တော့တင်ဟမ် ဟော့စပါး အသင်း ရဲ့ တိုက်စစ် မှုး ဟယ်ရီကိန်း ဟာ မကြာခဏ ဆိုသလို ဟန်ဆောင် ဒိုက်ဗင် ပစ်မှုတွေ ကြောင့် ဝေဖန် ခံ ရသူ ဖြစ်ပါတယ် ။ ပြီး ခဲ့တဲ့ လ အတွင်း က အာဆင်နယ် နဲ့ ၂ ဂိုးစီ သရေ ကျခဲ့ တဲ့ ပွဲ မှာ လည်း ဟယ်ရီကိန်း ဒိုင်ဗင် ပစ်ခဲ့ ပြီး ဝေဖန် မှု တွေ နဲ့ ရင်ဆိုင် ခဲ့ရ ပါတယ် ။ ဒါပေမယ့် အင်္ဂလန် တိုက်စစ် မှုး ကတော့ ဒီလို ကိစ္စမျိုး အပေါ် တောင်းပန် စကား ဆိုဖို့ ဆန္ဒ မရှိ ပါဘူး လို့ ပြောဆို ခဲ့ ပါတယ် ။

အီးမရိတ် ကွင်းမှာ ကစား ခဲ့တဲ့ မြောက်လန်ဒန် ဒါဘီ ပွဲ ရဲ့ ပွဲပြီး ဆုံး ခါနီး မှာ ဟယ်ရီ ကိန်း ဟာ အာဆင်နယ် ဧရိယာ ထဲ မှာ ပါပါသိုပူးလော့စ် နဲ့ ဘောလုံး ယှဉ်လု ရင်း လဲကျ ခဲ့ ပါတယ် ။ ဒါပေမယ့် အနှေး ပြကွက် တွေ မှာတော့ ကိန်း ဟာ သူ့ရဲ့ ကိုယ်ခန္ဓာ ကို အသုံးချ ကာ လဲကျအောင် ပြုလုပ် ပြီး ပင်နယ်တီ တောင်းဆို ခဲ့တာ ဖြစ်တယ် လို့ ပေါ်ပေါက် ခဲ့တာ ကြောင့် ပင်နယ်တီ မရရှိ ခဲ့ ပါဘူး ။

နယူး ကာဆယ် ကို ၁ – ၀ နဲ့ အရေး နိမ့် ခဲ့တဲ့ ယခု ရာသီ အိမ်ကွင်း ပွဲစဉ် မှာ လည်း ကိန်း ဟာ ဟန်ဆောင် ဒိုင်ဗင် ပစ် တယ်လို့ စွပ်စွဲ ပြောဆို မှု တွေ နဲ့ ကြုံတွေ့ ခဲ့ရ ပါတယ် ။ ဒါပေမယ့် ကိန်း ကတော့ သူ ဟာ ကိုယ်ခန္ဓာ ကို အကျိုး ရှိရှိ အသုံးချ တတ်သူ ဖြစ်ကြောင်း နဲ့ ဒီလို လုပ်ဆောင် ရမှု အတွက် လည်း တောင်းပန် စရာ အကြောင်း မရှိ ပါဘူး လို့ ပြောဆို သွားခဲ့ ပါတယ် ။

“ကျွန်တော် ဒီ ကိစ္စ အတွက် လူတွေ ကို လိုက်ပြီး တောင်းပန် မှာ မဟုတ်ပါဘူး ။ ကျွန်တော့ ရဲ့ အမြင် ကလည်း သူများတွေ နဲ့ မတူပါဘူး ။ နယူး ကာဆယ် နဲ့ ပွဲ မှာ ကျွန်တော် ဟန်ဆောင် လှဲချ တယ် လို့ ပြောပါတယ် ။ ဒါပေမယ့် ကျွန်တော် က တော့ ပင်နယ်တီ ရသင့် တယ်လို့ ပဲ မြင်ပါတယ်”

“အာဆင်နယ် နဲ့ ပွဲ ကလည်း ဒီလို ပါပဲ ။ ကျွန်တော် လိမ်ညာပြီး လုပ်ခဲ့တာ မဟုတ်ပါဘူး ။ ကိုယ် ခန္ဓာ ကို အကောင်းဆုံး အသုံးချ ခဲ့ တာပါ ။ ၅၀/၅၀ ပါပဲ ။ လွန်ခဲ့တဲ့ ၁ နှစ် လောက် တုန်းက ၀င်ဘာလေ မှာ ကျွန်တော်တို့ ပေးခဲ့ ရတဲ့ ပင်နယ်တီ နဲ့ တစ်ပုံ စံ တည်းပါပဲ”

“တကယ်လို့ ဒါဟာ ကွင်း တစ်ဝက် လောက် မှာသာ ဖြစ်ခဲ့ မယ် ဆိုရင် ကျွန်တော်တို့ ပြစ်ဒဏ်ဘော ကျိန်းသေ ရမှာပါ ။ ဒါပေမယ့် ပင်နယ်တီ ဧရိယာ ဆိုတာက ဆုံးဖြတ်သူတွေ ကို တွေဝေ စေခဲ့ ပါတယ် ။ ကျွန်တော် ကတော့ ကွင်းထဲ ရောက်လာ တာ နဲ့ လုပ်နိုင် သမျှ ကို အစွမ်းကုန် ပေးဆပ် သွားမှာပါ” လို့ ဟယ်ရီကိန်း က ပြောဆို သွားခဲ့ ပါတယ် ။

ဟယ်ရီ ကိန်း ဟာ ဒီလို အနေ အထား မျိုးတွေ ကနေ ရရှိတဲ့ ပင်နယ်တီ တွေ ကို ကောင်းစွာ အသုံးချ ပြီး သူ့ရဲ့ သွင်းဂိုး တွေ ကို တိုးမြှင့် စေနိုင် ခဲ့ ပါတယ် ။ ပြီးခဲ့ တဲ့ စနေနေ့ က ကစားခဲ့ တဲ့ လက်ရွေးစင် ပွဲမှာ လည်း ကိန်း ကြောင့် အင်္ဂလန် တို့ ပင်နယ်တီ တစ်လုံး ရခဲ့ပြီး အင်္ဂလန် တိုက်စစ်မှုး ကြီးက တည်တည် ငြိမ်ငြိမ် နဲ့ ကန်သွင်း နိုင်ခဲ့ ပါတယ် ။

စပါး အသင်း ဟာ ပွဲစဉ် ၄ ပွဲ ကစား အပြီးမှာ ရမှတ် ၅ မှတ် နဲ့ အဆင့် ၉ နေရာ မှာ ရပ်တည် နေခဲ့ ပါတယ် ။ စပါး ဟာ ပွဲစဉ် ၄ ပွဲ အတွင်း မှာ ပင် အာဆင်နယ် ၊ မန်ချက် စတာ စီးတီး တို့ လို အသင်းကြီး တွေ နဲ့ ကစား ထားခဲ့ ပြီး ၂ ပွဲ စလုံး ကို ၂ ဂိုးစီ သရေ ကျခဲ့ ပါတယ် ။