ မွားဖြင့္ မိခဲ့တာ က အျခား ႏုိင္ငံရဲ႕ ႏုိင္ငံေတာ္သီခ်င္း မဟုတ္ခဲ့ဘဲ နာမည္ေက်ာ္ အဆိုေတာ္ အဖြဲ႕ Linkin Park ရဲ႕”Numb” သီခ်င္း ျဖစ္ေန ခဲ့လို႔ပါ . . .

၂၀၁၄ ခုႏွစ္ တုန္းက ေမာ္လ္တာ အသင္း ဟာ စလိုဗက္ကီးယား အသင္းနဲ႔ ယွဥ္ၿပဳိင္ ကစားဖို႔ အိမ္ကြင္းမွာ ေသခ်ာ ျပင္ဆင္ ခဲ့ပါတယ္ ။ ပြဲထြက္ ကစား သမားေတြ ၊ အရန္ လူေတြ နဲ႔ နည္းျပ အဖြဲ႕၀င္ေတြ ဟာ ႏုိင္ငံေတာ္ သီခ်င္း ကို အားမာန္ အျပည့္ နဲ႔ သီဆိုဖို႔ အဆင္သင့္ ျပင္ထားခဲ့ ၾကပါတယ္ ။

ဒါေပမယ့္ သူတို႔ ၾကားလုိုက္ရတာ ကေတာ့ “Numb” သီခ်င္း ရဲ႕ အဖြင့္ ေတးသြား ပါပဲ ။ ဒီကိစၥ ဟာ အမွန္ တကယ္ ျဖစ္ခဲ့ တာပါ ။ ဒါေပမယ့္ ေမာ္လ္တန္ ကစား သမားေတြ ကေတာ့ စိတ္ဆုိး ေဒါသမထြက္ ခဲ့ဘဲ ၿပဳံးေစ့ေစ့ သာ ျဖစ္ခဲ့ၾက ပါတယ္ ။ အစီအစဥ္ တာ၀န္ယူသူ ကလည္း အမွား ကို အျမန္ျပင္ဆင္ ခဲ့ၿပီး ေမာ္လ္တာ ႏုိင္ငံေတာ္ သီခ်င္း ကို ေျပာင္းလဲ ဖြင့္ ေစခဲ့ ပါတယ္ ။

တကယ္လုိ႔ ေတးသြား ကို အျမန္မပိတ္ ျဖစ္ခဲ့ ဘူးဆိုရင္ ေတာ့ ကြင္းထဲ မွာ “Numb” သီခ်င္း ကို အားရပါးရ သီဆုိေနတဲ့ ေမာ္လ္တာ ကစား သမားေတြ ကို ျမင္ေတြ႕ ရမလား ဆိုတာ ကေတာ့ . . .

SPORTS MYANMAR

Unicode

နိုင်ငံတော်သီချင်း ကို Linkin Park သီချင်း နဲ့ မှားဖွင့်ခဲ့မိတဲ့ မော်လ်တာ အသင်း

=============================================

ပြီးခဲ့ တဲ့ စနေနေ့ က ကစားခဲ့ တဲ့ ယူရို ၂၀၂၀ ခြေစစ် ပွဲ တစ်ပွဲ ဖြစ်တဲ့ ပြင်သစ် နဲ့ အယ်ဘေးနီးယား တို့ရဲ့ ပွဲ ကတော့ ကသိုင်း ကရိုင်း တွေ နဲ့ စတင် ခဲ့ ပါတယ် ။ ပြင်သစ် နိုင်ငံရဲ့ အကျော် အမော် Stade de France ကွင်းကြီး ထဲ မှာ ယှဉ်ပြိုင် ခဲ့တဲ့ အဆိုပါ ပွဲ မစတင် မီ နိုင်ငံ တော် သီချင်း သီဆိုရာ မှာ ပွဲတာဝန်ခံ Operator ရဲ့ မှားယွင်း မှု ကြောင့် အယ်ဘေးနီးယား အသင်း ဟာ ဒေါသ အမျက် ချောင်းချောင်း ထွက်ခဲ့ရ ပါတယ် ။

ပွဲ အစီ အစဉ် ကို ကိုင်တွယ်သူ တွေ ဟာ အယ်ဘေးနီးယား နိုင်ငံ တော် သီချင်း အစား အန်ဒိုရာ အသင်း ရဲ့ နိုင်ငံတော် သီချင်း ကို မှားယွင်း ဖွင့်မိ ခဲ့တာ ကြောင့် မျက်နှာ ပျက်စရာ တွေ ဖြစ်ခဲ့ ပါတယ် ။ ဒါပေမယ့် ပြဿနာ က ဒီနေရာ မှာ တင် ပြီး မသွားခဲ့ ပါဘူး ။

