ယခု အပတ် ကစား ခဲ့တဲ့ ချန်ပီယံလိဂ် ရှုံးထွက် ပွဲစဉ် တွေ ရဲ့ အကောင်းဆုံး အသင်း ထွက်ပေါ် လာခဲ့ ပါတယ် ။ ဂိုး သမား နေရာ မှာ ဂျူဗီ ဂိုးသမား ဆက်ဇ်နီ ပါဝင် လာခဲ့ပြီး ကန်ဆယ်လို ၊ ဗန်ဒိုက် နဲ့ ပီကေး တို့ က ခံစစ် မှာ ပါဝင် လာခဲ့ကြ ပါတယ် ။ ကွင်းလယ် မှာတော့ ဆာနေး ၊ မာနေး ၊ ဘာနာဒို နဲ့ စတာလင် တို့ ပါဝင်ခဲ့ ကြပြီး တိုက်စစ် ၃ ယောက် မှာ တော့ ရိုနယ်ဒို ၊ မက်ဆီ နဲ့ အဂွေရို တို့ ပါဝင် လာခဲ့ကြ ပါတယ် ။

ဂျုဗင်တပ် အသင်း ဟာ လာမယ့် ရာသီ မှာ ရိုနယ်ဒို နဲ့ တွဲဖက် ကစားဖို့ အတွက် ပေါ်လို ဒိုင်ဘာလား ကို ရောင်းထုတ် ပြီး ဘာပေ ကို ပစ်မှတ် ထားဖို့ ရှိ နေတယ် လို့ သတင်း ထွက်ပေါ် နေပါတယ် ။

ဘလက်ဘန်း နဲ့ အင်္ဂလန် ကစား သမား ဟောင်း တင်ရှားဝုဒ် က တော့ ချန်ပီယံ လိဂ် ကွာတား ဖိုင်နယ် ကို အင်္ဂလိပ် ကလပ် တွေ တက်ရောက် နိုင်မှု ဟာ ပရီးမီး ယားလိဂ် ရဲ့ အင်အား ကြီးထွားမှု ကို ပြသ လိုက်တာ ဖြစ် တယ် လို့ ဆို သွားခဲ့ ပါတယ် ။

ချန်ပီယံ လိဂ် ကွာတား ဖိုင်နယ် အသင်း တွေ ပေါ်ထွက် လာ အပြီး မှာ မန်ချက် စတာ စီးတီး က ဗိုလ်စွဲ ဖို့ ရေပန်း အစား ဆုံး အဖြစ် ရပ် တည် နေခဲ့ပြီး လီဗာပူး ၊ ဘာစီလိုနာ တို့ က ဒုတိယ နဲ့ တတိယ ရေပန်း အစားဆုံး တွေ အဖြစ် ရှိ နေခဲ့ကြ ပါတယ် ။

လိုင်ယွန် အသင်း အကြီး အကဲ က တော့ ဘာစီလိုနာ ကို ရှုံးနိမ့် ခဲ့တဲ့ ပွဲ က လူးဝစ် ဆွာရက် ရဲ့ ဟန်ဆောင် လှဲချ မှု ကို ဝေဖန် သွားခဲ့ ပြီး VAR စနစ် ဟာ ပင်နယ်တီ သတ်မှတ် ဖို့ အတွက် သက်သက် သာ ဖန်တီးထား တာ ဖြစ်တယ် လို့ ဆိုသွား ခဲ့ ပါတယ် ။

အက်စ် ပန်ညို လူငယ် အသင်း နည်းပြ မွိုက်စ် ဟွာတာဒို ကလည်း ဆွာရက် လို လူမျိုး ဟာ ဘောလုံး လောက မှာ မရှိသင့် ဘူး လို့ ဆိုသွားခဲ့ ပြီး ဒီလို ဟန်ဆောင် လှဲချမှု မျိုး ကို တစ်သက်တာ ပိတ်ပင် သင့်တယ် လို့ ပြင်းပြင်း ထန်ထန် ပြောဆို သွားခဲ့ ပါတယ် ။

အာဆင်နယ် တောင်ပံ ကစား သမား ဟောင်း ပီရက် က တော့ အူနိုင်း အမ်မရီ ဟာ အာဆင်နယ် အသင်း အတွက် မှန်ကန် တဲ့ နည်းပြ တစ်ဦး ဖြစ်တယ် လို့ ထောက်ခံ ပြောဆို သွားခဲ့ ပါတယ် ။

လီဗာပူး ခံစစ်မှုး ဟောင်း ကာရေဂါ ကတော့ သူ့ရဲ့ အသင်း ဟောင်း ဟာ ချန်ပီယံ လိဂ် မှာ ဗိုလ်စွဲ ဖို့ ထိုက်တန် တဲ့ အသင်း ဖြစ်တယ် လို့ ဆိုသွားခဲ့ ပါတယ် ။

ဘာစီလိုနာ ကစား သမား တွေ ဟာ ကွာတား ဖိုင်နယ် အဆင့် မှာ မန်စီးတီး ၊ ဂျုဗင်တပ် တို့ နဲ့ ရင်ဆိုင် မတွေ့ ဆုံ လိုကြဘူး လို့လည်း ကြားသိရ ပါတယ် ။

မန်ချက်စတာ ၂ သင်း က စိတ်ဝင် စား နေတဲ့ ကွင်းလယ်လူ အန် ဒွမ်ဘီလီ ကို PSG ထံ ရောင်းချ ဖို့ လိုင်ယွန် အသင်း စဉ်းစား နေတယ် လို့ ကြားသိရ ပါတယ် ။

လီဗာပူး အသင်း နဲ့ ပတ်သက် ပြီး ပြောဆို မှု နည်းပါး တဲ့ အသင်း ပိုင် ရှင် ဂျွန် ဟင်နရီ ဟာ နောက် ဆုံး မှာတော့ လီဗာပူး နောက် ခံလူ ဗန်ဒိုက် အပေါ် နှစ်သက် တဲ့ မှတ်ချက် ကို တွစ်တာ မှာ ရေးသား သွားခဲ့ ပါတယ် ။ တစ်ချိန် က ချဲလ်ဆီး ကွင်းလယ်လူ ကန်တီ ကို ရည်ညွှန်း ဖွဲ့ဆိုခဲ့ တဲ့ စာသား ကို ဂျွန် ဟင် နရီ က အနည်းငယ် ပြောင်းလဲ ကာ တွစ်တာ မှာ ရေးသားခဲ့ တာ ဖြစ် ပါတယ် ။

“ကမ္ဘာကြီး ရဲ့ ၇၅% ကို ရေထုက လွှမ်းခြုံ ထားပါတယ် ။ ကျန်တဲ့ ၂၅% ကိုတော့ ဗန်ဒိုက် က လွှမ်းခြုံ ထားခဲ့ ပါတယ်”

SPORTS MYANMAR