အစီအစဉ် ကြေညာသူ ဟာ သူတို့ရဲ့ အမှား အတွက် အမြန် ပြန်လည် တောင်းပန် ခဲ့ ပါတယ် ။ ဒါပေမယ့် တစ်ပူ ပေါ် နှစ်ပူ ဆင့်ဆိုသလို ပဲ တောင်းပန် စကား ဆိုသူ ဟာ အယ်ဘေးနီးယား အမည် ကို အာမေးနီးယား အသင်း နဲ့ ထပ်မံ မှားယွင်း ခဲ့ပြန် ပါတယ် ။

ဒီလိုမျိုး ၂ ကြိမ် တိုင်တိုင် အရှက်ကွဲ ခဲ့မှု အတွက် အယ်ဘေးနီးယား ကစား သမား တွေ နဲ့ အသင်း တာဝန် ရှိသူတွေ ဟာ ဒေါပွခဲ့ကြပြီး ပွဲ မကစားတော့ ဖို့ အထိ ဆုံးဖြတ် ခဲ့ကြပါတယ် ။ နောက်ပိုင်း မှာတော့ ၀ိုင်းဝန်း ဖြန် ဖြေ မှု တွေ ကြောင့် ပွဲကို ဆက်လက် ကစားခဲ့ ပေမယ့် ဖီဖာ ကတော့ အဆိုပါ ကိစ္စ အတွက် ပြင်သစ် အသင်း ကို ဒဏ်ငွေ တပ်ဖို့ စီစဉ် နေပြီ ဖြစ် ပါတယ် ။

ဒီလိုမျိုး နိုင်ငံတော် သီချင်း မှားဖွင့် မိတာ ဟာ အခု အကြိမ်မှ ပထမဆုံး ဖြစ်ခဲ့တာ မဟုတ် ပါဘူး ။ အစီအစဉ် ကို တာဝန်ယူ သူတွေ ရဲ့ ပြင်ဆင်မှု အားနည်းခြင်း တွေ ကြောင့် ဒီလို အမှားမျိုး တွေ ဟာ ရံဖန်ရံခါ မှာ ပေါ်ပေါက် လာတတ် ပါတယ် ။

ဒီအထဲ မှာတော့ ၂၀၁၄ ခုနှစ် တုန်းက ဖြစ်ခဲ့တဲ့ ကိစ္စ ဟာ ငိုအားထက် ရယ်အား သန်စေခဲ့ ပြီး မှား အဖွင့် ခံခဲ့ ရတဲ့ သူတွေ ပင် ပြုံးစေ့စေ့ ဖြစ်ခဲ့ရ ပါတယ် ။ ဘာဖြစ်လို့ လည်း ဆိုတော့ ဒီတစ်ခါ မှားဖွင့် မိခဲ့တာ က အခြား နိုင်ငံရဲ့ နိုင်ငံတော်သီချင်း မဟုတ်ခဲ့ဘဲ နာမည်ကျော် အဆိုတော် အဖွဲ့ Linkin Park ရဲ့”Numb” သီချင်း ဖြစ်နေ ခဲ့လို့ပါ . . .

၂၀၁၄ ခုနှစ် တုန်းက မော်လ်တာ အသင်း ဟာ စလိုဗက်ကီးယား အသင်းနဲ့ ယှဉ်ပြိုင် ကစားဖို့ အိမ်ကွင်းမှာ သေချာ ပြင်ဆင် ခဲ့ပါတယ် ။ ပွဲထွက် ကစား သမားတွေ ၊ အရန် လူတွေ နဲ့ နည်းပြ အဖွဲ့ဝင်တွေ ဟာ နိုင်ငံတော် သီချင်း ကို အားမာန် အပြည့် နဲ့ သီဆိုဖို့ အဆင်သင့် ပြင်ထားခဲ့ ကြပါတယ် ။

ဒါပေမယ့် သူတို့ ကြားလိုုက်ရတာ ကတော့ “Numb” သီချင်း ရဲ့ အဖွင့် တေးသွား ပါပဲ ။ ဒီကိစ္စ ဟာ အမှန် တကယ် ဖြစ်ခဲ့ တာပါ ။ ဒါပေမယ့် မော်လ်တန် ကစား သမားတွေ ကတော့ စိတ်ဆိုး ဒေါသမထွက် ခဲ့ဘဲ ပြုံးစေ့စေ့ သာ ဖြစ်ခဲ့ကြ ပါတယ် ။ အစီအစဉ် တာဝန်ယူသူ ကလည်း အမှား ကို အမြန်ပြင်ဆင် ခဲ့ပြီး မော်လ်တာ နိုင်ငံတော် သီချင်း ကို ပြောင်းလဲ ဖွင့် စေခဲ့ ပါတယ် ။

တကယ်လို့ တေးသွား ကို အမြန်မပိတ် ဖြစ်ခဲ့ ဘူးဆိုရင် တော့ ကွင်းထဲ မှာ “Numb” သီချင်း ကို အားရပါးရ သီဆိုနေတဲ့ မော်လ်တာ ကစား သမားတွေ ကို မြင်တွေ့ ရမလား ဆိုတာ ကတော့ . . .

SPORTS MYANMAR